< 民数記 9 >
1 エジプトの国を出た次の年の正月、主はシナイの荒野でモーセに言われた、
၁အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား
2 「イスラエルの人々に、過越の祭を定めの時に行わせなさい。
၂ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။
3 この月の十四日の夕暮、定めの時に、それを行わなければならない。あなたがたは、そのすべての定めと、そのすべてのおきてにしたがって、それを行わなければならない」。
၃စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
4 そこでモーセがイスラエルの人々に、過越の祭を行わなければならないと言ったので、
၄ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊
5 彼らは正月の十四日の夕暮、シナイの荒野で過越の祭を行った。すなわち、イスラエルの人々は、すべて主がモーセに命じられたようにおこなった。
၅သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။
6 ところが人の死体に触れて身を汚したために、その日に過越の祭を行うことのできない人々があって、その日モーセとアロンの前にきて、
၆ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
7 その人々は彼に言った、「わたしたちは人の死体に触れて身を汚しましたが、なぜその定めの時に、イスラエルの人々と共に、主に供え物をささげることができないのですか」。
၇အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။
8 モーセは彼らに言った、「しばらく待て。主があなたがたについて、どう仰せになるかを聞こう」。
၈မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။
၉ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
10 「イスラエルの人々に言いなさい、『あなたがたのうち、また、あなたがたの子孫のうち、死体に触れて身を汚した人も、遠い旅路にある人も、なお、過越の祭を主に対して行うことができるであろう。
၁၀သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွား သော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။
11 すなわち、二月の十四日の夕暮、それを行い、種入れぬパンと苦菜を添えて、それを食べなければならない。
၁၁ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
12 これを少しでも朝まで残しておいてはならない。またその骨は一本でも折ってはならない。過越の祭のすべての定めにしたがってこれを行わなければならない。
၁၂ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသော အခွင့်ရှိ၏။
13 しかし、その身は清く、旅に出てもいないのに、過越の祭を行わないときは、その人は民のうちから断たれるであろう。このような人は、定めの時に主の供え物をささげないゆえ、その罪を負わなければならない。
၁၃ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည်။
14 もし他国の人が、あなたがたのうちに寄留していて、主に対して過越の祭を行おうとするならば、過越の祭の定めにより、そのおきてにしたがって、これを行わなければならない。あなたがたは他国の人にも、自国の人にも、同一の定めを用いなければならない』」。
၁၄သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။
15 幕屋を建てた日に、雲は幕屋をおおった。すれはすなわち、あかしの幕屋であって、夕には、幕屋の上に、雲は火のように見えて、朝にまで及んだ。
၁၅တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။
16 常にそうであって、昼は雲がそれをおおい、夜は火のように見えた。
၁၆ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။
17 雲が幕屋を離れてのぼる時は、イスラエルの人々は、ただちに道に進んだ。また雲がとどまる所に、イスラエルの人々は宿営した。
၁၇မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုဃ်းတိမ်တည်လေရာရာ၌လည်း၊ တဲများကို ဆောက်ပြန်ကြ၏။
18 すなわち、イスラエルの人々は、主の命によって道に進み、主の命によって宿営し、幕屋の上に雲がとどまっている間は、宿営していた。
၁၈ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ၏။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ၌နေကြ၏။
19 幕屋の上に、日久しく雲のとどまる時は、イスラエルの人々は主の言いつけを守って、道に進まなかった。
၁၉မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေ ကြ၏။
20 また幕屋の上に、雲のとどまる日の少ない時もあったが、彼らは、ただ主の命にしたがって宿営し、主の命にしたがって、道に進んだ。
၂၀မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့် တော်အတိုင်း၊ သူတို့သည် တဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။
21 また雲は夕から朝まで、とどまることもあったが、朝になって、雲がのぼる時は、彼らは道に進んだ。また昼でも夜でも、雲がのぼる時は、彼らは道に進んだ。
၂၁ညဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီး သွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ၏။
22 ふつかでも、一か月でも、あるいはそれ以上でも、幕屋の上に、雲がとどまっている間は、イスラエルの人々は宿営していて、道に進まなかったが、それがのぼると道に進んだ。
၂၂နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တနှစ်ဖြစ်စေ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ၌နေကြ၏။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ၏။
23 すなわち、彼らは主の命にしたがって宿営し、主の命にしたがって道に進み、モーセによって、主が命じられたとおりに、主の言いつけを守った。
၂၃ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌ နေကြ ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။