< ヨナ書 4 >
1 ところがヨナはこれを非常に不快として、激しく怒り、
၁ဤသို့ဖြစ်ရခြင်းကြောင့်ယောနသည်လွန်စွာ စိတ်မကျေမချမ်းဖြစ်၍စိတ်ဆိုးသဖြင့်၊-
2 主に祈って言った、「主よ、わたしがなお国におりました時、この事を申したではありませんか。それでこそわたしは、急いでタルシシにのがれようとしたのです。なぜなら、わたしはあなたが恵み深い神、あわれみあり、怒ることおそく、いつくしみ豊かで、災を思いかえされることを、知っていたからです。
၂``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
3 それで主よ、どうぞ今わたしの命をとってください。わたしにとっては、生きるよりも死ぬ方がましだからです」。
၃သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်လျှင် အကျွန်ုပ်အားသေရသောအခွင့်ကိုပေး တော်မူပါ။ အကျွန်ုပ်အတွက်အသက်ရှင် ရခြင်းထက်သေရခြင်းကသာ၍ကောင်း ပါ၏'' ဟုဆုတောင်းလေ၏။
4 主は言われた、「あなたの怒るのは、よいことであろうか」。
၄ထာဝရဘုရားက``သင်ဤသို့အမျက် ထွက်သင့်သလော'' ဟုမေးတော်မူ၏။
5 そこでヨナは町から出て、町の東の方に座し、そこに自分のために一つの小屋を造り、町のなりゆきを見きわめようと、その下の日陰にすわっていた。
၅ထိုနောက်ယောနသည်မြို့အရှေ့ဘက်သို့ ထွက်၍ မိမိအတွက်တဲထိုးပြီးလျှင်တဲ၏ အရိပ်အောက်တွင်ထိုင်လျက် နိနေဝေမြို့ မည်သို့ဖြစ်မည်ကိုစောင့်ကြည့်နေ၏။-
6 時に主なる神は、ヨナを暑さの苦痛から救うために、とうごまを備えて、それを育て、ヨナの頭の上に日陰を設けた。ヨナはこのとうごまを非常に喜んだ。
၆ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။-
7 ところが神は翌日の夜明けに虫を備えて、そのとうごまをかませられたので、それは枯れた。
၇သို့ရာတွင်နောက်တစ်နေ့မိုးသောက်ချိန်၌ ဘုရားသခင်သည်ယောနအရိပ်ခိုနေ သောအပင်ကို ပိုးကောင်တစ်ကောင်အား ကိုက်စေသဖြင့်ထိုအပင်သေလေ၏။-
8 やがて太陽が出たとき、神が暑い東風を備え、また太陽がヨナの頭を照したので、ヨナは弱りはて、死ぬことを願って言った、「生きるよりも死ぬ方がわたしにはましだ」。
၈နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
9 しかし神はヨナに言われた、「とうごまのためにあなたの怒るのはよくない」。ヨナは言った、「わたしは怒りのあまり狂い死にそうです」。
၉သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။ ယောနက``သေချင်အောင်အမျက်ထွက် ပါ၏'' ဟုလျှောက်၏။
10 主は言われた、「あなたは労せず、育てず、一夜に生じて、一夜に滅びたこのとうごまをさえ、惜しんでいる。
၁၀ထာဝရဘုရားက``သင်သည်သင်ကိုယ်တိုင် မစိုက်မပြုစုရဘဲ တစ်ညချင်းတွင်ပင် ပေါက်ပြီးတစ်ညတွင်းပင်သေသွားသော ကြက်ဆူပင်ကိုနှမြောသည်မဟုတ်လော။-
11 ましてわたしは十二万あまりの、右左をわきまえない人々と、あまたの家畜とのいるこの大きな町ニネベを、惜しまないでいられようか」。
၁၁ထိုနည်းတူပင်အမှားအမှန်ကိုမဝေခွဲ နိုင်သည့်ကလေးသူငယ်တစ်သိန်းနှစ်သောင်း ကျော်နှင့်တိရစ္ဆာန်အမြောက်အများရှိသော နိနေဝေမြို့ကိုငါပို၍နှမြောသင့်သည် မဟုတ်လော'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။