< エレミヤ書 28 >
1 その年、すなわちユダの王ゼデキヤの治世の初め、その第四年の五月、ギベオン出身の預言者であって、アズルの子であるハナニヤは、主の宮で祭司とすべての民の前でわたしに語って言った、
၁ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိ နန်းစံ စတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နေ၊ အာဇု ရသားဟာနနိက၊
2 「万軍の主、イスラエルの神はこう仰せられる、わたしはバビロンの王のくびきを砕いた。
၂ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်။
3 二年の内に、バビロンの王ネブカデネザルが、この所から取ってバビロンに携えて行った主の宮の器を、皆この所に帰らせる。
၃ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသောဗိမာန်တော် တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။
4 わたしはまたユダの王エホヤキムの子エコニヤと、バビロンに行ったユダのすべての捕われ人をこの所に帰らせる。それは、わたしがバビロンの王のくびきを、砕くからであると主は言われる」。
၄ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ် သို့ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ် ပုရောဟိတ်များ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အား ပြောဆို၏။
5 そこで預言者エレミヤは主の宮のうちに立っている祭司とすべての民の前で、預言者ハナニヤに言った。
၅ထိုအခါ ပရောဖက် ယေရမိသည် ဗိမာန်တော်၌ ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ ရှေ့မှာ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား၊
6 すなわち預言者エレミヤは言った、「アァメン。どうか主がこのようにしてくださるように。どうかあなたの預言した言葉が成就して、バビロンに携えて行った主の宮の器とすべての捕われ人を、主がバビロンから再びこの所に帰らせてくださるように。
၆အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန် မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရ ဘုရားသည် တဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသော စကားမှန် ကြောင်းကို ပြတော်မူပါစေသော။
7 ただし、今わたしがあなたとすべての民の聞いている所で語るこの言葉を聞きなさい。
၇သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသော စကားကို နားထောင်လော့။
8 わたしと、あなたの先に出た預言者は、むかしから、多くの地と大きな国について、戦いと、ききんと、疫病の事を預言した。
၈ငါတို့မဖြစ်မှီ ရှေးကာလ၌ဖြစ်ဘူးသော ပရော ဖက်တို့သည်၊ များပြားသော ပြည်၊ အားကြီးသော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေး ရောက်မည်အကြောင်း၊ ကာလနာပေါ်မည်အကြောင်း တို့ကို ဟောပြောတတ်ကြ၏။
9 平和を預言する預言者は、その預言者の言葉が成就するとき、真実に主がその預言者をつかわされたのであることが知られるのだ」。
၉ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏ စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ် ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို၏။
10 そこで預言者ハナニヤは預言者エレミヤの首から、くびきを取って、それを砕いた。
၁၀ထိုအခါ ပရောဖက် ဟာနနိသည် ပရောဖက် ယေရမိလည်ပင်း မှ ထမ်းဘိုးကို ယူ၍ချိုးလျက်၊
11 そしてハナニヤは、すべての民の前で語り、「主はこう仰せられる、『わたしは二年のうちに、このように、万国民の首からバビロンの王ネブカデネザルのくびきを離して砕く』」と言った。預言者エレミヤは去って行った。
၁၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်း တို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။
12 預言者ハナニヤが預言者エレミヤの首から、くびきを離して砕いた後、しばらくして主の言葉がエレミヤに臨んだ、
၁၂ပရောဖက်ဟာ နနိသည် ပရောဖက် ယေရမိ၏ လည်ပင်းမှ ထမ်းဘိုးကို ချိုးပယ်သောနောက်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
13 「行って、ハナニヤに告げなさい、『主はこう仰せられる、あなたは木のくびきを砕いたが、わたしはそれに替えて鉄のくびきを作ろう。
၁၃သင်သွား၍ ထာဝရဘုရား၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ၊ သင်ချိုးသော သစ်သား ထမ်းဘိုးအစား၊ သံထမ်းဘိုးကို လုပ်ရမည်။
14 万軍の主、イスラエルの神はこう仰せられる、わたしは鉄のくびきをこの万国民の首に置いて、バビロンの王ネブカデネザルに仕えさせる。彼らはこれに仕える。わたしは野の獣をも彼に与えた』」。
၁၄ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာ၏ အစေကို ခံစေခြင်းငှါ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏ အစေ ကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
15 預言者エレミヤはまた預言者ハナニヤに言った、「ハナニヤよ、聞きなさい。主があなたをつかわされたのではない。あなたはこの民に偽りを信じさせた。
၁၅ပရောဖက် ယေရမိကလည်း၊ ဟာနနိ၊ နား ထောင်လော့။ ထာဝရဘုရားသည် သင့်ကို စေလွှတ် တော်မမူ။ ဤလူမျိုးသည် မုသာ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။
16 それゆえ主は仰せられる、『わたしはあなたを地のおもてから除く。あなたは主に対する反逆を語ったので、今年のうちに死ぬのだ』と」。
၁၆ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို၏။
၁၇ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ် တွင်၊ သတ္တမလ၌ သေလေ၏။