< イザヤ書 7 >

1 ユダの王、ウジヤの子ヨタム、その子アハズの時、スリヤの王レヂンとレマリヤの子であるイスラエルの王ペカとが上ってきて、エルサレムを攻めたが勝つことができなかった。
ယုဒ ရှင်ဘုရင် ဩဇိ သား ဖြစ်သော၊ ယောသံ ၏ သား အာခတ် မင်းလက်ထက် ၌ ၊ ရှုရိ ရှင်ဘုရင် ရေဇိန် မင်း နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ မင်း၏သား ပေကာ မင်း တို့သည်၊ ယေရုရှလင် မြို့ကိုတိုက် ခြင်းငှါ ချီ လာကြ၏။ သို့ သော်လည်း၊ အကြံ မ မြောက်နိုင် ကြ။
2 時に「スリヤがエフライムと同盟している」とダビデの家に告げる者があったので、王の心と民の心とは風に動かされる林の木のように動揺した。
ရှုရိ ပြည်သည် ဧဖရိမ် ပြည်ကို အမှီပြု သည်ဟု ဒါဝိဒ် မင်းမျိုးကြားသောအခါ ၊ တော ၌သစ်ပင် တို့သည် လေ ကြောင့် လှုပ်ရှား သကဲ့သို့ ၊ မင်းကြီး ၏နှလုံး နှင့် ပြည်သား တို့၏နှလုံး သည် တုန်လှုပ် လျက်ရှိကြ၏။
3 その時、主はイザヤに言われた、「今、あなたとあなたの子シャル・ヤシュブと共に出て行って、布さらしの野へ行く大路に沿う上の池の水道の端でアハズに会い、
ထိုအခါ ထာဝရဘုရား သည် ဟေရှာယ ကို မိန့် တော်မူသည်ကား၊ သင်သည်သင် ၏သား ရှာယာရှုပ် နှင့် အတူသွား၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သော လမ်း ၊ အထက် ရေကန် ပြွန် ဝ ၌ အာခတ် မင်းကို ကြိုဆို ၍ တွေ့လျှင်၊ ဆင့် ဆိုရမည်မှာ၊
4 彼に言いなさい、『気をつけて、静かにし、恐れてはならない。レヂンとスリヤおよびレマリヤの子が激しく怒っても、これら二つの燃え残りのくすぶっている切り株のゆえに心を弱くしてはならない。
သတိပြု ၍ ငြိမ်သက် စွာနေလော့။ မီးခိုး ထွက် သော ဤထင်း စ နှစ် ခုတည်းဟူသော၊ ရှုရိ မင်းရေဇိန် နှင့် ရေမလိ ၏သား တို့သည် ပြင်း စွာအမျက် ထွက်သော်လည်း၊ မ စိုးရိမ် နှင့်၊ စိတ် မ ပျက် နှင့်။
5 スリヤはエフライムおよびレマリヤの子と共にあなたにむかって悪い事を企てて言う、
ရှုရိ ပြည်၊ ဧဖရိမ် ပြည်၊ ရေမလိ သား တို့က၊ ငါတို့သည် ယုဒ ပြည်သို့ သွား ၍ နှောက်ယှက် ကြကုန်အံ့။
6 「われわれはユダに攻め上って、これを脅し、われわれのためにこれを破り取り、タビエルの子をそこの王にしよう」と。
တိုက်ယူ ၍ ပြည် အလယ် မှာ တဗာလ ၏သား ကို မင်း အရာ၌ခန့် ထားကြကုန်အံ့ဟု သင့် တဘက်၌ မကောင်းသောအကြံ ကိုကြံကြသော်လည်း၊
7 主なる神はこう言われる、この事は決して行われない、また起ることはない。
ဘုရား ရှင် ထာဝရ ဘုရားက၊ ထိုအကြံမ တည် ရ။ ထိုသို့မ ဖြစ် ရ။
8 スリヤのかしらはダマスコ、ダマスコのかしらはレヂンである。(六十五年のうちにエフライムは敗れて、国をなさないようになる。)
ရှုရိ ပြည်၏ခေါင်း ကား၊ ဒမာသက် မြို့။ ဒမာသက် မြို့၏ခေါင်း ကား၊ ရေဇိန် မင်းဖြစ်ရ၏။ ဧဖရိမ် ပြည်၏ခေါင်း ကား၊ ရှမာရိ မြို့။ ရှမာရိ မြို့၏ခေါင်း ကား၊ ရေမလိ သား ဖြစ်ရ၏။
9 エフライムのかしらはサマリヤ、サマリヤのかしらはレマリヤの子である。もしあなたがたが信じないならば、立つことはできない』」。
သို့သော်လည်း၊ ခြောက်ဆယ် ငါး နှစ် အတွင်း တွင် ၊ ဧဖရိမ် ပြည်ကိုပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့ လိမ့်မည်။ သင်တို့သည်မ ယုံ လျှင် ၊ မ တည် ရကြဟုမိန့် တော်မူ၏။
10 主は再びアハズに告げて言われた、
၁၀တဖန် ထာဝရဘုရား က၊ သင် ၏ဘုရား သခင်ထာဝရဘုရား ထံ မှာ နိမိတ် လက္ခဏာကိုတောင်းပန် လော့။
11 「あなたの神、主に一つのしるしを求めよ、陰府のように深い所に、あるいは天のように高い所に求めよ」。 (Sheol h7585)
၁၁နက် သောအရပ်၌ဖြစ်စေ ၊ မြင့် သောအထက် အရပ်၌ ဖြစ်စေ၊ တောင်းပန် လော့ဟု အာခတ် မင်းကို မိန့် တော်မူလျှင်၊ (Sheol h7585)
12 しかしアハズは言った、「わたしはそれを求めて、主を試みることをいたしません」。
၁၂အာခတ် မင်းက၊ ကျွန်ုပ်မ တောင်းပန် ပါ။ ထာဝရဘုရား ကို မ စုံစမ်း ပါဟု ပြန်ပြော ၏။
13 そこでイザヤは言った、「ダビデの家よ、聞け。あなたがたは人を煩わすことを小さい事とし、またわが神をも煩わそうとするのか。
၁၃ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ် အမျိုးသား တို့၊ နားထောင် ကြလော့။ သင် တို့သည် လူ ကိုငြီးငွေ့ စေသည် သာမက ၊ ငါ ကိုးကွယ်သော ဘုရား သခင်ကို ငြီးငွေ့ စေကြ မည်လော။
14 それゆえ、主はみずから一つのしるしをあなたがたに与えられる。見よ、おとめがみごもって男の子を産む。その名はインマヌエルととなえられる。
၁၄ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။
15 その子が悪を捨て、善を選ぶことを知るころになって、凝乳と、蜂蜜とを食べる。
၁၅ထိုသူသည် မကောင်း သောအရာကို ပယ် ၍ ၊ ကောင်း သောအရာကို ရွေး ယူတတ်သည်တိုင်အောင်၊ နို့ဓမ်း နှင့် ပျားရည် ကို စား ရလိမ့်မည်။
16 それはこの子が悪を捨て、善を選ぶことを知る前に、あなたが恐れているふたりの王の地は捨てられるからである。
၁၆ထိုသူငယ် သည် မကောင်း သောအရာကိုမပယ် ၊ ကောင်း သောအရာကို မရွေး မ ယူတတ်မှီ၊ သင် ကြောက် သော ရှင်ဘုရင် နှစ်ဦး အစိုးရသောပြည် သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
17 主はエフライムがユダから分れた時からこのかた、臨んだことのないような日をあなたと、あなたの民と、あなたの父の家とに臨ませられる。それはアッスリヤの王である」。
၁၇ဧဖရိမ် အမျိုးသည် ယုဒ အမျိုးနှင့် ကွာ သွားသောနေ့ မှစ၍ ၊ မ ဖြစ် ဘူးသော နေ့ရက် ကာလကို ထာဝရဘုရား သည် သင် ၏အပေါ် ၌၎င်း ၊ သင် ၏လူ များပေါ် ၌၎င်း ၊ သင် ၏အမျိုး ရင်းအပေါ် ၌၎င်း ရောက် စေတော်မူမည်။
18 その日、主はエジプトの川々の源にいる、はえを招き、アッスリヤの地にいる蜂を呼ばれる。
၁၈ထို ကာလ ၌ အဲဂုတ္တု မြစ်လက် ကြားတို့ အနားမှာ ရှိသော ယင် ကောင်ကို၎င်း၊ အာရှုရိ ပြည် ၌ ရှိသော ပျား ကောင်ကို၎င်း နှိုးဆော် တော်မူသဖြင့်၊
19 彼らはみな来て、険しい谷、岩の裂け目、すべてのいばら、すべての牧場の上にとどまる。
၁၉သူတို့သည်လာ ၍ လူဆိတ်ညံ သောချိုင့် များ၊ ချောက် ကြား၊ တော အုံ၊ ကျက်စား ရာများအပေါ် မှာ အကုန် အစင်နား ကြလိမ့်မည်။
20 その日、主は大川の向こうから雇ったかみそり、すなわちアッスリヤの王をもって、頭と足の毛とをそり、また、ひげをも除き去られる。
၂၀ထိုကာလ တွင် မြစ် ကြီးတဘက် ၌ နေသောသူ၊ အာရှုရိ ရှင်ဘုရင် တည်းဟူသော ငှါး သော သင်တုန်း ဖြင့် ထာဝရ ဘုရားသည် ဆံပင် နှင့် ခြေ မွေး ကို ရိတ် တော်မူ မည်။ မုတ်ဆိတ် ကိုလည်း ပယ်ရှင်း တော်မူမည်။
21 その日、人は若い雌牛一頭と羊二頭を飼い、
၂၁ထို ကာလ ၌ လူ သည်နွားမ ကလေးတကောင်၊ သိုးဆိတ် နှစ် ကောင်ကိုမွေးစားလျှင်၊
22 それから出る乳が多いので、凝乳を食べることができ、すべて国のうちに残された者は凝乳と、蜂蜜とを食べることができる。
၂၂သူတို့၌များစွာ သော နို့ ကိုရ သဖြင့် နို့ဓမ်း ကို စား ရ၏။ ပြည် ၌ ကျန် ကြွင်းသမျှသော သူတို့သည် ထောပတ် နှင့် ပျားရည် ကို သာစား ရကြလိမ့်မည်။
23 その日、銀一千シケルの価ある千株のぶどうの木のあった所も、ことごとくいばらと、おどろの生える所となり、
၂၃ထိုအခါ စပျစ် နွယ်ပင်တထောင် ရှိ ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ် ဥယျာဉ်တိုင်း ၊ ဆူးပင် မျိုးသက်သက်ဖြစ် ရလိမ့်မည်။
24 いばらと、おどろとが地にはびこるために、人々は弓と矢をもってそこへ行く。
၂၄လေး နှင့် မြှား ကို ဆောင်လျက် ထို အရပ်သို့ သွား ကြလိမ့်မည်။ မြေ တပြင် လုံး၌ ဆူး ပင်မျိုးသက်သက်ဖြစ် ရလိမ့်မည်။
25 くわをもって掘り耕したすべての山々にも、あなたは、いばらと、おどろとを恐れて、そこへ行くことができない。その地はただ牛を放ち、羊の踏むところとなる。
၂၅ပေါက်တူး နှင့် တူးဆွ ရာ တောင် ယာရှိသမျှ တို့ သည်၊ ဆူး ပင်မျိုးကြောင့် အဘယ်သူမျှမ ချည်း ဝံ့သဖြင့်၊ နွား လွတ် ၍ ကျက်စားရာ၊ သိုး ဆိတ်တို့ ကျော်နင်း ရာ ဖြစ် ရကြ လိမ့်မည်ဟု ဟော လေ၏။

< イザヤ書 7 >