< イザヤ書 62 >
1 シオンの義が朝日の輝きのようにあらわれいで、エルサレムの救が燃えるたいまつの様になるまで、わたしはシオンのために黙せず、エルサレムのために休まない。
၁ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့၎င်း၊ သူ၏ ကယ် တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့၎င်း မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ် ဆိတ်ငြိမ်သက်စွာ မနေရ။
2 もろもろの国はあなたの義を見、もろもろの王は皆あなたの栄えを見る。そして、あなたは主の口が定められる新しい名をもってとなえられる。
၂တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော် ထွက်နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည်။
3 また、あなたは主の手にある麗しい冠となり、あなたの神の手にある王の冠となる。
၃သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့် တယ်သော ဦးရစ်၊ သင်၏ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။
4 あなたはもはや「捨てられた者」と言われず、あなたの地はもはや「荒れた者」と言われず、あなたは「わが喜びは彼女にある」ととなえられ、あなたの地は「配偶ある者」ととなえられる。主はあなたを喜ばれ、あなたの地は配偶を得るからである。
၄သင့်ကို၊ စွန့်ပစ်သော သူဟူ၍၎င်း၊ သင်၏မြေ ကို၊ လူဆိတ်ညံသော မြေဟူ၍၎င်း နောက်တဖန် မခေါ် ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏ မြေသည်လက်ထပ်သောမြေဟူသော အမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက် တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။
5 若い者が処女をめとるようにあなたの子らはあなたをめとり、花婿が花嫁を喜ぶようにあなたの神はあなたを喜ばれる。
၅လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ဘုရားသခင်သည် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
6 エルサレムよ、わたしはあなたの城壁の上に見張人をおいて、昼も夜もたえず、もだすことのないようにしよう。主に思い出されることを求める者よ、みずから休んではならない。
၆အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထား ပြီ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့၊ တိတ် ဆိတ်စွာ မနေကြနှင့်။
7 主がエルサレムを堅く立てて、全地に誉を得させられるまで、お休みにならぬようにせよ。
၇ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမှီတိုင် အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။
8 主はその右の手をさし、大能のかいなをさして誓われた、「わたしは再びあなたの穀物をあなたの敵に与えて食べさせない。また、あなたが労して得たぶどう酒を異邦人に与えて飲ませない。
၈ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ စပါးနှင့် နောက်တဖန် ငါမကျွေး။ သင်သည် ကြိုးစား၍ လုပ်သော စပျစ်ရည်ကို တပါးအမျိုးသားတို့သည် မသောက်ရကြ။
9 しかし、穀物を刈り入れた者はこれを食べて主をほめたたえ、ぶどうを集めた者はわが聖所の庭でこれを飲む」。
၉စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်း သော သူတို့သည် ငါ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း ၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
10 門を通って行け、通って行け。民の道を備えよ。土を盛り、土を盛って大路を設けよ。石を取りのけ。もろもろの民の上に旗をあげよ。
၁၀မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဘို့လမ်း ကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဘို့အလံကို ထူကြ။
11 見よ、主は地の果にまで告げて言われた、「シオンの娘に言え、『見よ、あなたの救は来る。見よ、その報いは主と共にあり、その働きの報いは、その前にある』と。
၁၁မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင့်ကို ကယ်တင်သော သူသည် လာ၏။ မိမိခံထိုက်သော အခသည် မိမိ၌ပါလျက်၊ ဆုလပ်တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြ လော့။
12 彼らは『聖なる民、主にあがなわれた者』ととなえられ、あなたは『人に尋ね求められる者、捨てられない町』ととなえられる」。
၁၂သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ၍၎င်း၊ သင်သည် သူတပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍၎င်း သမုတ်ခြင်းကို ခံရလိမ့်မည်။