< ホセア書 3 >
1 主はわたしに言われた、「あなたは再び行って、イスラエルの人々が他の神々に転じて、干ぶどうの菓子を愛するにもかかわらず、主がこれを愛せられるように、姦夫に愛せられる女、姦淫を行う女を愛せよ」と。
၁တစ်ဖန်ထာဝရဘုရားကငါ့အား``သင်သွား ၍လင်ငယ်နှင့်ဖောက်ပြန်နေသောမိန်းမကိုချစ် လော့၊ ဣသရေလပြည်သားတို့သည်အခြား ဘုရားများကိုကိုးကွယ်၍ ရုပ်ပွားဆင်းတုတို့ အားစပျစ်သီးခြောက်များကိုပူဇော်ဆက်သ ကြသော်လည်း၊ ငါသည်သူတို့ကိုချစ်တော်မူ သည်နည်းတူသင်သည်ထိုမိန်းမကိုချစ်ရ မည်'' ဟုမိန့်တော်မူ၏။
2 そこでわたしは銀十五シケルと大麦一ホメル半とをもって彼女を買い取った。
၂ထို့ကြောင့်ငါသည်ငွေသားတစ်ဆယ့်ငါးပြား နှင့်မုယောဆန်ခုနစ်တင်းပေး၍သူ့ကိုရွေး ယူသည်။-
3 わたしは彼女に言った、「あなたは長くわたしの所にとどまって、淫行をなさず、また他の人のものとなってはならない。わたしもまた、あなたにそうしよう」と。
၃``သင်သည်ပြည့်တန်ဆာအလုပ်ကိုမလုပ်၊ အခြားသူနှင့်မဖောက်ပြန်ဘဲငါ့အား ကြာမြင့်စွာစောင့်ဆိုင်းနေရမည်။ ငါသည် လည်းစောင့်ဆိုင်းနေမည်'' ဟုသူ့အားပြော၏။-
4 イスラエルの子らは多くの日の間、王なく、君なく、犠牲なく、柱なく、エポデおよびテラピムもなく過ごす。
၄ထိုနည်းအတိုင်းဣသရေလပြည်သားတို့ သည်ဘုရင်မရှိ၊ ခေါင်းဆောင်မရှိ၊ ယဇ်ပူဇော် ခြင်းမရှိ၊ ကိုးကွယ်ရာကျောက်တိုင်များမရှိ၊ ရုပ်တုများမရှိဘဲလျက်ကြာမြင့်စွာနေ ထိုင်ရလိမ့်မည်။-
5 そしてその後イスラエルの子らは帰って来て、その神、主と、その王ダビデとをたずね求め、終りの日におののいて、主とその恵みに向かって来る。
၅သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။