< エズラ記 4 >

1 ユダとベニヤミンの敵である者たちは捕囚から帰ってきた人々が、イスラエルの神、主のために神殿を建てていることを聞き、
သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူတို့သည် ကြားလျှင်၊
2 ゼルバベルと氏族の長たちのもとに来て言った、「われわれも、あなたがたと一緒にこれを建てさせてください。われわれはあなたがたと同じく、あなたがたの神を礼拝します。アッスリヤの王エサル・ハドンがわれわれをここにつれて来た日からこのかた、われわれは彼に犠牲をささげてきました」。
ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊ ငါတို့သည် သင်တို့ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ၏။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန်လက်ထက်မှ၍ ထိုဘုရားသခင်အား ယဇ် ပူဇော်ကြသည်ဟု ဆိုကြသော်၊
3 しかしゼルバベル、エシュアおよびその他のイスラエルの氏族の長たちは、彼らに言った、「あなたがたは、われわれの神に宮を建てることにあずかってはなりません。ペルシャの王クロス王がわれわれに命じたように、われわれだけで、イスラエルの神、主のために建てるのです」。
ဇေရုဗဗေလနှင့် ယောရှုအစရှိသော ဣသ ရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ဘုရားသခင် အဘို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့် ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင်ကုရုမင်းကြီး အမိန့် တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြော ကြ၏။
4 そこでその地の民はユダの民の手を弱らせて、その建築を妨げ、
ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်းအမှုကို နှောင့်ရှက်ကြ၏။
5 その企てを破るために役人を買収して彼らに敵せしめ、ペルシャ王クロスの代からペルシャ王ダリヨスの治世にまで及んだ。
ယုဒအမျိုးသားတို့၏ အကြံကိုဖျက်ဆီးခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက်ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင် အောင်၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။
6 アハスエロスの治世、すなわちその治世の初めに、彼らはユダとエルサレムの住民を訴える告訴状を書いた。
အာရွှေရုနန်းထိုင်စက ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ၏။
7 またアルタシャスタの世にビシラム、ミテレダテ、タビエルおよびその他の同僚も、ペルシャ王アルタシャスタに手紙を書いた。その手紙の文はアラム語で書かれて訳されていた。
အာတဇေရဇ်လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့် အခြားသောအေပေါင်းအဘော်တို့သည်၊ ရှုရိဘာသာစကားနှင့် ရေးသော လွှာစာကို၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ၏။
8 長官レホムと書記官シムシャイはアルタシャスタ王にエルサレムを訴えて次のような手紙をしたためた。
စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ် မင်းကြီးထံသို့ စာပေးလိုက်၍၊
9 すなわち長官レホムと書記官シムシャイおよびその他の同僚、すなわち裁判官、知事、役人、ペルシャ人、エレクの人々、バビロン人、スサの人々すなわちエラムびと、
စာတိုက်စိုးရေဟုံ၊ မြို့စာရေးရှိမရှဲနှင့် အခြားသော အပေါင်းအဘော်၊ ဒိနဲပြည်သား၊ အဖာသသက်ပြည်သား၊ တာပေလပြည်သား၊ အဖာရသပြည်သား၊ အာခေဝပြည် သား၊ ဗာဗုလုန်ပြည်သား၊ ရှုရှနက်ပြည်သား၊ ဒေဟဝ ပြည်သား၊ ဧလံပြည်သား အစရှိသော၊
10 およびその他の民すなわち大いなる尊いオスナパルが、移してサマリヤの町々および川向こうのその他の地に住ませた者どもが、
၁၀ကြီးမြတ်သောမင်း အာသနပ္ပါးဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသော သူများနှင့်၊ မြစ်နောက် ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊
11 送った手紙の写しはこれである。「アルタシャスタ王へ、川向こうのあなたのしもべども、あいさつを申し上げます。
၁၁အာတဇေရဇ် မင်းကြီးထံသို့ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌နေသော ကိုယ်တော် ကျွန်တို့သည်၊ ဤမည်သောနေ့ ရက်ကာလတွင် လျှောက် ပါ၏။
12 王よ、ご承知ください。あなたのもとから、わたしたちの所に上って来たユダヤ人らはエルサレムに来て、かのそむいた悪い町を建て直し、その城壁を築きあげ、その基礎をつくろっています。
၁၂အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသော ယုဒလူတို့သည် ဆိုးညစ်၍၊ ပုန်ကန်တတ်သော ယေရု ရှလင်မြို့ကို တည်လျက်၊ မြို့ရိုးအမြစ်ကိုချ၍ လက်စသတ် လုသည်ကို သိမှတ်တော်မူပါ။
13 王よ、いまご承知ください。もしこの町を建て、城壁を築きあげるならば、彼らはみつぎ、関税、税金を納めなくなります。そうすれば王の収入が減るでしょう。
၁၃ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကိုလက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကိုမခံ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။
14 われわれは王宮の塩をはむ者ですから、王の不名誉を見るに忍びないので、人をつかわして王にお聞かせするのです。
၁၄ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသော သူဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော်လျော့ကြောင်းကို ကြည့်၍မ နေသင့်သော ကြောင့်၊ ဘိုးတော်ဘေးတော်တို့၏မှတ်စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။
15 歴代の記録をお調べください。その記録の書において、この町はそむいた町で、諸王と諸州に害を及ぼしたものであることを見、その中に古来、むほんの行われたことを知られるでしょう。この町が滅ぼされたのはこれがためなのです。
၁၅ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီး တတ်သောမြို့ဖြစ်ဘူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန် သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက်ခံ ရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌ တွေ့၍ သိတော်မူပါလိမ့်မည်။
16 われわれは王にお知らせいたします。もしこの町が建てられ、城壁が築きあげられたなら、王は川向こうの領地を失うに至るでしょう」。
၁၆ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ၌ ပါသတည်း။
17 王は返書を送って言った、「長官レホム、書記官シムシャイ、その他サマリヤおよび川向こうのほかの所に住んでいる同僚に、あいさつをする。いま、
၁၇ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့်မြို့စာရေး ရှိမရှဲမှစ၍၊ ရှမာရိမြို့၌နေသော ထိုသူတို့၏ အပေါင်း အဘော်များ၊ မြစ်အနောက်ဘက်၌နေသော အခြား သူများတို့ ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊
18 あなたがたがわれわれに送った手紙を、わたしの前に明らかに読ませた。
၁၈ဤမည်သောနေ့ရက်ကာလတွင်၊ ငါရေး၍ သင်တို့ချမ်းသာပါစေ။ ငါ့ထံသို့သင်တို့ ပေးလိုက်သောစာကို ငါ့ရှေ့မှာ အနက်ပြန်၍ဘတ်ပြီ။
19 わたしは命令を下して調査させたところ、この町は古来、諸王にそむいた事、その中に反乱、むほんのあったことを見いだした。
၁၉ငါမှာထားသည်အတိုင်း စစ်ကြောကြသောအခါ၊ ထိုမြို့သည် ရှေးကာလ၌ ရှင်ဘုရင်တို့ကို ပုန်ကန်ကြောင်း၊ မကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း၊
20 またエルサレムには大いなる王たちがあって、川向こうの地をことごとく治め、みつぎ、関税、税金を納めさせたこともあった。
၂၀ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက် တော်ကိုခံလျက်၊ မြစ်အနောက်ဘက် တရှောက်လုံးကို အစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင် မြို့၌နေဘူးကြောင်းများကို သိရ၏။
21 それであなたがたは命令を伝えて、その人々をとどめ、わたしの命令の下るまで、この町を建てさせてはならない。
၂၁သို့ဖြစ်၍ ငါသည်အခွင့်မပေးမှီတိုင်အောင်၊ ထိုသူတို့သည် မြို့ကို မတည်ဘဲနေစေမည်အကြောင်း အမိန့်တော်ကိုဆင့်ဆိုကြလော့။
22 あなたがたは慎んでこのことについて怠ることのないようにしなさい。どうして損害を増して、王に害を及ぼしてよかろうか」。
၂၂နိုင်ငံတော်အကျိုးမပျက်စီးစေခြင်းငှါ သတိပြု၍ ဤအမှုကို စေ့စေ့ကြည့်ရှုကြလော့ဟု မိန့်တော်မူ၏။
23 アルタシャスタ王の手紙の写しがレホムおよび書記官シムシャイとその同僚の前に読み上げられたので、彼らは急いでエルサレムのユダヤ人のもとにおもむき、腕力と権力とをもって彼らをやめさせた。
၂၃အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့်မြို့စာရေး ရှိမရှဲ အစရှိသော သူတို့အပေါင်းအဘော်ရှေ့မှာ ဘတ်ပြီး လျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက်ဆီးတားကြ၏။
24 それでエルサレムにある神の宮の工事は中止された。すなわちペルシャ王ダリヨスの治世の二年まで中止された。
၂၄ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံ နှစ်နှစ်တိုင် အောင် လက်စမသတ်ဘဲနေလေ၏။

< エズラ記 4 >