< エゼキエル書 47 >
1 そして彼はわたしを宮の戸口に帰らせた。見よ、水の宮の敷居の下から、東の方へ流れていた。宮は東に面し、その水は、下から出て、祭壇の南にある宮の敷居の南の端から、流れ下っていた。
၁ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။-
2 彼は北の門の道から、わたしを連れ出し、外をまわって、東に向かう外の門に行かせた。見よ、水は南の方から流れ出ていた。
၂ထိုလူသည်ငါ့အားမြောက်တံခါးဖြင့် ဗိမာန်တော်နယ်မြေမှထုတ်ဆောင်ကာအရှေ့ တံခါးသို့ခေါ်ယူသွား၏။ ထိုတံခါး၏ တောင်ဘက်တွင်ချောင်းငယ်တစ်ခုစီးဆင်း လျက်ရှိ၏။-
3 その人は東に進み、手に測りなわをもって一千キュビトを測り、わたしを渡らせた。すると水はくるぶしに達した。
၃ထိုသူသည်ချောင်းအောက်ဘက်မှအရှေ့ဘက် သို့မိမိကူတံဖြင့်ကိုက်ငါးရာခြောက်ဆယ် တိုင်းပြီးနောက်ငါ့အားချောင်းကိုဖြတ်၍ လျှောက်သွားစေ၏။ ရေကားငါ၏ခြေ မျက်စိအထိသာရောက်လေသည်။-
4 彼がまた一千キュビトを測って、わたしを渡らせると、水はひざに達した。彼がまた一千キュビトを測って、わたしを渡らせると、水は腰に達した。
၄ထို့နောက်သူသည်နောက်ထပ်ကိုက်ငါးရာ ခြောက်ဆယ်တိုင်းပြန်၏။ ထိုနေရာတွင်ရေ သည်ငါ၏ဒူးဆစ်အထိရောက်ရှိလာ၏။ နောက်ကိုက်ငါးရာခြောက်ဆယ်အကွာတွင် ရေသည်ငါ၏ခါးအထိရောက်ရှိ၏။-
5 彼がまた一千キュビトを測ると、渡り得ないほどの川になり、水は深くなって、泳げるほどの水、越え得ないほどの川になった。
၅သူသည်ထပ်မံ၍ကိုက်ငါးရာခြောက်ဆယ် တိုင်းလိုက်သောအခါ ငါဖြတ်ကူး၍မရ သောမြစ်တစ်စင်းသို့ရောက်လာ၏။ ရေအလွန် နက်သဖြင့်ငါသည်ခြေထောက်၍မမီဘဲ လက်ပစ်ကူးရလေသည်။-
6 彼はわたしに「人の子よ、あなたはこれを見るか」と言った。それから、彼はわたしを川の岸に沿って連れ帰った。
၆ထိုသူက``အချင်းလူသား၊ ဤအချင်း အရာအလုံးစုံကိုသေချာစွာမှတ်သား လော့'' ဟုငါ့အားပြော၏။ ထိုနောက်သူသည်ငါ့အားမြစ်ကမ်းပါးသို့ ပြန်လည်ခေါ်ဆောင်သွား၏။-
7 わたしが帰ってくると、見よ、川の岸のこなたかなたに、はなはだ多くの木があった。
၇မြစ်ကမ်းပါးသို့ရောက်သောအခါငါ သည်မြစ်ကမ်းနှစ်ဖက်တွင်သစ်ပင်များ စွာပေါက်လျက်နေသည်ကိုမြင်ရ၏။-
8 彼はわたしに言った、「この水は東の境に流れて行き、アラバに落ち下り、その水が、よどんだ海にはいると、それは清くなる。
၈ထိုလူက ``ဤရေသည်မြေပြင်ကိုဖြတ်၍ အရှေ့ဘက်သို့စီးဆင်းရာယော်ဒန်ချိုင့်ဝှမ်း နှင့်ပင်လယ်သေထဲသို့စီးဆင်းသွားကာ ထိုပင်လယ်ရေငန်ကိုရေချိုဖြစ်စေ၏။-
9 おおよそこの川の流れる所では、もろもろの動く生き物が皆生き、また、はなはだ多くの魚がいる。これはその水がはいると、海の水を清くするためである。この川の流れる所では、すべてのものが生きている。
၉ထိုချောင်းစီးဆင်းရာအရပ်တိုင်း၌တိရစ္ဆာန် နှင့်ငါးအမျိုးမျိုးတို့ကိုတွေ့ရှိရလိမ့်မည်။ ယင်းသည်ပင်လယ်သေ၏ရေကိုရေချို ဖြစ်စေလိမ့်မည်။ မိမိစီးဆင်းရာအရပ် တိုင်း၌သက်ရှိသတ္တဝါများအားအသက် ရှင်သန်စေလိမ့်မည်။-
10 すなどる者が、海のかたわらに立ち、エンゲデからエン・エグライムまで、網を張る所となる。その魚は、大海の魚のように、その種類がはなはだ多い。
၁၀အင်္ဂေဒိစိမ့်စမ်းမှအစပြု၍ဧနေဂလိမ် စိမ့်စမ်းတိုင်အောင်ပင်လယ်နားတစ်လျှောက် လုံးတွင်ရေလုပ်သားတို့နေထိုင်ကြလျက် မိမိတို့ပိုက်ကွန်များကိုလှန်းကြလိမ့်မည်။ မြေထဲပင်လယ်တွင်တွေ့ရှိရသည့်ငါး အမျိုးမျိုးတို့ကိုဤအရပ်တွင်လည်း တွေ့ရှိရလိမ့်မည်။-
11 ただし、その沢と沼とは清められないで、塩地のままで残る。
၁၁သို့ရာတွင်ပင်လယ်သေကမ်းခြေဒေသရှိ ရွှံ့ဗွက်များနှင့်ရေအိုင်များ၌မူကားရေ မချိုဘဲဆားထွက်လိမ့်မည်။-
12 川のかたわら、その岸のこなたかなたに、食物となる各種の木が育つ。その葉は枯れず、その実は絶えず、月ごとに新しい実がなる。これはその水が聖所から流れ出るからである。その実は食用に供せられ、その葉は薬となる」。
၁၂ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
13 主なる神は、こう言われる、「あなたがたがイスラエルの十二の部族に、嗣業として土地を分け与えるには、その境を次のように定めなければならない。ヨセフには二つの分を与えよ。
၁၃အရှင်ထာဝရဘုရားက``ဣသရေလ လူမျိုးဆယ့်နှစ်ပါးအတွက်မြေယာနယ် နိမိတ်သတ်မှတ်ပေးရမည်။ မြေယာနယ် နိမိတ်များမှာအောက်ပါအတိုင်းဖြစ်၏။ ယောသပ်အနွယ်ဝင်တို့သည်အခြား အနွယ်အသီးသီးတို့ထက်နှစ်ဆပို၍ ရရှိစေရမည်။-
14 あなたがたは、これを公平に分けよ。これはわたしが、あなたがたの先祖に与えると誓ったもので、これは嗣業として、あなたがたに属するものである。
၁၄ငါသည်သင်တို့၏ဘိုးဘေးများအားဤ ပြည်ကိုပေးအပ်မည်ဟုကျိန်ဆိုကတိ ထားခဲ့သည့်အတိုင်း ယခုသင်တို့သည် ယင်းကိုညီမျှစွာခွဲဝေယူကြလော့။
15 その地の境はこのとおりである。北は大海からヘテロンの道を経て、ハマテの入口およびゼダデに至り、
၁၅``မြောက်ဘက်နယ်နိမိတ်မှာမြေထဲပင်လယ် မှအစပြု၍အရှေ့ဘက်ဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်း၊ ဇေဒဒ်မြို့။-
16 またベロテおよびダマスコとハマテの境にあるシブライムに至り、ハウランの境にあるハザル・ハテコンに及ぶ。
၁၆ဗေရောသာမြို့၊ သိဗရိမ်မြို့တို့ကိုဖြတ်၍ တိကုန်မြို့တွင်ဆုံးလေသည်။ (ဗေရောသာ နှင့်သိဗရိမ်မြို့တို့သည်ဒမာသက်ပြည် နှင့်ဟာမတ်ပြည်စပ်ကြားတွင်ရှိ၍ ဟာလာ ဟတ္တိကုန်မြို့မှာဟောရန်နယ်စပ်တွင်ရှိ၏။-)
17 その境は海からダマスコの北の境にあるハザル・エノンにおよび、北の方はハマテがその境である。これが北の方である。
၁၇သို့ဖြစ်၍မြောက်ဘက်နယ်နိမိတ်သည်မြေ ထဲပင်လယ်မှအရှေ့ဘက် ဟာဇရေနုန်မြို့ အထိရှိ၍ဒမာသက်နှင့်ဟာမတ်ပြည် နယ်ခြားဒေသများ၏တောင်ဘက်တွင်တည် ရှိသတည်း။
18 東の方は、ハウランとダマスコの間のハザル・エノンから、ギレアデとイスラエルの地との間の、ヨルダンに沿い、東の海に至り、タマルに及ぶ。これが東の方である。
၁၈``အရှေ့ဘက်နယ်နိမိတ်ကားဒမာသက် ပြည်နှင့်ဟောရန်ပြည်စပ်ကြားမှပင်လယ် သေကမ်းပေါ်ရှိတာမာမြို့အထိဖြစ်၍ ယော်ဒန်မြစ်အနောက်ဘက်တွင်ရှိသော ဣသရေလပြည်နှင့်အရှေ့ဘက်တွင်ရှိ သောဂိလဒ်ပြည်တို့၏နယ်ခြားအမှတ် အသားဖြစ်၏။
19 南の方はタマルからメリボテ・カデシの川に及び、そこからエジプトの川に沿って大海に至る。これが南の方である。
၁၉``တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှ အနောက်တောင်ဘက်ရှိကာဒေရှမေရိဘ စိမ့်စမ်းသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ရှိအီဂျစ်ပြည်နယ်စပ်ကိုလိုက် ၍မြေထဲပင်လယ်သို့လည်းကောင်းရောက် ရှိ၏။
20 西の方はハマテの入口に至る大海を境とする。これが西の方である。
၂၀``အနောက်ဘက်နယ်နိမိတ်မှာမြေထဲပင် လယ်ဖြစ်၍ မြောက်ဘက်ရှိဟာမတ်တောင် ကြားလမ်း၏အနောက်ဘက်သို့တိုင်အောင် ဖြစ်၏။
21 あなたがたはこのように、イスラエルの部族に従って、この地をあなたがたの間に分割せよ。
၂၁``ထိုနယ်မြေကိုသင်တို့အနွယ်စုများ ခွဲ ဝေယူကြလော့။-
22 あなたがたは、くじをもって、これをあなたがたのうちに分け、またあなたがたのうちにいて、あなたがたのうちに、子を生んだ寄留の他国人のうちに分けて、嗣業とせよ。彼らは、あなたがたには、イスラエルの人々のうちの本国人と同様である。彼らもあなたがたと一緒にくじを引いて、イスラエルの部族のうちに嗣業を得るべきである。
၂၂ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
23 他国人には、その住んでいる部族のうちで、その嗣業をこれに与えなければならないと、主なる神は言われる。
၂၃ယင်းသို့သောလူမျိုးခြားအပေါင်းတို့သည် မိမိတို့နေထိုင်ရာအရပ်အသီးသီးမှ အနွယ်ဝင်တို့နှင့်အတူမြေယာဝေစု များကိုခံယူခွင့်ရှိစေရမည်။ ဤကား ငါအရှင်ထာဝရဘုရားမြွက်ဟတော် မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။