< エゼキエル書 28 >

1 主の言葉がわたしに臨んだ、
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 「人の子よ、ツロの君に言え、主なる神はこう言われる、あなたは心に高ぶって言う、『わたしは神である、神々の座にすわって、海の中にいる』と。しかし、あなたは自分を神のように賢いと思っても、人であって、神ではない。
အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊
3 見よ、あなたはダニエルよりも賢く、すべての秘密もあなたには隠れていない。
သင် သည် ဒံယေလ ထက် သာ၍ပညာရှိ ပါသည် တကား။ သင် မ သိရအောင် သူတပါးဝှက်ထား နိုင်သော အရာ တစုံတခု မျှမ ရှိ။
4 あなたは知恵と悟りとによって富を得、金銀を倉にたくわえた。
ကိုယ် ဉာဏ်ပညာ အားဖြင့် ဥစ္စာ ရ တတ်၏။ ရွှေ ငွေ ကို ဆည်းပူး ပြီ။
5 あなたは大いなる貿易の知恵によってあなたの富を増し、その富によってあなたの心は高ぶった。
ထူးဆန်း သော ပညာ နှင့် ကုန်စလယ် များအားဖြင့် စည်းစိမ် ကြီး ၍၊ ထိုစည်းစိမ် ကြောင့် စိတ် ဝါကြွား ပြီ။
6 それゆえ、主なる神はこう言われる、あなたは自分を神のように賢いと思っているゆえ、
သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သောကြောင့် ၊
7 見よ、わたしは、もろもろの国民の最も恐れている異邦人をあなたに攻めこさせる。彼らはつるぎを抜いて、あなたが知恵をもって得た麗しいものに向かい、あなたの輝きを汚し、
ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့ကို သင် ရှိရာသို့ ငါ ပို့ဆောင် သဖြင့် ၊ သူတို့သည် သင် ၏ ပညာ ဂုဏ် ကို ထား နှင့်ခုတ်၍၊ သင် ၏တင့်တယ် ခြင်း အသရေကို ရှုတ်ချ ကြလိမ့်မည်။
8 あなたを穴に投げ入れる。あなたは海の中で殺された者のような死を遂げる。
သင့် ကို မြေတွင်း ထဲသို့ နှိမ့်ချ ၍ ၊ ပင်လယ် အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့သင့်အသက် သည် ဆုံးရှုံးရ လိမ့်မည်။
9 それでもなおあなたは、『自分は神である』と、あなたを殺す人々の前で言うことができるか。あなたは自分を傷つける者の手にかかっては、人であって、神ではないではないか。
သင့် အသက် ကိုသတ် သောသူတို့ လက် တွင် ၊ သင်သည် ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက် နှင့်၊ ငါ သည် ဘုရား ဖြစ်သည်ဟု သင့် အသက် ကိုသတ် သောသူတို့ရှေ့မှာ အမှန်ပြော လိမ့်မည်လော။
10 あなたは異邦人の手によって割礼を受けない者の死を遂げる。これはわたしが言うのであると、主なる神は言われる」。
၁၀အရေဖျားလှီး ခြင်းမခံသော လူသေ သကဲ့သို့၊ သင်သည် တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် သေ ရမည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11 また主の言葉がわたしに臨んだ、
၁၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
12 「人の子よ、ツロの王のために悲しみの歌をのべて、これに言え。主なる神はこう言われる、あなたは知恵に満ち、美のきわみである完全な印である。
၁၂အချင်းလူသား ၊ တုရု ရှင်ဘုရင် အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် သည် ထူးဆန်း သော တံဆိပ် ဖြစ်၏။ ပညာ နှင့်ပြည့်စုံ ၍ တင့်တယ် ခြင်းအသရေလည်းစုံလင် လျက်ရှိ၏။
13 あなたは神の園エデンにあって、もろもろの宝石が、あなたをおおっていた。すなわち赤めのう、黄玉、青玉、貴かんらん石、緑柱石、縞めのう、サファイヤ、ざくろ石、エメラルド。そしてあなたの象眼も彫刻も金でなされた。これらはあなたの造られた日に、あなたのために備えられた。
၁၃ဧဒင် အရပ်၊ ဘုရားသခင် ၏ ဥယျာဉ် တော်၌ နေ ပြီ။ သင်၏ခေါင်းပေါ်မှာကျောက်နီ ၊ ဥဿဖရား ၊ စိန် ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ၊ နီလာ ၊ မြ ၊ ပတ္တမြား အစရှိသော ကျောက် မြတ် အမျိုးမျိုး တို့ကို ဆောင် လေ၏။ ရွှေ ဖြင့် လုပ် သော ပတ်သာ ၊ ပုလွေ တို့သည်လည်း၊ သင် ဘွား သောနေ့ ၌ ပင် သင့် အဘို့ ပြင်ဆင် လျက်ရှိကြ၏။
14 わたしはあなたを油そそがれた守護のケルブと一緒に置いた。あなたは神の聖なる山にいて、火の石の間を歩いた。
၁၄သင် သည် ဖြန့် ၍ လွှမ်းမိုး သော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်း သော တောင် ပေါ်မှာ နေရာ ကျ၍ မီး တောက်သော ကျောက် တို့ တွင် သွား လာရ၏။
15 あなたは造られた日から、あなたの中に悪が見いだされた日まではそのおこないが完全であった。
၁၅ဘွား သောနေ့ မှစ၍ သင့် အပြစ် ထင်ရှား သောနေ့ တိုင်အောင် ၊ ပြု လေရာရာ၌ စုံလင် လျက်ရှိ၏။
16 あなたの商売が盛んになると、あなたの中に暴虐が満ちて、あなたは罪を犯した。それゆえ、わたしはあなたを神の山から汚れたものとして投げ出し、守護のケルブはあなたを火の石の間から追い出した。
၁၆သို့ရာတွင်၊ ကုန်သွယ် ခြင်း များပြား သောအားဖြင့် ၊ အဓမ္မ အမှုတို့နှင့်ပြည့်စုံ ၍ ပြစ်မှား သောအပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင် ၏ တောင် တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုး သော ခေရုဗိမ် ၊ မီး တောက်သော ကျောက် တို့အထဲ က သင့် ကိုငါ ပယ်ရှင်း မည်။
17 あなたは自分の美しさのために心高ぶり、その輝きのために自分の知恵を汚したゆえに、わたしはあなたを地に投げうち、王たちの前に置いて見せ物とした。
၁၇သင် သည် ကိုယ်၌ တင့်တယ် ခြင်းအသရေကြောင့် ၊ ဝါကြွား သောစိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ပညာ သည် ဖေါက်ပြန် လျက်ရှိလေပြီ ။ ငါသည်သင့် ကို မြေ တိုင်အောင် နှိမ့်ချ မည်။ ရှင်ဘုရင် တို့သည် သင့် ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
18 あなたは不正な交易をして犯した多くの罪によってあなたの聖所を汚したゆえ、わたしはあなたの中から火を出してあなたを焼き、あなたを見るすべての者の前であなたを地の上の灰とした。
၁၈သင့် အပြစ် သည်များပြား ၍ ကုန်သွယ် ခြင်း အဓမ္မ အားဖြင့် ၊ သန့်ရှင်း ရာဌာနတို့ကို ညစ်ညူး စေသောကြောင့် ၊ သင့်ကိုမီးရှို့ဘို့ သင့် အလယ် ၌ မီး ကိုငါညှိ မည်။ သင့် ကိုမြင် သော သူအပေါင်း တို့ရှေ့မှာ ၊ သင်၏ ပြာ ကို မြေ ပေါ်သို့ ငါချထား မည်။
19 もろもろの民のうちであなたを知る者は皆あなたについて驚く。あなたは恐るべき終りを遂げ、永遠にうせはてる」。
၁၉သင့် ကိုသိ သောလူ အမျိုးမျိုး တို့သည် သင် ၏ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လိမ့်မည်။ နောက် တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
20 主の言葉がわたしに臨んだ、
၂၀တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21 「人の子よ、あなたの顔をシドンに向け、これに向かって預言して、
၂၁အချင်းလူသား ၊ သင်သည် ဇိဒုန် မြို့တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
22 言え。主なる神はこう言われる、シドンよ、見よ、わたしはあなたの敵となる、わたしはあなたのうちで栄えをあらわす。わたしがシドンのうちにさばきをおこない、そのうちにわたしの聖なることをあらわす時、彼らはわたしが主であることを知る。
၂၂အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဇိဒုန် မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့် အလယ် ၌ ငါ့ဘုန်း တန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါ သည် အပြစ်ဒဏ် ပေး၍ ရိုသေ ခြင်းကိုခံရသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို လူများသိ ရကြလိမ့်မည်။
23 わたしは疫病をこれに送り、そのちまたに流血を送る。その四方からこれに臨むつるぎによって殺される者がその中に倒れる時、彼らはわたしが主であることを知る。
၂၃သင့်အပေါ်သို့ ကာလနာ ဘေးကို၎င်း၊ သင်၏ လမ်း တို့၌ ထား ဘေးကို၎င်း ငါစေလွှတ် ၍၊ ပတ်လည် ၌ တိုက်သော ထား ဖြင့်သူရဲတို့သည် သင့်အလယ် ၌ လဲ ၍ သေ ကြသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
24 イスラエルの家には、もはや刺すいばらはなく、これを卑しめたその周囲の人々のうちには、苦しめるとげもなくなる。こうして彼らはわたしが主であることを知るようになる。
၂၄ထိုအခါ ဣသရေလ အမျိုး ၏ ပတ်လည် ၌နေ၍၊ မထီမဲ့မြင်ပြု သောသူတို့ တွင် စူး တတ်သော ဆူးပင် ၊ နှောက်ရှက် တတ်သောငြောင့် တစုံတခု မျှ မကျန်ကြွင်းရ။ ငါ သည် ထာဝရ ဘုရားဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
25 主なる神はこう言われる、わたしがイスラエルの家の者を、その散らされたもろもろの民の中から集め、もろもろの国民の目の前で、彼らにわたしの聖なることをあらわす時、彼らはわたしが、わがしもべヤコブに与えた地に住むようになる。
၂၅တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် ကွဲပြား လျက်နေသောလူ အမျိုးမျိုးထဲက ငါ ခေါ်၍စုဝေး သောအခါ ၊ သူ တို့အားဖြင့် လူမျိုး များရှေ့၌ ရိုသေ ခြင်းကိုငါခံ၍၊ ငါ့ ကျွန် ယာကုပ် အား ငါအရင်ပေး သော ပြည် ၌ သူတို့သည် နေ ကြလိမ့်မည်။
26 彼らはそこに安らかに住み、家を建て、またぶどう畑を作る。かつて彼らを卑しめたすべての隣り人たちに対して、わたしがさばきを行う時、彼らは安らかに住む。こうして彼らは、わたしが彼らの神、主であることを知る」。
၂၆ထိုပြည် ၌ စိုးရိမ် စရာမရှိ။ အိမ် ဆောက် ခြင်း၊ စပျစ် ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေ ကြလိမ့်မည်။ သူ တို့ ပတ်လည် ၌ နေ၍မထီမဲ့မြင်ပြု သောသူအပေါင်း တို့ကို ငါ သည် အပြစ်ဒဏ် စီရင် သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ ၍၊ ငါ သည် သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< エゼキエル書 28 >