< エゼキエル書 25 >

1 主の言葉がわたしに臨んだ、
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 「人の子よ、あなたの顔をアンモンの人々に向け、これに向かって預言し、
အချင်းလူသား ၊ သင်သည် အမ္မုန် အမျိုးသား တို့ တဘက် ၌မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
3 アンモンの人々に言え。主なる神の言葉を聞け。主なる神はこう言われる、あなたはわが聖所の汚された時、またイスラエルの地の荒された時、またユダの家が捕え移された時、ああ、それはよい気味であると言った。
ဆင့်ဆို ရမည်မှာ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရှုတ်ချ လျက်ရှိသောငါ ၏ သန့်ရှင်း ရာဌာနကို၎င်း ၊ လူဆိတ်ညံ ခြင်းသို့ရောက်သော ဣသရေလ ပြည် ကို၎င်း၊ သိမ်း သွားခြင်းကို ခံရ သော ယုဒ အမျိုး ကို ၎င်း ၊ အေ့ဟေ ဟု သင် ဆို မိသောကြောင့် ၊
4 それゆえ、わたしはあなたを、東の人々に渡して彼らの所有とする。彼らはあなたのうちに陣営を設け、あなたのうちに住居を造り、あなたのくだものを食べ、あなたの乳を飲む。
သင့် ကိုအရှေ့ ပြည်သားတို့အား ငါ အပိုင် ပေး မည်။ သူတို့သည် သင် ၏အထဲ၌ ဘုံဗိမာန် တို့ကို တည်ဆောက်၍ နေရာကျ ကြလိမ့်မည်။ သင် ၏အသီးအနှံ ကိုစား ၍ သင် ၏နို့ ကို သောက် ကြလိမ့်မည်။
5 わたしはラバを、らくだを飼う所とし、アンモンびとの町々を、羊の伏す所とする。そしてあなたがたは、わたしが主であることを知るようになる。
ရဗ္ဗာ မြို့ကို ကုလားအုပ် တင်းကုပ် ၊ အမ္မုန် ပြည်ကို သိုး ကျက်စား ရာ ငါဖြစ် စေမည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
6 主なる神はこう言われる、あなたはイスラエルの地に向かって手をうち、足を踏み、心に悪意を満たして喜んだ。
သင်သည် ဣသရေလ ပြည် ကို မနာလို သောစိတ် အားကြီး လျက် လက်ခုပ်တီး ခြင်း၊ ခြေ နှင့်ဆောင့် ခြင်း ကို ဝမ်းမြောက် စွာ ပြုသောကြောင့် ၊
7 それゆえ、見よ、わたしはわが手をあなたに向けて伸べ、あなたを、もろもろの国民に渡して略奪にあわせ、あなたを、もろもろの民の中から断ち、諸国の中から滅ぼし絶やす。そしてあなたは、わたしが主であることを知るようになる。
ငါ သည် သင့် ကို တိုက် ၍၊ လူ အမျိုးမျိုးလုယူ ဘို့ရာ အပ် မည်။ လူ နေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့် ကို သုတ်သင် ပယ်ရှင်း မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
8 主なる神はわたしにこう言われる、モアブは言った、見よ、ユダの家は、他のすべての国民と同様であると。
တဖန်မောဘ ပြည်နှင့် စိရ မြို့က၊ ယုဒ အမျိုး သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူသည်ဟု ဆို သောကြောင့် ၊
9 それゆえ、わたしはモアブの境界の町々、すなわち国の栄えであるベテエシモテ、バアルメオン、キリアタイムの横腹を開き、
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မောဘ နံပါး ၊ ပြည်စွန်း နားမှာ နိုင်ငံ ၏ဘုန်း ဖြစ်သော ဗက်ယေရှိမုတ် မြို့၊ ဗာလမောင် မြို့၊ ကိရယသိမ် မြို့တို့ကို ငါ လှန် ထားမည်။
10 これをアンモンの人々と共に、東方の人々に与えて、その所有とし、モアブの人々をもろもろの国民の中に記憶させない。
၁၀ထိုမြို့တို့ကို အမ္မုန် အမျိုးသား တို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင် ပေး မည်။ အမ္မုန် ပြည်သား တို့ကို တိုင်း နိုင်ငံစုတွင် မ မှတ် ရ။
11 わたしはモアブの上にさばきを行う。そのとき、彼らはわたしが主であることを知る。
၁၁မောဘ ပြည်ကို လည်း ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ကြရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
12 主なる神はこう言われる、エドムは恨みをふくんでユダの家に敵対し、これに恨みを返して、はなはだしく罪を犯した。
၁၂တဖန်ဧဒုံ ပြည်သည် ချင်ရဲပြေ စေခြင်းငှါ၊ ယုဒ အမျိုး တဘက် ၌နေ၍ အလွန်ပြစ်မှား သဖြင့် ၊ အပြစ်ဒဏ် စီရင်သောကြောင့် ၊
13 それゆえ、主なる神はこう言われる、わたしはエドムの上に手を伸べて、その中から人と獣とを断ち、これを荒れ地とする。テマンからデダンまで人々はつるぎに倒れる。
၁၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧဒုံ ပြည်ကို ငါတိုက် ၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် မည်။ တေမန် မြို့မှစ၍ လူဆိတ်ညံ စေမည်။ ဒေဒန် မြို့တိုင်အောင် ထား ဖြင့် ဆုံး ရကြလိမ့်မည်။
14 わたしはわが民イスラエルの手をもって、エドムにわがあだを報いる。彼らがわが怒り、わが憤りに従ってエドムに行う時、エドムの人々は、わたしがあだを返すことを知るようになると、主なる神は言われる。
၁၄ငါ ၏လူ ဣသရေလ အမျိုးသားများအားဖြင့် ၊ ဧဒုံ ပြည်ကိုငါ ၏ ချင်ရဲပြေစေခြင်းငှါဒဏ် ပေး မည်။ သူတို့သည် ငါ၏အမျက် အရှိန်အားကြီးသည့်အတိုင်း ဧဒုံ ပြည် ကို ပြု ကြလိမ့်မည်။ ငါ ပေးသော အပြစ်ဒဏ် ကို သိ ရ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 主なる神はこう言われる、ペリシテびとは恨みをふくんで行動し、心に悪意をもってあだを返し、深い敵意をもって、滅ぼすことをした。
၁၅တဖန် ဖိလိတ္တိ လူတို့သည် အငြိုးထား ၍ မနာလို သောစိတ် အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်း ဖျက်ဆီး ခြင်းငှါအပြစ်ဒဏ် ပေးသောကြောင့် ၊
16 それゆえ、主なる神はこう言われる、見よ、わたしは手をペリシテびとの上に伸べ、ケレテびとを断ち、海べの残りの者を滅ぼす。
၁၆အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖိလိတ္တိ လူတို့ကို ငါ တိုက် ၍ ခေရသိ လူတို့ကို ပယ်ဖြတ် မည်။ ပင်လယ် ကမ်းနား ၌ ကျန်ကြွင်း သောသူတို့ကို ဖျက်ဆီး မည်။
17 わたしは怒りに満ちた懲罰をもって、大いなる復讐を彼らになす。わたしが彼らにあだを返す時、彼らはわたしが主であることを知るようになる」。
၁၇ပြင်းစွာ သော ဆုံးမ ခြင်းနှင့်တကွကြီးစွာသော အပြစ်ဒဏ် ကိုပေး မည်။ ထိုသို့ငါ ၏ချင်ရဲပြေ စေခြင်းငှါဒဏ်ပေးသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

< エゼキエル書 25 >