< 申命記 26 >
1 あなたの神、主が嗣業として賜わる国にはいって、それを所有し、そこに住む時は、
၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊-
2 あなたの神、主が賜わる国にできる、地のすべての実の初物を取ってかごに入れ、あなたの神、主がその名を置くために選ばれる所へ携えて行かなければならない。
၂သင်တို့သည်လက်ဦးလက်ဖျားအသီးအနှံ အမျိုးမျိုးကိုတောင်းထဲ၌ထည့်ပြီးလျှင် တစ်ခုတည်းသောကိုးကွယ်ရာဌာနသို့ယူ ဆောင်သွားရမည်။-
3 そしてその時の祭司の所へ行って彼に言わなければならない、『きょう、あなたの神、主にわたしは申します。主がわれわれに与えると先祖たちに誓われた国に、わたしははいることができました』。
၃ထိုအချိန်တွင်တာဝန်ကျသောယဇ်ပုရော ဟိတ်ထံသို့သွား၍`အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် ဘိုးဘေးတို့အားကတိ ထားတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ရှိ နေပြီဖြစ်ကြောင်းထာဝရဘုရားထံ ယနေ့ဝန်ခံပါ၏' ဟုပြောဆိုလော့။
4 そのとき祭司はあなたの手からそのかごを受け取ってあなたの神、主の祭壇の前に置かなければならない。
၄``ထိုအခါယဇ်ပုရောဟိတ်သည် သင့်ထံမှ တောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရ ဘုရား၏ယဇ်ပလ္လင်ရှေ့မှာချထားရမည်။-
5 そして、あなたはあなたの神、主の前に述べて言わなければならない、『わたしの先祖は、さすらいの一アラムびとでありましたが、わずかの人を連れてエジプトへ下って行って、その所に寄留し、ついにそこで大きく、強い、人数の多い国民になりました。
၅ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-
6 ところがエジプトびとはわれわれをしえたげ、また悩まして、つらい労役を負わせましたが、
၆အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။-
7 われわれが先祖たちの神、主に叫んだので、主はわれわれの声を聞き、われわれの悩みと、骨折りと、しえたげとを顧み、
၇ထိုအခါအကျွန်ုပ်တို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံကူညီ မစရန်လျှောက်ထားကြပါသည်။ ထာဝရ ဘုရားသည်ကျွန်ုပ်တို့၏လျှောက်ထားချက် ကိုနားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရ သောညှင်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခ ကိုသိမြင်တော်မူ၏။-
8 主は強い手と、伸べた腕と、大いなる恐るべき事と、しるしと、不思議とをもって、われわれをエジプトから導き出し、
၈ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။-
9 われわれをこの所へ連れてきて、乳と蜜の流れるこの地をわれわれに賜わりました。
၉ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။-
10 主よ、ごらんください。あなたがわたしに賜わった地の実の初物を、いま携えてきました』。そしてあなたはそれをあなたの神、主の前に置いて、あなたの神、主の前に礼拝し、
၁၀ထို့ကြောင့်အကျွန်ုပ်သည်ကိုယ်တော်ပေးသနား တော်မူသော လက်ဦးလက်ဖျားအသီးအနှံ များကို ယခုယူဆောင်ဆက်ကပ်ပါသည်' ဟူ၍ရွတ်ဆိုရမည်။ ထို့နောက်တောင်းကိုထာဝရဘုရား၏ရှေ့ တော်တွင်ချထား၍ဝတ်ပြုကိုးကွယ်ရမည်။-
11 あなたの神、主があなたとあなたの家とに賜わったすべての良い物をもって、レビびとおよびあなたのなかにいる寄留の他国人と共に喜び楽しまなければならない。
၁၁သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်သင်၏မိသားစုအားကျေးဇူး ပြုတော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်း လော့။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင်သော လေဝိအမျိုးသားများ၊ လူမျိုးခြားသား များသည်သင်တို့နှင့်အတူပျော်ပွဲရွှင်ပွဲ ကိုဆင်နွှဲစေကြလော့။
12 第三年すなわち十分の一を納める年に、あなたがすべての産物の十分の一を納め終って、それをレビびとと寄留の他国人と孤児と寡婦とに与え、町のうちで彼らに飽きるほど食べさせた時、
၁၂``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-
13 あなたの神、主の前で言わなければならない、『わたしはその聖なる物を家から取り出し、またレビびとと寄留の他国人と孤児と寡婦とにそれを与え、すべてあなたが命じられた命令のとおりにいたしました。わたしはあなたの命令にそむかず、またそれを忘れませんでした。
၁၃`အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။-
14 わたしはその聖なる物を喪のうちで食べたことがなく、また汚れた身でそれを取り出したことがなく、また死人にそれを供えたことがありませんでした。わたしはわたしの神、主の声に聞き従い、すべてあなたがわたしに命じられたとおりにいたしました。
၁၄အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။-
15 あなたの聖なるすみかである天からみそなわして、あなたの民イスラエルと、あなたがわれわれに与えられた地とを祝福してください。これはあなたがわれわれの先祖に誓われた乳と蜜の流れる地です』。
၁၅ကိုယ်တော်စိုးစံတော်မူရာကောင်းကင်ဘုံမှ ကြည့်ရှုတော်မူ၍ ဘိုးဘေးတို့အားကတိ ထားတော်မူသည့်အတိုင်းပေးသနားသော အစာရေစာပေါကြွယ်ဝသည့်ပြည်နှင့် တကွ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးတို့အားကောင်းချီး ပေးတော်မူပါ' ဟူ၍လျှောက်ဆိုရမည်။
16 きょう、あなたの神、主はこれらの定めと、おきてとを行うことをあなたに命じられる。それゆえ、あなたは心をつくし、精神をつくしてそれを守り行わなければならない。
၁၆``သင်တို့သည်ဤပညတ်တော်အားလုံးကို လိုက်နာရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ယနေ့တွင်မိန့်မှာတော်မူ၏။ သို့ ဖြစ်၍ယင်းပညတ်များကိုတစ်သဝေ မတိမ်းလိုက်လျှောက်ရန်အစွမ်းကုန်အား ထုတ်လော့။-
17 きょう、あなたは主をあなたの神とし、かつその道に歩み、定めと、戒めと、おきてとを守り、その声に聞き従うことを明言した。
၁၇ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်သည်ဟုယနေ့သင်ဝန်ခံပြီ။ သင်တို့ သည်ဘုရားသခင်၏စကားကိုနားထောင် ရန်လည်းကောင်း၊ ပညတ်တော်ရှိသမျှကို စောင့်ထိန်းရန်လည်းကောင်း၊ မိန့်မှာတော်မူ သမျှကိုလိုက်နာရန်လည်းကောင်းကတိ ပေးခဲ့ပြီ။-
18 そして、主は先に約束されたように、きょう、あなたを自分の宝の民とされること、また、あなたがそのすべての命令を守るべきことを明言された。
၁၈ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။-
19 主は誉と良き名と栄えとをあなたに与えて、主の造られたすべての国民にまさるものとされるであろう。あなたは主が言われたように、あなたの神、主の聖なる民となるであろう」。
၁၉ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။