< ダニエル書 11 >
1 わたしはまたメデアびとダリヨスの元年に立って彼を強め、彼を力づけたことがあります。
၁ငါ သည်လည်း မေဒိ အမျိုး ဒါရိ မင်းကြီးနန်းစံပဌမ နှစ် တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့ မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။
2 わたしは今あなたに真理を示そう。見よ、ペルシャになお三人の王が起るでしょう。その第四の者は、他のすべての者にまさって富み、その富によって強くなったとき、彼はすべてのものを動員して、ギリシヤの国を攻めます。
၂ယခု မူကား ၊ မှန် သောအရာကိုငါပြ မည်။ ပေရသိ နိုင်ငံကို အစိုးရသောရှင်ဘုရင် သုံး ပါးပေါ် လေဦးမည်။ စတုတ္ထ ရှင်ဘုရင်မူကား ၊ ထိုသူ ရှိသမျှ တို့ထက် ငွေ ရတတ်လိမ့်မည်။ ထိုသို့ ရတတ်၍ အား ကြီးသောကြောင့် ၊ ဟေလသ နိုင်ငံ ကို ရန်ဘက်ပြုစေခြင်းငှါ၊ ခပ်သိမ်း သောသူတို့ ကို နှိုးဆော် လိမ့်မည်။
3 またひとりの勇ましい王が起り、大いなる権力をもって世を治め、その意のままに事をなすでしょう。
၃ထိုအခါ တန်ခိုး ကြီးသော ရှင်ဘုရင် တပါးလည်း ပေါ် လာလိမ့်မည်။ အာဏာ တော်ကြီး လျက် အစိုးရ ၍ မိမိ အလို ရှိသည်အတိုင်း ပြု လိမ့်မည်။
4 彼が強くなった時、その国は破られ、天の四方に分かたれます。それは彼の子孫に帰せず、また彼が治めたほどの権力もなく、彼の国は抜き取られて、これら以外の者どもに帰するでしょう。
၄ထိုသူသည် ပေါ် လာပြီးမှ နိုင်ငံ တော်ကျိုးပဲ့ ၍ ၊ သူတပါးတို့သည် မိုဃ်း ကောင်းကင်လေး မျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် ၊ အစိုးရသောသူတို့ သည် အမျိုးအနွယ်တော်မဟုတ်၊ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံ တော်ကို နှုတ်ပစ် ၍ အမျိုးအနွယ်တော်မှတပါး အခြား သောသူတို့ သည် ရကြလိမ့်မည်။
5 南の王は強くなります。しかしその将軍のひとりが、彼にまさって強くなり、権力をふるいます。その権力は、大いなる権力です。
၅ထိုအခါ တောင် ရှင် ဘုရင်သည် တန်ခိုး ကြီးလိမ့်မည် ။ မင်း စုထဲ၌မင်းတပါးသည် ထိုသူ ထက် တန်ခိုး ကြီး၍ အာဏာ တည်လိမ့်မည်။ သူ ၏အာဏာ လည်း အလွန် ကျယ်လိမ့်မည်။
6 年を経て後、彼らは縁組をなし、南の王の娘が、北の王にきて、和親をはかります。しかしその女は、その腕の力を保つことができず、またその王も、その子も立つことができません。その女と、その従者と、その子およびその女を獲た者とは、わたされるでしょう。
၆ကာလ လွန် သောအခါ သူတို့သည် အဆွေ ဖွဲ့ကြ လိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင် ရှင်ဘုရင် ၏ သမီး သည် မြောက် ရှင်ဘုရင် ထံသို့ ရောက် လိမ့်မည်။ သို့သော်လည်း ၊ ထိုမင်းသမီး၏ အာဏာ သည် မ တည် ရ။ ထိုမင်း နှင့်တကွ အမျိုးအနွယ် တော် သည်လည်း မတည်ရ။ မင်းသမီး ကို၎င်း၊ ဆောင် ခဲ့သောသူတို့ ကို၎င်း၊ သူ ၏သား ကို၎င်း ၊ ထိုကာလ ၌ သူ့ ကိုထောက်ပင့် သော သူများကို၎င်းဆုံးရှုံးခြင်းသို့အပ် ရလိမ့်မည်။
7 そのころ、この女の根から、一つの芽が起って彼に代り、北の王の軍勢にむかってきて、その城に討ち入り、これを攻めて勝つでしょう。
၇ထိုမင်းသမီး၏ အဆွေအမျိုး ဖြစ်သောသူ တယောက်သည် အဘ၏ အရိပ်အရာ ကိုရသဖြင့် စစ်ချီ၍ လာ လိမ့်မည်။ မြောက် ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် ၍ နိုင်လိမ့်မည်။
8 彼はまた彼らの神々、鋳像および金銀の貴重な器物を、エジプトに携え去り、そして数年の間、北の王を討つことを控えます。
၈သူ တို့၏ဘုရား များ၊ သွန်း သောရုပ်တုများ၊ အဘိုး ထိုက်သောငွေ ဖလား ၊ ရွှေ ဖလားများကို အဲဂုတ္တု ပြည်သို့ သိမ်း သွားလိမ့်မည်။ သူသည်လည်း မြောက် ရှင်ဘုရင် ထက် အသက် ရှည်လိမ့်မည်။
9 その後、北の王は、南の王の国に討ち入るが、自分の国に帰るでしょう。
၉တဖန် မြောက်ရှင်ဘုရင်သည် တောင် ရှင်ဘုရင် ၏နိုင်ငံ သို့ ဝင် သော်လည်း မိမိ ပြည် သို့ ပြန် သွားရ လိမ့်မည်။
10 その子らはまた憤激して、あまたの大軍を集め、進んで行って、みなぎりあふれ、通り過ぎるが、また行って、その城にまで攻め寄せるでしょう。
၁၀သား တော်တို့သည် ထပြန်၍ များစွာ သော အလုံးအရင်း ကို စုဝေး ကြလိမ့်မည်။ သားတယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုး ချင်းနင်း လိမ့်မည်။ တဖန် ပြန် လာ၍ သူ ၏မြို့ တိုင်အောင် လုပ်ကြံ လိမ့်မည်။
11 そこで南の王は、大いに怒り、出てきて北の王と戦います。彼は大軍を起すけれども、その軍は相手の手にわたされるでしょう。
၁၁တောင် ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ မြောက် ရှင်ဘုရင် ကို ဆီးကြို ၍ တိုက် လိမ့်မည်။ မြောက်ရှင်ဘုရင် သည် များစွာ သော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင် သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်း တို့ကို သိမ်းယူလိမ့်မည်။
12 彼がその軍を打ち破ったとき、その心は高ぶり、数万人を倒します。しかし、勝つことはありません。
၁၂ထိုအလုံးအရင်း တို့ကို ပယ်ရှင်းပြီးမှ မာန စိတ် ပေါက်လျက်၊ အထောင် သောင်းမကများစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မ တည် စေရ။
13 それは北の王がまた初めよりも大いなる軍を起し、数年の後、大いなる軍勢と多くの軍需品とをもって、攻めて来るからです。
၁၃အကြောင်း မူကား၊ မြောက် ရှင် ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင် ထက် များစွာ သောအလုံးအရင်း တို့ကို စီရင်ပြီးမှကာလ အတန်အရာလွန် လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ် များ နှင့် ဆက်ဆက်လာ လိမ့်မည်။
14 そのころ多くの者が起って、南の王に敵します。またあなたの民のうちのあらくれ者が、みずから高ぶって事をなし、幻を成就しようとするが失敗するでしょう。
၁၄ထို ကာလ ၌ တောင် ရှင်ဘုရင် ကို ရန်ဘက်ပြု သောသူတို့သည် များ ကြလိမ့်မည်။ သင် ၏အမျိုးသား ချင်း ဖြစ်သော သူပုန် တို့သည် ဗျာဒိတ် ရူပါရုံကို ပြည့်စုံစေ ခြင်းငှါ ထ ၍ ၊ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
15 こうして北の王がきて、塁を築き、堅固な町を取るが、南の王の力は、これに立ち向かうことができず、またそのえり抜きの民も、これに立ち向かう力がありません。
၁၅မြောက် ရှင် ဘုရင်သည် လာ ၍ မြို့ရိုး ကို တည် ပြီးလျှင်ခိုင်ခံ့ သော မြို့ တို့ကို လုပ်ကြံ လိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ် သောလူများတို့သည် ဆီးတား ခြင်းငှါ ခွန်အား မ ရှိသောကြောင့် မ ဆီးတား ရကြ ။
16 これに攻めて来る者は、その心のままに事をなし、その前に立ち向かうことのできる者はなく、彼は麗しい地に立ち、その地は全く彼のために荒されます。
၁၆တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၍ ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။
17 彼は全国の力をもって討ち入ろうと、その顔を向けるが、相手と仲直りをし、その娘を与えて、その国を取ろうとします。しかし、その事は成らず、また彼の利益にはならないでしょう。
၁၇ဖြောင့်မတ် သောသူတို့ သည် လိုက်လျက် ထိုမင်း သည် မိမိ နိုင်ငံ ၏ အလုံးအရင်းရှိသမျှ တို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ် အားဖြင့်ဖျက်ဆီး ခြင်းငှါ ပေးစား လိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။
18 その後、彼は顔を海沿いの国々に向けて、その多くのものを取ります。しかし、ひとりの大将があって、彼が与えた恥辱をそそぎ、その恥辱を彼の上に返します。
၁၈တဖန် ကျွန်းစု သို့ မျက်နှာ လှည့် ၍ ကျွန်းအများ တို့ကို လုပ်ကြံ လိမ့်မည်။ သို့ရာတွင် ၊ ဗိုလ်မင်း တပါးသည် မိမိ ခံရသောအသရေ ဖျက်ခြင်းကို မိမိမှလွှဲ ပယ်၍၊ ထို အသရေပျက် ခြင်းကို တိုက်လာသောမင်းအပေါ် သို့ ပြန် ရောက်စေလိမ့်မည်။
19 こうして彼は、その顔を自分の国の要害に向けるが、彼はつまずき倒れて消えうせるでしょう。
၁၉ထိုမင်းသည်လည်း မိမိ နေရာမြို့ တော်သို့ ပြန် သွားပြီးလျှင် ၊ ထိမိ ၍ လဲ သဖြင့် ကွယ်ပျောက် လိမ့်မည်။
20 彼に代って起る者は、栄光の国に人をつかわして、租税を取り立てさせるでしょう。しかし彼は、怒りにも戦いにもよらず、数日のうちに滅ぼされます。
၂၀ထိုမင်းအရာ ၌လည်း နိုင်ငံ တော်၏ ဘုန်း စည်းစိမ် ကို ရှုတ်ချ လျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသ အမျက်မ ထွက်၊ စစ် မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။
21 彼に代って起る者は、卑しむべき者であって、彼には、王の尊厳が与えられず、彼は不意にきて、巧言をもって国を獲るでしょう。
၂၁ထိုသူအရာ ၌ လည်း မင်းစည်းစိမ် ကိုခံထိုက်သော သူမဟုတ်၊ ယုတ်မာ သောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက် မပြု ချော့မော့ ခြင်းအားဖြင့် နိုင်ငံ ကို ရ လိမ့်မည်။
22 洪水のような軍勢は、彼の前に押し流されて敗られ、契約の君たる者もまた敗られるでしょう。
၂၂လွှမ်းမိုး သော လက်နက် တို့သည် သူ့ ရှေ့ မှာ မြုပ် ၍ ဆုံးရှုံး လိမ့်မည်။ မိဿဟာယ ခံသော မင်း လည်း ဆုံးရှုံးလိမ့်မည်။
23 彼は、これと同盟を結んで後、偽りのおこないをなし、わずかな民をもって強くなり、
၂၃အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာ ပျက်သဖြင့်၊ တက် လာ၍ လူ အနည်းငယ် မျှ ပါသော်လည်း တန်ခိုး ကြီးလိမ့်မည်။
24 不意にその州の最も肥えた所に攻め入り、その父も、その父の父もしなかった事をおこない、その奪った物、かすめた物および財宝を、人々の中に散らすでしょう。彼はまた計略をめぐらして、堅固な城を攻めるが、ただし、それは時の至るまでです。
၂၄အသီးအနှံ များသောပြည် ကို အနိုင်အထက် မပြုဘဲ ဝင် လိမ့်မည်။ လုယူ သော ပစ္စည်းဥစ္စာ စည်းစိမ် များကို စွန့်ကြဲ၍၊ မိမိ ဘိုးဘေး မ ပြု ဘူးသော အမှုကိုပြု လိမ့်မည်။ ခိုင်ခံ့ သော မြို့ပြတို့ကို ရခြင်းငှါတာရှည် စွာ ကြံစည် လိမ့်မည်။
25 彼はその勢力と勇気とを奮い起し、大軍を率いて南の王を攻めます。南の王もまたみずから奮い、はなはだ大いなる強力な軍勢をもって戦います。しかし、彼に対して、陰謀をめぐらす者があるので、これに立ち向かうことができません。
၂၅ကြီးစွာသော အလုံး အရင်းနှင့်တကွ တောင် ရှင်ဘုရင် ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိ အစွမ်း သတ္တိ ကို နှိုးဆော် လိမ့်မည်။ တောင် ရှင်ဘုရင် သည်လည်း ၊ အားကြီး ၍ များစွာ သော အလုံးအရင်းနှင့်တကွ စစ် တိုက်ခြင်းငှါနှိုးဆော် သော်လည်းမ ခံ မရပ်နိုင်။ အကြောင်း မူကား၊ သူ တဘက် ၌ မကောင်းသောအကြံ ကို ကြံစည် ကြ လိမ့်မည်။
26 すなわち彼の食物を食べる者たちが、彼を滅ぼします。そして、その軍勢は押し流されて、多くの者が倒れ死ぬでしょう。
၂၆ထိုသူကျွေးမွေးခြင်းကို ခံရသောသူတို့ သည် လည်း၊ ထိုသူ ၏ အကျိုးကိုဖျက်ဆီး သောအားဖြင့်၊ သူ ၏ တပ် မြုပ် ၍ ၊ စစ်သူရဲများတို့သည် အသက် ဆုံးကြလိမ့်မည်။
27 このふたりの王は、害を与えようと心にはかり、ひとつ食卓に共に食して、偽りを語るが、それは成功しません。終りはなお定まった時の来るまでこないからです。
၂၇ထိုရှင် ဘုရင် နှစ် ပါးတို့သည် မကောင်း သော အကြံကိုကြံ၍၊ တခု သောစားပွဲ ၌ မုသာ စကားကို ပြော ကြလိမ့်မည်။ သို့သော်လည်း ၊ အကြံ မ မြောက်ရ။ ချိန်းချက် သော အချိန်ကာလ ၌ အဆုံး ဖြစ်ရလိမ့်မည်။
28 彼は大いなる財宝をもって、自分の国に帰るでしょう。しかし、彼の心は聖なる契約にそむき、ほしいままに事をなして、自分の国に帰ります。
၂၈တဖန် မြောက်ရှင်ဘုရင်သည် များစွာ သော စည်းစိမ် ဥစ္စာပါ လျက် မိမိ ပြည် သို့ ပြန် ၍သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြု ပြီးမှ မိမိ ပြည် သို့ ပြန် သွားလိမ့်မည်။
29 定まった時になって、彼はまた南に討ち入ります。しかし、この時は前の時のようではありません。
၂၉ချိန်းချက် သော အချိန်၌ လည်း တောင် မျက်နှာသို့ တဖန်ပြန် လာဦးမည်။ သို့သော်လည်း ၊ အရင် ဖြစ်သကဲ့သို့ မ ဟုတ် ။ နောက် ဖြစ်သကဲ့သို့ လည်းမဟုတ်။
30 それはキッテムの船が、彼に立ち向かって来るので、彼は脅かされて帰り、聖なる契約に対して憤り、事を行うでしょう。彼は帰っていって、聖なる契約を捨てる者を顧み用いるでしょう。
၃၀အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။
31 彼から軍勢が起って、神殿と城郭を汚し、常供の燔祭を取り除き、荒す憎むべきものを立てるでしょう。
၃၁ထိုမင်းနောက်မှစစ်လက်နက် တို့သည် ပေါ် လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ကြ လိမ့်မည်။ ဖျက်ဆီး တတ်သောရွံ့ရှာ ဘွယ်အရာကိုလည်း တည် ထားကြလိမ့်မည်။
32 彼は契約を破る者どもを、巧言をもってそそのかし、そむかせるが、自分の神を知る民は、堅く立って事を行います。
၃၂ပဋိညာဉ် တရားကို ပြစ်မှား သောသူတို့ သည် ချော့မော့ ရာသို့ လိုက်၍ ယိုယွင်း ကြလိမ့်မည်။ မိမိ တို့ ဘုရား သခင်ကို သိ သောသူတို့မူကား ၊ ကြီးစွာ သောအားနှင့် ပြု ကြလိမ့်မည်။
33 民のうちの賢い人々は、多くの人を悟りに至らせます。それでも、彼らはしばらくの間、やいばにかかり、火に焼かれ、捕われ、かすめられなどして倒れます。
၃၃လူစု ထဲမှာ ပညာ ရှိသောသူတို့ သည် အများ သောသူတို့ ကို သွန်သင် ကြလိမ့်မည်။ ထား နှင့်ကွယ်မျက်ခြင်း၊ မီး ရှို့ခြင်း၊ သိမ်း သွားချုပ်ထားခြင်း၊ လုယက် ခြင်း အားဖြင့် အင်တန်ကာလ ပတ်လုံး လဲ ကြလိမ့်မည်။
34 その倒れるとき、彼らは少しの助けを獲ます。また多くの人が、巧言をもって彼らにくみするでしょう。
၃၄လဲ ကြသောအခါ အနည်းငယ် သော မစ ခြင်းကို တဖန် ခံရကြလိမ့်မည်။ လူအများ တို့သည် ချော့မော့ ရာသို့ လိုက်၍ဆည်းကပ် ကြလိမ့်မည်။
35 また賢い者のうちのある者は、終りの時まで、自分を練り、清め、白くするために倒れるでしょう。終りはなお定まった時の来るまでこないからです。
၃၅အမှုဆုံး ရသည် ကာလ တိုင်အောင် ၊ ပညာ ရှိသောသူအချို့တို့သည်လည်း စုံစမ်း ခြင်းကိုခံ၍၊ သန့်ရှင်း ဖြူစင် ရမည် အကြောင်း လဲ ကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက် သော ကာလတိုင်အောင် ဖြစ်ရသတည်း။
36 この王は、その心のままに事をおこない、すべての神を越えて、自分を高くし、自分を大いにし、神々の神たる者にむかって、驚くべき事を語り、憤りのやむ時まで栄えるでしょう。これは定められた事が成就するからです。
၃၆ရှင် ဘုရင်တပါးသည် မိမိ အလို အလျောက် ပြု ၍ ၊ ဘုရား အပေါင်း တို့ထက် ကိုယ်ကိုကိုယ်ချီးပင့် မြှောက်စား လျက် ၊ ဘုရား တို့၏ဘုရား ကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြော လိမ့်မည်။ ဒေါသ အမျက်စေ့ စုံသည် ကာလတိုင်အောင် ကောင်းစား လိမ့်မည်။ စီရင် ဆုံးဖြတ်သမျှ အတိုင်းဖြစ် ရလိမ့်မည်။
37 彼はその先祖の神々を顧みず、また婦人の好む者も、いかなる神をも顧みないでしょう。彼はすべてにまさって、自分を大いなる者とするからです。
၃၇ထိုမင်းသည် ဘိုးဘေး တို့ ကိုးကွယ်သော ဘုရား ကို၎င်း၊ မိန်းမ ၌ တပ်မက်သောအလို ကို၎င်း ၊ တပါးသော ဘုရား များကို၎င်းပမာဏ မ ပြု။ သူ တကာတို့ထက် ကိုယ်ကိုကိုယ်ချီးမြှောက် လိမ့်မည်။
38 彼はこれらの者の代りに、要害の神をあがめ、金、銀、宝石、および宝物をもって、その先祖たちの知らなかった神をあがめ、
၃၈ထိုဘုရားအရာ ၌ ရဲတိုက် တို့၏ဘုရား နှင့်၊ ဘိုးဘေး တို့မ သိ သော ဘုရား ကို ချီးမြှောက် ၍ ၊ ရွှေ ၊ ငွေ ၊ ကျောက် မြတ် ၊ နှစ်သက် ဘွယ်သော တန်ဆာများကို ပူဇော် လိမ့်မည်။
39 異邦の神の助けによって、最も強固な城にむかって、事をなすでしょう。そして彼を認める者には、栄誉を増し与え、これに多くの人を治めさせ、賞与として土地を分け与えるでしょう。
၃၉ခိုင်ခံ့ သော ရဲတိုက် များကို ၎င်း၊ မိမိဝန်ခံသောတပါး အမျိုးသားဘုရား ကို၎င်းပြုစု ၍၊ ဂုဏ် အသရေတိုးပွား စေလိမ့်မည်။ လူများ တို့အပေါ် မှာအုပ်စိုး ရသောအခွင့်ကိုပေး၍ ၊ စီးပွား ဖြစ်ခြင်းအလိုငှါမြေ ကို ဝေဖန် လိမ့်မည် ။
40 終りの時になって、南の王は彼と戦います。北の王は、戦車と騎兵と、多くの船をもって、つむじ風のように彼を攻め、国々にはいっていって、みなぎりあふれ、通り過ぎるでしょう。
၄၀အမှုကုန် ရသည်ကာလ ၌ တောင် ရှင် ဘုရင်သည် ထိုမင်းကို တိုက် လိမ့်မည်။ မြောက် ရှင်ဘုရင် သည်လည်း ရထား များ၊ မြင်းစီး သူရဲများ၊ သင်္ဘော များတို့နှင့်တကွ လေဘွေ ကဲ့သို့တိုက်လာလျက်၊ ထိုပြည် တို့ကို ဝင် ၍ ချင်းနင်း လွှမ်းမိုးလိမ့်မည်။
41 彼はまた麗しい国にはいります。また彼によって、多くの者が滅ぼされます。しかし、エドム、モアブ、アンモンびとらのうちのおもな者は、彼の手から救われましょう。
၄၁သာယာ သောပြည် ကိုလည်းဝင် ၍ အများ သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။ သို့ရာတွင် ၊ သူ ၏ လက် မှ လွတ် သော သူဟူမူကား ၊ ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် အမျိုးသား အကြီး တို့သည် လွတ်ကြလိမ့်မည်။
42 彼は国々にその手を伸ばし、エジプトの地も免れません。
၄၂ထိုမင်းသည် အပြည်ပြည် တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တု ပြည် လည်း မ လွတ် ရ။
43 彼は金銀の財宝と、エジプトのすべての宝物を支配し、リビヤびと、エチオピヤびとは、彼のあとに従います。
၄၃ထိုပြည်မှာရှိသော ရွှေ ဘဏ္ဍာ ၊ ငွေ ဘဏ္ဍာ၊ အဘိုးထိုက် သော ဥစ္စာများကို အပိုင် ရလိမ့်မည်။ လိဗု ပြည်သားနှင့် ကုရှ ပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။
44 しかし東と北からの知らせが彼を驚かし、彼は多くの人を滅ぼし絶やそうと、大いなる怒りをもって出て行きます。
၄၄သို့ရာတွင် သူသည် အရှေ့ မျက်နှာ၊ မြောက် မျက်နှာအရပ်မှ သိတင်း ကိုကြား၍ စိတ်ပူပန် သဖြင့်၊ လူအများ တို့ကို ဖျက်ဆီး သုတ်သင် ပယ်ရှင်းခြင်းငှါ ၊ ကြီးစွာ သော ဒေါသ အမျက်နှင့် ထွက်သွား လိမ့်မည်။
45 彼は海と麗しい聖山との間に、天幕の宮殿を設けるでしょう。しかし、彼はついにその終りにいたり、彼を助ける者はないでしょう。
၄၅ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။