< 歴代誌Ⅱ 2 >
1 さてソロモンは主の名のために一つの宮を建て、また自分のために一つの王宮を建てようと思った。
၁ရှောလမုန်သည်ထာဝရဘုရားအားဝတ် ပြုကိုးကွယ်ရန်အတွက်ဗိမာန်တော်ကို လည်းကောင်း၊ မိမိ၏အတွက်နန်းတော်ကို လည်းကောင်းတည်ဆောက်ရန်အကြံရှိတော် မူ၏။-
2 そしてソロモンは荷を負う者七万人、山で石を切り出す者八万人、これらを監督する者三千六百人を数え出した。
၂မင်းကြီးသည်ပစ္စည်းသယ်ယူပို့ဆောင်ရေး အလုပ်သမားခုနစ်သောင်း၊ ကျောက်ဆစ် အလုပ်သမားရှစ်သောင်း၊ အလုပ်သမား များကိုကြီးကြပ်အုပ်ချုပ်သူသုံးထောင့် ခြောက်ရာတို့ကိုခန့်ထားတော်မူ၏။
3 ソロモンはまずツロのヒラムに人をつかわして言わせた、「あなたはわたしの父ダビデに、その住むべき家を建てるために香柏を送られました。どうぞ彼にされたように、わたしにもして下さい。
၃ရှောလမုန်သည်တုရုဘုရင်ဟိရံထံသို့ သံတမန်စေလွှတ်၍``အဆွေတော်သည်အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားနန်းတော်ဆောက်လုပ် ရန်အတွက်သစ်ကတိုးသားများကိုရောင်း ချပေးခဲ့သည့်နည်းတူကျွန်ုပ်နှင့်လည်းကုန် သွယ်မှုကိုပြုပါလော့။-
4 見よ、わたしはわが神、主の名のために一つの家を建て、これを聖別して彼にささげ、彼の前にこうばしい香をたき、常供のパンを供え、また燔祭を安息日、新月、およびわれらの神、主の定めの祭に朝夕ささげ、これをイスラエルのながく守るべき定めにしようとしています。
၄ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-
5 またわたしの建てる家は大きな家です。われらの神はすべての神よりも大いなる神だからです。
၅ကျွန်ုပ်တို့၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်သည်ဖြစ်၍ ကျွန်ုပ်သည်ကြီး ကျယ်ခမ်းနားသည့်ဗိမာန်တော်ကိုတည် ဆောက်ရန်ရည်ရွယ်ပါ၏။-
6 しかし、天も、諸天の天も彼を入れることができないのに、だれが彼のために家を建てることができましょうか。わたしは何者ですか、彼のために家を建てるというのも、ただ彼の前に香をたく所に、ほかならないのです。
၆သို့ရာတွင်အပြောကျယ်စွာသောကောင်းကင် ပင်လျှင်ကိုယ်တော်၏အတွက်ကျဉ်းမြောင်း သည်ဖြစ်၍ အမှန်စင်စစ်အဘယ်သူမျှ ကိုယ်တော်စံတော်မူရန်ဗိမာန်တော်ကိုတည် ဆောက်နိုင်လိမ့်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်သည်ဘုရားသခင်အားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ရန်အတွက်သာဗိမာန် တော်ကိုတည်ဆောက်ပါမည်။-
7 それで、どうぞ金、銀、青銅、鉄の細工および紫糸、緋糸、青糸の織物にくわしく、また彫刻の術に巧みな工人ひとりをわたしに送って、父ダビデが備えておいたユダとエルサレムのわたしの工人たちと一緒に働かせてください。
၇ယခုအဆွေတော်သည်ကျွန်ုပ်၏ထံသို့ပန်းပု အတတ်၊ ရွှေငွေနှင့်ကြေးဝါပန်းထိမ်အတတ်၊ ပန်းထည်အတတ်၊ နီပြာညိုမောင်းသောအထည် ယက်လုပ်သည့်အတတ်တို့ကိုကျွမ်းကျင်သူ တစ်ယောက်စေလွှတ်စေလိုပါသည်။ ထိုသူသည် ကျွန်ုပ်၏ခမည်းတော်ရွေးချယ်ထားသည့်ယုဒ ပြည်နှင့် ယေရုရှလင်မြို့မှလက်မှုပညာသည် များနှင့်အတူလုပ်ကိုင်ရန်ဖြစ်ပါသည်။-
8 またどうぞレバノンから香柏、いとすぎ、びゃくだんを送ってください。わたしはあなたのしもべたちがレバノンで木を切ることをよくわきまえているのを知っています。わたしのしもべたちも、あなたのしもべたちと一緒に働かせ、
၈အဆွေတော်၏သစ်ခုတ်သမားများသည် အဘယ်မျှကျွမ်းကျင်သည်ကိုကျွန်ုပ်သိပါ၏။ သို့ဖြစ်၍လေဗနုန်တောမှသစ်ကတိုး၊ ထင်း ရှူးနှင့်အာလဂုံသစ်များကိုပေးပို့စေလို ပါသည်။ ကျွန်ုပ်တည်ဆောက်ရန်ကြံရွယ်သည့် ဗိမာန်တော်သည်ကြီးကျယ်ခမ်းနားမည်ဖြစ် ၍သစ်သားအမြောက်အမြားကိုရွေးရာတွင် အဆွေတော်၏လူတို့အားဝိုင်းဝန်းကူညီ ရန်ကျွန်ုပ်၏လူတို့ကိုစေလွှတ်ပေးပါမည်။-
9 わたしのためにたくさんの材木を備えさせてください。わたしの建てる家は非常に広大なものですから。
၉
10 わたしは木を切るあなたのしもべたちに砕いた小麦二万コル、大麦二万コル、ぶどう酒二万バテ、油二万バテを与えます」。
၁၀ကျွန်ုပ်သည်အဆွေတော်၏အလုပ်သမား များအတွက်ရိက္ခာအဖြစ်ဖြင့်ဂျုံတင်းတစ် သိန်း၊ မုယောဆန်တင်းတစ်သိန်း၊ စပျစ်ရည် ဂါလံတစ်သိန်းတစ်သောင်းနှင့်သံလွင်ဆီ ဂါလံတစ်သိန်းတစ်သောင်းကိုပေးပို့ပါ မည်'' ဟုမှာကြားတော်မူလိုက်၏။
11 そこでツロの王ヒラムは手紙をソロモンに送って答えた、「主はその民を愛するゆえに、あなたを彼らの王とされました」。
၁၁တုရုဘုရင်ဟိရံသည်ရှောလမုန်ထံသို့ အမှာတော်စာပြန်ကြားပေးပို့တော်မူ၏။ ထိုအမှာစာတော်တွင်``ထာဝရဘုရား သည်မိမိ၏လူစုတော်အားချစ်တော်မူ သဖြင့် အဆွေတော်အားထိုသူတို့၏ ဘုရင်အဖြစ်ခန့်ထားတော်မူပါပြီ။-
12 ヒラムはまた言った、「天地を造られたイスラエルの神、主はほむべきかな。彼はダビデ王に賢い子を与え、これに分別と知恵を授けて、主のために宮を建て、また自分のために、王宮を建てることをさせられた。
၁၂မိုးမြေကိုဖန်ဆင်းတော်မူသောဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြစေသတည်း။ ကိုယ် တော်သည်ဒါဝိဒ်အားအသိအလိမ္မာဉာဏ် ပညာရှိသောသားတော်တစ်ပါးကိုပေး တော်မူ၏။ ထိုသားတော်သည်ယခုထာဝရ ဘုရားအတွက်ဗိမာန်တော်နှင့် မိမိအတွက် နန်းတော်ကိုတည်ဆောက်ရန်အကြံအစည် ရှိ၏။-
13 いまわたしは達人ヒラムという知恵のある工人をつかわします。
၁၃သို့ဖြစ်၍အကျွန်ုပ်သည်ဟိရံဆိုသူလက်မှု ပညာဆရာကိုအဆွေတော်ထံသို့စေလွှတ် လိုက်ပါမည်။ သူသည်ဉာဏ်ပညာထက်မြက် ၍အလုပ်ကျွမ်းကျင်သူဖြစ်ပေသည်။-
14 彼はダンの子孫である女を母とし、ツロの人を父とし、金銀、青銅、鉄、石、木の細工および紫糸、青糸、亜麻糸、緋糸の織物にくわしく、またよくもろもろの彫刻をし、意匠を凝らしてもろもろの工作をします。彼を用いてあなたの工人およびあなたの父、わが主ダビデの工人と一緒に働かせなさい。
၁၄သူ၏အမိသည်ဒန်အနွယ်ဝင်၊ သူ၏အဖမှာ တုရုမြို့သားဖြစ်ပါ၏။ သူသည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်နှင့်သစ်သားပစ္စည်းအသုံး အဆောင်များကိုပြုလုပ်တတ်၍နီ၊ ပြာ၊ ညို မောင်းသောအထည်များ၊ ပိတ်ချောထည်များ ကိုလည်းယက်လုပ်တတ်ပါသည်။ တီထွင်မှု လုပ်ငန်းအမျိုးမျိုးတွင်ကျွမ်းကျင်၍သူ့ အားအကြံပေးဖော်ပြသည့်ပုံစံအတိုင်း လုပ်ကိုင်နိုင်သူဖြစ်ပေသည်။ သူ့အား အဆွေတော်၏ခမည်းတော်အသုံးပြု ခဲ့သည့်လက်မှုပညာသည်များနှင့်အတူ လုပ်ကိုင်စေပါလော့။-
15 それでいまわが主の言われた小麦、大麦、油およびぶどう酒をそのしもべどもに送ってください。
၁၅အဆွေတော်ကတိပြုသည်အတိုင်းယခု ကျွန်ုပ်ထံသို့ဂျုံ၊ မုယောဆန်၊ စပျစ်ရည် နှင့်သံလွင်ဆီတို့ကိုပေးပို့လိုက်ပါလော့။-
16 あなたの求められる材木はレバノンから切りだし、いかだに組んで、海からヨッパに送ります。あなたはそれをエルサレムに運び上げなさい」。
၁၆ကျွန်ုပ်သည်လေဗနုန်တောင်ပေါ်ရှိသစ်ကတိုး ပင်များကိုအဆွေတော်လိုသမျှခုတ်လှဲ၍ ဖောင်ဖွဲ့ကာပင်လယ်လမ်းဖြင့်ယုပ္ပေမြို့အရောက် စုန်မျောစေပါမည်။ ထိုမြို့မှယေရုရှလင်မြို့ သို့အဆွေတော်၏လူတို့သယ်ယူနိုင်ကြ ပါသည်'' ဟုဖော်ပြပါရှိ၏။
17 そこでソロモンはその父ダビデが数えたようにイスラエルの国にいるすべての他国人を数えたが、合わせて十五万三千六百人あった。
၁၇ရှောလမုန်မင်းသည်ခမည်းတော်ဒါဝိဒ်မင်း သန်းခေါင်စာရင်းကောက်ယူသည့်နည်းတူ ဣသရေလနိုင်ငံတွင်နေထိုင်သူလူမျိုးခြား များကိုသန်းခေါင်စာရင်းကောက်ယူတော် မူရာ လူပေါင်းတစ်သိန်းငါးသောင်းသုံးထောင့် ခြောက်ရာရလေသည်။-
18 彼はその七万人を荷を負う者とし、八万人を山で木や石を切る者とし、三千六百人を民を働かせる監督者とした。
၁၈မင်းကြီးသည်ထိုသူတို့အနက်ပစ္စည်းသယ် ယူရန်လူခုနစ်သောင်း၊ တောင်ပေါ်တွင်ကျောက် ဆစ်ရန်လူရှစ်သောင်း၊ အလုပ်ကြီးကြပ် အုပ်ချုပ်ရန်လူသုံးထောင့်ခြောက်ရာကို ခန့်ထားတော်မူ၏။