< ゼカリヤ書 1 >
1 ダリヨスの二年八月のヱホバの言イドの子ベレキヤの子なる預言者ゼカリヤに臨めり云く
၁ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါ သား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ သော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
၂ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ။
3 萬軍のヱホバかく言ふと汝かれらに告よ萬軍のヱホバ言ふ汝ら我に歸れ萬軍のヱホバいふ我も汝らに歸らん
၃သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည် မှာ၊ ငါ့ထံသို့ ပြန်၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
4 汝らの父等のごとくならざれ前の預言者等かれらに向ひて呼はりて言り萬軍のヱホバかく言たまふ請ふ汝らその惡き道を離れその惡き行を棄てて歸れと然るに彼等は聽ず耳を我に傾けざりきヱホバこれを言ふ
၄ရှေးပရောဖက်တို့က၊ သင်တို့မကောင်းသော လမ်း၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
5 汝らの父等は何處にありや預言者たち永遠に生んや
၅ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း။ ပရောဖက်တို့သည် အစဉ်အမြဲ အသက် ရှင်တတ်ကြ သလော။
6 然ながら我僕なる預言者等に我が命じたる吾言とわが法度とは汝らの父等に追及たるに非ずや然ゆゑに彼らかへりて言り萬軍のヱホバ我らの道に循ひ我らの行に循ひて我らに爲んと思ひたまひし事を我らに爲たまへりと
၆ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကို မှီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူ သည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံ ရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။
7 ダリヨスの二年十一月すなはちセバテといふ月の二十四日にヱホバの言イドの子ベレキヤの子なる預言者ゼカリヤに臨めり云く
၇ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်း ဟူသော ရှေဗတ်လနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊
8 我夜觀しに一箇の人赤馬に乗て谷の裏なる鳥拈樹の中に立ちその後に赤馬駁馬白馬をる
၈ညဉ့်အခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတု တော၌ ရပ်၏။ သူ့နောက်မှာနီသောမြင်း၊ ညိုသော မြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။
9 我わが主よ是等は何ぞやと問けるに我と語ふ天の使われにむかひて是等の何なるをわれ汝に示さんと言り
၉ငါကလည်း၊ အိုသခင်၊ ထိုသူတို့ကား အဘယ်သူ နည်းဟု မေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန် က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ၊
10 鳥拈樹の中に立る人答へて言けるは是等は地上を遍く歩かしめんとてヱホバの遣したまひし者なりと
၁၀မုရတုတော၌ ရပ်သော လူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော၏။
11 彼ら答へて鳥拈樹の中に立るヱホバの使に言けるは我ら地上を行めぐり觀しに全地は穩にして安し
၁၁ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီး တရှောက်လုံး တော၌ရပ်သော ထာဝရဘုရား၏ ကောင်း ကင်တမန်အား ပြန်လျှောက်ကြ၏။
12 ヱホバの使こたへて言ふ萬軍のヱホバよ汝いつまでヱルサレムとユダの邑々を恤みたまはざるか汝はこれを怒りたまひてすでに七十年になりぬと
၁၂တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော် သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ် လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော်၊
13 ヱホバ我と語ふ天の使に嘉事慰事をもて答へたまへり
၁၃ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်း ကင်တမန်အား ကောင်းသောစကား၊ နှစ်သိမ့်စေသော စကားပြန်ပြောတော်မူ၏။
14 かくて我と語ふ天の使我に言けるは汝呼はりて言へ萬軍のヱホバかく言たまふ我ヱルサレムのためシオンのために甚だしく心を熱して嫉妬おもひ
၁၄ငါနှင့် ပြောဆိုသော ကောင်းကင်တမန်က လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဘို့ အလွန်ကြင်နာ သောစိတ်အားကြီး၏။
15 安居せる國々の民を太く怒る其は我すこしく怒りしに彼ら力を出して之に害を加へたればなり
၁၅ငြိမ်ဝပ်စွာနေသော တပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။
16 ヱホバかく言ふ是故に我憐憫をもてヱルサレムに歸る萬軍のヱホバのたまふ我室その中に建られ量繩ヱルサレムに張られん
၁၆ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာ ပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကို လည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
17 汝また呼はりて言へ萬軍のヱホバかく宣ふ我邑々には再び嘉物あふれんヱホバふたたびシオンを慰め再びヱルサレムを簡びたまふべしと
၁၇တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့် မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ် သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ ပြုစုဦးမည်ဟု မိန့်တော်မူ၏။
၁၈တဖန် ငါမျှော်ကြည့်၍ ဦးချိုလေးချောင်းကို မြင်၏။
19 我に語ふ天の使に是等は何なるやと問しに彼われに答へけるは是等はユダ、イスラエルおよびヱルサレムを散したる角なりと
၁၉ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား လည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။
၂၀ထာဝရဘုရားသည်လည်း လက်သမားလေးဦး တို့ကို ပြတော်မူ၏။
21 我是等は何を爲んとて來れるやと問しに斯こたへ給へり是等の角はユダを散して人にその頭を擧しめざりし者なるが今この四箇の者來りて之を威しかのユダの地にむかひて角を擧て之を散せし諸國の角を擲たんとす
၂၁ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှါ လာပါသနည်းဟု မေးလျှောက်သော်၊ ကောင်း ကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှ မျှော်၍ မကြည့်ဝံ့အောင်၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ ကို ခြိမ်းမောင်း၍၊ တပါးအမျိုး၏ ဦးချိုတို့ကို ရှုတ်ချသော သူ ဖြစ်ကြသည်ဟု ပြန်ပြော၏။