< ルカの福音書 6 >
1 イエス安息 日に麥 畠を過ぎ給ふとき、弟子たち穗を摘み、手にて揉みつつ食ひたれば、
၁ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောင်ကြွတော်မူလျှင်၊ တပည့် တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်စားကြ၏။
2 パリサイ人のうち或 者ども言ふ『なんぢらは何ゆゑ安息 日に爲まじき事をするか』
၂ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကိုသင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆို ကြသော်၊
3 イエス答へて言ひ給ふ『ダビデその伴へる人々とともに飢ゑしとき、爲しし事をすら讀まぬか。
၃ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော်သို့နှင့်တကွ မွတ်သိပ်သောအခါ၊
4 即ち神の家に入りて、祭司の他は食ふまじき供のパンを取りて食ひ、己と偕なる者にも與へたり』
၄ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော် မုန့်ကို ယူစား၍၊ မိမိအဘော်တို့အားပေးသည်အကြောင်းကိုမျှ သင်တို့သည်မတတ်ဘူးသလော။
5 また言ひたまふ『人の子は安息 日の主たるなり』
၅ထိုမှတပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
6 又ほかの安息 日に、イエス會堂に入りて教をなし給ひしに、此處に人あり、其の右の手なえたり。
၆အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည်တရားစရပ်သို့ ဝင်၍ဆုံးမဩဝါဒ ပေးတော်မူသည်တွင်၊ ထိုစရပ်၌ လက်ျာလက်သေသောသူ တယောက်ရှိ၏။
7 學者・パリサイ人ら、イエスを訴ふる廉を見出さんと思ひて、安息 日に人を醫すや否やを窺ふ。
၇ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုစရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ချောင်းကြည့်ကြ၏။
8 イエス彼らの念を知りて、手なえたる人に『起きて中に立て』と言ひ給へば、起きて立てり。
၈ကိုယ်တော်သည် ထိုသူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ် တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။
9 イエス彼らに言ひ給ふ『われ汝らに問はん、安息 日に善をなすと惡をなすと、生命を救ふと亡すと、孰かよき』
၉ယေရှုကလည်း၊ သင်တို့ကိုငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်တနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိတ်သတ်တို့အား မေးတော်မူပြီးလျှင်၊
10 かくて一同を見まはして、手なえたる人に『なんぢの手を伸べよ』と言ひ給ふ。かれ然なしたれば、その手 癒ゆ。
၁၀ထိုသူ အပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
11 然るに彼ら狂氣の如くなりて、イエスに何をなさんと語り合へり。
၁၁ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေး ကြ၏။
12 その頃イエス祈らんとて山にゆき、神に祈りつつ夜を明したまふ。
၁၂ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပဌာနာပြုလျက် တညဉ့်နေတော်မူ၏။
13 夜明になりて弟子たちを呼び寄せ、その中より十二 人を選びて、之を使徒と名づけたまふ。
၁၃မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊
14 即ちペテロと名づけ給ひしシモンと其の兄弟アンデレと、ヤコブとヨハネと、ピリポとバルトロマイと、
၁၄ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့်သူ့ညီ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊
15 マタイとトマスと、アルパヨの子ヤコブと熱心 黨と呼ばるるシモンと、
၁၅မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊
16 ヤコブの子ユダとイスカリオテのユダとなり。このユダはイエスを賣る者となりたり。
၁၆ယာကုပ်၏ ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။
17 イエス此 等とともに下りて、平かなる處に立ち給ひしに、弟子の大なる群衆、およびユダヤ全國、エルサレム又ツロ、シドンの海邊より來りて、或は教を聽かんとし、或は病を醫されんとする民の大なる群も、そこにあり。
၁၇ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရား နာခြင်းငှါ၎င်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်။ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြ သော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။
၁၈ညစ်ညူးသော နတ်ညှင်းဆဲသောသူတို့သည်လည်း လာ၍ချမ်းသာရကြ၏။
19 能力イエスより出でて、凡ての人を醫せば、群衆みなイエスに觸らん事を求む。
၁၉ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သောစေတော်မူသည်ဖြစ်၍၊ ပရိတ်သတ် အပေါင်း တို့သည် ကိုယ်တော်ကိုတို့ခြင်းငှါ ရှာကြံကြ၏။
20 イエス目をあげ弟子たちを見て言ひたまふ『幸福なるかな、貧しき者よ、神の國は汝らの有なり。
၂၀ထိုအခါ ကိုယ်တော်သည်မြော်၍ တပည့်တော်ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် အင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
21 幸福なる哉、いま飢うる者よ、汝ら飽くことを得ん。幸福なる哉、いま泣く者よ、汝ら笑ふことを得ん。
၂၁ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြ လတံ့။ သူတပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊
22 人なんぢらを憎み、人の子のために遠ざけ、謗り、汝らの名を惡しとして棄てなば、汝ら幸福なり。
၂၂ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
23 その日には喜び躍れ。視よ、天にて汝らの報は大なり、彼らの先祖が預言者たちに爲ししも斯くありき。
၂၃ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။
24 されど禍害なるかな、富む者よ、汝らは既にその慰安を受けたり。
၂၄တနည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်မူကား၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ၏။
25 禍害なる哉、いま飽く者よ、汝らは飢ゑん。禍害なる哉、いま笑ふ者よ、汝らは、悲しみ泣かん。
၂၅ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့။ ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်း တွားငိုကြွေးရကြလတံ့။
26 凡ての人、なんぢらを譽めなば、汝ら禍害なり。彼らの先祖が虚僞の預言者たちに爲ししも斯くありき。
၂၆လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစာပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။
27 われ更に汝ら聽くものに告ぐ、なんじらの仇を愛し、汝らを憎む者を善くし、
၂၇ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။
28 汝らを詛ふ者を祝し、汝らを辱しむる者のために祈れ。
၂၈သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရား သခင်ကို ဆုတောင်းကြလော့။
29 なんぢの頬を打つ者には、他の頬をも向けよ。なんぢの上衣を取る者には下衣をも拒むな。
၂၉သင်၏ ပါးတဘက်ကို ပုတ်သောသူအား ပါးတဘက်ကိုပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
30 すべて求むる者に與へ、なんぢの物を奪ふ者に復 索むな。
၃၀အကြင်သူသည် သင့်ကိုတောင်း၏။ ထိုသူအားပေးလော့။ သင့်ဥစ္စာကို သိမ်းယူသောသူအားပြန်၍ မ တောင်းနှင့်။
31 なんぢら人に爲られんと思ふごとく、人にも然せよ。
၃၁သင်တို့သည် ကိုယ်၌သူတပါး ပြုစေလိုသည်အတိုင်း သူတပါး၌ ပြုကြလော့။
32 なんぢら己を愛する者を愛せばとて、何の嘉すべき事あらん、罪人にても己を愛する者を愛するなり。
၃၂သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။
33 汝 等おのれに善をなす者に善を爲すとも、何の嘉すべき事あらん、罪人にても然するなり。
၃၃သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့။
34 なんぢら得る事あらんと思ひて人に貸すとも、何の嘉すべき事あらん、罪人にても均しきものを受けんとて罪人に貸すなり。
၃၄သူတပါးအား ဥစ္စာချေးငှါးသောအခါ ဆပ်ပေးလိမ့်မည်ဟု မြော်လင့်လျက် ချေးငှါးလျှင် အဘယ် ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှါးတတ် သည် မဟုတ်လော။
35 汝らは仇を愛し、善をなし、何をも求めずして貸せ、さらば、その報は大ならん。かつ至高者の子たるべし。至高者は、恩を知らぬもの惡しき者にも、仁慈あるなり。
၃၅သင်တို့မူကား ရန်သူတို့ကိုချစ်ကြသလော။ ကျေးဇူးပြုကြလော့။ တစုံတခုကိုရမည်ဟု မြော်လင့်ခြင်း မရှိဘဲ ချေးငှါးကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံသောဘုရား၏ သားဖြစ်ကြလိမ့် မည်။
၃၆ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသော သူတို့အားကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြ လော့။
37 人を審くな、さらば汝らも審かるる事あらじ。人を罪に定むな、さらば、汝らも罪に定めらるる事あらじ。人を赦せ、さらば汝らも赦されん。
၃၇သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့် ကင်းလွတ်ကြလိမ့်မည်။ သူအပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။
38 人に與へよ、さらば汝らも與へられん。人は量をよくし、押し入れ、搖り入れ、溢るるまでにして、汝らの懷中に入れん。汝 等おのが量る量にて量らるべし』
၃၈သူတပါးအားပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်းရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
39 また譬にて言ひたまふ『盲人は盲人を手引するを得んや。二人とも穴に落ちざらんや。
၃၉ဥပမာကား၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော။
40 弟子はその師に勝らず、凡そ全うせられたる者は、その師の如くならん。
၄၀တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။
41 何ゆゑ兄弟の目にある塵を見て、己が目にある梁木を認めぬか。
၄၁ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို အအောက်မမေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။
42 おのが目にある梁木を見ずして、爭で兄弟に向ひて「兄弟よ、汝の目にある塵を取り除かせよ」といふを得んや。僞善者よ、先づ己が目より梁木を取り除け。さらば明かに見えて、兄弟の目にある塵を取りのぞき得ん。
၄၂ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအားဆိုရသနည်း။ လျှိုဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေ့ဦး စွာထုတ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။
43 惡しき果を結ぶ善き樹はなく、また善き果を結ぶ惡しき樹はなし。
၄၃မကောင်းသောအသီးကိုသီးသော အပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင်မဟုတ်။
44 樹はおのおの其の果によりて知らる。茨より無花果を取らず、野荊より葡萄を收めざるなり。
၄၄အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ ၌ စပျစ်သီးကိုမဆွတ်တတ်။
45 善き人は心の善き倉より善きものを出し、惡しき人は惡しき倉より惡しき物を出す。それ心に滿つるより、口は物 言ふなり。
၄၅ကောင်းသောသူသည် ကောင်းသော မိမိစိတ်နလုံး အဏ္ဍာတိုက်ထဲကကောင်းသောအရာကို ထုတ် ဘော်တတ်၏။ မကောင်းသောသူသည် မကောင်းသောအရာကိုထုတ်ဘော်တတ်၏။ အကြောင်းမူကား၊ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွတ်တတ်၏။
46 なんぢら我を「主よ主よ」と呼びつつ、何ぞ我が言ふことを行はぬか。
၄၆ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။
47 凡そ我にきたり我が言を聽きて行ふ者は、如何なる人に似たるかを示さん。
၄၇ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့် တူသနည်း ဟူမူကား၊
48 即ち家を建つるに、地を深く掘り岩の上に基を据ゑたる人のごとし。洪水いでて流その家を衝けども動かすこと能はず、これ固く建てられたる故なり。
၄၈တိုက်ကိုတည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။
49 されど聽きて行はぬ者は、基なくして家を土の上に建てたる人のごとし。流その家を衝けば、直ちに崩れて、その破壞はなはだし』
၄၉ငါ့စကားကိုကြား၍ နားထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ ၏။