< エゼキエル書 48 >
1 支派の名は是のごとしダンの一分は北の極よりヘテロンの路の傍にいたりハマテにいたり北におもむきてダマスコの界なるハザルエノンにいたりハマテの傍におよぶ是その東の方と西の方なり
၁မြေယာ၏မြောက်ဘက်ရှိနယ်နိမိတ်မှာမြေထဲပင်လယ်မှ အရှေ့ဘက်ရှိဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်းနှင့်ဟာဇရေနန်မြို့၊ ထိုမှတစ်ဆင့်ဒမာသက်ပြည်နှင့်ဟာမတ်ပြည်နယ်ခြားအထိဖြစ်၏။ လူမျိုးအနွယ်တစ်နွယ်လျှင်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိနယ်မြေတစ်ခုကျစီ၊ မြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိစေရမည်။ ဒန် အာရှာ နဿလိ မနာရှေ ဧဖရိမ် ရုဗင် ယုဒ
2 アセルの一分はダンの界にそひて東の方より西の方にわたる
၂
3 ナフタリの一分はアセルの界にそひて東の方より西の方にわたる
၃
4 マナセの一分はナフタリの界にそひて東の方より西の方にわたる
၄
5 エフライムの一分はマナセの界にそひて東の方より西の方にわたる
၅
6 ルペンの一分はエフライムの界にそひて東の方より西の方にわたる
၆
7 ユダの一分はルベンの界にそひて東の方より西の方にわたる
၇
8 ユダの界にそひて東の方より西の方にわたる處をもて汝らが献ぐるところの献納地となすべし其廣二萬五千其東の方より西の方にわたる長は他の一の分のごとし聖所はその中にあるべし
၈ယုဒပြည်အရှေ့နယ်စပ်မှအနောက်နယ်စပ်အတွင်း အထူးနယ်မြေတစ်ခုရှိရမည်။ ထိုနယ်မြေသည်အနံရှစ်မိုင်ရှိ၍အလျားမှာဣသရေလအနွယ်တို့အားခွဲဝေပေးသည့်နယ်မြေတို့၏အလျားအတိုင်းဖြစ်ရမည်။ ဗိမာန်တော်သည်ထိုနယ်မြေတွင်ရှိရမည်။
9 即ち汝らがヱホバに献ぐるところの献納地は長二萬五千廣一萬なるべし
၉ထာဝရဘုရားအတွက်ဆက်ကပ်ထားသည့်နယ်မြေသည်အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။-
10 この聖き献納地は祭司に屬し北は二萬五千西は廣一萬東は廣一萬南は長二萬五千ヱホバの聖所その中にあるべし
၁၀ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင်ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှတောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက်မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤနယ်မြေ၏အလယ်၌ထာဝရဘုရား၏ဗိမာန်တော်တည်ရှိရမည်။-
11 ザドクの子孫たる者すなはち我が職守をまもりイスラエルの子孫が迷謬し時にレビ人の迷ひしごとく迷はざりし者の中聖別られて祭司となれる者に是は屬すべし
၁၁ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
12 その献げたる地の中より一分の至聖き献納地かれらに屬してレビの境界に沿ふ
၁၂သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကိုရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့်ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
13 レビ人の地は祭司の地にならびて其長二萬五千廣一萬なり即ちその都の長二萬五千その廣一萬なり
၁၃လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရောဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည်လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။-
14 彼らこれを賣べからず換べからず又その地の初實は人にわたすべからず是ヱホバに屬する聖物なればなり
၁၄ထာဝရဘုရားအားဆက်ကပ်ထားသည့်နယ်မြေသည်အကောင်းဆုံးဖြစ်၍ထိုမြေ၏တစ်စိတ်တစ်ဒေသကိုမျှရောင်းချခြင်း၊ သို့မဟုတ်လဲလှယ်ခြင်း၊ အခြားသူတစ်စုံတစ်ယောက်၏နာမည်သို့ပြောင်းပေးခြင်းတို့ကိုမပြုရ။ ထိုမြေသည်သန့်ရှင်းမြင့်မြတ်၍ထာဝရဘုရားပိုင်တော်မူသောမြေဖြစ်သတည်း။
15 彼二萬五千の處に沿て殘れる廣五千の處は俗地にして邑を建て住家を設くべし又郊地となすべし邑その中にあるべし
၁၅အလျားရှစ်မိုင်၊ အနံနှစ်မိုင်ရှိသောကျန်မြေကွက်သည်သန့်ရှင်းမြင့်မြတ်သည့်မြေမဟုတ်။ လူတို့အထွေထွေအသုံးပြုရန်အတွက်ဖြစ်၏။ သူတို့သည်ထိုအရပ်တွင်နေထိုင်ကာထိုမြေကိုအသုံးချနိုင်ကြ၏။ ဤမြေ၏အလယ်တွင်မြို့ကိုတည်ဆောက်ရမည်။-
16 その廣狹は左のごとし北の方四千五百南の方四千五百東の方四千五百西の方四千五百
၁၆ထိုမြို့သည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍တစ်ဘက်စီနှစ်ထောင့်ငါးရာနှစ်ဆယ်ကိုက်ရှိရမည်။-
17 邑の郊地は北二百五十南二百五十東二百五十西二百五十
၁၇မြို့၏အရှေ့အနောက်၊ တောင်မြောက်အရပ်လေးမျက်နှာတို့တွင်အနံကိုက်တစ်ရာ့လေးဆယ်ရှိသောမြေကွက်လပ်တစ်ခုစီရှိရမည်။-
18 聖き献納地にならびて餘れる處の長は東へ一萬西へ一萬なり是は聖き献納地に並びその產物は邑の役人の食物となるべし
၁၈မြို့ကိုတည်ပြီးနောက်သန့်ရှင်းမြင့်မြတ်သည့်နယ်မြေ၏တောင်ဘက်တွင်ကပ်လျက်နေသောမြေယာမှာအရှေ့ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေနှင့်အနောက်ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေတို့သည်မြို့သူမြို့သားတို့ထွန်ယက်စိုက်ပျိုးရန်အတွက်ဖြစ်ရမည်။-
19 邑の役人はイスラエルの諸の支派より出てその職をなすべし
၁၉ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင်များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန်ယက်စိုက်ပျိုးနိုင်ကြ၏။-
20 その献納地の惣體は堅二萬五千横二萬五千なりこの聖き献納地の四分の一にあたる處を取て邑の所有となすべし
၂၀သို့ဖြစ်၍သီးသန့်ထားရမည့်အလယ်နယ်မြေတစ်ခုလုံးသည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍ တစ်ဘက်စီတွင်ရှစ်မိုင်ရှိလိမ့်မည်။ ထိုနယ်မြေအတွင်း၌မြို့တည်ရှိမည်။
21 聖き献納地と邑の所有との此旁彼旁に餘れる處は君に屬すべし是はすなはち献納地の二萬五千なる所に沿て東の界にいたり西はかの二萬五千なる所にそひて西の界に至りて支派の分と相並ぶ是君に屬すべし聖き献納地と室の聖所とはその中間にあるべし
၂၁ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
22 君に屬する所の中間にあるレビ人の所有と邑の所有の兩傍ユダの境とベニヤミンの境の間にある所は君の所有たり
၂၂
23 その餘の支派はベニヤミンの一分東の方より西の方にわたる
၂၃ဤအထူးနယ်မြေ၏တောင်ဘက်၌အခြားအနွယ်တို့သည်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိ မြေယာတစ်ခုစီကိုမြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိရကြမည်။ ဗင်္ယာမိန် ရှိမောင် ဣသခါ ဇာဗုလုန် ဂဒ်
24 シメオンの一分はベニヤミンの境にそひて東の方より西の方にわたる
၂၄
25 イッサカルの一分はシメオンの境にそひて東の方より西の方にわたる
၂၅
26 ゼブルンの一分はイッサカルの境にそひて東の方より西の方にわたる
၂၆
27 ガドの一分はゼブルンの境にそひて東の方より西の方にわたる
၂၇
28 南の方はその界ガドの境界にそひてタマルよりメリボテカデシにおよび河に沿て大海にいたる
၂၈ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှစိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက်ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက်၍မြေထဲပင်လယ်အထိဖြစ်၏။
29 是は汝らが籤をもてイスラエルの支派の中にわかちて產業となすべき地なりその分は斯のごとし主ヱホバこれを言たまふ
၂၉အရှင်ထာဝရဘုရားက``ဖော်ပြသောနည်းအတိုင်းဣသရေလအနွယ်တို့ပိုင်ဆိုင်ခွင့်ရစေရန်မြေယာဝေစုများကိုခွဲဝေသောနည်းဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
30 邑の出口は斯のごとしすなはち北の方の廣四千五百あり
၃၀ယေရုရှလင်မြို့သို့ဝင်ရန်တံခါးများမှာအောက်ပါအတိုင်းဖြစ်၏ ။ မြို့ရိုးတစ်ခုလျှင်ကိုက်ပေါင်းနှစ်ထောင့်ငါးရာ့နှစ်ဆယ်ရှည်၍တံခါးသုံးခုစီရှိ၏။ ထိုတံခါးတို့ကိုဣသရေလအနွယ်စုတို့၏နာမည်များဖြင့်မှည့်ခေါ်၍ထားလေသည်။ မြောက်မြို့ရိုးတွင်ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍လည်းကောင်း၊ အရှေ့မြို့ရိုးတွင် ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးဟူ၍လည်းကောင်း၊ တောင်မြို့ရိုးတွင်ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးဟူ၍လည်းကောင်း၊ အနောက်မြို့ရိုးတွင်ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးဟူ၍လည်းကောင်းနာမည်ပေးထားသတည်း။
31 邑の門はイスラエルの支流の名にしたがひ北に三あり即ちルベンの門一ユダの門一レビの門一
၃၁
32 東の方も四千五百にして三の門あり即ちヨセフの門一ベニヤミンの門一ダンの門一
၃၂
33 南の方も四千五百にして三の門ありすなはちシメオンの門一イツサカルの門一ゼブルンの門一
၃၃
34 西の方も四千五百にしてその門三あり即ちガドの門一アセルの門一ナフタリの門一
၃၄
35 四周は一萬八千あり邑の名は此日よりヱホバ此に在すと云ふ
၃၅မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။