< 使徒の働き 8 >
1 サウロは彼の殺さるるを可しとせり。その日エルサレムに在る教會に對ひて大なる迫害おこり、使徒たちの他は皆ユダヤ及びサマリヤの地方に散さる。
၁ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။
2 敬虔なる人々ステパノを葬り、彼のために大に胸 打てり。
၂တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
3 サウロは教會をあらし、家々に入り男女を引出して獄に付せり。
၃ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။
4 ここに散されたる者ども歴 巡りて御言を宣べしが、
၄ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ၏။
5 ピリポはサマリヤの町に下りてキリストの事を傳ふ。
၅ဖိလိပ္ပုသည်လည်း၊ ရှာမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။
6 群衆ピリポの行ふ徴を見 聞して、心を一つにし、謹みて其の語る事どもを聽けり。
၆လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ ၏။
7 これ多くの人より、之に憑きたる穢れし靈、大聲に叫びて出で、また中風の者と跛者と多く醫されたるに因る。
၇အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ၏။ ကိုယ်မ လှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ် သို့ရောက်ကြ၏။
၈ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ၏။
9 ここにシモンといふ人あり、前にその町にて魔術を行ひ、サマリヤ人を驚かして自ら大なる者と稱へたり。
၉ရှိမုန်အမည်ရှိသော သူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာ အတတ်နှင့်ပြုပြင်၍၊ ငါသည်ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။
10 小より大に至る凡ての人つつしみて之に聽き『この人は、いわゆる神の大能なり』といふ。
၁၀လူကြီးလူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ၌ဆည်းကပ်ကြ၏။
11 かく謹みて聽けるは、久しき間その魔術に驚かされし故なり。
၁၁ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေ ခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ် အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။
12 然るにピリポが、神の國とイエス・キリストの御名とに就きて宣傳ふるを人々 信じたれば、男女ともにバプテスマを受く。
၁၂ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်၌၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း စပ်ဆိုင်သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သော အခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။
13 シモンも亦みづから信じ、バプテスマを受けて、常にピリポと偕に居り、その行ふ徴と、大なる能力とを見て驚けり。
၁၃ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။
14 エルサレムに居る使徒たちは、サマリヤ人、神の御言を受けたりと聞きて、ペテロとヨハネとを遣したれば、
၁၄ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။
15 彼ら下りて人々の聖 靈を受けんことを祈れり。
၁၅ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့်၊
16 これ主イエスの名によりてバプテスマを受けしのみにて、聖 靈いまだ其の一人にだに降らざりしなり。
၁၆တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း၍၊
17 ここに二人のもの彼らの上に手を按きたれば、みな聖 靈を受けたり。
၁၇ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။
18 使徒たちの按手によりて其の御靈を與へられしを見て、シモン金を持ち來りて言ふ、
၁၈တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊
19 『わが手を按くすべての人の聖 靈を受くるやうに、此の權威を我にも與へよ』
၁၉အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊
20 ペテロ彼に言ふ『なんぢの銀は汝とともに亡ぶべし、なんぢ金をもて神の賜物を得んと思へばなり。
၂၀ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့်၊ သင်နှင့် တကွသင်၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။
21 なんぢは此の事に關係なく干與なし、なんぢの心、神の前に正しからず。
၂၁သင်သည်ဤအမှုအရာနှင့် မဆက်ဆံသော သူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။
22 然ればこの惡を悔改めて主に祈れ、なんぢが心の念あるひは赦されん。
၂၂ထိုကြောင့်သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။
23 我なんぢが苦き膽汁と不義の繋とに居るを見るなり』
၂၃သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို၏။
24 シモン答へて言ふ『なんぢらの言ふ所のこと一つも我に來らぬやう、汝ら我がために主に祈れ』
၂၄ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစုံ တခုမျှ အကျွန်ုပ် အပေါ်သို့ မရောက်ပါမည် အကြောင်း၊ ထာဝရဘုရားကို ကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူ ကြပါဟု ပြန်ပြော၏။
25 かくて使徒たちは證をなし、主の御言を語りて後、サマリヤ人の多くの村に福音を宣傳へつつエルサレムに歸れり。
၂၅တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟောပြီးမှ၊ ယေရုရှလင်မြို့ သို့ ပြန်သွားရာ၊ ရှာမာရိရွာများတို့၌လည်း ဧဝံဂေလိ တရားကို ဟောပြောကြ၏။
26 然るに主の使ピリポに語りて言ふ『なんぢ起ちて南に向ひエルサレムよりガザに下る道に往け。そこは荒野なり』
၂၆တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။
27 ピリポ起ちて往きたれば、視よ、エテオピヤの女王カンダケの權官にして、凡ての寳物を掌どる閹人エテオピヤ人あり、禮拜の爲にエルサレムに上りしが、
၂၇ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊
28 歸る途すがら馬車に坐して預言者イザヤの書を讀みゐたり。
၂၈ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။
29 御靈ピリポに言ひ給ふ『ゆきて此の馬車に近寄れ』
၂၉ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊
30 ピリポ走り寄りて、その預言者イザヤの書を讀むを聽きて言ふ『なんぢ其の讀むところを悟るか』
၃၀ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။
31 閹人いふ『導く者なくば、いかで悟り得ん』而してピリポに、乘りて共に坐せんことを請ふ。
၃၁ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။
32 その讀むところの聖書の文は是なり『彼は羊の屠場に就くが如く曳かれ、羔羊のその毛を剪る者のまへに默すがごとく口を開かず。
၃၂ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။
33 卑しめられて審判を奪はれたり、誰かその代の状を述べ得んや。その生命 地上より取られたればなり』
၃၃နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း။
34 閹人こたへてピリポに言ふ『預言者は誰に就きて斯く云へるぞ、己に就きてか、人に就きてか、請ふ示せ』
၃၄ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊
35 ピリポ口を開き、この聖 句を始としてイエスの福音を宣傳ふ。
၃၅ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။
36 途を進むる程に水ある所に來りたれば、閹人いふ『視よ、水あり、我がバプテスマを受くるに何の障りかある』
၃၆ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင်၊
၃၇ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
38 乃ち命じて馬車を止め、ピリポと閹人と二人ともに水に下りて、ピリポ閹人にバプテスマを授く。
၃၈ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။
39 彼ら水より上りしとき、主の靈ピリポを取去りたれば、閹人ふたたび彼を見ざりしが、喜びつつ其の途に進み往けり。
၃၉ရေထဲကတက်ကြလျှင်၊ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။
40 かくてピリポはアゾトに現れ、町々を經て福音を宣傳へつつカイザリヤに到れり。
၄၀ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။