< Uyuhana 19 >
၁ထိုနောက်ပိလတ်မင်းသည်သခင်ယေရှုကို ခေါ်သွားစေပြီးလျှင်ကြိမ်ဒဏ်ခတ်စေ၏။-
2 Ana nikara nini kono wa ririko Yeso ni'ere nikana anice, wa soki me tirunga titi gomo.
၂စစ်သားများသည်ဆူးခက်ဖြင့်ရက်သောဦးရစ် သရဖူကိုပြုလုပ်၍ ဦးခေါင်းတော်ကိုဆောင်း ပေးကြ၏။ ထိုနောက်နီမောင်းသောဝတ်လုံကို ကိုယ်တော်အားဝတ်ပေးပြီးလျှင်၊-
3 Wa ē ahira ame wa gu “Asere akinki we ivai, ugomo a Yahudawa, wa kumi me.
၃အထံတော်သို့ချဉ်းကပ်၍ ``ယုဒရှင်ဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟုဆို၍ပါးတော် ကိုရိုက်ကြ၏။
4 Bilatus makuri ma suri amatara ma gun we “Ira ni, indi ē shi unu nume bati irusi daki makem me ina yari ba.
၄ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။-
5 Yeso ma suri, in ni'ere nikana nan tirunga titi gomo. Bilatus ma gu “Unu me ba”.
၅သခင်ယေရှုသည်လည်းဆူးဦးရစ်သရဖူကို ဆောင်းလျက်နီမောင်းသောဝတ်လုံကိုဝတ်ဆင် ကာ အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်း က ``ကြည့်ကြလော့၊ ဤသူပင်ဖြစ်သည်'' ဟု ဆို၏။
6 Ana dandang akatuma ka Asere nan anu ira sa wa ira Yeso, wa tunguno tihunu unu gusa “Gankirka nime, gankirka nime” Bilatus ma gun we “Zikini me i gankirka, daki makem me ina buri ba”.
၆ယဇ်ပုရောဟိတ်ကြီးများနှင့်အစောင့်တပ်သား များသည်ကိုယ်တော်ကိုမြင်သောအခါ ``သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ။ သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့ပင်သူ့ကိုခေါ်ဆောင် ပြီးလျှင်လက်ဝါးကပ်တိုင်တွင်တင်၍သတ် ကြလော့။ သူ့ကိုသေဒဏ်ပေးရန်အကြောင်း တစ်စုံတစ်ရာမျှငါမတွေ့'' ဟုဆို၏။-
7 A Yahudawa wa gun me “Tizin tini kubu mabari iwano barki sa ma zika nice nume vana Asere”.
၇လူထုက ``ထိုသူသည်မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဟုဆိုသောကြောင့် သေဒဏ် ခံထိုက်ကြောင်း အကျွန်ုပ်တို့တရားဥပဒေ ကဆိုပါသည်'' ဟုပြန်၍ဖြေကြား၏။
8 Sa Bilatus ma kunna tize tigeno biyau bimeke kang.
၈ထိုသူတို့၏စကားကိုကြားလျှင်ပိလတ် မင်းသည်ပို၍ပင်ကြောက်လန့်လာ၏။-
9 Ma kuri maribe ani kuba nu gomna ma gun Yeso, “Abani wa suron?” daki Yeso ma kabirka me ba.
၉သို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။ သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။-
10 Bilatus ma gun me “Uda buka me tize ba? uta we inzin nikara sa indi cekiwe nan ingankirka we ba?
၁၀ပိလတ်မင်းက ``သင်သည်ငါနှင့်စကားပြော ရန်ငြင်းဆန်နေပါသလော။ ငါသည်သင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်သည်ကိုလည်း ကောင်း၊ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပိုင် သည်ကိုလည်းကောင်းသင်မသိပါသလော'' ဟုမေး၏။
11 Yeso makabirka me, “Uzo we in uru bari anice num ba, ingi daki a nyawe ahira Asere ba, barki anime de sa ma ayen mi ahira aweme memani unu cara abanga adang”.
၁၁သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
12 Sa Bilatus makumna anime ma nyari uguna aceki me, ma Yahudawa wa yeze anyiran wa gu “Ingi wa ceki unu ugeme uzo we uroni ukarsa ba, vat de sa ma kurzo nice nume ugomo, ma cara Kaisar”.
၁၂ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။
13 Sa Bilatus ma kunna tize tuwe me ma susso Yeso amatara ma cukuno ukpunku umeme aba sa atisa “Ukpunka unu kubu” inti Yahudawa “Gabbata”.
၁၃ဤစကားကိုကြားသောအခါပိလတ်မင်း သည်သခင်ယေရှုကိုအပြင်သို့ထုတ်ဆောင် ခဲ့ပြီးလျှင် ကျောက်ပြားစင်္ကြံပေါ်ရှိတရား ခွင်တွင်ထိုင်လေ၏။ (ထိုစင်္ကြံကိုဟေဗြဲ ဘာသာဖြင့်ဂဗ္ဗသဟုခေါ်၏။)-
14 Aroni ginome azin inabanga u idin keterewa, in na zumo utasi ani, inna tii uwui, Bilatus ma gun ma Yahudawa me “Kabani ugomo ushi me”.
၁၄ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။
15 Wa tunguno tihunu, ca adusan me, ca adusan me, aka gankirka me, Bilatus ma gun we “Ingankirka ugomo ushi me?” anu adangdang akatuma wa gu “Ti zon duru unu gomo ba bancen kaisar”.
၁၅ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။
16 Bilatus ma nyawe Yeso waka gankirka me.
၁၆ထိုအခါပိလတ်မင်းသည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ထိုသူ တို့လက်သို့အပ်လိုက်လေ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။-
17 Wa dusan Yeso, ma suri unu cira ukunte ugankirka uhana ahirame sa agusan u Golgota inti Yahudawa (Golgota).
၁၇ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)-
18 Wa gankirka Yeso ahira me, nan are anu ware, uye atari tinanre uye atari tinangure, Yeso atii awe.
၁၈ထိုအရပ်မှာကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။ ကိုယ်တော်နှင့်အတူအခြား သူနှစ်ယောက်ကိုလည်းကိုယ်တော်၏လက်ယာ ဘက်တွင်တစ်ယောက် လက်ဝဲဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။ ကိုယ်တော်ကိုမူကားအလယ်တွင်ထား သတည်း။-
19 Bilatus ma nyertike ure u'ira asesere ukunti ugankirka me, “Yeso unanu Nazarat ugomo ayanhu dawa”.
၁၉ပိလတ်မင်းသည်ကမ္ပည်းလိပ်စာရေး၍ကိုယ်တော် ၏လက်ဝါးကပ်တိုင်ပေါ်မှာကပ်ထားစေ၏။ ထို ကမ္ပည်းလိပ်စာကား ``ယုဒဘုရင်၊ နာဇရက်မြို့ သားယေရှု'' ဟူ၍ဖြစ်သတည်း။-
20 A yahudawa gbardang wa aki wahiri i uhori me barki ahirame sa a gankirka men ara upuru uni pin. Ihori me awuza inti Yahudawa, ti Romawa nan ti helenanci.
၂၀သခင်ယေရှုကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်သည့်အရပ်မှာမြို့နှင့်နီးကပ်သဖြင့် လူအများပင်ထိုကမ္ပည်းလိပ်စာကိုဖတ် ကြည့်ကြ၏။ ကမ္ပည်းလိပ်စာကိုယုဒဘာသာ၊ လက်တင်ဘာသာနှင့်ဂရိဘာသာတို့ဖြင့် ရေးသားထားသည်။-
21 Ana dangdang akatuma ka Asere kama Yhudawa wa gun Bilatus, kati unyertike agi ugomo wa Yahudawa ba, guna unu ugeme ma guna “mi mani ugomo wa Yahudawa”.
၂၁ယဇ်ပုရောဟိတ်ကြီးများက ``ယုဒဘုရင် ဟူ၍ရေးတော်မမူပါနှင့်။ `ဤသူကငါ သည်ယုဒရှင်ဘုရင်ဖြစ်သည်ဟုဆိုသည်' ဟူ၍သာရေးတော်မူပါ'' ဟုပိလတ်မင်း အားလျှောက်ထားကြ၏။
22 Bilatus makabirka “Imum me sa ma nyertike mamu nyertike”.
၂၂ပိလတ်မင်းက ``ငါရေးပြီးသည့်အတိုင်း အတည်ဖြစ်စေရမည်'' ဟုပြန်ပြော၏။
23 Sa ana nikara nini kono wa genkirka Yeso, wa jani udibi umeme kani kanazi, kondi vi in ume upori, nan u-alkebba. U-alkebba me sarki adusa abara naza me utuno ana dizzi.
၂၃စစ်သားတို့သည်သခင်ယေရှုကိုလက်ဝါးကပ် တိုင်တွင်တင်ကြပြီးသောအခါ ကိုယ်တော်၏ အဝတ်တော်တို့ကိုလေးပိုင်းပိုင်း၍တစ်ယောက် တစ်ပိုင်းစီယူကြ၏။ သူတို့သည်အထဲခံ အင်္ကျီကိုလည်းယူကြ၏။ သို့ရာတွင်ထိုအင်္ကျီ မှာချုပ်ရိုးမဲ့ရက်လုပ်ထားသည်ဖြစ်၍၊-
24 Wa gun nacece, “Kati tijanika u-alkebba me ba, ca azauka a iri de sa madi ree unu, a wuzi anime bati amyinca tize ta Asere sa ta guna “Wa hara acece awe udibi um, wa kuri wa rekki uzanka a alkebba am.
၂၄စစ်သားများက ``ဤအင်္ကျီကိုမဆုတ်ကြ နှင့်။ မဲချ၍ယူကြကုန်အံ့'' ဟုအချင်း အချင်းပြောဆိုကြ၏။ ဤစစ်သားများ ပြုမူကြခြင်းမှာကျမ်းစာတော်တွင် ``ထိုသူတို့သည်ငါ၏အဝတ်များကိုခွဲဝေ ယူကြ၏။ ငါ၏အင်္ကျီကိုမဲချယူကြ၏'' ဟုပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်ပင်တည်း။-
25 Ana nini kara kono wa wuzi timum tigeno me. A ino a Yeso, nan uhenume, nan Maryamu unee u Kilofas, nan Maryamu Magadaliya Anee ageme wa turi mamu nan ugakirka u Yeso.
၂၅ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။-
26 Sa Yeso ma ira a ino umeme nan unu tarsa umeme sa ma hem inme wa turi mamu nan nacece, ma gu “Unee uge, ira vana uwe me”.
၂၆သခင်ယေရှုသည်မယ်တော်နှင့်မယ်တော်၏ အနီးတွင်ကိုယ်တော်ချစ်တော်မူသောတပည့် တော်ရပ်လျက်နေသည်ကိုတွေ့မြင်တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်က ``မယ်တော်၊ ဤမှာ မယ်တော်၏သား'' ဟုမြွက်ဆိုတော်မူ၏။
27 Ma gun unu tarsa umeme “Ira a ino uweme” ugeno uganiya me unu tarsa umeme ma ziki me uhana ukura ame.
၂၇ထိုနောက်တပည့်တော်အား ``ဤမှာသင်၏ အမိ'' ဟုမိန့်မြွက်တော်မူ၏။ ထိုအခါမှ စ၍ထိုတပည့်တော်သည်မယ်တော်အား မိမိ၏အိမ်တွင်ပြုစုစောင့်ရှောက်ထားလေ သည်။
28 Abini me Yeso, barki sa ma russa kondi nyani ya mara, batti amyincikina tize ta Asere, ma gu “In kunna niwee nimei.
၂၈ထိုအချိန်၌အမှုခပ်သိမ်းပြီးစီးပြီဖြစ် ကြောင်းကိုသခင်ယေရှုသိတော်မူသဖြင့် ကျမ်းစာတော်လာသည်အတိုင်းဖြစ်ပျက် စေရန်ကိုယ်တော်က ``ငါရေငတ်သည်'' ဟု မိန့်တော်မူ၏။
29 Ani kira nuwe me aduku myinca niruu in mei ma innabi ma gbarrara, wa jonbi usoso anyumo amei ma innabi magbarrara me wa tirzizi ubuinan wa witti wawu me anyo.
၂၉ထိုနေရာတွင်ပုန်းရည်အပြည့်ထည့်ထား သောအိုးတစ်လုံးရှိ၏။ ထိုသူတို့သည်ရေ မြှုပ်တစ်ခုကိုပုန်းရည်တွင်နှစ်၍ဟုဿုပ်ပင် အကိုင်းအဖျား၌တပ်ပြီးလျှင်ကိုယ်တော် ၏ခံတွင်းတော်သို့ကမ်းပေးကြ၏။-
30 Sa Yeso ma simbiko mei magbarrara me, ma gu “A mara” ma tungurko nice adizi ma ceki bibe bumeme.
၃၀သခင်ယေရှုသည်ထိုပုန်းရည်ကိုသောက်တော် မူပြီးမှ ``အမှုပြီးပြီ'' ဟုမိန့်တော်မူကာ ဦးခေါင်းတော်ကိုငိုက်လျက်အသက်ချုပ် တော်မူ၏။
31 Abini me a Yahudawa, barki uwui ubi bara-bara bini, kati aceki mukizi muwe me ugankirka uwui wa sabar u'ē ba (barki asabar ueui uni uhuma), wa tirri Bilatus tari agi mapussi tibuna tuwe me ma tuzo we.
၃၁ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။-
32 Ana nikara nini kowo wa ē wa pussi tubuna yuba me nan tunu-tarsa me sa agankirka we nan Yeso.
၃၂ထို့ကြောင့်စစ်သားများသည်လာ၍သခင်ယေရှု နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင်ခံရသော ပထမလူ၏ခြေများကိုချိုးပြီးလျှင် အခြား တစ်ယောက်၏ခြေများကိုလည်းချိုးကြ၏။-
33 Sa wa aye ahira a Yeso wa kem manu wono, abini me dakki wa pussa tibuna tumeme ba.
၃၃ကိုယ်တော်ထံသို့ရောက်ကြသောအခါအသက် ချုပ်တော်မူပြီးကြောင်းကိုတွေ့ရှိသဖြင့် ခြေ တော်တို့ကိုမချိုးကြတော့ချေ။-
34 Vattin anime unu inde anyumo ana nikara nini k) no ma tummi nipara numeme inni gbinnan, maye nan mei masuri dibe-dibe.
၃၄သို့ရာတွင်စစ်သားတစ်ယောက်သည်ကိုယ်တော် ၏နံတော်ကိုလှံဖြင့်ထိုးလိုက်ရာချက်ချင်း ပင်သွေးနှင့်ရေထွက်လာ၏။-
35 De sa ma ira anime, ma cukuno unu imo amaru, u impo amaru ukadundura, ma russi imum me sa ma buka kadundura kani bati shima ihem.
၃၅(ဤအဖြစ်အပျက်ကိုသင်တို့သည်လည်းယုံ ကြည်ကြစေရန်မျက်မြင်သက်သေတစ်ဦး ကဖော်ပြပါ၏။ ထိုသူ၏ဖော်ပြချက်သည် မှန်ကန်ပါ၏။ ထိုသူကိုယ်တိုင်ပင်မိမိစကား မှန်ကန်ကြောင်းကိုသိပါ၏။)-
36 Ya wuna anime batti anyenca tize ta Asere, “Ada purrame ni uboo ni inde anyumo a'uboo ameme ba.
၃၆ဤသို့ဖြစ်ပျက်ရခြင်းမှာ ``သူ၏အရိုးတစ် ချောင်းမျှမကျိုးစေရ'' ဟုကျမ်းစာတော် တွင်ပါရှိသည့်အတိုင်းပင်တည်း။-
37 A tiri tize ta Asere ta guna “Wadi hiri me de sa waa tummi me”.
၃၇အခြားကျမ်းစာတစ်ပုဒ်တွင်လည်း ``ထိုသူ တို့သည်မိမိလှံဖြင့်ထိုးဖောက်သောသူကို ရှုကြည့်ကြရလိမ့်မည်'' ဟုပါရှိသေး၏။
38 Sa awuza timum tigeme, Isuba una nu Arimatiya, de sa ma raa anyumo anu tarsa u Yeso mani (Nihunzi barki biyau bima Yahudawa) ma iki Bilatus batti ma ziki ikizi i Yeso. Bilatus ma nya me, Isubu ma ē ma ziki ikizi me.
၃၈ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။-
39 Nikodimo ma ē cangi, de sa maa tubi u aye ahira a Yeso in niye, ma ēn unu mai uman ununya umur nan al-ul ugittak wa ino'ukirau.
၃၉ယခင်သခင်ယေရှုကိုညအခါလာရောက် တွေ့ဆုံသူနိကောဒင်သည်လည်း မုရန်နှင့် အကျော်ရောနှောသောဆီမွှေးနံ့သာပေါင်း အချိန်နှစ်ဆယ့်ငါးပိဿာခန့်ကိုယူ၍ ယော သပ်နှင့်အတူလိုက်သွား၏။-
40 Wa ziki ikizi i Yeso wawu umalti ulubulubu nan umai unya uman me ugino me, bati wa vatti rep nan utanda wa Yahudawa.
၄၀သူတို့သည်သခင်ယေရှု၏အလောင်းတော်ကို ယူ၍ယုဒအမျိုးသားတို့၏သင်္ဂြိုဟ်ခြင်းဆိုင် ရာဋ္ဌလေ့ထုံးစံအတိုင်း နံ့သာပေါင်းနှင့်အတူ ပိတ်ဖြင့်ရစ်ပတ်ကြ၏။-
41 A hira me sa agankirka men uruu ubene wa rani, icau isoo ya rani anyumo uruu me igebe sa daki amu wuna iren ba.
၄၁ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အရပ်၌ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ် တွင်မည်သူကိုမျှမသင်္ဂြိုဟ်ဘူးသေးသည့် သင်္ချိုင်းဂူတစ်ခုရှိ၏။-
42 Sa ya cukuno uwui ubi bara-bara ba Yahudawa uni, icau me ya raa manu, wa dusa wawu Yeso anyumo me.
၄၂ထိုနေ့သည်ယုဒအမျိုးသားတို့၏အဖိတ် နေ့ဖြစ်သောကြောင့် အလောင်းတော်ကိုအနီး တွင်ရှိသည့်ထိုဂူ၌ပင်သင်္ဂြိုဟ်ကြ၏။