< Salmi 109 >
1 Per il Capo de’ musici. Salmo di Davide. O Dio della mia lode, non tacere,
၁အကျွန်ုပ် ချီးမွမ်း သော ဘုရား သခင်၊ တိတ်ဆိတ် စွာနေတော်မ မူပါနှင့်။
2 perché la bocca dell’empio e la bocca di frode si sono aperte contro di me; hanno parlato contro di me con lingua bugiarda.
၂မ တရားသောသူနှင့် သစ္စာ ပျက်သောသူတို့ သည် အကျွန်ုပ် တဘက် ၌နှုတ် ကိုဖွင့် ၍ ၊ မုသား စကား ကို ပြောဆို ကြပါ၏။
3 M’hanno assediato con parole d’odio, e m’hanno fatto guerra senza cagione.
၃မနာလို သောစိတ်နှင့် စကား ပြောလျက် ၊ အကျွန်ုပ် ကိုဝိုင်း ၍ အကြောင်း မရှိဘဲ စစ်တိုက် ကြပါ၏။
4 Invece dell’amore che porto loro, mi sono avversari, ed io non faccio che pregare.
၄အကျွန်ုပ် ၏ မေတ္တာ အတွက် သူတို့သည် ရန်ဘက် ပြုကြပါ၏။ အကျွန်ုပ် မူကား ပဌနာ ပြုလျက် နေပါ၏။
5 Essi m’hanno reso male per bene, e odio per il mio amore.
၅အကျွန်ုပ် ပြုသောကျေးဇူး အတွက် မကောင်း သောအပြစ်ကို ၎င်း ၊ အကျွန်ုပ် မေတ္တာ အတွက် မုန်း ခြင်းကို၎င်း ဆပ် ပေးကြပါ၏။
6 Costituisci un empio su di lui, si tenga alla sua destra un avversario.
၆ထိုသို့သောသူ ၏အပေါ် မှာ မ တရားသောသူကို ခန့်ထား တော်မူပါ။ သူ ၏လက်ျာ နား မှာ ရန်သူ နေ ပါစေ။
7 Quando sarà giudicato, esca condannato, e la sua preghiera gli sia imputata come peccato.
၇သူ သည် တရား စီရင်ခြင်းကိုခံ ရာတွင် ရှုံး ပါစေ။ သူ ပြုသော ပဌနာ သည် ပြစ်မှား ခြင်းဖြစ် ပါစေ။
8 Siano i suoi giorni pochi: un altro prenda il suo ufficio.
၈သူ ၏အသက် တို ပါ စေ။ သူ ၏အရာ ကိုလည်း အခြား သူရ ပါစေ။
9 Siano i suoi figliuoli orfani e la sua moglie vedova.
၉သူ ၏သား တို့သည် ဘသားဆိုး ၊ မယား လည်း မုတ်ဆိုးမ ဖြစ် ပါစေ။
10 I suoi figliuoli vadan vagando e accattino, e cerchino il pane lungi dalle loro case in rovina.
၁၀သူ ၏သား တို့သည် အရပ်ရပ် လည်၍ သူ တောင်း စား ဖြစ်ကြပါစေ။ ပျက်စီး သော မိမိ တို့နေရာများမှ ထွက် ၍ ၊ အစာကိုရှာ ကြပါစေ။
11 Getti l’usuraio le sue reti su tutto ciò ch’egli ha, e gli stranieri faccian lor preda delle sue fatiche.
၁၁သူ ၌ ရှိသမျှ ကို ကြွေးရှင် သိမ်းယူ ပါစေ။ သူ လုပ် ၍ရသောဥစ္စာ ကိုလည်း တပါး အမျိုးသားလုယူ ပါစေ။
12 Nessuno estenda a lui la sua benignità, e non vi sia chi abbia pietà de’ suoi orfani.
၁၂သူ ၌ ကျေးဇူး ပြု သောသူ၊ သူ ၏ဘသားဆိုး တို့ကို ကယ် မသနားသောသူ တယောက်မျှ မ ရှိ စေနှင့်။
13 La sua progenie sia distrutta; nella seconda generazione sia cancellato il loro nome!
၁၃သူ ၏အနွှယ် သည် ပြတ် ပါစေ။ လူမျိုး ဆင်းသက်၍ တဆက်တည်းတွင် ၊ သူ တို့၏ နာမည် သည် ကျေ ပျောက် ပါစေ။
14 L’iniquità dei suoi padri sia ricordata dall’Eterno, e il peccato di sua madre non sia cancellato.
၁၄သူ့ ဘိုးဘေး တို့၏ ဒုစရိုက် ကို ထာဝရဘုရား သည် သတိရ တော်မူပါစေ။ သူ့ အမိ ၏ အပြစ် သည် မ ဖြေ ပါစေနှင့်။
15 Sian quei peccati del continuo davanti all’Eterno, e faccia egli sparire dalla terra la di lui memoria,
၁၅ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရား ရှေ့ မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီး ပေါ် မှာ ထိုသူ တို့ကို အောက်မေ့ စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်း တော်မူပါစေ။
16 perch’egli non si è ricordato d’usar benignità, ma ha perseguitato il misero, il povero, il tribolato di cuore per ucciderlo.
၁၆အကြောင်း မူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိ မ ရှိ။ ဆင်းရဲငတ်မွတ် ၍ စိတ် ပျက် သောသူကို သေ စေသည်တိုင်အောင် ညှဉ်းဆဲ ပြီ။
17 Egli ha amato la maledizione, e questa gli è venuta addosso; non si è compiaciuto nella benedizione, ed essa si tien lungi da lui.
၁၇သူသည် ကျိန်ဆဲ ခြင်းကို နှစ်သက် သည်နှင့်အညီ ၊ သူ့ အပေါ်သို့ ရောက် ပါစေ။ ကောင်းကြီး မင်္ဂလာကို အလို မ ရှိသည်အတိုင်း သူ နှင့် ဝေး ပါစေ။
18 S’è vestito di maledizione come della sua veste, ed essa è penetrata come acqua, dentro di lui, e come olio, nelle sue ossa.
၁၈အဝတ် ကို ဝတ်သကဲ့သို့ ကျိန်ဆဲ ခြင်းကို ဝတ် ရပါ စေ။ ရေ ကဲ့သို့ သူ ၏ဝမ်း ထဲ သို့၎င်း ၊ ဆီ ကဲ့သို့ သူ ၏အရိုး ထဲသို့ ၎င်း ဝင် ပါစေ။
19 Siagli essa come un vestito di cui si cuopra, come una cintura di cui sia sempre cinto!
၁၉သူ၏ကိုယ်ကိုခြုံ သော အဝတ် ကဲ့သို့ ၎င်း၊ သူ ၏ ခါး၌ အစဉ် စည်း သော ခါးစည်း ကဲ့သို့ ၎င်း သူ ၌ ဖြစ် ပါစေ။
20 Tal sia, da parte dell’Eterno, la ricompensa dei miei avversari, e di quelli che proferiscono del male contro l’anima mia.
၂၀ငါ ၏ဝိညာဉ် တဘက် ၌ မ ကောင်းသောစကားကို ပြော တတ်သော ငါ ၏ရန်သူ တို့သည် ထိုသို့ သော အကျိုး ကို ထာဝရဘုရား ထံ ခံရကြပါစေ။
21 Ma tu, o Eterno, o Signore, opera in mio favore, per amor del tuo nome; poiché la tua misericordia è buona, liberami,
၂၁အိုဘုရား ရှင် ထာဝရဘုရား ၊ နာမ တော်အတွက် ကြောင့် အကျွန်ုပ် အမှုကို စောင့် တော်မူပါ။ ကရုဏာ တော် ကောင်း သည်ဖြစ်၍ ၊ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
22 perché io son misero e povero, e il mio cuore è piagato dentro di me.
၂၂အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။ အကျွန်ုပ် အထဲ ၌ နှလုံး နာ လျက်ရှိပါ၏။
23 Io me ne vo come l’ombra quando s’allunga, sono cacciato via come la locusta.
၂၃ရှည်လျား သော အရိပ် ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင် ကဲ့သို့ လှုပ်ရှား လျက်ရှိပါ၏။
24 Le mie ginocchia vacillano per i miei digiuni, e la mia carne deperisce e dimagra.
၂၄အစာ မစားဘဲ နေရသောကြောင့် ၊ ဒူးဆစ် နုန့်နဲ့ ၍ အသား လည်း လျော့ ပါ၏။
25 Son diventato un obbrobrio per loro; quando mi vedono, scuotono il capo.
၂၅အကျွန်ုပ် သည်လည်း သူတပါး တို့ ကဲ့ရဲ့ စရာ အကြောင်းဖြစ် ၍၊ သူတို့သည် အကျွန်ုပ် ကို မြင် သောအခါ ၊ ခေါင်း ညှိတ် ခြင်းကို ပြုကြပါ၏။
26 Aiutami, o Eterno, mio Dio, salvami secondo la tua benignità,
၂၆အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် ကို မစ တော်မူပါ။ ကရုဏာ တော်ရှိသည်အတိုင်း ကယ်တင် တော်မူပါ။
27 e sappiano essi che questo è opera della tua mano, che sei tu, o Eterno, che l’hai fatto.
၂၇ထို အမှုသည် တန်ခိုး တော်ကြောင့်ဖြစ်၍ ၊ ထာဝရဘုရား တည်းဟူသောကိုယ်တော်စီရင် တော်မူသည် ဟု ထို သူတို့သည် သိ ကြပါစေသော။
28 Essi malediranno, ma tu benedirai; s’innalzeranno e resteran confusi, ma il tuo servitore si rallegrerà.
၂၈ထိုသူ တို့သည် ကျိန်ဆဲ သော်လည်း ၊ ကိုယ်တော် မူကား ကောင်းကြီး ပေးတော်မူပါ။ သူတို့သည် ထ သောအခါ အရှက် ကွဲကြပါစေသော။ ကိုယ်တော် ၏ ကျွန် မူကား ၊ ဝမ်းမြောက် ပါစေသော။
29 I miei avversari saranno vestiti di vituperio e avvolti nella loro vergogna come in un mantello!
၂၉အကျွန်ုပ် ၏ ရန်သူ တို့သည် ရှက်ကြောက် ခြင်းအဝတ်ကိုဝတ် ၍ ၊ စောင် နှင့်ခြုံသကဲ့သို့ ၊ မျက်နှာ ပျက်ခြင်း နှင့် ကိုယ် ကိုခြုံ ကြပါစေသော။
30 Io celebrerò altamente l’Eterno con la mia bocca, lo loderò in mezzo alla moltitudine;
၃၀အကျွန်ုပ် သည် နှုတ် မြွက်၍ ၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန် ချီးမွမ်း ပါမည်။ များစွာ သောသူတို့ အလယ် မှာ ချီးမွမ်း ပါမည်။
31 poiché egli sta alla destra del povero per salvarlo da quelli che lo condannano a morte.
၃၁အကြောင်း မူကား၊ ဆင်းရဲသောသူ ၏ ဝိညာဉ် ကို အပြစ် စီရင်သောသူတို့ ၏လက်မှ ကယ်တင် ခြင်းငှါ ၊ သူ ၏လက်ျာ ဘက်မှာ ရပ် ၍ နေတော်မူတတ်၏။