< Proverbi 23 >
1 Quando ti siedi a mensa con un principe, rifletti bene a chi ti sta dinanzi;
၁မင်း နှင့်အတူ ထိုင် ၍ စားသောက် သောအခါ သင့် ရှေ့ မှာ အဘယ် သူရှိသည်ကို စေ့စေ့ဆင်ခြင် လော့။
2 e mettiti un coltello alla gola, se tu sei ingordo.
၂သင် သည် စားကြူး တတ်သောသူ ဖြစ်လျှင် ၊ သင် ၏လည်ချောင်း ကို ထား နှင့် ရွယ် လော့။
3 Non bramare i suoi bocconi delicati; sono un cibo ingannatore.
၃ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို မ ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။
4 Non t’affannare per diventar ricco, smetti dall’applicarvi la tua intelligenza.
၄ငွေ ရတတ် ခြင်းငှါ မ ကြိုးစား နှင့်။ ကိုယ် ဉာဏ် ကို အမှီ မပြုနှင့်။
5 Vuoi tu fissar lo sguardo su ciò che scompare? Giacché la ricchezza si fa dell’ali, come l’aquila che vola verso il cielo.
၅ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။
6 Non mangiare il pane di chi ha l’occhio maligno e non bramare i suoi cibi delicati;
၆မနာလို သောသူ၏ အစာ ကိုမ စား နှင့်။ သူ ၏ ခဲဘွယ် စားဘွယ်ကို အလို မ ရှိနှင့်။
7 poiché, nell’intimo suo, egli è calcolatore: “Mangia e bevi!” ti dirà; ma il cuor suo non è con te.
၇သူ သည် စိတ် ထင် သည်အတိုင်း ဖြစ်၏။ စား သောက် တော့ဟု ဆို သော်လည်း စေတနာစိတ် မ ရှိ။
8 Vomiterai il boccone che avrai mangiato, e avrai perduto le tue belle parole.
၈သင် သည် စား သောအစာ ကို တဖန်အန် ရ လိမ့်မည်။ သင် ချို သော စကား လည်း ယိုယွင်း လိမ့်မည်။
9 Non rivolger la parola allo stolto, perché sprezzerà il senno de’ tuoi discorsi.
၉မိုက် သောသူကြား အောင် စကားမ ပြော နှင့်။ သင် ၏စကား ၌ ပါသောပညာ ကို မထီမဲ့မြင် ပြုလိမ့်မည်။
10 Non spostare il termine antico, e non entrare nei campi degli orfani;
၁၀အရင် စိုက်သော မြေ မှတ်တိုင်ကိုမ ရွှေ့ နှင့်။ မိဘ မရှိသောသူတို့ ၏ လယ် ကို မ သိမ်း နှင့်။
11 ché il Vindice loro è potente; egli difenderà la causa loro contro di te.
၁၁အကြောင်း မူကား၊ ထိုသူ တို့ကို ရွေး တော်မူသောသူသည် တန်ခိုး ကြီး၍၊ သင့် တဘက် ၌ သူ တို့အမှု ကို စောင့် တော်မူလိမ့်မည်။
12 Applica il tuo cuore all’istruzione, e gli orecchi alle parole della scienza.
၁၂ဆုံးမ ဩဝါဒ၌ စိတ် နှလုံးစွဲလမ်း ၍ ၊ ပညာ အတတ် စကား ကို နားခံ လော့။
13 Non risparmiare la correzione al fanciullo; se lo batti con la verga, non ne morrà;
၁၃သူငယ် ကို မ ဆုံးမဘဲမ နေနှင့်။ ကြိမ်လုံး နှင့် ရိုက် သော်လည်း သူသည် မ သေ။
14 lo batterai con la verga, ma libererai l’anima sua dal soggiorno de’ morti. (Sheol )
၁၄ကြိမ်လုံး နှင့် ရိုက် ၍ သူ ၏အသက် ဝိညာဉ်ကို မရဏာ နိုင်ငံမှ ကယ်နှုတ် ရမည်။ (Sheol )
15 Figliuol mio, se il tuo cuore e savio, anche il mio cuore si rallegrerà;
၁၅ငါ့ သား ၊ သင့် နှလုံး ၌ပညာ ရှိလျှင် ငါ့ နှလုံး နှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက် လိမ့်မည်။
16 le viscere mie esulteranno quando le tue labbra diranno cose rette.
၁၆သင့် နှုတ် သည် မှန် သောစကားကို ပြော သောအခါ ၊ ငါ့ ကျောက်ကပ် ရွှင်လန်း လိမ့်မည်။
17 Il tuo cuore non porti invidia ai peccatori, ma perseveri sempre nel timor dell’Eterno;
၁၇အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
18 poiché c’è un avvenire, e la tua speranza non sarà frustrata.
၁၈အကယ် စင်စစ်အမှု ဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့် မြော်လင့် ခြင်းအကြောင်းမ ပျက် ရာ။
19 Ascolta, figliuol mio, sii savio, e dirigi il cuore per la diritta via.
၁၉ငါ့ သား ၊ ငါ့စကားကို နားထောင် ၍ ပညာ ရှိသဖြင့် ၊ ကိုယ် စိတ် နှလုံးကို လမ်းမ ၌ ပဲ့ပြင် လော့။
20 Non esser di quelli che son bevitori di vino, che son ghiotti mangiatori di carne;
၂၀စပျစ်ရည် သောက်ကြူး သောသူ၊ အမဲသား စားကြူး သောသူတို့ ကို အပေါင်းအဘော်မ လုပ် နှင့်။
21 ché il beone ed il ghiotto impoveriranno e i dormiglioni n’andran vestiti di cenci.
၂၁သောက်ကြူး သောသူနှင့် စားကြူး သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူး သော သဘောသည် လူကိုအဝတ် စုတ်နှင့် ခြုံတတ်၏။
22 Da’ retta a tuo padre che t’ha generato, e non disprezzar tua madre quando sarà vecchia.
၂၂သင့် ကိုဖြစ်ဘွား စေသောအဘ ၏ စကားကို နားထောင် လော့။ အသက်ကြီး သော အမိ ကို မထီမဲ့မြင် မ ပြုနှင့်။
23 Acquista verità e non la vendere, acquista sapienza, istruzione e intelligenza.
၂၃သမ္မာ တရားကို ဝယ် လော့။ မ ရောင်း နှင့်။ ပညာ ကို၎င်း ၊ ဆုံးမ ဩဝါဒကို၎င်း ၊ ဉာဏ် သတ္တိကို၎င်း ထိုအတူ ပြုလော့။
24 Il padre del giusto esulta grandemente; chi ha generato un savio, ne avrà gioia.
၂၄ဖြောင့်မတ် သောသူ၏အဘ သည် အလွန်ဝမ်းမြောက် လိမ့်မည်။ ပညာ ရှိသော သားကို ဖြစ်ဘွား စေသောသူသည် ထို သား၌ အားရဝမ်းမြောက် လိမ့်မည်။
25 Possan tuo padre e tua madre rallegrarsi, e possa gioire colei che t’ha partorito!
၂၅သင်၏မိဘ တို့သည်ဝမ်းမြောက် ၍ ၊ သင့် ကို မွေးဘွား သောသူသည် ရွှင်လန်း လိမ့်မည်။
26 Figliuol mio, dammi il tuo cuore, e gli occhi tuoi prendano piacere nelle mie vie;
၂၆ငါ့ သား ၊ သင့် နှလုံး ကို ငါ့ အား ပေး လော့။ သင့် မျက်စိ တို့သည် ငါ သွားသောလမ်း ကို ကြည့်မှတ် ပါစေ။
27 perché la meretrice è una fossa profonda, e la straniera, un pozzo stretto.
၂၇ပြည်တန်ဆာမ သည် နက် သောကျုံး ကဲ့သို့၎င်း၊ အမျိုး ပျက်သော မိန်းမသည် ကျဉ်း သော မြေတွင်း ကဲ့သို့၎င်း ဖြစ်၏။
28 Anch’essa sta in agguato come un ladro, e accresce fra gli uomini il numero de’ traditori.
၂၈သူ သည် ထားပြ ကဲ့သို့ ချောင်း ကြည့်တတ်၏။ လွန်ကျူး သော ယောက်ျား များပြား စေခြင်းငှါ ပြုတတ်၏။
29 Per chi sono gli “ahi”? per chi gli “ahimè”? per chi le liti? per chi i lamenti? per chi le ferite senza ragione? per chi gli occhi rossi?
၂၉အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊
30 Per chi s’indugia a lungo presso il vino, per quei che vanno a gustare il vin drogato.
၃၀စပျစ်ရည် ကို ကြာမြင့် စွာ သောက်လျက်နေ သောသူ၊ ဆေး နှင့်ရောသော စပျစ်ရည်ကို ရှာ တတ်သောသူတို့ သည် ထိုသို့သော လက္ခဏာ ရှိကြ၏။
31 Non guardare il vino quando rosseggia, quando scintilla nel calice e va giù così facilmente!
၃၁ဖလား ၌ နီ လျက် ၊ အရောင် တောက်လျက် ၊ အချို အမြိန်ဝင် လျက်ရှိသောစပျစ်ရည် ကို မ ကြည့် မရှုနှင့်။
32 Alla fine, esso morde come un serpente e punge come un basilisco.
၃၂နောက်ဆုံး ၌ မြွေ ကဲ့သို့ ကိုက် တတ်၏။ မြွေဆိုး ကဲ့သို့ နာ စေတတ်၏။
33 I tuoi occhi vedranno cose strane, il tuo cuore farà dei discorsi pazzi.
၃၃သင့် မျက်စိ တို့သည် အမျိုး ပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့် နှလုံး သည်လည်း ကောက် သော စကားကို မြွက်ဆို လိမ့်မည်။
34 Sarai come chi giace in mezzo al mare, come chi giace in cima a un albero di nave.
၃၄အကယ် စင်စစ်သင်သည် ပင်လယ် အလယ် ၌ အိပ် သောသူ၊ သင်္ဘော ရွက်တိုင်ဖျား ပေါ် မှာ အိပ် သော သူကဲ့သို့ ဖြစ် လိမ့်မည်။
35 Dirai: “M’hanno picchiato… e non m’han fatto male; m’hanno percosso… e non me ne sono accorto; quando mi sveglierò?… tornerò a cercarne ancora!”
၃၅သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။