< Proverbi 21 >

1 Il cuore del re, nella mano dell’Eterno, è come un corso d’acqua; egli lo volge dovunque gli piace.
ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။
2 Tutte le vie dell’uomo gli paion diritte, ma l’Eterno pesa i cuori.
လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။
3 Praticare la giustizia e l’equità è cosa che l’Eterno preferisce ai sacrifizi.
ယဇ် ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ် စွာပြု ခြင်း၊ တရား သဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက် တော်မူ၏။
4 Gli occhi alteri e il cuor gonfio, lucerna degli empi, sono peccato.
ထောင်လွှား သောမျက်နှာ ၊ မာန ကြီးသောနှလုံး ၊ မ တရားသောသူတို့၏အလင်း သော်လည်း အပြစ် ပါ၏။
5 I disegni dell’uomo diligente menano sicuramente all’abbondanza, ma chi troppo s’affretta non fa che cader nella miseria.
လုံ့လ ဝိရိယပြုသောသူ၏အကြံ အစည်သည် ကြွယ်ဝ ခြင်းနှင့် ၎င်း၊ သမ္မာ သတိမရှိသောသူ ၏အကြံအစည် သည် ဆင်းရဲ ခြင်းနှင့် ၎င်း ဆိုင် ပေ၏။
6 I tesori acquistati con lingua bugiarda sono un soffio fugace di gente che cerca la morte.
မုသာ စကား အားဖြင့် ဘဏ္ဍာ ကိုဆည်းဖူးခြင်း အမှု သည် သေမင်း ကျော့ကွင်း တို့တွင် ပျောက်လွင့် သော အနတ္တ ဖြစ်၏။
7 La violenza degli empi li porta via, perché rifiutano di praticare l’equità.
မ တရားသောသူတို့ သည် တရား သဖြင့်မ စီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲ ခြင်းအပြစ်သည် မိမိ ကို ဖျက်ဆီး လိမ့်မည်။
8 La via del colpevole è tortuosa, ma l’innocente opera con rettitudine.
လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။
9 Meglio abitare sul canto d’un tetto, che una gran casa con una moglie rissosa.
ရန်တွေ့ တတ်သောမိန်းမ နှင့်အတူလူ များသော အိမ် ၌နေ သည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာ နေသော် သာ၍ကောင်း ၏။
10 L’anima dell’empio desidera il male; il suo amico stesso non trova pietà agli occhi di lui.
၁၀မ တရားသောသူ သည် မနာလို သောစိတ်ရှိ၏။ အိမ်နီးချင်း ၌ ကျေးဇူး ပြုချင်သော အလို မ ရှိ။
11 Quando il beffardo è punito, il semplice diventa savio; e quando s’istruisce il savio, egli acquista scienza.
၁၁မထီမဲ့မြင် ပြုသောသူသည် အပြစ်ဒဏ် ကို ခံရသောအခါ ၊ ဉာဏ်တိမ် သောသူသည်သတိ ရတတ်၏။ သတိ ရသောသူသည်လည်း သွန်သင် ခြင်းကိုခံသောအခါ ၊ ပညာ တိုးပွါး တတ်၏။
12 Il Giusto tien d’occhio la casa dell’empio, e precipita gli empi nelle sciagure.
၁၂တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
13 Chi chiude l’orecchio al grido del povero, griderà anch’egli, e non gli sarà risposto.
၁၃ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။
14 Un dono fatto in segreto placa la collera, e un regalo dato di sottomano, l’ira violenta.
၁၄တိတ်ဆိတ် စွာ ပေးသောလက်ဆောင် သည် သူ့စိတ် ကို၎င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင် ပဏ္ဏာ သည် ပြင်းစွာ သော အမျက် ကို၎င်းဖြေ တတ်၏။
15 Far ciò ch’è retto è una gioia per il giusto, ma è una rovina per gli artefici d’iniquità.
၁၅ဖြောင့်မတ် သောသူသည် တရား သဖြင့်စီရင် ၍ ဝမ်းမြောက် တတ်၏။ အဓမ္မ အမှုကိုပြု သောသူမူကား ၊ ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
16 L’uomo che erra lungi dalle vie del buon senso, riposerà nell’assemblea dei trapassati.
၁၆ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး ၌ နေရာ ကျလိမ့်မည်။
17 Chi ama godere sarà bisognoso, chi ama il vino e l’olio non arricchirà.
၁၇ကာမ ဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည် နှင့် ဆီ ကို ကြိုက် သောသူသည် လည်း ငွေ ကိုမ ရတတ်ရ။
18 L’empio serve di riscatto al giusto; e il perfido, agli uomini retti.
၁၈မ တရားသောသူသည် တရား သောသူအဘို့ ၊ လွန်ကျူး သောသူသည် ဖြောင့်မတ် သောသူအဘို့ ရွေး ရန် ဖြစ်၏။
19 Meglio abitare in un deserto, che con una donna rissosa e stizzosa.
၁၉စိတ်တို ၍ ရန်တွေ့ တတ်သောမိန်းမ နှင့် နေ သည်ထက် ၊ တော လွင်ပြင် ၌ နေသော်သာ၍ကောင်း ၏။
20 In casa del savio c’è dei tesori preziosi e dell’olio, ma l’uomo stolto dà fondo a tutto.
၂၀ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
21 Chi ricerca la giustizia e la bontà troverà vita, giustizia e gloria.
၂၁ဖြောင့်မတ် ခြင်းတရားနှင့် ကရုဏာ တရားကို ရှာ သောသူသည် အသက်ရှင် ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့ တတ်၏။
22 Il savio dà la scalata alla città dei forti, e abbatte il baluardo in cui essa confidava.
၂၂ပညာ ရှိသောသူသည် ခိုင်ခံ့ သောမြို့ရိုး ကို တက် ၍ ၊ မြို့ သားကိုးစား စရာခွန်အား ကို ရှုတ်ချ တတ်၏။
23 Chi custodisce la sua bocca e la sua lingua preserva l’anima sua dalle distrette.
၂၃မိမိ နှုတ် နှင့် လျှာ ကိုစောင့် သောသူသည် မိမိ စိတ် ဝိညာဉ်ကို ဒုက္ခ နှင့် လွတ်စေခြင်းငှါ စောင့် ရာရောက် ၏။
24 Il nome del superbo insolente è: beffardo; egli fa ogni cosa con furore di superbia.
၂၄ပြင်းစွာ သော ဒေါသ အမျက်၌ ကျင်လည် သောသူကို၊ ထောင်လွှား စော်ကားသောသူ၊ မထီမဲ့မြင် ပြုသောသူဟူ၍ သမုတ်အပ်၏။
25 I desideri del pigro l’uccidono perché le sue mani rifiutano di lavorare.
၂၅ပျင်းရိ သောသူသည် အလုပ် မလုပ်ချင်သောကြောင့် ၊ မိမိ တပ်မက် သောအားဖြင့် သေ တတ်၏။
26 C’è chi da mane a sera brama avidamente, ma il giusto dona senza mai rifiutare.
၂၆တနေ့လုံး တပ်မက် အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မ နှမြော ဘဲစွန့်ကြဲ တတ်၏။
27 Il sacrifizio dell’empio è cosa abominevole; quanto più se l’offre con intento malvagio!
၂၇မ တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက ၊ မ တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။
28 Il testimonio bugiardo perirà, ma l’uomo che ascolta potrà sempre parlare.
၂၈မ မှန်သော သက်သေ သည် ပျက် တတ်၏။ ကိုယ်တိုင်ကြား သောသူ မူကား ၊ တည်ကြည် စွာ ပြော တတ်၏။
29 L’empio fa la faccia tosta, ma l’uomo retto rende ferma la sua condotta.
၂၉မ တရားသောသူ သည် မိမိ မျက်နှာ ကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မိမိ သွားရာလမ်း ကို ပြင်ဆင် တတ်၏။
30 Non c’è sapienza, non intelligenza, non consiglio che valga contro l’Eterno.
၃၀ထာဝရဘုရား တဘက် ၌ ဉာဏ် မ တည်၊ ပညာ မ တည်၊ အကြံ တစုံတခုမျှ မ တည်နိုင်။
31 Il cavallo è pronto per il dì della battaglia, ma la vittoria appartiene all’Eterno.
၃၁စစ်တိုက် ရာကာလ အဘို့ မြင်း များကို ပြင်ဆင် သော်လည်း ၊ ထာဝရဘုရား ၏ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါ၏။

< Proverbi 21 >