< Isaia 10 >
1 Guai a quelli che fanno decreti iniqui e a quelli che redigono in iscritto sentenze ingiuste,
၁ငတ်မွတ်သောသူတို့ ကို တရားရှုံးစေခြင်းငှါ၎င်း၊
2 per negare giustizia ai miseri, per spogliare del loro diritto i poveri del mio popolo, per far delle vedove la loro preda e degli orfani il loro bottino!
၂ငါ ၏လူမျိုး တွင် ဆင်းရဲ သားတို့၏ အခွင့် အရာကို ရုပ်သိမ်း ခြင်းငှါ ၎င်း၊ မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ၍၊ မိဘ မရှိသောသူတို့၏ ဥစ္စာကိုလုယူ ခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင် သောသူ၊ ကျပ်တည်း စွာသော မှတ်ချက် ကို မှတ်သား သော စာရေးတို့သည် အမင်္ဂလာ ရှိကြ၏။
3 E che farete nel giorno che Dio vi visiterà, nel giorno che la ruina verrà di lontano? A chi fuggirete in cerca di soccorso? e dove lascerete quel ch’è la vostra gloria?
၃ငါကြည့်ရှုစီရင် သည်ကာလ ၊ အဝေး က ရောက်လတံ့ သော ဖျက်ဆီး ခြင်းဖြစ်သည်ကာလ၌ ၊ သင်တို့သည် ချမ်းသာ ရအံသောငှါ ၊ အဘယ် သူထံ သို့ ပြေး ကြလိမ့်မည်နည်း။ သင် တို့စည်းစိမ် ဥစ္စာကို အဘယ်မှာ သို ထား ကြ လိမ့်မည်နည်း။
4 Non rimarrà loro che curvarsi fra i prigionieri o cadere fra gli uccisi. E, con tutto ciò, l’ira sua non si calma, e la sua mano rimane distesa.
၄ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသောသူတို့ အောက် မှာ ဦးချ ရကြလိမ့်မည်။ အသေသတ် ခြင်းကို ခံရသောသူတို့ အောက် မှာ လဲ ရကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည်မ ငြိမ်း ၊ လက် တော်သည်ဆန့် လျက်ရှိသေး၏။
5 Guai all’Assiria, verga della mia ira! Il bastone che ha in mano, è lo strumento della mia indignazione.
၅အာရှုရိ လူသည်အမင်္ဂလာ ရှိ၏။ ငါ့ အမျက် ၏ လှံတံ ဖြစ်၏။ သူ ကိုင် သောတောင်ဝေး သည် ငါ ဒဏ် ပေး စရာဘို့ ဖြစ်၏။
6 Io l’ho mandato contro una nazione empia, gli ho dato, contro il popolo del mio cruccio, l’ordine di darsi al saccheggio, di far bottino, di calpestarlo come il fango delle strade.
၆အဓမ္မ လူမျိုး ရှိရာသို့ သူ့ ကိုငါစေလွှတ် မည်။ ငါ့ အမျက် ခံရာ လူစု ကို လုယူ ဖျက်ဆီး ၍၊ လမ်း ၌ ရွှံ့ ကိုကဲ့သို့ ကျော် နင်းစေခြင်းငှါ ၊ သူ့ ကိုငါမှာ ထားမည်။
7 Ma egli non la intende così; non così la pensa in cuor suo; egli ha in cuore di distruggere, di sterminare nazioni in gran numero.
၇သို့ သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး ၍ ၊ များစွာသောလူမျိုး တို့ကို ဖယ်ရှင်း ခြင်းငှါ အလိုရှိ၏။
8 Poiché dice: “I miei principi non son eglino tanti re?
၈သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ ၏ မှုးမတ် တို့သည် မင်းကြီး ဖြစ်ကြသည်မဟုတ် လော။
9 Non è egli avvenuto di Calno come di Carkemish? Di Hamath come d’Arpad? di Samaria come di Damasco?
၉ကာလနော မြို့သည် ခါခေမိတ် မြို့ကဲ့သို့ ၎င်း၊ ဟာမတ် မြို့သည် အာပဒ် မြို့ကဲ့သို့ ၎င်း၊ ရှမာရိ မြို့သည် ဒမာသက် မြို့ကဲ့သို့ ၎င်း ဖြစ်သည် မဟုတ် လော။
10 Come la mia mano è giunta a colpire i regni degl’idoli dove le immagini eran più numerose che a Gerusalemme e a Samaria,
၁၀ရှမာရိ ရုပ်တုနှင့် ယေရုရှလင် ရုပ်တုထက် သာ၍မြတ် သော ရုပ်တု ဆင်းတု ကို ကိုးကွယ်သော တိုင်း နိုင်ငံများကို ငါ လု ယူသကဲ့သို့ ၎င်း၊
11 come ho fatto a Samaria e ai suoi idoli, non farò io così a Gerusalemme e alle sue statue?”
၁၁ရှမာရိ မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု သကဲ့သို့ ၎င်း၊ ယေရုရှလင် မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု မည် မဟုတ် လော ဟုဆို တတ်၏။
12 Ma quando il Signore avrà compiuta tutta l’opera sua sul monte di Sion e a Gerusalemme, io, dice l’Eterno, punirò il re d’Assiria per il frutto della superbia del cuor suo e dell’arroganza de’ suoi sguardi alteri.
၁၂သို့သော်လည်း၊ ထာဝရ ဘုရားသည် ဇိအုန် တောင် နှင့် ယေရုရှလင် မြို့၌ အမှုတော် ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာန ထောင်လွှားခြင်း၊ မော် သော မျက်နှာ နှင့် စော်ကား ခြင်းကို ငါကြည့်ရှု၍ စီရင် မည်။
13 Poich’egli dice: “Io l’ho fatto per la forza della mia mano, e per la mia sapienza, perché sono intelligente; ho rimosso i confini de’ popoli, ho predato i loro tesori; e, potente come sono, ho detronizzato dei re,
၁၃ထိုမင်းက၊ ငါသည် ကိုယ် လက်ရုံး သတ္တိ နှင့် ကိုယ် ဉာဏ် အားဖြင့် ငါတတ် နိုင်၏။ ပညာ သတ္တိနှင့် ငါပြည့်စုံ၏။ လူမျိုး နေရာ အပိုင်းအခြားတို့ကို ငါရွှေ့ ပြီ။ သူ တို့၏ ဘဏ္ဍာ ကို လုယူ ပြီ။ ဘုရင် တို့ကို သူရဲ ကဲ့သို့ နှိမ့်ချ ပြီ။
14 la mia mano ha trovato, come un nido, le ricchezze dei popoli; e come uno raccoglie delle uova abbandonate, così ho io raccolta tutta la terra; e nessuno ha mosso l’ala o aperto il becco o mandato un grido”.
၁၄ငါ့ လက် သည် ငှက်သိုက် ကို တွေ့သကဲ့သို့ ၊ လူ တို့၏ဥစ္စာ ပစ္စည်းကို တွေ့ ပြီ။ စွန့်ပစ် သောငှက်ဥ တို့ကို သိမ်းယူ သကဲ့သို့ ၊ မြေကြီး တန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှအတောင် ကိုမ လှုပ် ၊ နှုတ် သီးကိုမဖွင့် ၊ မမြည် မတွန်ဟုဆို သည် ဖြစ်၍၊
15 La scure si gloria essa contro colui che la maneggia? la sega si magnifica essa contro colui che la mena? Come se la verga facesse muovere colui che l’alza, come se il bastone alzasse colui che non ne è di legno!
၁၅ကြိမ်လုံး သည် ကိုင် သောသူကိုလှုပ် သကဲ့သို့ ၎င်း၊ တောင်ဝေး သည် မိမိသခင်ကိုချီ ကြွသကဲ့သို့ ၎င်း၊ ပုဆိန် သည် ခုတ် သောသူကို စော်ကား ရမည်လော။ လွှ သည် တိုက် သောသူကို ရန်ပြု၍ ထောင်လွှား ရမည်လော။
16 Perciò il Signore, l’Eterno degli eserciti, manderà la consunzione tra i suoi più robusti; e sotto la sua gloria accenderà un fuoco, come il fuoco d’un incendio.
၁၆ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။
17 La luce d’Israele diventerà un fuoco, e il suo Santo una fiamma, che arderà e divorerà i suoi rovi ed i suoi pruni in un sol giorno.
၁၇ဣသရေလ အမျိုး၏အလင်း သည် မီး ဖြစ် တော်မူ မည်။ သန့်ရှင်း သော ဘုရားသည် မီးလျှံ ဖြစ်တော်မူမည်။ တနေ့ ခြင်းတွင် ၊ ထိုမင်း ၏ ဆူး ပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်း စေတော်မူမည်။
18 E la gloria della sua foresta e della sua ferace campagna egli la consumerà, anima e corpo; sarà come il deperimento d’un uomo che langue.
၁၈တော ၏ဘုန်း ကို၎င်း၊ အသီးအနှံထွက်သောလယ် ၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ် ခန္ဓာနံ ဝိညာဉ်နှင့်တကွ ကုန် စေတော်မူသဖြင့်၊ ထိုမင်းသည် နာ သောသူကဲ့သို့ အားလျော့ လိမ့်မည်။
19 Il resto degli alberi della sua foresta sarà così minimo che un bambino potrebbe farne il conto.
၁၉ကြွင်း သော တောပင် တို့ကို သူငယ် သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ် မျှသာ ဖြစ် လိမ့်မည်။
20 In quel giorno, il residuo d’Israele e gli scampati della casa di Giacobbe cesseranno d’appoggiarsi su colui che li colpiva, e s’appoggeranno con sincerità sull’Eterno, sul Santo d’Israele.
၂၀ထိုအခါမှစ၍၊ ဘေးလွတ် လျက် ကြွင်း သော ဣသရေလ အမျိုးနှင့် ယာကုပ် အမျိုးသား တို့သည်၊ မိမိ တို့ ကို ညှဉ်းဆဲ သောသူ၌ နောက် တဖန်မ ကိုးစား ဘဲ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစား ကြလိမ့်မည်။
21 Un residuo, il residuo di Giacobbe, tornerà all’Iddio potente.
၂၁ကြွင်း သောသူတည်းဟူသော၊ ယာကုပ် အမျိုး၌ ကြွင်း သောသူတို့သည် တန်ခိုးကြီး တော်မူသောဘုရား သခင့်ထံသို့ ပြန် လာကြလိမ့်မည်။
22 Poiché, quand’anche il tuo popolo, o Israele, fosse come la rena del mare, un residuo soltanto ne tornerà; uno sterminio è decretato, che farà traboccare la giustizia.
၂၂အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
23 Poiché lo sterminio, che ha decretato il Signore, l’Eterno degli eserciti, lo effettuerà in mezzo a tutta la terra.
၂၃ကောင်းကင်ဗိုလ်ခြေ ရှင် ထာဝရဘုရား သည် မြေ တပြင်လုံး အလယ် ၌ စီရင် ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြု တော်မူလိမ့်မည်။
24 Così dunque dice il Signore, l’Eterno degli eserciti: O popolo mio, che abiti in Sion, non temere l’Assiro, benché ti batta di verga e alzi su te il bastone, come fece l’Egitto!
၂၄ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် မြို့၌နေ သောငါ ၏လူမျိုး ၊ အာရှုရိ မင်းကြောင့် မ ကြောက် နှင့်။ သူ၏ ကြိမ်လုံး နှင့် သင့် ကိုရိုက် မည်။ အဲဂုတ္တု မင်း ပြု သည်နည်းတူ သူ ၏လှံတံ ကို သင် ၏အပေါ် မှာမိုး လိမ့်မည်။
25 Ancora un breve, brevissimo tempo, e la mia indignazione sarà finita, e l’ira mia si volgerà alla loro distruzione.
၂၅သို့သော်လည်း၊ ခဏ ကြာပြီးမှ သူ တို့သည်ပျက်စီး ခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက် သည်ငြိမ်း ၍၊ ငါ့ စိတ်လည်းပြေလိမ့်မည်။
26 L’Eterno degli eserciti leverà contro di lui la frustra, come quando colpì Madian, alla roccia d’Oreb; e come alzò il suo bastone sul mare, così l’alzerà ancora, come in Egitto.
၂၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ဩရဘ ကျောက် နား မှာ မိဒျန် အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့ ၎င်း၊ ပင်လယ် ကိုလှံတံ တော်နှင့် မိုး သကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊ အဲဂုတ္ထု လက်ထက်၌ကဲ့သို့ တဖန် လှံတံ တော်ကို ချီ တော်မူမည်။
27 E, in quel giorno, il suo carico ti cadrà dalle spalle, e il suo giogo di sul collo; il giogo sarò scosso dalla tua forza rigogliosa.
၂၇ထို ကာလ ၌ သူ ၏ဝန် ကို သင် ၏ပခုံး ပေါ် က ၎င်း၊ သူ ၏ထမ်းဘိုး ကိုသင် ၏လည်ပင်း ပေါ် က ၎င်း ချ ရ၏။ ဆူဝ ခြင်းကျေးဇူးကြောင့် ထမ်းဘိုး ပျက်စီး ရ၏။
28 L’Assiro marcia contro Aiath, attraversa Migron, depone i suoi bagagli a Micmash.
၂၈အာရပ် မြို့သို့ ရောက် လေပြီ။ မိဂရုန် မြို့တိုင်အောင် လွန် သွားပြီ။ မိတ်မတ် မြို့၌ လှည်း များကို ချ ထားပြီ။
29 Valicano il passo, passano la notte a Gheba, Rama trema, Ghibea di Saul è in fuga.
၂၉တောင်ကြားကို လွန် ကြပြီ။ ဂေဗ မြို့၌ စားခန်း ချ ကြပြီ။ ရာမ မြို့သည် ကြောက်လန့် လျက်ရှိ၏။ ရှောလု နေရာဂိဗာ မြို့သည် ပြေး ၏။
30 Grida forte a tutta voce, o figlia di Gallim! Tendi l’orecchio, o Laish! Povera Anathoth!
၃၀အိုဂလ္လိမ် မြို့သမီး ၊ ကြွေးကြော် လော့။ အိုလဲရှ မြို့၊ နားထောင် လော့။ အာနသုတ် မြို့သည် အမင်္ဂလာ ရှိ၏။
31 Madmenah è in fuga precipitosa, gli abitanti di Ghebim cercano un rifugio.
၃၁မာဒမေန မြို့သည် ပြောင်း သွားပြီ။ ဂေဗိပ် မြို့သား တို့သည် လွတ်အောင်ပြေး ကြ၏။
32 Oggi stesso sosterà a Nob, agitando il pugno contro il monte della figlia di Sion, contro la collina di Gerusalemme.
၃၂နောဘ မြို့၌ တရက်နေပြီးမှ၊ ဇိအုန် သတို့သမီး ၏ တောင် တည်းဟူသောယေရှုရှလင် တောင် ကိုရွယ်၍၊ မိမိ လက် ကို လှုပ် လိမ့်မည်။
33 Ecco, il Signore, l’Eterno degli Eserciti, stronca i rami in modo tremendo; i più alti sono tagliati, i più superbi sono atterrati.
၃၃ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား သည် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် သစ်ပင်အထွဋ်ကို ပယ်ရှင်း တော်မူမည်။ အရပ် မြင့် သော အခက် တို့ကို ခုတ်လှဲ ၍ ၊ ကြီးမား သော အခက်တို့ကို နှိမ့်ချ တော်မူမည်။
34 Egli abbatte col ferro il folto della foresta, e il Libano cade sotto i colpi del Potente.
၃၄တော အုပ်ကို ပုဆိန် နှင့် ခုတ် ပယ်တော်မူ၍ ၊ လေဗနုန် တောသည် တန်ခိုး ကြီးသောသူ ၏လက်အားဖြင့်လဲ လျက်နေလိမ့်သတည်း။