< Genesi 7 >

1 E l’Eterno disse a Noè: “Entra nell’arca tu con tutta la tua famiglia, poiché t’ho veduto giusto nel mio cospetto, in questa generazione.
ထိုနောက် ၊ ထာဝရဘုရား သခင်သည် နောဧ ကို တဖန် မိန့် တော်မူပြန်သည်ကား၊ ဤ ကာလ အမျိုးတွင် သင် သည် ငါ့ ရှေ့ ၌ ဖြောင့်မတ် ကြောင်းကို ငါသိမြင် သည် ဖြစ်၍၊ သင် ၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ကြလော့။
2 D’ogni specie di animali puri prendine sette paia, maschio e femmina; e degli animali impuri un paio, maschio e femmina;
မြေကြီး ပေါ် မှာ တိရစ္ဆာန်အမျိုး မပျက်ဆက်နွယ်စေခြင်းငှါ ၊ စင်ကြယ် သော သား မျိုး၊ တမျိုးတမျိုးတွင် အထီး အမ ခုနစ် စုံစီ၊ မ စင်ကြယ် သော သား မျိုး၊ တမျိုး တမျိုးတွင်လည်း အထီး အမ နှစ် စုံစီ၊
3 e parimente degli uccelli dei cieli prendine sette paia, maschio e femmina, per conservarne in vita la razza sulla faccia di tutta la terra;
မိုဃ်းကောင်းကင် ငှက် ၊ တမျိုးမျိုးတွင်လည်း အထီး အမ ခုနစ် စုံစီ၊ အသီးသီး တို့ကို သိမ်းယူ ရမည်။
4 poiché di qui a sette giorni farò piovere sulla terra per quaranta giorni e quaranta notti, e sterminerò di sulla faccia della terra tutti gli esseri viventi che ho fatto”.
အကြောင်းမူကား ၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက် လေးဆယ် ပတ်လုံးမြေကြီး ပေါ် သို့ မိုဃ်း ရွာ စေမည်။ ငါဖန်ဆင်း သော သတ္တဝါ အပေါင်း တို့ကို၊ မြေကြီး မျက်နှာ ပေါ် မှ ငါပယ်ရှင်း မည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
5 E Noè fece tutto quello che l’Eterno gli avea comandato.
မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။
6 Noè era in età di seicento anni, quando il diluvio delle acque inondò la terra.
မြေကြီး ကို ရေ လွှမ်းမိုး သောအခါ နောဧ သည် အသက် ခြောက် ရာ ရှိ သတည်း။
7 E Noè, coi suoi figliuoli, con la sua moglie e con le mogli de’ suoi figliuoli, entrò nell’arca per scampare dalle acque del diluvio.
ရေ လွှမ်းမိုး ခြင်းဘေးကြောင့် ၊ နောဧ သည် မိမိ သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲသို့ ဝင် ၍
8 Degli animali puri e degli animali impuri, degli uccelli e di tutto quello che striscia sulla terra,
ဘုရား သခင်မှာ ထားတော်မူသည့်အတိုင်း စင်ကြယ် သောသား ၊ မ စင်ကြယ် သောသား ၊ ငှက် များနှင့် မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်များအထဲ က၊
9 vennero delle coppie, maschio e femmina, a Noè nell’arca, come Dio avea comandato a Noè.
အထီး အမ အစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြ၏။
10 E, al termine dei sette giorni, avvenne che le acque del diluvio furono sulla terra.
၁၀ခုနစ် ရက် စေ့သောအခါ ၊ လွှမ်းမိုး အပ်သော ရေ သည် မြေ ပေါ် ၌ ပေါ် လာ၏။
11 L’anno seicentesimo della vita di Noè, il secondo mese, il diciassettesimo giorno del mese, in quel giorno, tutte le fonti del grande abisso scoppiarono e le cateratte del cielo s’aprirono.
၁၁နောဧ အသက် ခြောက် ရာ စေ့သောနှစ် ၊ ဒုတိယ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် ၊ ကြီးစွာ သော နက်နဲ ရာ ရေ ပေါက်ရေတွင်းတို့၏ အဆီး အတားရှိသမျှ ကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်ဝ များကို ဖွင့် သဖြင့်၊
12 E piovve sulla terra per quaranta giorni e quaranta notti.
၁၂အရက်လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ မိုဃ်း ရွာ လေ၏။
13 In quello stesso giorno, Noè, Sem, Cam e Jafet, figliuoli di Noè, la moglie di Noè e le tre mogli dei suoi figliuoli con loro, entrarono nell’arca:
၁၃ထို နေ့ ရက်တွင် ၊ နောဧ နှင့် မိမိ မယား မှစ၍ ရှေမ ၊ ဟာမ ၊ ယာဖက် တည်းဟူသောနောဧ သား သုံးယောက်၊ ချွေးမ သုံး ယောက်တို့သည် သင်္ဘော ထဲ သို့ ဝင် ကြ၏။
14 essi, e tutti gli animali secondo le loro specie, e tutto il bestiame secondo le sue specie, e tutti i rettili che strisciano sulla terra, secondo le loro specie, e tutti gli uccelli secondo le loro specie, tutti gli uccelletti, tutto quel che porta ali.
၁၄သားရဲ မျိုး ၊ သားယဉ် မျိုး ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် မျိုး ၊ ပျံ တတ်သော ကြက် ငှက် မျိုး၊
15 D’ogni carne in cui è alito di vita venne una coppia a Noè nell’arca:
၁၅အသက် ရှင်သော တိရစ္ဆာန် အမျိုးအမျိုးအပေါင်း တို့အထဲက ၊ အထီးအမအစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြလေ၏။
16 venivano maschio e femmina d’ogni carne, come Dio avea comandato a Noè; poi l’Eterno lo chiuse dentro l’arca.
၁၆ထိုသို့နောဧကို ဘုရား သခင်မှာ ထားတော်မူသည်အတိုင်း ဝင် သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်း သော တိရစ္ဆာန် တို့အထဲက ၊ အထီး အမ စုံလျက်ဝင် ကြ၏။ ထာဝရဘုရား သည်လည်း နောဧ ကို အထဲမှာ ပိတ် ထားတော်မူ၏။
17 E il diluvio venne sopra la terra per quaranta giorni; e le acque crebbero e sollevarono l’arca, che fu levata in alto d’in su la terra.
၁၇ရေ လွှမ်းမိုးခြင်းသည် အရက် လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ အစဉ်အတိုင်းတိုးတက် ၍ သင်္ဘော ကို မြေ မှ ခွါ လျက် ဆောင်ယူ လေ၏။
18 E le acque ingrossarono e crebbero grandemente sopra la terra, e l’arca galleggiava sulla superficie delle acque.
၁၈တဖန် ရေ သည်အားကြီး၍ မြေကြီး ပေါ် မှာ အလွန် တိုးတက် သဖြင့် ၊ သင်္ဘော သည် ရေ မျက်နှာ ပေါ် ၌ မျော လျက်နေလေ၏။
19 E le acque ingrossarono oltremodo sopra la terra; e tutte le alte montagne che erano sotto tutti i cieli, furon coperte.
၁၉နောက်တဖန်ရေ သည် မြေကြီး ပေါ် မှာ အလွန် အားကြီး သဖြင့် မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော တောင် ကြီး အပေါင်း တို့သည် မြုပ် ကြ၏။
20 Le acque salirono quindici cubiti al disopra delle vette dei monti; e le montagne furon coperte.
၂၀ရေမြုပ်သောတောင် တို့ အထက် ၌ လွှမ်း တတ်သော ရေ သည် ဆယ့် ငါး တောင် ရှိသတည်း။
21 E perì ogni carne che si moveva sulla terra: uccelli, bestiame, animali salvatici, rettili d’ogni sorta striscianti sulla terra, e tutti gli uomini.
၂၁မြေ ပေါ် မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် မျိုးတည်းဟူသောငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်အပေါင်း တို့နှင့် လူ အပေါင်း တို့သည် သေ ကြကုန်၏။
22 Tutto quello ch’era sulla terra asciutta ed aveva alito di vita nelle sue narici, morì.
၂၂အသက် ရှု လျက် ကုန်း ပေါ် မှာ ရှိလေသမျှ တို့သည် သေ ကြကုန်၏။
23 E tutti gli esseri che erano sulla faccia della terra furono sterminati: dall’uomo fino al bestiame, ai rettili e agli uccelli del cielo; furono sterminati di sulla terra; non scampò che Noè con quelli ch’eran con lui nell’arca.
၂၃မြေ မျက်နှာ ပေါ် ၌ ရှိသောလူ ဖြစ်စေ ၊ သား ဖြစ်စေ တွား တတ်သော အရာဖြစ်စေ ၊ မိုဃ်း ကောင်းကင်ငှက် ဖြစ်စေ၊ အသက် ရှင်သော အရာရှိ ရှိသမျှတို့ကို မြေကြီး ပေါ်က ပယ်ရှင်း တော်မူ၍ ၊ ပျက်စီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧ မှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ၌ရှိသော သူတို့ သာ ကျန် ကြွင်းကြလေ၏။
24 E le acque rimasero alte sopra la terra per centocinquanta giorni.
၂၄ရေ သည်လည်း မြေကြီး ပေါ် မှာ ရက် ပေါင်း တရာ့ ငါး ဆယ်ပတ်လုံးအား ကြီးစွာတည်လေ၏။

< Genesi 7 >

The Great Flood
The Great Flood