< 2 Samuele 23 >
1 Queste sono le ultime parole di Davide: “Parola di Davide, figliuolo d’Isai, parola dell’uomo che fu elevato ad alta dignità, dell’unto dell’Iddio di Giacobbe, del dolce cantore d’Israele:
၁ဒါဝိဒ် မြွက်ဆို သော နောက်ဆုံး စကားတည်းဟူသော ၊ ယာကုပ် အမျိုး၏ဘုရား သခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီး သောသူ ၊ ဣသရေလ အမျိုး၌ချိုမြိန် စွာ သီချင်း ဆိုသော ယေရှဲ ၏သား ဒါဝိဒ် မြွက်ဆို သော ပရောဖက်စကားဟူမူကား၊
2 Lo spirito dell’Eterno ha parlato per mio mezzo, e la sua parola è stata sulle mie labbra.
၂ထာဝရဘုရား ၏ ဝိညာဉ် တော်သည်ငါ့ အားဖြင့် မိန့် တော်မူ၏။ နှုတ်ကပတ် တော်သည် ငါ့ လျှာ ၌ တည်၏။
3 L’Iddio d’Israele ha parlato, la Ròcca d’Israele m’ha detto: “Colui che regna sugli uomini con giustizia, colui che regna con timor di Dio,
၃ဣသရေလ အမျိုး၏ ဘုရား သခင်၊ ဣသရေလ အမျိုး၏ကျောက် သည် ငါ့ အားဖြင့် မိန့်မြွက် တော်မူသည် ကား၊ လူ တို့ကို အုပ်စိုး သောသူသည် တရား သဖြင့် စီရင်၍ ဘုရား သခင်ကို ကြောက်ရွံ့ လျက် အုပ်စိုး ရမည်။
4 è come la luce mattutina, quando il sole si leva in un mattino senza nuvole, e col suo splendore, dopo la pioggia, fa spuntare l’erbetta dalla terra”.
၄မိုဃ်း မ အုံ့၊ နေ ထွက် သော နံနက် အလင်း ကဲ့သို့ ၎င်း၊ မိုဃ်း ရွာပြီးမှ နေ ပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နု ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
5 Non è egli così della mia casa dinanzi a Dio? Poich’egli ha fermato con me un patto eterno, in ogni punto ben regolato e sicuro appieno. Non farà egli germogliare la mia completa salvezza e tutto ciò ch’io bramo?
၅ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။
6 Ma gli scellerati tutti quanti son come spine che si buttan via e non si piglian con la mano;
၆အဓမ္မ လူအပေါင်း တို့မူကား လက် နှင့် မ ကိုင်သာ၊ ပယ်ရှား ရသောဆူးပင် ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
7 chi le tocca s’arma d’un ferro o d’un’asta di lancia e si bruciano interamente là dove sono”.
၇ပယ်ရှား သောသူ သည် သံချပ် အင်္ကျီနှင့် လှံတံ ကို သုံးဆောင် သဖြင့်၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီး ရှို့ ရသတည်း။
8 Questi sono i nomi dei valorosi guerrieri che furono al servizio di Davide: Josheb-Basshebeth, il Tahkemonita, capo dei principali ufficiali. Egli impugnò la lancia contro ottocento uomini, che uccise in un solo scontro.
၈ဒါဝိဒ် ၏အမှုတော်ထမ်းသူရဲကြီး တို့၏ အမည် များဟူမူကား ၊ ဟပ္မေါနိ အမျိုးယာရှောဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံ ကိုကိုင်လျက် လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
9 Dopo di lui veniva Eleazar, figliuolo di Dodo, figliuolo di Akoi, uno dei tre valorosi guerrieri che erano con Davide, quando sfidarono i Filistei raunati per combattere, mentre gli Israeliti si ritiravano sulle alture.
၉သူ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ လိုက်သော သူရဲ သုံး ယောက်အဝင် ဖြစ်၏။ စစ်တိုက် ခြင်းငှါ စုဝေး သော ဖိလိတ္တိ လူတို့ကို ကြိမ်းပ ၍ ဣသရေလ လူ တို့သည် ဆုတ်သွား သောအခါ၊
10 Egli si levò, percosse i Filistei, finché la sua mano, spossata, rimase attaccata alla spada. E l’Eterno concesse in quel giorno una gran vittoria, e il popolo tornò a seguire Eleazar soltanto per spogliare gli uccisi.
၁၀ထိုသူ သည် လက် ညောင်း ၍ ထား ၌ မှီ လျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ထို နေ့၌ ကြီးစွာ သော အောင်မြင် ခြင်း ကို ပြု တော်မူ၍ ၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူ ခြင်းငှါ သာ ပြန်လာ ကြ၏။
11 Dopo di lui veniva Shamma, figliuolo di Aghé, lo Hararita. I Filistei s’erano radunati in massa; e in quel luogo v’era un campo pieno di lenticchie; e, come i popolo fuggiva dinanzi ai Filistei,
၁၁သူ့ နောက် မှာ ဟရရိ အမျိုးအာဂိ ၏သား ရှမ္မ သည်ရှိ၏။ ဖိလိတ္တိ လူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူ တို့သည် ပြေး ကြသောအခါ၊
12 Shamma si piantò in mezzo al campo, lo difese, e sconfisse i Filistei. E l’Eterno concesse una gran vittoria.
၁၂ထိုသူသည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းကို ပြု တော်မူ၏။
13 Tre dei trenta capi scesero, al tempo della mietitura, e vennero da Davide nella spelonca di Adullam, mentre una schiera di Filistei era accampata nella valle dei Refaim.
၁၃ဗိုလ် စုအဝင်သုံး ယောက်တို့သည် စပါး ရိတ်ရာ ကာလ၌ ၊ ဒါဝိဒ် ရှိရာ အဒုလံ ဥမှင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
14 Davide era allora nella fortezza, e c’era un posto di Filistei a Bethlehem.
၁၄ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ တပ်ချ ကြ၏။
15 Davide ebbe un desiderio, e disse: “Oh se qualcuno mi desse da bere dell’acqua del pozzo ch’è vicino alla porta di Bethlehem!”
၁၅ဒါဝိဒ် ကလည်း ၊ တစုံတယောက်သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ် နှင့် ဆို သော်၊
16 E i tre prodi s’aprirono un varco attraverso al campo filisteo, attinsero dell’acqua dal pozzo di Bethlehem, vicino alla porta; e presala seco, la presentarono a Davide; il qual però non ne volle bere, ma la sparse davanti all’Eterno,
၁၆ထိုသူရဲ သုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကို ဖျက် ၍ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့ကြ၏။ သို့သော်လည်း ၊ ဒါဝိဒ်သည်မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌သွန်း လျက်၊
17 dicendo: “Lungi da me, o Eterno, ch’io faccia tal cosa! Beverei io il sangue di questi uomini, che sono andati là a rischio della loro vita?” E non la volle bere. Questo fecero quei tre prodi.
၁၇အိုထာဝရဘုရား ၊ ဤ ရေကို သောက်သောအမှု သည် အကျွန်ုပ် နှင့် ဝေး ပါစေသော။ ဤရေသည် ကိုယ် အသက် ကိုမနှမြောဘဲသွား သောသူ တို့ ၏အသွေး ဖြစ်ပါသည် မဟုတ်ပါလော ဟု လျှောက် ၍ မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သောအမှုတို့ကိုပြု ကြ၏။
18 Abishai, fratello di Joab, figliuolo di Tseruia, fu il capo di altri tre. Egli impugnò la lancia contro trecento uomini, e li uccise; e s’acquistò fama fra i tre.
၁၈ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။
19 Fu il più illustre dei tre, e perciò fu fatto loro capo; nondimeno non giunse ad eguagliare i primi tre.
၁၉သူရဲသုံး ယောက်တွင် အမြတ်ဆုံး ဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကိုမ မှီ။
20 Poi veniva Benaia da Kabtseel, figliuolo di Jehoiada, figliuolo di Ish-hai, celebre per le sue prodezze. Egli uccise i due grandi eroi di Moab. Discese anche in mezzo a una cisterna, dove uccise un leone, un giorno di neve.
၂၀အထူးသဖြင့် ပြု ဘူးသောကပ်ဇေလ မြို့သားသူရဲ ယောယဒ ၏ သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
21 E uccise pure un Egiziano, d’aspetto formidabile, e che teneva una lancia in mano; ma Benaia gli scese contro con un bastone, strappò di mano all’Egiziano la lancia, e se ne servì per ucciderlo.
၂၁ထူးခြား သောအဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည်လှံ ကို ကိုင် သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တု လူလက် မှ လှံ ကိုလုယူ ပြီးလျှင် ၊ ထိုလှံ နှင့် သူ့ ကိုသတ် ၏။
22 Questo fece Benaia, figliuolo di Jehoiada; e s’acquistò fama fra i tre prodi.
၂၂ထိုသို့ သောအမှုတို့ကို ယောယဒ သား ဗေနာယ ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကို ရ၏။
23 Fu il più illustre dei trenta; nondimeno non giunse ad eguagliare i primi tre. E Davide lo ammise nel suo consiglio.
၂၃ဗိုလ်များထက် သာ၍မြတ် သော်လည်း ၊ ပဌမ သူရဲသုံး ယောက်တို့ကို မ မှီ။ ဒါဝိဒ် သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏။
24 Poi v’erano: Asael, fratello di Joab, uno dei trenta; Elkanan, figliuolo di Dodo, da Bethlehem;
၂၄ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ်စုအဝင် ဖြစ်၏။ ထိုအတူဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
25 Shamma da Harod; Elika da Harod;
၂၅ဟရောဒိ အမျိုးရှမ္မ ၊ ဟရောဒိ အမျိုးဧလိက၊
26 Helets da Pelet; Ira, figliuolo di Ikkesh, da Tekoa;
၂၆ဖာလတိ အမျိုးဟေလက် ၊ တေကော အမျိုး ဣကေရှ ၏သား ဣရ၊
27 Abiezer da Anathoth; Mebunnai da Husha;
၂၇အနေသောသိ အမျိုးအဗျေဇာ ၊ ဟုရှသိ အမျိုး မေဗုန္နဲ ၊
28 Tsalmon da Akoa; Maharai da Netofa;
၂၈အဟောဟိ အမျိုးဇာလမုန် ၊ နေတောဖာသိ အမျိုး မဟာရဲ ၊
29 Heleb, figliuolo di Baana, da Netofa; Ittai, figliuolo di Ribai, da Ghibea, de’ figliuoli di Beniamino;
၂၉နေတာဖာသိ အမျိုးဗာနာ သား ဟေလက် ၊ ဗင်္ယာမိန် အမျိုး ဂိဗာ မြို့နေ၊ ရိဘဲ ၏ သား အိတ္တဲ၊
30 Benaia da Pirathon; Hiddai da Nahale-Gaash;
၃၀ပိရသောနိ အမျိုးဗေနာယ ၊ ဂါရှ ချိုင့် သားဟိဒ္ဒဲ၊
31 Abi-Albon d’Arbath; Azmavet da Barhum;
၃၁အာဗသိ အမျိုး အဗျာလဗုန် ၊ ဗာဟုမိ အမျိုး အာဇမာဝက်၊
32 Eliahba da Shaalbon; Bene-Jashen; Gionathan;
၃၂ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏သား တို့တွင် ယောနသန်၊
33 Shamma da Harar; Ahiam, figliuolo di Sharar, da Arar;
၃၃ဟာရရိ အမျိုးရှမ္မ ၊ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ၊
34 Elifelet, figliuolo di Ahasbai, figliuolo di un Maacatheo; Eliam, figliuolo di Ahitofel, da Ghilo;
၃၄မာခါသိ အမျိုးအဟသဘဲ ၏သား ဧလိဖလက် ၊ ဂိလောနိ အမျိုး အဟိသောဖေလ ၏သား ဧလျံ၊
35 Hetsrai da Carmel; Paarai da Arab;
၃၅ကရမေလ အမျိုးဟေဇရဲ ၊ အာဘိ အမျိုးဖာရဲ၊
36 Igal, figliuolo di Nathan, da Tsoba; Bani da Gad;
၃၆ဇောဘ အမျိုးနာသန် ၏သား ဣဂါလ ၊ ဂဒ် အမျိုး ဗာနိ ၊
37 Tselek, l’Ammonita; Naharai da Beeroth, scudiero di Joab, figliuolo di Tseruia;
၃၇အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ ၏သား ယွာဘ ၏ လက်နက် ဆောင် လုလင် ဗေရောသိ အမျိုးနဟာရဲ၊
38 Ira da Jether; Gareb da Jether;
၃၈ဣသရိ အမျိုးဣရ ၊ ဣသရိ အမျိုးဂါရက်၊
39 Uria, lo Hitteo. In tutto trentasette.
၃၉ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။