< 2 Re 9 >
1 Allora il profeta Eliseo chiamò uno de’ discepoli dei profeti, e gli disse: “Cingiti i fianchi, prendi teco quest’ampolla d’olio, e va’ a Ramoth di Galaad.
၁ထိုအခါ ပရောဖက် ဧလိရှဲ သည် ပရောဖက် အမျိုးသား တယောက် ကို ခေါ် ၍ ၊ သင် ၏ခါး ကို စည်း လော့။ ဤ ဆီ ဘူး ကိုယူ ၍ ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား လော့
2 Quando vi sarai arrivato, cerca di vedere Jehu, figliuolo di Jehoshafat, figliuolo di Nimsci; entra, fallo alzare di mezzo ai suoi fratelli, e menalo in una camera appartata.
၂ရောက် သောအခါ ၊ နိမ်ရှိ သား ယောရှဖတ် ၏သား ယေဟု ကို ရှာ ၍ သူ့ထံသို့ဝင် လျက် ၊ သူ့ ကိုသူ ၏အပေါင်း အဘော်စုထဲ က ထွက် စေ၍ ၊ အတွင်းအခန်း ထဲသို့ ခေါ် ပြီးလျှင်၊ “
3 Poi prendi l’ampolla d’olio, versagliela sul capo, e digli: Così dice l’Eterno: Io ti ungo re d’Israele. Poi apri la porta, e fuggi senza indugiare”.
၃ဤ ဆီ ဘူး ကိုကိုင် ၍ သူ ၏ခေါင်း ပေါ် ၌ ဆီကို လောင်း လျက် ၊ ထာဝရဘုရား က၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား ၍ ဘိသိက် ပေးသည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါး ကိုဖွင့် ၍ မ ဆိုင်း မလင့် ဘဲ ပြေး လော့ဟု မှာထား လေ၏
4 Così quel giovine, il servo del profeta, partì per Ramoth di Galaad.
၄ထိုပရောဖက် အမျိုးသား လုလင် သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား ၏
5 E, come vi fu giunto, ecco che i capitani dell’esercito stavan seduti assieme; e disse: “Capitano, ho da dirti una parola”. Jehu chiese: “A chi di tutti noi?” Quegli rispose: “A te, capitano”.
၅ရောက် သောအခါ ၊ ဗိုလ် မင်း တို့သည်အတူ ထိုင် လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟု က၊ ငါ တို့အပေါင်း တွင် အဘယ်သူ အား ပြောစရာ ရှိသနည်းဟုမေး သော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏
6 Jehu si alzò, ed entrò in casa; e il giovane gli versò l’olio sul capo, dicendogli: “Così dice l’Eterno, l’Iddio d’Israele: Io ti ungo re del popolo dell’Eterno, re d’Israele.
၆ထိုအခါ ယေဟုသည် ထ ၍ အိမ် ထဲသို့ ဝင် သဖြင့် ၊ ပရောဖက်သည် သူ ၏ခေါင်း ပေါ် ၌ ဆီ ကိုလောင်း လျက်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါသည် သင့်ကို ထာဝရဘုရား ၏လူ ဣသရေလ အမျိုး၏ ရှင် ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက် ပေး၏
7 E tu colpirai la casa di Achab, tuo signore, ed io farò vendetta del sangue de’ profeti miei servi, e del sangue di tutti i servi dell’Eterno, sopra Izebel;
၇ငါ့ ကျွန် ပရောဖက် တို့ကိုသတ် သောအပြစ် ၊ ထာဝရဘုရား ၏ ပရောဖက်အပေါင်း ကိုသတ် သော အပြစ် အလျောက် ၊ ယေဇဗေလ ၌ ငါဒဏ် ပေးမည် အကြောင်း၊ သင်သည် သင့် သခင် အာဟပ် အမျိုး ကို လုပ်ကြံ ရမည်
8 e tutta la casa di Achab perirà, e io sterminerò dalla casa di Achab fino all’ultimo uomo, tanto chi è schiavo quanto chi è libero in Israele.
၈အာဟပ် အမျိုးသား ရှိသမျှ တို့ကို ပျက်စီး စေခြင်းငှါ ၊ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ ၊ အာဟပ် အမျိုးသားယောက်ျား များကို ငါပယ်ဖြတ် မည်
9 E ridurrò la casa di Achab come la casa di Geroboamo, figliuolo di Nebat, e come la casa di Baasa, figliuolo di Ahija.
၉အာဟပ် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး ကဲ့သို့ ၎င်း ၊ အဟိယ ၏သား ဗာရှာ အမျိုး ကဲ့သို့ ၎င်း ဖြစ် စေမည်
10 E i cani divoreranno Izebel nel campo d’Izreel, e non vi sarà chi le dia sepoltura”. Poi il giovine aprì la porta, e fuggì.
၁၀ယေဇဗေလ ကို သင်္ဂြိုလ် သောသူ မရှိ။ ယေဇရေလ မြေကွက် ၌ ၊ ခွေး တို့သည်သူ့ကိုစား ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှတံခါး ကိုဖွင့် ၍ ပြေး ၏
11 Quando Jehu uscì per raggiungere i servi del suo signore, gli dissero: “Va tutto bene? Perché quel pazzo è egli venuto da te?” Egli rispose loro: “Voi conoscete l’uomo e i suoi discorsi!”
၁၁ထိုအခါ ယေဟု သည် မိမိ သခင် ၏ ကျွန် တို့ရှိရာသို့ ထွက် ၍ ၊ တယောက်က၊ ရှိသမျှကောင်း သလော။ ထို” အရူး သည် အဘယ် ကြောင့်လာ သနည်းဟုမေး လျှင်၊ ယေဟုက၊ သင် တို့သည် ထိုသူ ကို၎င်း၊ သူ ပြော သော စကားကို၎င်း သိ ကြ၏ဟုဆို သော်၊ “
12 Ma quelli dissero: “Non e vero! Orsù, diccelo!” Jehu rispose: “Ei m’ha parlato così e così, e m’ha detto: Così dice l’Eterno: Io t’ungo re d’Israele”.
၁၂သူတို့က ငါတို့မသိ။ ပြော ပါလော့ဟု ဆို ပြန်သော် ၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော ၏။ ထာဝရဘုရား က၊ ငါသည်သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊”
13 Allora ognun d’essi s’affrettò a togliersi il proprio mantello, e a stenderlo sotto Jehu su per i nudi gradini; poi suonarono la tromba, e dissero: “Jehu è re!”
၁၃သူတို့သည် အလျင် အမြန်ထသဖြင့် ၊ အသီးအသီး မိမိ တို့ ဝတ်လုံ ကိုယူ ၍ လှေကား ထိပ် ပေါ် ယေဟု အောက် မှာခင်း လျက် ၊ ယေဟု သည် ရှင် ဘုရင်ဖြစ်တော်မူ၏ဟု တံပိုး မှုတ် ၍ ဟစ်ကြော် ကြ၏
14 E Jehu, figliuolo di Jehoshafat, figliuolo di Nimsci, fece una congiura contro Joram. Or Joram, con tutto Israele, stava difendendo Ramoth di Galaad contro Hazael, re di Siria;
၁၄ထိုသို့ နိမ်ရှိ သား ယောရှဖတ် ၏ သား ယေဟု သည် ယောရံ မင်း တဘက် သင်းဖွဲ့ လေ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ ကြောင့်၊ ယောရံ မင်းနှင့် ဣသရေလ လူ အပေါင်း တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏
15 ma il re Joram era tornato a Izreel per farsi curare delle ferite che avea ricevuto dai Siri, combattendo contro Hazael, re di Siria. E Jehu disse: “Se così vi piace, nessuno esca e fugga dalla città per andare a portar la nuova a Izreel”.
၁၅သို့ရာတွင် ယောရံ မင်းသည် ရှုရိ ရှင်ဘုရင် ဟာဇေလ ကို စစ်တိုက် သောအခါ ၊ ရှုရိ လူထိခိုက် သော အနာ ကို ပျောက် စေခြင်းငှါ ယေဇရေလ မြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟု ကလည်း ၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့ သွား ၍ သိတင်းကြား ပြောရသော သူတစုံ တယောက်ကိုမျှ မြို့ ထဲ က မ ထွက် မသွားစေနှင့်ဟုစီရင်၏
16 Poi Jehu montò sopra un carro e partì per Izreel, perché quivi si trovava Joram allettato; e Achazia, re di Giuda, v’era sceso per visitare Joram.
၁၆ထိုသို့ ယောရံ မင်းသည် ယေဇရေလ မြို့၌ ရှိနေ သောကြောင့် ၊ ယေဟု သည် ရထားကိုစီး ၍ ထို မြို့သို့ သွား၏။ ထိုအခါ ယုဒ ရှင်ဘုရင် အာခဇိ သည်လည်း၊ ယောရံ မင်းကို ကြည့်ရှု အံ့သောငှါ ရောက် လာပြီ
17 Or la sentinella che stava sulla torre di Izreel, scòrse la schiera numerosa di Jehu che veniva, e disse: “Vedo una schiera numerosa!” Joram disse: “Prendi un cavaliere, e mandalo incontro a coloro a dire: “Recate pace?”
၁၇ယေဇရေလ မြို့၌ မျှော်စင် ပေါ် မှာ စောင့် သောသူသည် ရပ် လျက် ၊ ယေဟု နှင့် လိုက် လာသောအလုံးအရင်း ကို မြင် သောအခါ ၊ လူအလုံးအရင်း ကို ငါ မြင် သည်ဟု ဆို လျှင် ၊ ဆီးကြို ခြင်းငှါ သွား၍ ငြိမ်သက် ခြင်း ရှိသလော ဟု မေး မည်အကြောင်း ၊ ယောရံ သည် မြင်းစီး သူရဲတယောက်ကို စေလွှတ် သည်အတိုင်း၊ “
18 Un uomo a cavallo andò dunque incontro a Jehu, e gli disse: “Così dice il re: Recate pace?” Jehu rispose: “Che importa a te della pace? Passa dietro a me”. E la sentinella fece il suo rapporto, dicendo: “Il messo è giunto fino a loro, ma non torna indietro”.
၁၈မြင်းစီး သူရဲသည် ဆီးကြို ခြင်းငှါ သွား ၍ ၊ ငြိမ်သက် ခြင်းရှိသလော ဟု ရှင်ဘုရင် မေး တော်မူကြောင်း ကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက်လော့ ဟုဆို ၏။ စောင့် သောသူကလည်း ၊ မြင်းစီး သူရဲသည်အလုံးအရင်းသို့ ရောက် ၍ ပြန် မ လာပါဟုဆို သော်၊ “
19 Allora Joram mandò un secondo cavaliere che, giunto da coloro, disse: “Così dice il re: Recate pace?” Jehu rispose: “Che importa a te della pace? Passa dietro a me”.
၁၉ရှင်ဘုရင်သည် အခြား သော မြင်းစီး သူရဲ တယောက်ကို စေလွှတ် ပြန်၍ ၊ သူသည်ရောက် သောအခါ ၊ ငြိမ်သက် ခြင်းရှိသလောဟု ရှင်ဘုရင် မေး တော်မူကြောင်းကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်း နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက် လော့ဟု ဆို ၏
20 E la sentinella fece il suo rapporto, dicendo: “Il messo è giunto fino a loro, e non torna indietro. A vederlo guidare, si direbbe che è Jehu, figliuolo di Nimsci; perché va a precipizio”.
၂၀စောင့် သောသူကလည်း ၊ မြင်းစီးသူရဲသည်ရောက် ၍ ပြန် မ လာပါ။ လာသောသူသည် နိမ်ရှိ သား ယေဟု နှင် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏
21 Allora Joram disse: “Allestite il carro!” E gli allestirono il carro. E Joram, re d’Israele, e Achazia, re di Giuda, uscirono ciascuno sul suo carro per andare incontro a Jehu, e lo trovarono nel campo di Naboth d’Izreel.
၂၁ယောရံ မင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆို သည်အတိုင်း ၊ မြင်းရထား ကို ပြင်ဆင် ကြ၏။ ဣသရေလ ရှင်ဘုရင် ယောရံ နှင့် ယုဒ ရှင်ဘုရင် အာခဇိ တို့ သည် ရထား တော်တခုစီ စီး လျက် ယေဟု ကို ဆီးကြို မည်ဟု ထွက်သွား ၍ ၊ ယေဇရေလ မြို့သားနာဗုတ် ၏ မြေကွက် တွင် တွေ့ ကြ၏
22 E come Joram ebbe veduto Jehu, gli disse: “Jehu rechi tu pace?” Jehu rispose: “Che pace vi può egli essere finché duran le fornicazioni di Izebel, tua madre, e le tante sue stregonerie?”
၂၂ယောရံ သည် ယေဟု ကိုမြင် လျှင် ၊ ယေဟု ငြိမ်သက် ခြင်းရှိသလော ဟု မေး သော် ၊ ယေဟုက၊ သင့် အမိ ယေဇဗေလ ပြု သော အဓမ္မမေထုန်အမှု၊ ပြုစား သော အမှုများ သော ကာလ အတွင်းတွင်၊ အဘယ်သို့ သော ငြိမ်သက် ခြင်းရှိ လိမ့်မည်နည်းဟု ပြန်ပြော သော်၊ “
23 Allora Joram voltò indietro, e si die’ alla fuga, dicendo ad Achazia: “Siam traditi, Achazia!”
၂၃ယောရံ က၊ အိုအာခဇိ ၊ ပုန်ကန် မှုပါတကားဟု ဆို လျက် လှည့် ၍ ပြေး ၏
24 Ma Jehu impugnò l’arco e colpì Joram fra le spalle, sì che la freccia gli uscì pel cuore, ed egli stramazzò nel suo carro.
၂၄ယေဟု သည်လည်း လေး ကို တင် ၍ ပစ် သဖြင့်၊ ယောရံ ကို ပခုံး ကြား မှာမှန်၏။ မြှား သည်လည်း နှလုံး ကို ထုတ် ချင်းဖောက်၍ ၊ ယောရံ သည် ရထား တော်ပေါ် မှာ လဲ နေ၏
25 Poi Jehu disse a Bidkar, suo aiutante: “Piglialo, e buttalo nel campo di Naboth d’Izreel; poiché, ricordalo, quando io e tu cavalcavamo assieme al séguito di Achab, suo padre, l’Eterno pronunciò contro di lui questa sentenza:
၂၅ယေဟုကလည်း၊ သူ့ ကိုဆွဲ ၍ ယေဇရေလ မြို့သားနာဗုတ် မြေကွက် ၌ ချ ပစ်လော့။ သင် နှင့် ငါ သည် သူ့ အဘ အာဟပ် နောက် သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤ အမှုကို ထာဝရဘုရား ဗျာဒိတ် ထား တော်မူသည်ကို မမှတ်မိ သလော
26 Com’è vero che ieri vidi il sangue di Naboth e il sangue dei suoi figliuoli, dice l’Eterno, io ti renderò il contraccambio qui in questo campo, dice l’Eterno! Piglialo dunque e buttalo in cotesto campo, secondo la parola dell’Eterno”.
၂၆အကယ် စင်စစ်နာဗုတ် အသွေး ၊ သူ့ သား တို့၏ အသွေး ကို မနေ့ က ငါကြည့် မြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤ မြေကွက် ၌ သင့် ကို အပြစ်နှင့် အလျောက်ငါဒဏ်ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ရှိသည် အတိုင်း ၊ ဤမြေကွက် ၌ အလောင်း ကိုချ ပစ်လော့ဟု မိမိရထားမှုးဗိဒကကို ဆို၏
27 Achazia, re di Giuda, veduto questo prese la fuga per la strada della casa del giardino; ma Jehu gli tenne dietro, e disse: “Tirate anche a lui sul carro!” E gli tirarono alla salita di Gur, ch’è vicino a Ibleam. E Achazia fuggì a Meghiddo, e quivi morì.
၂၇ထိုအမှုကို ယုဒ ရှင်ဘုရင် အာခဇိ သည်မြင် လျှင် ၊ ဥယျာဉ်စံနန်းလမ်း ဖြင့် ပြေး ၏။ ယေဟု ကလည်း ၊ သူ့ ကို ရထား ပေါ် မှာ ထိုးတော့ဟု လိုက် လျက် ဆို သည်အတိုင်း၊ ဣဗလံ မြို့နား ၊ ဂုရ မြို့သို့သွား သောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါ မြို့သို့ပြေး ၍ သေ ၏
28 I suoi servi lo trasportarono sopra un carro a Gerusalemme, e lo seppellirono nel suo sepolcro, coi suoi padri, nella città di Davide.
၂၈သူ ၏ကျွန် တို့သည် အလောင်း ကို ရထားပေါ်သို့ တင်ပြီးလျှင် ၊ ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဒါဝိဒ် မြို့ တွင် မိမိ သင်္ချိုင်း ၌ ဘိုးဘေး တို့နှင့်အတူ သင်္ဂြိုဟ် ကြ၏
29 Achazia avea cominciato a regnare sopra Giuda l’undecimo anno di Joram, figliuolo di Achab.
၂၉ထိုမင်းအာခဇိ သည် အာဟပ် သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင် ယုဒ နိုင်ငံ၌ နန်း ထိုင်၏
30 Poi Jehu giunse ad Izreel. Izebel, che lo seppe, si diede il belletto agli occhi, si acconciò il capo, e si mise alla finestra a guardare.
၃၀ယေဟု သည် ယေဇရေလ မြို့သို့ ရောက် သည်ကို ယေဇဗေလ သည် ကြား လျှင် ၊ မျက်ခမ်း တို့ကို ဆေး သုတ်၍ ဆံပင် ကိုတန်ဆာ ဆင်ပြီးမှ ၊ ပြတင်းပေါက် ဝ၌ ကြည့်ရှု လျက် နေ၏
31 E come Jehu entrava per la porta di città, ella gli disse: “Rechi pace, novello Zimri, uccisore del tuo signore?”
၃၁ယေဟု သည် တံခါးဝ သို့ ဝင် သောအခါ ယေဇဗေလက၊ မိမိ သခင် ကိုသတ် သောဇိမရိ သည် ချမ်းသာ ရသလော ဟု မေး လျှင်၊ “
32 Jehu alzò gli occhi verso la finestra, e disse: “Chi è per me? chi?” E due o tre eunuchi, affacciatisi, volsero lo sguardo verso di lui.
၃၂ယေဟု သည် မျှော် ကြည့်၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေသနည်း။ အဘယ်သူ ဟုမေး လေသော် ၊ မိန်းမစိုး နှစ် ယောက်သုံး ယောက်တို့သည် ပြတင်းပေါက် ထဲ က ကြည့်ရှု ကြ၏
33 Egli disse: “Buttatela giù!” Quelli la buttarono; e il suo sangue schizzò contro il muro e contro i cavalli. Jehu le passò sopra, calpestandola;
၃၃ယေဟုက၊ သူ့ ကို တွန်း ချလိုက်ဟုဆို သည် အတိုင်း တွန်းချ သဖြင့် ၊ သူ ၏အသွေး သည် နန်းတော်ထရံ အပေါ် ၌၎င်း ၊ မြင်း တို့အပေါ် ၌၎င်း စဉ် ၏။ ယေဟုသည် သူ့ ကိုယ်ကို နင်း လေ၏။ အထဲသို့ဝင်၍၊”
34 poi entrò, mangiò e bevve, quindi disse: “Andate a vedere di quella maledetta donna e sotterratela, giacché è figliuola di re”.
၃၄စား သောက် ပြီးမှ ၊ ထို ကျိန် အပ်သော မိန်းမသည် ရှင်ဘုရင် သမီး ဖြစ်သောကြောင့် ၊ သွား ကြည့် ၍ သင်္ဂြိုဟ် လော့ဟု ဆို သည်အတိုင်း၊ “
35 Andaron dunque per sotterrarla, ma non trovarono di lei altro che il cranio, i piedi e le palme delle mani.
၃၅သင်္ဂြိုဟ် ခြင်းငှါ သွား သောအခါ ၊ ဦးခေါင်းခွံ ၊ ခြေ ဖျား၊ လက်ဝါး တို့ကိုသာ တွေ့ သောကြောင့် ၊ တဖန် လာ၍ ကြားလျှောက်ကြ၏
36 E tornarono a riferir la cosa a Jehu, il quale disse: “Questa è la parola dell’Eterno pronunziata per mezzo del suo servo Elia il Tishbita, quando disse: “I cani divoreranno la carne di Izebel nel campo d’Izreel;
၃၆ယေဟုက၊ ယေဇရေလ မြေကွက် ၌ ခွေး တို့သည် ယေဇဗေလ ၏အသား ကို စား ကြလိမ့်မည်ဟု ထာဝရဘုရား သည် မိမိ ကျွန် တိရှဘိ မြို့သားဧလိယ အားဖြင့် မိန့် တော်မူသော စကား တော်သည် ဤသို့ပြည့်စုံပြီ
37 e il cadavere di Izebel sarà, nel campo d’Izreel, come letame sulla superficie del suolo, in guisa che non si potrà dire: Questa è Izebel”.
၃၇သို့ဖြစ်၍ ဤ သင်္ချိုင်းသည် ယေဇဗေလ သင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှမ ပြော နိုင်မည်အကြောင်း ၊ သူ၏ အလောင်း ကောင်သည် ယေဇရေလ မြေကွက် တွင် ၊ လယ်ပြင် ၌ နောက်ချေး ကဲ့သို့ ရှိ ရလိမ့်မည်ဟု ဆို၏