< 1 Re 13 >
1 Ed ecco che un uomo di Dio giunse da Giuda a Bethel per ordine dell’Eterno, mentre Geroboamo stava presso l’altare per ardere il profumo;
၁ထိုအခါ ယေရောဗောင် သည် နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ယဇ် ပလ္လင်နား မှာရပ် နေစဉ်တွင်၊ ဘုရားသခင် ၏ လူ တယောက်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ၊ ယုဒ ပြည်မှ ဗေသလ မြို့သို့ ရောက် လာ၍၊
2 e per ordine dell’Eterno si mise a gridare contro l’altare e a dire: “Altare, altare! così dice l’Eterno: Ecco, nascerà alla casa di Davide un figliuolo, per nome Giosia, il quale immolerà su di te i sacerdoti degli alti luoghi che su di te ardono profumi e s’arderanno su di te ossa umane”.
၂ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် လျက် ၊ အိုယဇ် ပလ္လင်၊ ယဇ် ပလ္လင်၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒါဝိဒ် မင်း မျိုး ၌ ယောရှိ အမည် ရှိသောသူကို ဘွားမြင် လိမ့်မည်။ သင့် အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ၍၊ မြင့် သောအရပ်၌ ယဇ်ပုရောဟိတ် လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ် မှာပူဇော် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏။
3 E quello stesso giorno diede un segno miracoloso dicendo: “Questo è il segno che l’Eterno ha parlato: ecco, l’altare si spaccherà, e la cenere che v’è sopra si spanderà”.
၃ထို နေ့ခြင်းတွင် ပုပ္ပ နိမိတ်ကိုလည်း ပေး ၍ ထာဝရဘုရား မိန့် တော်မူသော ပုပ္ပ နိမိတ်ဟူမူကား ၊ ယဇ် ပလ္လင် သည် ကွဲ ၍ ပလ္လင်ပေါ် မှာရှိသော ပြာ လည်း ယိုကျ လိမ့်မည်ဟု ဟော လေ၏။
4 Quando il re Geroboamo ebbe udita la parola che l’uomo di Dio avea gridata contro l’altare di Bethel, stese la mano dall’alto dell’altare, e disse: “Pigliatelo!” Ma la mano che Geroboamo avea stesa contro di lui si seccò, e non poté più ritirarla a sé.
၄ထိုသို့ ဘုရားသခင် ၏ လူ သည် ဗေသလ မြို့ ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် သော စကား ကို ယေရောဗောင်မင်းကြီး သည် ကြား လျှင် ၊ ယဇ် ပလ္လင်ပေါ် မှာရှိသော မိမိ လက် ကိုဆန့် ၍ ထိုသူ ကို ဘမ်းဆီး ကြဟုဆို လျက်၊ ဆန့် သော လက် သည် သွေ့ခြောက် ၍ နောက် တဖန် မ ရုပ်နိုင်။။
5 E l’altare si spaccò; e la cenere che v’era sopra si disperse, secondo il segno che l’uomo di Dio avea dato per ordine dell’Eterno.
၅ဘုရားသခင် ၏ လူ သည်ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ပေး သော ပုပ္ပ နိမိတ်နှင့်အညီ ယဇ် ပလ္လင် ကွဲ ၍ ၊ ပြာ သည်လည်း ပလ္လင် ပေါ်က ယိုကျ လေ၏။
6 Allora il re si rivolse all’uomo di Dio, e gli disse: “Deh, implora la grazia dell’Eterno, del tuo Dio, e prega per me affinché mi sia resa la mano”. E l’uomo di Dio implorò la grazia dell’Eterno, e il re riebbe la sua mano, che tornò com’era prima.
၆ရှင် ဘုရင်ကလည်း၊ ငါ့ လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ၊ ငါ့ အတွက် ပဌနာ ပြု ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် ပါလော့ဟုဘုရားသခင် ၏ လူ ကို ပြောဆို ၏။ ဘုရားသခင် ၏လူ သည် ထာဝရဘုရား ကို တောင်းပန် သဖြင့် ၊ ရှင်ဘုရင် လက် သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ် လေ၏။
7 E il re disse all’uomo di Dio: “Vieni meco a casa; ti ristorerai, e io ti farò un regalo”.
၇ရှင် ဘုရင်ကလည်း ၊ ငါ နှင့်အတူ လိုက် ၍ အားဖြည့် လော့။ လက်ဆောင် ပေး မည်ဟု ဘုရားသခင် ၏ လူ အား ဆို လျှင်၊
8 Ma l’uomo di Dio rispose al re: “Quand’anche tu mi dessi la metà della tua casa, io non entrerò da te, e non mangerò pane né berrò acqua in questo luogo;
၈ဘုရားသခင် ၏လူ က၊ နန်း တော်တဝက် ကိုပေး သော်လည်း သင် နှင့်အတူ ငါမ လိုက်။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
9 poiché questo è l’ordine che m’è stato dato dall’Eterno: Tu non vi mangerai pane né berrai acqua, e non tornerai per la strada che avrai fatta, andando”.
၉ထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ မုန့် ကို မ စား နှင့်။ ရေ ကို မ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား ပညတ် တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၏။
10 Così egli se ne andò per un’altra strada, e non tornò per quella che avea fatta, venendo a Bethel.
၁၀ထိုနောက် ဗေသလ မြို့သို့ လာ သော လမ်း ကို ရှောင် ၍ အခြား သောလမ်း ဖြင့် ပြန် သွား၏။
11 Or v’era un vecchio profeta che abitava a Bethel; e uno de’ suoi figliuoli venne a raccontargli tutte le cose che l’uomo di Dio avea fatte in quel giorno a Bethel, e le parole che avea dette al re. Il padre, udito ch’ebbe il racconto,
၁၁ထိုကာလ၌ ဗေသလ မြို့တွင် အသက် ကြီးသော ပရောဖက် တယောက် ရှိ ၏။ သူ ၏သား တို့သည်လာ ၍ ဘုရားသခင် ၏လူ သည် ထိုနေ့ ၌ ဗေသလ မြို့မှာ ပြု သော အမှု ရှိသမျှ နှင့် ရှင်ဘုရင် အား ပြော သော စကား များကို အဘ အား ပြန်ကြား လျှင်၊
12 disse ai suoi figliuoli: “Per qual via se n’è egli andato?” Poiché i suoi figliuoli avean veduto la via per la quale se n’era andato l’uomo di Dio venuto da Giuda.
၁၂ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ သည် အဘယ်လမ်း ဖြင့် ပြန်သွား သည်ကို မြင် ကြသောကြောင့် ၊ အဘ က ထိုသူသည် အဘယ် လမ်း ဖြင့်ပြန်သွား သနည်းဟုမေး ပြီးလျှင်၊
13 Ed egli disse ai suoi figliuoli: “Sellatemi l’asino”. Quelli gli sellarono l’asino; ed egli vi montò su,
၁၃မြည်း ကို ကုန်းနှီး တင်ကြလော့ဟု ဆို သည် အတိုင်း ၊ သား တို့သည် မြည်း ကိုကုန်းနှီး တင်၍ အဘသည် စီး သွားလျက်၊
14 andò dietro all’uomo di Dio, e lo trovò a sedere sotto un terebinto, e gli disse: “Sei tu l’uomo di Dio venuto da Giuda?” Quegli rispose: “Son io”.
၁၄ဘုရားသခင် ၏ လူ ကိုလိုက် လေ၏။ သပိတ် ပင် အောက် မှာထိုင် လျက် ရှိသည်ကိုတွေ့ လျှင် ၊ သင် သည် ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ မှန် သလောဟုမေး သော် ၊ ငါ မှန်သည်ဟု ပြန်ဆို ၏။
15 Allora il vecchio profeta gli disse: “Vieni meco a casa mia, e prendi un po’ di cibo”.
၁၅ပရောဖက်ကလည်း၊ ငါ နှင့်အတူ ငါ့အိမ် သို့ လိုက် ၍ မုန့် ကို စား ပါလော့ဟု ခေါ်ပင့်လျှင်၊
16 Ma quegli rispose: “Io non posso tornare indietro teco, né entrare da te; e non mangerò pane né berrò acqua teco in questo luogo;
၁၆ငါသည် သင် နှင့်အတူ မ လိုက် ရ၊ သင့်အိမ်သို့မဝင်ရ။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
17 poiché m’è stato detto, per ordine dell’Eterno: Tu non mangerai quivi pane, né berrai acqua, e non tornerai per la strada che avrai fatta, andando”.
၁၇ထာဝရဘုရား က၊ ထို အရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကိုမ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား မိန့် တော်မူကြောင်းကို ပြောဆို ၏။
18 L’altro gli disse: “Anch’io son profeta come sei tu; e un angelo mi ha parlato per ordine dell’Eterno, dicendo: Rimenalo teco in casa tua, affinché mangi del pane e beva dell’acqua”. Costui gli mentiva.
၁၈ပရောဖက်ကလည်း ၊ ငါ သည် သင် ကဲ့သို့ ပရောဖက် ဖြစ်၏။ သင်သည်မုန့် ကိုစား ၍ ရေ ကိုသောက် စေခြင်းငှါသင့် ကိုငါ့အိမ် သို့ ခေါ် ရမည်အကြောင်း၊ ကောင်းကင် တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် မှာ ထားပြီဟု မုသာ သုံး၍ ပြောဆို ၏။
19 Così, l’uomo di Dio tornò indietro con l’altro, e mangiò del pane e bevve dell’acqua in casa di lui.
၁၉ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန် လာ၍ ၊ သူ ၏အိမ် မှာ မုန့် ကိုစား ၏။ ရေ ကို လည်း သောက် ၏။
20 Or mentre sedevano a mensa, la parola dell’Eterno fu rivolta al profeta che avea fatto tornare indietro l’altro;
၂၀ထိုသူ နှစ်ပါးတို့သည် စားပွဲ နား မှာ ထိုင် စဉ်တွင် ၊ ခေါ် ခဲ့သော ပရောဖက် သို့ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရောက် ၍၊
21 ed egli gridò all’uomo di Dio ch’era venuto da Giuda: “Così parla l’Eterno: Giacché tu ti sei ribellato all’ordine dell’Eterno, e non hai osservato il comandamento che l’Eterno, l’Iddio tuo, t’avea dato,
၂၁ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏လူ အား ၊ သင်သည် ထာဝရဘုရား ၏နှုတ်တော် ထွက်ကို နား မထောင်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော ပညတ် တော်ကို မ စောင့်၊
22 e sei tornato indietro, e hai mangiato del pane e bevuto dell’acqua nel luogo del quale egli t’avea detto: Non vi mangiare del pane e non vi bere dell’acqua, il tuo cadavere non entrerà nel sepolcro de’ tuoi padri”.
၂၂ဤမည်သောအရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကို မ သောက် နှင့်ဟု ပညတ် တော်မူသော အရပ် သို့ ပြန် လာ၍ မုန့် နှင့် ရေ ကိုစား သောက် သောကြောင့် ၊ သင် ၏အလောင်း သည် ဘိုးဘေး တို့၏ သင်္ချိုင်း သို့ မ ရောက် ရဟု ထာဝရဘုရား မိန့် တော်မူကြောင်း ကို အော်ဟစ် ၍ ဆင့်ဆို ၏။
23 Quando l’uomo di Dio ebbe mangiato e bevuto, il vecchio profeta, che l’avea fatto tornare indietro, gli sellò l’asino.
၂၃မုန့် နှင့် ရေကို စား သောက် ပြီးမှ ၊ ထိုပရောဖက်သည် ပြန် လာသော ပရောဖက် အဘို့ မိမိမြည်း ကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
24 L’uomo di Dio se ne andò, e un leone lo incontrò per istrada, e l’uccise. Il suo cadavere restò disteso sulla strada; l’asino se ne stava presso di lui, e il leone pure presso al cadavere.
၂၄လမ်း မှာ ခြင်္သေ့ တွေ့ ၍ သတ် ၏။ အသေ ကောင်သည် လမ်း ၌ လဲ ၍ ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေ၏။
25 Quand’ecco passarono degli uomini che videro il cadavere disteso sulla strada e il leone che stava dappresso al cadavere, e vennero a riferire la cosa nella città dove abitava il vecchio profeta.
၂၅အသေ ကောင်သည် လမ်း ၌ လဲ ၍ မြည်းနှင့်ခြင်္သေ့ သည် အနား မှာ ရပ် နေသည်ကို ခရီး သွားသောသူတို့ သည် မြင် လျှင် ၊ အသက် ကြီးသော ပရောဖက် နေ သော မြို့ သို့ လာ ၍ သိတင်း ပြောကြ၏။
26 E quando il profeta che avea fatto tornare indietro l’uomo di Dio ebbe ciò udito, disse: “E’ l’uomo di Dio, ch’è stato ribelle all’ordine dell’Eterno; perciò l’Eterno l’ha dato in balìa d’un leone, che l’ha sbranato e ucciso, secondo la parola che l’Eterno gli avea detta”.
၂၆ခေါ် ခဲ့သော ပရောဖက် သည် ထိုသိတင်းကိုကြား လျှင် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မထောင်သော ဘုရားသခင် ၏ လူ ဖြစ်လိမ့်မည်။ ထာဝရဘုရား သည် ထိုသူ အား မိန့် တော်မူသော စကား အတိုင်း ၊ သူ့ ကိုခြင်္သေ့ ၌ အပ် တော်မူသဖြင့် ၊ ခြင်္သေ့သည် ကိုက် သတ် လေပြီတကား ဟု ဆို လျက်၊
27 Poi si rivolse ai suoi figliuoli, e disse loro: “Sellatemi l’asino”. E quelli glielo sellarono.
၂၇မြည်း ပေါ်မှာ ကုန်းနှီး ကို တင်ကြလော့ဟု သား တို့အား ဆို သည်အတိုင်း သူတို့သည် ကုန်းနှီး တင်ကြ၏။
28 E quegli andò, trovò il cadavere disteso sulla strada, e l’asino e il leone che stavano presso il cadavere; il leone non avea divorato il cadavere né sbranato l’asino.
၂၈ပရောဖက်သွား ၍ အသေ ကောင်သည် လမ်း ၌ လဲ လျက် ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေလျက် ရှိသည်ကိုတွေ့ ၏။ ခြင်္သေ့ သည် အသေ ကောင်ကိုမ စား ၊ မြည်း ကိုလည်း မ ကိုက်။
29 Il profeta prese il cadavere dell’uomo di Dio, lo pose sull’asino, e lo portò indietro; e il vecchio profeta rientrò in città per piangerlo, e per dargli sepoltura.
၂၉အသက် ကြီးသော ပရောဖက် သည် ဘုရားသခင် ၏လူ အလောင်း ကောင်ကို မြည်း ပေါ် သို့ ချီ ၍ တင် ပြီးလျှင် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ ၊ သင်္ဂြိုဟ် ခြင်းငှါ မိမိမြို့ သို့ ဆောင် သွား၏။
30 E pose il cadavere nel proprio sepolcro; ed egli e i suoi figliuoli lo piansero, dicendo:
၃၀အလောင်း ကောင်ကို မိမိ သင်္ချိုင်း တွင်း၌ ထား လျက် ၊ အို ငါ့ ညီ ဟူ၍ငိုကြွေး မြည်တမ်းခြင်းကို ပြု၏။
31 “Ahi fratel mio!” E quando l’ebbe seppellito, il vecchio profeta disse ai suoi figliuoli: “Quando sarò morto, seppellitemi nel sepolcro dov’è sepolto l’uomo di Dio; ponete le ossa mie accanto alle sue.
၃၁သင်္ဂြိုဟ် ပြီးမှ သား တို့ကိုခေါ်၍၊ ငါ သေ သောအခါ ဘုရားသခင် ၏ လူ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ကြလော့။ ငါ့ အရိုး တို့ကို သူ့ အရိုး တို့အနား မှာထား ကြလော့။
32 Poiché la parola da lui gridata per ordine dell’Eterno contro l’altare di Bethel e contro tutte le case degli alti luoghi che sono nelle città di Samaria, si verificherà certamente”.
၃၂ဗေသလ မြို့ယဇ် ပလ္လင်တစ်ဘက် ရှမာရိ မြို့ ရွာတွင် ၊ မြင့် သောအရပ်ပေါ်မှာ ဆောက်သော အိမ် များ တစ်ဘက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်အတိုင်း ကြွေးကြော် သော စကား သည် စင်စစ်ပြည့်စုံ လိမ့်မည်ဟု မှာ ထားလေ၏။
33 Dopo questo fatto, Geroboamo non si distolse dalla sua mala via; creò anzi di nuovo de’ sacerdoti degli alti luoghi, prendendoli qua e là di fra il popolo; chiunque voleva, era da lui consacrato, e diventava sacerdote degli alti luoghi.
၃၃ထိုနောက်မှ ယေရောဗောင် သည် မိမိ အဓမ္မ လမ်း ကို မ ရှောင်။ သာမညလူ တို့ကို မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် အရာ၌ ထပ်၍ ခန့်ထား ၏။ ယဇ်ပုရောဟိတ်လုပ်ချင် သောသူ ရှိသမျှကို ချီးမြှောက် သဖြင့် ၊ သူတို့သည် မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ် ကြ၏။
34 E quella fu, per la casa di Geroboamo, un’occasione di peccato, che attirò su lei la distruzione e lo sterminio di sulla faccia della terra.
၃၄ထိုသို့ ပြုသောကြောင့်ယေရောဗောင် အမျိုး ကို မြေကြီး ပြင် မှ သုတ်သင် ပယ်ရှင်းစေသော အပြစ် ရောက် သတည်း။