< Salmi 96 >
1 CANTATE al Signore un nuovo cantico; Cantate, o [abitanti di] tutta la terra, al Signore.
၁ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား သီချင်း ဆိုကြလော့။
2 Cantate al Signore, benedite il suo Nome; Predicate di giorno in giorno la sua salute.
၂ထာဝရဘုရား အား သီချင်း ဆို၍၊ နာမ တော်ကို ကောင်းကြီး ပေးကြလော့။ ကယ်တင် တော်မူခြင်း တရား ကို တ နေ့ထက်တနေ့ ညွှန်ကြား ကြလော့။
3 Raccontate fra le genti la sua gloria, E le sue maraviglie fra tutti i popoli.
၃ဘုန်း တော်ကို တပါးအမျိုးသား တို့၌ ၎င်း၊ အံ့ဘွယ် သော အမှုတော်တို့ကို ခပ်သိမ်း သော လူမျိုး တို့၌ ၎င်း ဘော်ပြ ကြလော့။
4 Perciocchè il Signore [è] grande, e degno di sovrana lode; Egli [è] tremendo sopra tutti gl'iddii.
၄ထာဝရဘုရား သည် ကြီးမြတ် ၍ အလွန် ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရား တကာ တို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
5 Perciocchè tutti gl'iddii de' popoli [sono] idoli; Ma il Signore ha fatti i cieli.
၅တပါး အမျိုးသားတို့၏ ဘုရား ရှိသမျှ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ ထာဝရဘုရား မူကား ၊ မိုဃ်းကောင်းကင် ကို ဖန်ဆင်း တော်မူ၏။
6 Maestà e magnificenza [sono] davanti a lui; Forza e gloria [sono] nel suo santuario.
၆ဘုန်း တန်ခိုးအာနုဘော် သည် ရှေ့ တော်၌ရှိ၏။ အစွမ်း သတ္တိနှင့် ဂုဏ် အသရေလည်း သန့်ရှင်း ရာ ဌာန တော်၌ ရှိ၏။
7 Date al Signore, o generazioni de' popoli, Date al Signore gloria e forza.
၇လူ အမျိုးမျိုးတို့၊ ထာဝရဘုရား သည် ဘုန်း တန်ခိုးအစွမ်း သတ္တိရှိတော်မူသည်ဟု ဝန်ခံ ကြလော့။ ရှိတော်မူသည်ဟု ဝန်ခံ ကြလော့။
8 Date al Signore la gloria [dovuta] al suo Nome; Portategli offerte, e venite ne' suoi cortili.
၈ထာဝရ ဘုရား၏ နာမ တော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ ကြလော့။ ပူဇော် သက္ကာကိုဆောင် ခဲ့ လျက် တန်တိုင်း တော်သို့ ဝင် ကြလော့။
9 Adorate il Signore nel magnifico santuario; Tremate, o [abitanti di] tutta la terra, per la sua presenza.
၉သန့်ရှင်း သော တန်ဆာ ကို ဆင်၍ ၊ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။ မြေကြီး သား အပေါင်း တို့၊ ရှေ့ တော်၌ ကြောက်ရွံ ခြင်းရှိကြလော့။
10 Dite fra le genti: Il Signore regna; Il mondo sarà pure stabilito, [e] non sarà [più] smosso; Egli giudicherà i popoli in dirittura.
၁၀ထာဝရဘုရား စိုးစံ တော်မူသည်ဟု တပါး အမျိုးသား တို့တွင် ဟောပြော ကြလော့။ လောကဓါတ် သည် မ လှုပ်ရှား နိုင်အောင် မြဲမြံ စွာ တည်လိမ့်မည်။ လူများ ကို ဖြောင့်မတ် စွာ တရားစီရင် တော်မူလိမ့်မည်။
11 Rallegrinsi i cieli, e gioisca la terra; Risuoni il mare, e quello ch'è in esso.
၁၁ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကိုပြုစေ။
12 Festeggi la campagna, e tutto quello ch'è in essa. Allora tutti gli alberi delle selve daranno voci d'allegrezza,
၁၂လယ်ပြင် နှင့် လယ်ပြင် ၌ ရှိသမျှ သည်လည်း ဝမ်းမြောက် စေ။ ထိုအခါ တော ၌ရှိသမျှ သော အပင် တို့ သည် ထာဝရဘုရား ရှေ့ တော်တွင် ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။
13 Nel cospetto del Signore; perciocchè egli viene, Egli viene per giudicar la terra; Egli giudicherà il mondo in giustizia, Ed i popoli nella sua verità.
၁၃အကြောင်း မူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း၊ လူများ ကို သစ္စာ တော်နှင့် ၎င်း စီရင် ဆုံးဖြတ်တော်မူလတံ့။