< Proverbi 14 >

1 Le donne savie edificano le lor case; Ma la stolta la sovverte con le sue mani.
ပညာရှိ သောမိန်းမ သည် မိမိ အိမ် ကို တည်ဆောက် တတ်၏။ မိုက် သောမိန်းမမူကား ၊ ကိုယ် လက် နှင့် ဖြိုဖျက် တတ်၏။
2 Chi cammina nella sua dirittura riverisce il Signore; Ma chi è stravolto nelle sue vie lo sprezza.
ဖြောင့် သောလမ်းသို့ လိုက် သောသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ကောက်သောလမ်းသို့ လိုက် သောသူမူကား ၊ မထီမဲ့မြင် ပြုတတ်၏။
3 Nella bocca dello stolto [è] la bacchetta dell'alterezza; Ma le labbra de' savi li guardano.
မိုက် သောသူ၏ နှုတ် ၌ မာန ကြိမ်လုံး ရှိ၏။ ပညာရှိ သောသူ၏ နှုတ်ခမ်း တို့သည် ကယ်တင် သောအမှုကို ပြုတတ်၏။
4 Dove non [son] buoi, il granaio [è] vuoto; Ma l'abbondanza della ricolta [è] per la forza del bue.
နွား ထီးမ ရှိသော တင်းကုပ် သည် စင်ကြယ် ၏။ သို့သော်လည်း ၊ နွား ခွန်အား ကိုသုံး၍ များ သောစီးပွား ကို ရတတ်၏။
5 Il testimonio verace non mente; Ma il falso testimonio sbocca bugie.
သစ္စာ ရှိသောသက်သေ သည်မုသာ မ သုံးတတ်။ သစ္စာ ပျက်သော သက်သေ မူကား ၊ မုသာ ကိုသုံး တတ်၏။
6 Lo schernitore cerca la sapienza, e non [la trova] punto; Ma la scienza agevolmente [si acquista] dall'[uomo] intendente.
မထီမဲ့မြင် ပြုသောသူသည် ပညာ ကိုရှာ ၍ မ တွေ့ရာ။ ဉာဏ် ရှိသောသူမူကား ၊ ပညာ အတတ်ကို ရ လွယ်၏။
7 Vattene via d'innanzi all'uomo stolto, E [d'innanzi a colui, nel quale] non avrai conosciute labbra di scienza.
မိုက် သောသူနှင့်တွေ့၍ သူ၏နှုတ် ၌ ပညာ အတတ်မ ရှိသည်ကို သိမြင် လျှင် ၊ ထိုသူ ကို ရှောင် သွား လော့။
8 La sapienza dell'uomo [è] di considerar la sua via; Ma la follia degli stolti [è] inganno.
ပညာ သတိရှိသောသူ ၏ပညာ ကား၊ ကိုယ် သွား ရသောလမ်း ကို သိ ခြင်းတည်း။ မိုက် သောသူ၏ မိုက် ခြင်း မူကား ၊ ပရိယာယ် တည်း။
9 Gli stolti si fanno beffe del [commetter] misfatto; Ma fra gli [uomini] diritti [è] la benevolenza.
မိုက် သောသူတို့သည် ဒုစရိုက် အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ တယောက် ကိုတယောက်ကျေးဇူး ပြုကြ၏။
10 Il cuore di ciascuno conosce l'amaritudine dell'anima sua; Ed altresì alcuno strano non è mescolato nella sua allegrezza.
၁၀စိတ် နှလုံးသည် မိမိ ဒုက္ခ ကို သိ ၏။ စိတ်နှလုံးရွှင်လန်း ခြင်း အကြောင်းကိုလည်း သူတပါး မ ဆိုင် တတ်။
11 La casa degli empi sarà distrutta; Ma il tabernacolo degli [uomini] diritti fiorirà.
၁၁မ တရားသောသူ၏အိမ် သည် ပြို လဲတတ်၏။ ဖြောင့်မတ် သောသူ ၏တဲ မူကား ၊ ပွင့်လန်း တတ်၏။
12 Vi è tal via che pare diritta all'uomo, Il fine della quale [son] le vie della morte.
၁၂လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။
13 Come di [troppo] ridere duole il cuore, Così la fine dell'allegrezza [è] dolore.
၁၃လူသည် ရယ် စဉ် အခါပင် ၊ ဝမ်းနည်း သောစိတ် သဘောရှိ၏။ ထို ရယ်မောရွှင်လန်း ခြင်းအဆုံး ၌လည်း ညှိုးငယ် ခြင်းရှိတတ်၏။
14 Chi è sviato di cuore sarà saziato delle sue vie; E più ch'esso [lo sarà] l'uomo da bene delle sue.
၁၄စိတ် နှလုံးဖေါက်ပြန် သောသူဖြစ်စေ ၊ သူ တော် ကောင်းဖြစ်စေ ၊ မိမိ အကျင့် တို့နှင့်ဝ လိမ့်မည်။
15 Lo scempio crede ogni cosa; Ma l'avveduto considera i suoi passi.
၁၅ဉာဏ် တိမ်သောသူသည် သူတပါး ပြော သမျှ ကို ယုံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ မိမိ သွား ရာ လမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။
16 Il savio teme, e si ritrae dal male; Ma lo stolto trascorre, e si tien sicuro.
၁၆ပညာရှိ သောသူသည် ကြောက် ၍ ဒုစရိုက် ကို ရှောင် တတ်၏။ မိုက် သောသူမူကား မာန ကြီး၍ ရဲရင့် တတ်၏။
17 Chi è pronto all'ira commette follia; E l'uomo malizioso è odiato.
၁၇စိတ်တို သောသူသည် မိုက် စွာသောအမှုကို ပြု တတ်၏။ မ ကောင်းသောအကြံကို ကြံသောသူ ကိုလည်း သူတပါးမုန်း လိမ့်မည်။
18 Gli scempi erederanno la stoltizia; Ma i prudenti coroneranno [il lor capo] di scienza.
၁၈ဉာဏ် တိမ်သောသူသည် မိုက် ခြင်းကို အမွေခံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ သိပ္ပံ သရဖူ ကို ဆောင်းတတ်၏။
19 I malvagi saranno abbassati davanti a' buoni; E gli empi [saranno] alle porte del giusto.
၁၉လူဆိုး တို့သည် သူ တော်ကောင်းရှေ့ ၌၎င်း ၊ မ တရားသောသူတို့သည် ဖြောင့်မတ် သောသူ၏ အိမ် တံခါးဝ ၌ ၎င်း ဦးချ တတ်ကြ၏။
20 Il povero è odiato eziandio dal suo prossimo; Ma molti son gli amici del ricco.
၂၀ဆင်းရဲ သောသူသည် မိမိ အိမ်နီးချင်း မုန်း ခြင်း ကိုပင် ခံရမည်။ ငွေ ရတတ်သောသူ၌မူကား ၊ များစွာ သော အဆွေ ခင်ပွန်းရှိလိမ့်မည်။
21 Chi sprezza il suo prossimo pecca; Ma beato chi ha pietà de' poveri.
၂၁မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုသောသူသည် အပြစ် ရှိ၏။ ဆင်းရဲ သော သူကိုသနား သောသူမူကား ၊ မင်္ဂလာ ရှိ၏။
22 Quelli che macchinano del male non sono eglino traviati? Ma benignità e verità [sarà usata inverso] coloro che pensano del bene.
၂၂မ ကောင်းသော အကြံကိုကြံ တတ်သောသူတို့ သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူး ပြု မည်ဟု ကြံတတ် သောသူတို့မူကား ၊ ကရုဏာ အကျိုး နှင့် သစ္စာ အကျိုးကိုခံရကြလိမ့်မည်။
23 In ogni fatica vi è del profitto; Ma il parlar delle labbra [torna] solo in inopia.
၂၃ကြိုးစား ၍ လုပ်လေရာရာ ၌ကျေးဇူး ရှိ ၏။ စကား များခြင်းအကျိုးမူကား ၊ ဆင်းရဲ ခြင်းသက်သက် တည်း။
24 Le ricchezze de' savi [sono] la lor corona; [Ma] la follia degli stolti [è sempre] follia.
၂၄ပညာရှိ သောသူတို့၏ စည်းစိမ် ဥစ္စာသည် သူ တို့ ဦးရစ် သရဖူဖြစ်၏။ မိုက် သောသူတို့၏ မိုက် ခြင်းမူကား၊ အမိုက် သက်သက်ဖြစ်၏။
25 Il testimonio verace libera le anime; Ma il falso sbocca bugie.
၂၅မှန် သောသက်သေ သည် သူ့အသက် ကို ကယ်တင် တတ်၏။ မ မှန်သောသက်သေ မူကား ၊ မုသာ ကို သုံးတတ်၏။
26 Nel timor del Signore vi è confidanza fortissima; E vi sarà un ricetto per li figliuoli di colui [che teme Iddio].
၂၆ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသည် အားကြီး သော ကိုးစား ရာအခွင့်ကိုဖြစ်စေတတ်၏။ သား တော်တို့ သည်လည်း ၊ ခိုလှုံ ရာအရပ်ကို ရ ကြလိမ့်မည်။
27 Il timor del Signore [è] una fonte di vita, Per ritrarsi da' lacci della morte.
၂၇ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသေခံ ရာ ကျော့ကွင်း တို့မှ လွှဲရှောင် ရာအသက် စမ်းရေ တွင်း ဖြစ်၏။
28 La magnificenza del re [è] nella moltitudine del popolo; Ma la ruina del principe [è] nel mancamento della gente.
၂၈ပြည်သား များပြား ရာ၌ ရှင်ဘုရင် ၏ဘုန်း တော် တည်၏။ ပြည်သား နည်းပါး ရာ၌ ကား ၊ မင်း အကျိုးနည်း ခြင်းရှိ၏။
29 Chi è lento all'ira [è] di gran prudenza; Ma chi è pronto al cruccio eccita la follia.
၂၉စိတ် ရှည် သောသူသည် ပညာ ကြီး ၏။ စိတ်တို သောသူမူကား ၊ အထူးသဖြင့်မိုက် ပေ၏။
30 Il cuor sano [è] la vita delle carni; Ma l'invidia [è] il tarlo delle ossa.
၃၀ကျန်းမာ သောနှလုံး သည် ကိုယ် အသက်ရှင် စေ သောအကြောင်း၊ ငြူစူ သော သဘောမူကား ၊ အရိုး ဆွေးမြေ့ ခြင်းအကြောင်းဖြစ်၏။
31 Chi oppressa il povero fa onta a colui che l'ha fatto; Ma chi ha pietà del bisognoso l'onora.
၃၁ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား ကို ရိုသေ သောသူမူကား ၊ ဆင်းရဲ သောသူတို့ကို သနား တတ်၏။
32 L'empio sarà traboccato per la sua malvagità; Ma il giusto spera [eziandio] nella sua morte.
၃၂မ တရားသောသူသည် မ တရားသဖြင့် ပြုစဉ်အခါ ၊ လှဲ ခြင်းကို ခံရ၏။ ဖြောင့်မတ် သောသူမူကား ၊ သေ သောအခါ၌ ပင် မြော်လင့် စရာရှိ၏။
33 La sapienza riposa nel cuore dell'[uomo] intendente, Ed è riconosciuta in mezzo degli stolti.
၃၃ဉာဏ် ရှိသောသူ၏ နှလုံး ၌ ပညာ ကျိန်းဝပ် တတ် ၏။ မိုက် သောသူတို့၏အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှား တတ်၏။
34 La giustizia innalza la nazione; Ma il peccato [è] il vituperio de' popoli.
၃၄ဖြောင့်မတ် ခြင်းတရားသည် ပြည်သား တို့ကို ချီးမြှောက် တတ်၏။ ဒုစရိုက် အပြစ်မူကား ၊ ပြည်သား များ တို့ကို ရှုတ်ချ တတ်၏။
35 Il favor del re [è] verso il servitore intendente; Ma la sua indegnazione [è] contro a quello che reca vituperio.
၃၅ပညာရှိ သော ကျွန် အား ရှင် ဘုရင်သည် ကျေးဇူး ပြုတတ်၏။ အရှက် ခွဲတတ်သော ကျွန်မူကား ၊ အမျက် တော်ကိုခံရ မည်။

< Proverbi 14 >