< Neemia 8 >

1 ALLORA tutto il popolo si adunò di pari consentimento nella piazza, che [è] davanti alla porta delle acque; e dissero ad Esdra, scriba, che portasse il libro della Legge di Mosè, la quale il Signore avea data ad Israele.
သတ္တ​မ​လ​ရောက်​ချိန်​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​မြို့​ရွာ​များ​တွင်​အ​တည် တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​လ​ပ​ထ​မ ရက်​နေ့​၌​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရေ တံ​ခါး​အ​တွင်း​ကွက်​လပ်​တွင်​စု​ဝေး​ကြ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ် တော်​မူ​ခဲ့​သော​ပ​ညတ်​တ​ရား​တော်​ကို ကျွမ်း​ကျင်​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​အား ပ​ညတ်​ကျမ်း​ကို​ဆောင်​ခဲ့​ရန်​တောင်း​ပန် ကြ​၏။-
2 E nel primo giorno del settimo mese, il sacerdote Esdra portò la Legge davanti alla raunanza, [nella quale erano] uomini e donne, [tutti] quelli ch'erano in [età di] conoscimento, per ascoltare.
ထို​ကြောင့်​ဧ​ဇ​ရ​သည်​နား​လည်​နိုင်​စွမ်း​ရှိ​သူ အ​မျိုး​သား၊ အ​မျိုး​သ​မီး​ပ​ရိ​သတ်​စု​ရုံး လျက်​ရှိ​ရာ​အ​ရပ်​သို့ ပ​ညတ်​ကျမ်း​ကို​ယူ ဆောင်​သွား​ပြီး​လျှင်၊-
3 Ed egli lesse nel Libro, in capo della piazza che [è] davanti alla porta delle acque, dallo schiarir del giorno fino a mezzodì, in presenza degli uomini, delle donne, e di coloro ch'erano in [età di] conoscimento; e gli orecchi di tutto il popolo [erano intenti] al libro della Legge.
တံ​ခါး​အ​နီး​ကွပ်​လပ်​တွင်​မိုး​လင်း​ခါ​စ​မှ မွန်း​တည့်​ချိန်​တိုင်​အောင်​ဖတ်​ပြ​၏။ လူ​အ​ပေါင်း တို့​သည်​အာ​ရုံ​စိုက်​၍​နား​ထောင်​ကြ​၏။
4 Ed Esdra, scriba, stava in piè sopra un pergamo di legname, ch'era stato fatto per questo; ed appresso a lui a man destra stavano Mattitia, e Sema, ed Anaia, ed Uria, ed Hilchia, e Maaseia; e dalla sinistra, Pedaia, e Misael, e Malchia, ed Hasum, ed Hasbedana, [e] Zaccaria, [e] Mesullam.
ဧ​ဇ​ရ​သည်​ထို​အ​ချိန်​အ​ခါ​အ​တွက်​ဆောက် လုပ်​ထား​သော​သစ်​သား​စင်​မြင့်​ပေါ်​တွင်​ရပ် ၍ ပ​ညတ်​ကျမ်း​ကို​ဖတ်​လေ​သည်။ မတ္တိ​သိ၊ ရှေ​မ၊ အ​နာ​ယ၊ ဥ​ရိ​ယ၊ ဟိ​လ​ခိ​နှင့်​မာ​သေ​ယ​တို့ သည်​သူ​၏​လက်ယာ​ဘက်​၌​လည်း​ကောင်း၊ ပေ​ဒါ ယ၊ မိ​ရှေ​လ၊ မာ​လ​ခိ၊ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​သည်​လက်​ဝဲ​ဘက်​၌ လည်း​ကောင်း​ရပ်​လျက်​နေ​ကြ​၏။
5 Esdra dunque aperse il libro, alla vista di tutto il popolo; perciocchè egli era disopra a tutto il popolo; e come egli l'ebbe aperto, tutto il popolo si levò in piè.
ဧ​ဇ​ရ​သည်​ထို​သူ​တို့​၏​အ​ထက်​စင်​မြင့်​ပေါ် မှာ​ရပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​သူ့ ကို​စိုက်​ကြည့်​ကြ​၏။ ပ​ညတ်​ကျမ်း​ကို​ဖွင့် လိုက်​သော​အ​ခါ​သူ​တို့​သည်​ထ​ကြ​၏။-
6 Poi Esdra benedisse il Signore, il grande Iddio. E tutto il popolo rispose: Amen, Amen, alzando le mani; poi s'inchinarono, e adorarono il Signore, con le facce verso terra.
ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။
7 E Iesua, Bani, Serebia, Iamin, Accub, Sabbetai, Hodia, Maaseia, Chelita, Azaria, Iozabad, Hanan, Pelaia, e gli [altri] Leviti, dichiaravano al popolo la Legge, stando il popolo nel suo luogo.
ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။
8 E leggevano nel libro della Legge di Dio distintamente, e chiaramente; e, sponendone il sentimento, davano ad intendere ciò che si leggeva.
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တ​ရား တော်​ကို​လူ​တို့​နား​လည်​နိုင်​ရန် ဘာ​သာ​ပြန် ဆို ကာ​ရှင်း​ပြ​ကြ​လေ​သည်။
9 Or Neemia, [che] è Hattirsata, e il sacerdote Esdra, scriba, e i Leviti che ammaestravano il popolo, dissero a tutto il popolo: Questo giorno è sacro all'Iddio nostro; non fate cordoglio, e non piangete; conciossiachè tutto il popolo piangesse, udendo le parole della Legge.
သူ​တို့​သည်​ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​ချက်​များ ကို​ကြား​သော​အ​ခါ စိတ်​ထိ​ခိုက်​သ​ဖြင့်​ငို ကြွေး​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​နှင့် ပ​ညတ်​ကျမ်း​စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​ပြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​က``ဤ​နေ့ သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား ၏​နေ့​မြတ်​ဖြစ်​၏။ သင်​တို့​သည်​ငို​ကြွေး​မြည် တမ်း​မှု​ကို​မ​ပြု​ကြ​နှင့်။-
10 Poi [Neemia] disse loro: Andate, mangiate [vivande] grasse, e bevete [vini] dolci, e mandate delle porzioni a quelli che non hanno nulla d'apparecchiato; perciocchè questo giorno [è] sacro al Signore nostro, e non vi contristate; conciossiachè l'allegrezza del Signore sia la vostra forza.
၁၀ယ​ခု​အိမ်​သို့​ပြန်​၍​ပျော်​ရွှင်​စွာ​စား​သောက် ကြ​လော့။ သင်​တို့​၏​အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ကို မ​ရှိ​ဆင်း​ရဲ​သူ​တို့​အား​ဝေ​ငှ​ကြ လော့။ ဤ​နေ့​သည်​ငါ​တို့​ထာ​ဝ​ရ​ဘု​ရား ၏​နေ့​မြတ်​ဖြစ်​သ​ဖြင့် ဝမ်း​မ​နည်း​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​သော​ဝမ်း မြောက်​ခြင်း​သည် သင်​တို့​ကို​ခွန်​အား​ပြည့် ဝ​လာ​စေ​လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။
11 E i Leviti facevano far silenzio a tutto il popolo, dicendo: Tacete; perciocchè questo giorno [è] sacro; e non vi contristate.
၁၁လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လှည့်​လည်​၍​ထို နေ့​မြတ်​၌ ဝမ်း​မ​နည်း​ဘဲ​စိတ်​တည်​ငြိမ်​မှု ရှိ​ကြ​ရန်​လူ​တို့​အား​ပြော​ကြား​ကြ​၏။-
12 E tutto il popolo se ne andò per mangiare, e per bere, e per mandar messi [di vivande], e per far gran festa; perciocchè aveano intese le parole ch'erano loro state dichiarate.
၁၂သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​ကြား​ခဲ့​ရ သော​ကျမ်း​စ​ကား​ကို​နား​လည်​သ​ဘော ပေါက်​သ​ဖြင့် မိ​မိ​တို့​အိမ်​သို့​ပြန်​၍​ပျော်​ရွှင် စွာ​စား​သောက်​လျက် အ​စား​အ​စာ​ကို​သူ တစ်​ပါး​အား​ဝေ​မျှ​ကြ​၏။
13 E nel secondo giorno [del mese], i capi delle [famiglie] paterne di tutto il popolo, ed i sacerdoti, ed i Leviti, si adunarono appresso d'Esdra, scriba, per essere ammaestrati nelle parole della Legge;
၁၃နောက်​တစ်​နေ့​၌​သား​ချင်း​စု​ခေါင်း​ဆောင်​များ သည် ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​အ​တူ ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ရန် ဧ​ဇ​ရ​ထံ​သို့​လာ​ရောက်​ကြ​၏။-
14 e trovarono scritto nella Legge, che il Signore avea comandato per Mosè, che i figliuoli d'Israele dimorassero in tabernacoli nella festa solenne, al settimo mese; e che questo si dovea bandire.
၁၄သူ​တို့​သည်​မော​ရှေ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​ထား​တော်​မူ​သော ပ​ညတ်​ကျမ်း​တွင် သစ်​ခက်​တဲ​နေ​ပွဲ​တော်​အ​ခါ​၌ ဣ​သ​ရေ​လ အ​မျိုး​သား​များ​သည်​ယာ​ယီ​တဲ​များ​တွင် နေ​ထိုင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​ပြ​ဋ္ဌာန်း ထား​သည်​ကို​တွေ့​ရှိ​ကြ​ရ​၏။-
15 Fecero adunque andare un bando per tutte le città loro, e in Gerusalemme; dicendo: Uscite fuori al monte, e portatene rami di ulivo, e d'[altri] alberi oliosi, e di mirto, e di palma, e d'[altri] alberi folti, per far tabernacoli, come [è] scritto.
၁၅သို့​ဖြစ်​၍​သူ​တို့​က``ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ ပါ​ရှိ​သည့် ညွှန်​ကြား​ချက်​များ​အ​တိုင်း​တောင် များ​သို့​သွား​၍​သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ တု​ခက်၊ စွန်​ပ​လွံ​ခက်​နှင့်​အ​ခြား​သစ်​ခက် များ​ကို​ခုတ်​ယူ​၍​တဲ​ထိုး​ကြ​ရ​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​ခြား​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို​ညွှန်​ကြား​ချက်​ပေး​ပို့​ကြ လေ​သည်။
16 Il popolo adunque uscì fuori, e portò [de' rami], e si fecero de' tabernacoli, ciascuno sopra il suo tetto, e ne' lor cortili, e ne' cortili della Casa di Dio, e nella piazza della porta delle acque, e nella piazza della porta di Efraim.
၁၆သို့​ဖြစ်​၍​လူ​တို့​သည်​သစ်​ခက်​များ​ကို​ခုတ် ၍ မိ​မိ​တို့​အိမ်​မိုး​ပေါ်၊ အိမ်​ဝင်း၊ ဗိ​မာန်​တော် ဝင်း၊ ရေ​တံ​ခါး​နှင့်​ဧ​ဖ​ရိမ်​တံ​ခါး​အ​နီး ကွက်​လပ်​များ​တွင်​တဲ​များ​ထိုး​ကြ​၏။-
17 E così tutta la raunanza di coloro ch'erano ritornati dalla cattività fece de' tabernacoli, e vi dimorò; perciocchè, dal tempo di Giosuè, figliuolo di Nun, infino a quel giorno, i figliuoli d'Israele, non aveano fatto nulla di simigliante; e vi fu grandissima allegrezza.
၁၇ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။-
18 Ed Esdra lesse nel libro della Legge di Dio per ciascun giorno, dal primo giorno fino all'ultimo; e si celebrò la festa per lo spazio di sette giorni, e nell'ottavo giorno [vi fu] raunanza solenne, secondo ch'egli è ordinato.
၁၈သူ​တို့​သည်​ပွဲ​တော်​ပ​ထ​မ​နေ့​မှ​နောက်​ဆုံး နေ့​အ​ထိ နေ့​စဉ်​နေ့​တိုင်း​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​ကို​ဖတ်​ရွတ်​ကြ​၏။ သူ​တို့ သည်​ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင် ကျင်း​ပ​ပြီး​လျှင် ရှစ်​ရက်​မြောက်​သော​နေ့ ၌​ပ​ညတ်​ကျမ်း​ပြ​ဋ္ဌာန်း​ချက်​အ​ရ​ဋ္ဌမ္မ ပွဲ​ကို​ခံ​ကြ​၏။

< Neemia 8 >