< Osea 13 >
1 QUANDO Efraim parlava, si tremava; egli si era innalzato in Israele; ma egli si è renduto colpevole intorno a Baal, ed è morto.
၁ယခင်အခါကဧဖရိမ်အနွယ်ဝင်တို့ပြော သောစကားကိုအခြားဣသရေလအနွယ် ဝင်တို့သည်ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခြား သောဣသရေလအနွယ်ဝင်တို့သည်ဧဖရိမ် အနွယ်ဝင်တို့ကိုရိုသေလေးစားကြ၏။ သို့ ရာတွင်သူတို့သည်ဗာလဘုရားကိုကိုး ကွယ်သောအပြစ်ကြောင့်သေကြေပျက်စီး ရမည်။-
2 Ed ora continuano a peccare, e si fanno delle statue di getto del loro argento; [e] degl'idoli, con la loro industria, i quali [son] tutti quanti lavoro di artefici. Essi dicono loro: Gli uomini che sacrificano bacino i vitelli.
၂သူတို့သည်အတတ်ပညာရှင်တို့၏အကူ အညီနှင့်ငွေရုပ်တုများကိုသွန်းလုပ်ခြင်း အားဖြင့်အပြစ်ပြုမြဲပြုကြလျက်ရှိ၏။ ထိုနောက်သူတို့က``ဤရုပ်တုများကိုယဇ် ပူဇော်ကြ'' ဟုဆို၏။ လူသည်ထိုနွားရုပ် တုများကိုနမ်းသင့်ပါသလော။-
3 Perciò, saranno come una nuvola mattutina, e come la rugiada che cade la mattina [e poi] se ne va via; come pula portata via dall'aia da un turbo, e come fumo [ch'esce] dal fumaiuolo.
၃သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။
4 Or io [sono] il Signore Iddio tuo, fin dal paese di Egitto; e tu non devi riconoscere altro Dio che me; e non [vi è] Salvatore alcuno fuori che me.
၄ထာဝရဘုရားက``ငါသည်သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့တွင်ငါမှတစ်ပါးအခြားသော ဘုရားမရှိ၊ ငါတစ်ပါးတည်းသာသင် တို့၏ကယ်တင်ရှင်ဖြစ်၏။-
5 Io ti conobbi nel deserto, in terra aridissima.
၅ငါသည်ခြောက်သွေ့ပူပြင်းသောသဲကန္တာ ရအရပ်တွင်သင်တို့ကိုစောင့်ရှောက်ခဲ့၏။-
6 Secondo [ch'è stato] il lor pasco, così si son satollati; si son satollati, e il lor cuore si è innalzato; perciò mi hanno dimenticato.
၆သို့ရာတွင်သင်တို့တွင်သာယာစိုပြေ သောပြည်သို့ဝင်ရောက်၍အစားအစာ ဝစွာစားရသဖြင့် ကျေနပ်နှစ်သိမ့်လာ သောအခါမာနကြီး၍ငါ့ကိုမေ့လျော့ ကြ၏။-
7 Laonde io son loro stato come un leone; io [li] ho spiati in su la strada, a guisa di pardo.
၇သို့ဖြစ်၍ငါသည်ခြင်္သေ့ကဲ့သို့သင်တို့ ကိုရန်မူမည်။ သင်တို့သွားရာလမ်းတစ် လျှောက်တွင်ကျားသစ်ကဲ့သို့ချောင်းမြောင်း မည်။-
8 Io li ho incontrati a guisa di un'orsa che abbia perduti i suoi orsacchi; ed ho loro lacerato il chiuso del cuore; e quivi li ho divorati, a guisa di leone, o d'[altra] fiera della campagna, [che] li avesse squarciati.
၈သားပျောက်သောဝက်ဝံကဲ့သို့သင်တို့ ကိုကိုက်ဖြတ်ဆုတ်ဖြဲမည်။ ခြင်္သေ့ကဲ့သို့ တွေ့ရာအရပ်၌ကိုက်စား၍တောသားရဲ ကဲ့သို့အပိုင်းပိုင်းဆုတ်ဖြဲမည်။
9 O Israele, tu sei stato perduto; ma il tuo aiuto [è] in me.
၉``ဣသရေလပြည်သားတို့၊ သင်တို့ကိုငါ သုတ်သင်ဖျက်ဆီးပစ်မည်။ မည်သူသင်တို့ ကိုကယ်နိုင်ဦးမည်နည်း။-
10 Dove [è] ora il tuo re? salviti egli in tutte le tue città; [dove è] egli, e i tuoi rettori, de' quali tu dicesti: Dammi un re, e de' principi?
၁၀သင်တို့သည်ရှင်ဘုရင်နှင့်ခေါင်းဆောင်များ ကိုကျွန်တော်မျိုးတို့အားပေးပါဟုတောင်း ခံကြ၏။ သို့ရာတွင်ဤသူတို့သည်တိုင်းပြည် ကိုကယ်နိုင်မည်လော။-
11 Io li ho dato un re nella mia ira, e lo torrò nella mia indegnazione.
၁၁ငါသည်အမျက်ထွက်၍သင်တို့အားရှင် ဘုရင်များကိုပေးခဲ့၏။ ငါသည်အမျက် ဒေါသဖြင့်ထိုရှင်ဘုရင်များကိုရုပ်သိမ်း ခဲ့ပြီ။
12 L'iniquità di Efraim [è] legata in un fascio, il suo peccato è riposto.
၁၂``ဣသရေလအမျိုးသားတို့၏အပြစ် ဒုစရိုက်ကိုမှတ်တမ်းတင်၍ထိုမှတ်တမ်း များကိုသိမ်းဆည်းထား၏။-
13 Dolori, [come] di donna che partorisce, gli verranno; egli [è] un figliuolo non savio; perciocchè [altrimenti] egli non si fermerebbe [tanto] tempo nell'apritura della matrice.
၁၃ဣသရေလအမျိုးသားတို့သည်အသက် ရှင်ခွင့်ကိုရလျက်နှင့်မယူတတ်သဖြင့် လွန်စွာမိုက်မဲ၏။ သူတို့သည်ဖွားချိန်တန် သော်လည်းမဖွားလိုသောကလေးနှင့် တူ၏။-
14 Io li riscatterei dal sepolcro, io li riscoterei dalla morte; dove [sarebbero], o morte, le tue pestilenze? dove [sarebbe], o sepolcro, il tuo sterminio? il pentirsi sarebbe nascosto dagli occhi miei. (Sheol )
၁၄ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။- (Sheol )
15 Quando egli sarà moltiplicato fra i [suoi] fratelli, il vento orientale, vento del Signore, che sale dal deserto, verrà; e la vena di esso sarà asciutta, e la sua fonte sarà seccata; esso prederà il tesoro di tutti i cari arredi.
၁၅ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
16 Samaria sarà desolata, perciocchè si è ribellata contro all'Iddio suo; caderanno per la spada; i lor piccoli fanciulli saranno schiacciati, e le lor [donne] gravide saranno fesse.
၁၆ရှမာရိပြည်သည်ငါ့ကိုပုန်ကန်သော ကြောင့်ဒဏ်ခတ်ခြင်းကိုခံရမည်။ ရှမာရိ ပြည်သားတို့သည်စစ်ဘေးကြောင့်သေကြေ ပျက်စီးရမည်။ ကလေးငယ်တို့သည်မြေ ပေါ်သို့ဆောင့်သတ်ခြင်းကိုခံရမည်။ ကိုယ် ဝန်ဆောင်တို့၏ဝမ်းများကိုလဲခွဲခံရမည်။''