< Deuteronomio 23 >
1 NON entri nella raunanza del Signore alcuno che abbia i testicoli infranti o tagliati.
၁``သင်းကွပ်ထားသောယောကျာ်း သို့မဟုတ် ယောကျာ်းတန်ဆာပြတ်နေသူအား ထာဝရ ဘုရား၏လူမျိုးတော်စာရင်းတွင်မပါ ဝင်စေရ။
2 Niuno nato di pubblica meretrice entri nella raunanza del Signore; niuno de' suoi fino alla decima generazione, entri nella raunanza del Signore.
၂``မိစ္ဆာမေထုံသံဝါသအားဖြင့်ရသောသား နှင့် ယင်း၏မျိုးဆက်ဆယ်ဆက်တိုင်အောင် ထာ ဝရဘုရား၏လူမျိုးတော်စာရင်းတွင် မပါဝင်စေရ။
3 L'Ammonita, nè il Moabita, non entri nella raunanza del Signore; niuno dei lor discendenti in perpetuo, fino alla decima generazione, entri nella raunanza del Signore.
၃``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။-
4 Perciocchè non vennero incontro a voi con pane e con acqua, nel cammino, quando usciste di Egitto; e perchè essi condussero per prezzo contro a voi Balaam, figliuolo di Beor, di Petor di Mesopotamia, per maledirvi.
၄သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-
5 Ma il Signore Iddio tuo non volle ascoltar Balaam; anzi il Signore Iddio tuo ti rivolse la maledizione in benedizione; perciocchè il Signore Iddio tuo ti ama.
၅သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။-
6 Non procacciar giammai, in tempo di vita tua, la pace o il bene loro.
၆သင်တို့၏နိုင်ငံတည်တံ့သမျှကာလပတ် လုံး ထိုလူမျိုးတို့၏အကျိုးကိုမရှာကြ နှင့်။
7 Non abbominar l'Idumeo; conciossiachè egli [sia] tuo fratello; non abbominar l'Egizio; conciossiachè tu sii stato forestiere nel suo paese.
၇``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
8 La terza generazione de' figliuoli che nasceranno loro potrà entrar nella raunanza del Signore.
၈ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။
9 QUANDO tu uscirai in guerra contro a' tuoi nemici, guardati d'ogni mala cosa.
၉``သင်တို့သည်ရန်သူကိုစစ်ချီတိုက်ခိုက်နေ စဉ် တပ်စခန်း၌ဘာသာရေးထုံးနည်းအရ မသန့်ရှင်းမှုဟူသမျှကိုရှောင်ကြဉ်ရမည်။-
10 Se nel mezzo di te vi è alcuno che sia immondo per alcun accidente notturno, esca fuor del campo, [e] non entri dentro al campo;
၁၀တစ်စုံတစ်ယောက်သည်ညအချိန်၌သုက် လွှတ်မိလျှင် သူသည်စခန်းအပြင်သို့ထွက် ၍နေရမည်။-
11 e in sul far della sera lavisi con acqua; e poi, come il sole sarà tramontato, egli potrà rientrar dentro al campo.
၁၁ထိုသူသည်ညနေအချိန်တွင်ရေချိုး၍ နေ ဝင်ချိန်တွင်တပ်စခန်းထဲသို့ပြန်ဝင်နိုင်သည်။
12 Abbi parimente un luogo fuor del campo, al quale tu esca [per li tuoi bisogni].
၁၂``ကျင်ကြီးစွန့်ရာနေရာကိုတပ်စခန်း အပြင်၌ထားရှိရမည်။-
13 E abbi fra i tuoi arredi un piuolo, col quale, quando ti assetterai fuori, tu faccia un buco in terra, e poi ricopri il tuo scremento.
၁၃သင်တို့သည်တပ်ပြင်သို့ထွက်၍ကျင်ကြီးစွန့် သောအခါ သင့်ထံတွင်သစ်သားတူရွင်းကို အသင့်ဆောင်ထား၍ ထိုတူရွင်းဖြင့်တွင်းတူး ၍ကျင်ကြီးကိုပြန်ဖုံးလော့။-
14 Conciossiachè il Signore Iddio tuo cammini nel mezzo del tuo campo, per salvarti, e per mettere in tuo potere i tuoi nemici; perciò sia il tuo campo santo; e [fa'] ch'egli non vegga alcuna bruttura in te, onde egli si rivolga indietro da te.
၁၄သင်တို့ကိုကာကွယ်လျက်သင်တို့အားအောင် ပွဲခံစေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် တပ်စခန်းတွင်သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ တပ်စခန်းကိုဘာသာ ရေးထုံးနည်းအရသန့်ရှင်းစွာထားရကြမည်။ ထာဝရဘုရားသည် သင်တို့အားမစွန့်မပယ် စေရန်မသန့်ရှင်းသောအမှုဟူသမျှကို မပြုလုပ်ရ။
15 NON dare il servo che sarà scampato a te d'appresso al suo signore, in man del suo signore.
၁၅``သခင်ထံမှထွက်ပြေး၍သင့်ထံသို့ခိုလှုံရန် ရောက်ရှိလာသောကျွန်ကို သူ၏သခင်ထံသို့ ပြန်မပို့နှင့်။-
16 Dimori appresso di te, nel mezzo di te, nel luogo ch'egli avrà scelto, in qualunque delle tue città gli aggraderà; non fargli violenza.
၁၆ထိုကျွန်သည်သင်တို့၏မြို့များအနက် သူနေ ထိုင်လိုသည့်မြို့၌နေခွင့်ပြုရမည်။ သင်သည် သူ့ကိုမညှင်းဆဲမနှိပ်စက်ရ။
17 Non siavi alcuna meretrice d'infra le figliuole d'Israele; parimente non siavi alcun cinedo d'infra i figliuoli d'Israele.
၁၇``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။-
18 Non recar dentro alla Casa del Signore Iddio tuo, per alcun voto, il guadagno della meretrice, nè il prezzo del cane; perciocchè amendue [son] cosa abbominevole al Signore Iddio tuo.
၁၈ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
19 Non prestare ad usura al tuo fratello, nè danari, nè vittuaglia, nè cosa alcuna che si presta ad usura.
၁၉``သင်သည်ဣသရေလအမျိုးသားချင်း တစ်ဦးအား ငွေ၊ စားစရာသို့မဟုတ်ပစ္စည်း တစ်ခုခုကိုချေးငှားသောအခါအတိုး မယူရ။-
20 Presta ad usura allo straniere, ma non al tuo fratello; acciocchè il Signore Iddio tuo ti benedica in tutto ciò a che metterai la mano, nel paese nel quale tu entri per possederlo.
၂၀လူမျိုးခြားများထံမှအတိုးယူနိုင်သော် လည်း ဣသရေလအမျိုးသားချင်းထံမှ အတိုးမယူရ။ ဤပညတ်ကိုလိုက်နာလျှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့ သိမ်းယူမည့်ပြည်တွင်သင်တို့ပြုလေသမျှ ကိုကောင်းချီးပေးတော်မူလိမ့်မည်။
21 Quando tu avrai votato un voto al Signore Iddio tuo, non indugiar d'adempierlo; perciocchè il Signore Iddio tuo per certo te ne ridomanderebbe [conto], e vi sarebbe peccato in te.
၂၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-
22 E se pur tu ti astieni di far voto, non vi sarà peccato in te.
၂၂ထာဝရဘုရားအားကတိမထားဘဲနေလို လျှင်နေနိုင်၏။
23 Osserva, e fa' ciò che ti sarà uscito delle labbra, secondo che volontariamente tu avrai votato al Signore Iddio tuo, come avrai pronunziato con la tua bocca.
၂၃သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။
24 Quando tu entrerai nella vigna del tuo prossimo, potrai a tua voglia mangiarne dell'uve a sazietà; ma non riporne nel tuo vasello.
၂၄``သင်တို့သည်ဣသရေလအမျိုးသားချင်း တစ်ဦး၏စပျစ်ဥယျာဉ်ထဲရှိ လမ်းအတိုင်း ဖြတ်သန်းသွားသည့်အခါ စပျစ်သီးများကို လိုသလောက်ဆွတ်ခူးစားနိုင်သော်လည်း အပိုမယူသွားရ။-
25 Quando tu entrerai per mezzo le biade del tuo prossimo, potrai svellerne delle spighe con la mano; ma non metter la falce nelle biade del tuo prossimo.
၂၅သင်တို့သည်အမျိုးသားချင်းတစ်ဦး၏လယ် ကန်သင်းအတိုင်းဖြတ်သန်းသွားအခါ လက် နှင့်ဆွတ်၍ရသမျှသောစပါးနှံများကိုစား နိုင်သည်။ သို့ရာတွင်စပါးနှံများကိုတံစဉ် ဖြင့်မရိတ်ရ။