< 2 Re 16 >
1 L'ANNO diciassettesimo di Peca, figliuolo di Remalia, Achaz, figliuolo di Iotam, re di Giuda, cominciò a regnare.
၁ရေမလိ သား ပေကာ နန်းစံ ဆယ် ခုနစ် နှစ် တွင် ယုဒ ရှင်ဘုရင် ယောသံ သား အာခတ် သည် အသက် နှစ်ဆယ် ရှိသော်နန်းထိုင် ၍၊ “
2 Achaz [era] d'età di vent'anni, quando cominciò a regnare; e regnò sedici anni in Gerusalemme; e non fece quello che piace al Signore Iddio suo, come [avea fatto] Davide, suo padre.
၂ယေရုရှလင် မြို့၌ ဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်း သည် အဘ ဒါဝိဒ် ကဲ့သို့ မ ကျင့် ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို မပြု၊”
3 Ma camminò per la via dei re d'Israele, e fece anche passare il suo figliuolo per lo fuoco, secondo le abbominazioni delle genti, le quali il Signore avea scacciate d'innanzi a' figliuoli d'Israele.
၃ဣသရေလ ရှင် ဘုရင်တို့ လိုက်သောလမ်း သို့ လိုက် ၍ ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ရှေ့ မှ၊ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ် ထုံးစံအတိုင်း ၊ မိမိ သား ကို မီး ဖြင့် ပူဇော် ၏
4 E sacrificava, e faceva profumi negli alti luoghi, e sopra i colli, e sotto ogni albero verdeggiante.
၄မြင့် သောအရပ်၊ တောင် ပေါ် ၊ သစ်ပင် အောက် တို့၌ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့တတ်၏
5 Allora Resin, re di Siria, e Peca, figliuolo di Remalia, re d'Israele, salirono in armi contro a Gerusalemme, ed assediarono Achaz; ma non poterono espugnar la [città].
၅ထိုအခါ ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍ အာခတ် မင်းကို ဝိုင်း ထားသော်လည်း မ နိုင် ရ
6 In quel tempo, Resin, re di Siria, racquistò Elat a' Siri, e cacciò i Giudei fuor di Elat; così gli Idumei rientrarono in Elat, e vi sono abitati infino ad oggi.
၆သို့ရာတွင်၊ ရှုရိ ရှင်ဘုရင် ရေဇိန် သည် ဧလတ် မြို့ ကို ရှုရိ နိုင်ငံသို့သွင်းပြန် ၍ ၊ ယုဒ လူတို့ကို နှင်ထုတ် သဖြင့် ၊ ရှုရိလူတို့သည်လာ၍ ယနေ့ တိုင်အောင် ဧလတ် မြို့၌ နေ ကြ၏
7 E Achaz mandò ambasciadori a Tiglat-pileser, re degli Assiri, a dirgli: Io [son] tuo servitore, e tuo figliuolo; vieni, e salvami dalle mani del re di Siria, e dalle mani del re d'Israele, i quali si son levati contro a me.
၇ထိုကြောင့် အာခတ် သည် အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာထံသို့ သံတမန် ကို စေလွှတ် ၍၊ ကျွန်ုပ် သည် ကိုယ်တော် သား ၊ ကိုယ်တော် ကျွန် ဖြစ်ပါ၏။ လာ ပါ။ ကျွန်ုပ် ကို ရန်ဘက် ပြုသောရှုရိ ရှင်ဘုရင် နှင့် ဣသရေလ ရှင်ဘုရင် လက် မှ ကယ်ယူ ပါဟု တောင်းပန် ၏
8 E Achaz prese l'argento e l'oro che si trovò nella Casa del Signore, e ne' tesori della casa reale, e lo mandò in dono al re degli Assiri.
၈တဖန်ဗိမာန် တော်၌၎င်း ၊ နန်းတော် ဘဏ္ဍာ တိုက် ၌ ၎င်း ရှိသောရွှေ ငွေ ကို ယူ ၍ အာရှုရိ ရှင်ဘုရင် ထံ သို့လက်ဆောင် ပေး လိုက်လေ၏
9 E il re degli Assiri gli acconsentì, e salì contro a Damasco, e la prese, e ne menò il popolo in cattività in Chir, e fece morire Resin.
၉အာရှုရိ ရှင် ဘုရင်သည် နားထောင် ၍ ဒမာသက် မြို့သို့ စစ်ချီ ၍ တိုက်ယူ ပြီးလျှင် ၊ ပြည်သားတို့ကို ကိရ မြို့သို့ သိမ်းသွား ၏။ ရေဇိန် မင်းကိုလည်း သတ် ၏
10 E il re Achaz andò incontro a Tiglat-pileser, re degli Assiri, in Damasco; e veduto l'altare ch'[era] in Damasco, il re Achaz mandò al sacerdote Uria il ritratto di quell'altare, e la figura di tutto il suo lavorio.
၁၀အာခတ် မင်းကြီး သည် အာရှုရိ ရှင် ဘုရင်ကို ခရီးဦး ကြိုပြုခြင်းငှါ ဒမာသက် မြို့သို့သွား ၏။ ထိုမြို့မှာရှိသော ယဇ် ပလ္လင်ကိုမြင် လျှင် ၊ ပလ္လင် ပုံ ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှ ကိုရေး ၍ ယဇ်ပုရောဟိတ် ဥရိယ ထံသို့ ပေး လိုက်၏
11 E il sacerdote Uria edificò un altare: egli lo fece interamente secondo quello che il re Achaz [gli] avea mandato di Damasco; finchè il re Achaz fu tornato di Damasco.
၁၁ထိုသို့ ဒမာသက် မြို့မှ အာခတ် မင်း ပေး လိုက် သမျှ အတိုင်း ၊ ယဇ်ပုရောဟိတ် ဥရိယ သည် အာခတ် မင်း မ ရောက် မှီ လုပ် နှင့်ပြီ
12 E quando il re fu venuto di Damasco, ed ebbe veduto l'altare, si accostò ad esso, e offerse sopra esso [sacrificii].
၁၂ရှင် ဘုရင်သည် ဒမာသက် မြို့မှ ရောက် လာသောအခါ ၊ ထိုယဇ်ပလ္လင် ကို မြင် ၍ ချဉ်းကပ် သဖြင့်၊ “
13 Ed arse il suo olocausto, e la sua offerta, e fece la sua offerta da spandere, e sparse il sangue de' suoi sacrificii da render grazie, sopra quell'altare.
၁၃မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ ၏။ သွန်းလောင်း ရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း ၏။ မိဿဟာယ ယဇ်အသွေး ကိုလည်း ယဇ် ပလ္လင် ပေါ် မှာဖြန်း လေ၏
14 E fece levar via l'Altar di rame, ch'[era] davanti al Signore, d'innanzi alla Casa, acciocchè non [fosse] fra il [suo] altare, e la Casa del Signore; e lo mise allato a quell'[altro] altare, verso il Settentrione.
၁၄ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ်ပလ္လင် ကို ဗိမာန် တော်ရှေ့ ၊ ယဇ်ပလ္လင် ကြီးနှင့် ဗိမာန် တော် စပ်ကြား အရပ်မှ ရွေ့၍ ယဇ်ပလ္လင် ကြီး မြောက် ဘက်၌ ထား ၏
15 E il re Achaz comandò al sacerdote Uria, dicendo: Ardi sopra l'altar grande l'olocausto della mattina, e l'offerta della sera, e l'olocausto del re, e la sua offerta; e gli olocausti di tutto il popolo del paese, con le loro offerte di panatica, e da spandere; e spandi sopra esso tutto il sangue degli olocausti, e tutto il sangue de' sacrificii; ma quant'è all'Altar di rame, a me starà il ricercarlo.
၁၅တဖန် ယဇ်ပုရောဟိတ် ဥရိယ ကို မှာ ထားသည် ကား၊ နံနက် မီးရှို့ ရာယဇ်နှင့် ညဦးယံ ဘောဇဉ် ပူဇော်သက္ကာ၊ ရှင်ဘုရင် မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ ပြည်သူ ပြည်သားမီးရှို့ရာယဇ် နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင် ကြီး ပေါ် မှာ မီးရှို့ လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေး ကိုလည်း ထိုပလ္လင် ပေါ် မှာဖြန်း လော့။ ကြေးဝါ ယဇ်ပလ္လင် သည် ငါ မေးမြန်း စရာဘို့ ရှိ ရမည်ဟု၊”
16 E il sacerdote Uria fece interamente secondo che il re Achaz gli avea comandato.
၁၆အာခတ် မင်းကြီး မှာ ထားသမျှ အတိုင်း ယဇ်ပုရောဟိတ် ဥရိယ ပြု ၏
17 Il re Achaz, oltre a ciò, tagliò a pezzi i basamenti fatti a quadri, e levò le conche d'in su que' basamenti; mise anche giù il mare d'in su i buoi di rame, che [erano] sotto di esso, e lo posò sopra il pavimento di pietra.
၁၇အာခတ် မင်းကြီး သည် ကြေးဝါ ခုံတန်ဆာတို့ကို ပယ် ၍ အင်တုံ ကိုလည်း ရွေ့ ၏။ ကြေးဝါရေ ကန်ကိုလည်း ကြေးဝါ နွား တို့အပေါ် က ချ ၍ ကျောက် ခင်း ပေါ် မှာ တင် ထား၏
18 Rimosse eziandio dalla Casa del Signore la Coperta del sabato, ch'era stata edificata nella Casa; e tolse l'entrata di fuori del re, per cagione del re degli Assiri.
၁၈ဗိမာန် တော်၌ ဥပုသ် စောင့်စရာဘို့ ဆောက် သော မဏ္ဍပ် ကို၎င်း ၊ ရှင်ဘုရင် တက် ရာစောင်းတန်းကို၎င်း၊ အာရှုရိ ရှင်ဘုရင် ကြောင့် ပယ် ၏
19 Ora, quant'è al rimanente de' fatti di Achaz; queste cose non [sono] esse scritte nel libro delle Croniche dei re di Giuda?
၁၉အာခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
20 Ed Achaz giacque co' suoi padri, e fu seppellito co' suoi padri, nella Città di Davide. Ed Ezechia, suo figliuolo, regnò in luogo suo.
၂၀အာခတ် သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့ နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏