< 2 Cronache 8 >
1 ORA in capo de' vent'anni, ne' quali Salomone avea edificata la Casa del Signore e la sua,
၁ရှောလမုန်သည်ဗိမာန်တော်နှင့် မိမိ၏နန်း တော်ကိုအနှစ်နှစ်ဆယ်တိုင်တိုင်တည်ဆောက် ရလေသည်။-
2 Salomone riedificò le città che Huram gli avea date, e vi fece abitare de' figliuoli d'Israele.
၂သူသည်မိမိအားဟိရံမင်းပြန်၍ပေးအပ် သည့်မြို့များကိုလည်းပြန်လည်တည်ထောင် ကာ ထိုမြို့တို့တွင်အခြေစိုက်နေထိုင်ရန် ဣသရေလအမျိုးသားတို့ကိုပို့တော်မူ၏။-
3 Poi Salomone andò in Hamat di Soba, e l'occupò.
၃ဟာမတ်နှင့်ဇောဘနယ်များကိုလည်းတိုက် ခိုက်သိမ်းယူပြီးလျှင်၊-
4 Ed edificò Tadmor nel deserto, insieme con tutte le città da magazzini, le quali egli edificò in Hamat.
၄သဲကန္တာရတွင်ရှိသောတာဒမော်မြို့ကိုတံ တိုင်းကာတော်မူ၏။ ဟာမတ်နယ်ရှိရိက္ခာသို လှောင်ရာမြို့အပေါင်းကိုလည်းပြန်လည် တည်ထောင်တော်မူ၏။-
5 Riedificò anche Bet-horon disopra, e Bet-horon disotto, città forti di mura, di porte, e di sbarre.
၅ရှောလမုန်သည်အောက်ပါမြို့များကိုပြန်လည် တည်ဆောက်တော်မူ၏။ (တံခါးကန့်လန့်ကျင် များနှင့်တကွတံတိုင်းကာရံထားသော) အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊-
6 [Riedificò] ancora Baalat, e tutte le città de' suoi magazzini, e tutte le città dove erano i carri, e quelle dove stavano le genti a cavallo; ed [in somma], tutto ciò ch'egli ebbe desiderio di edificare in Gerusalemme, e nel Libano, ed in tutto il paese della sua signoria.
၆ဗာလတ်မြို့၊ ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းနှင့် စစ်ရထားစခန်းမြို့များဖြစ်လေသည်။ ယေရု ရှလင်မြို့၊ လေဗနုန်တောင်၊ နိုင်ငံတော်အရပ် ရပ်တွင် မိမိတည်ဆောက်လိုသမျှကိုတည် ဆောက်၏။-
7 E Salomone fece tributario tutto il popolo ch'era rimasto degli Hittei, e degli Amorrei, e de' Ferizzei, e degli Hivvei, e de' Gebusei, i quali non erano d'Israele;
၇ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲကျန်ကြွင်းခဲ့သည့်ခါနာန်ပြည်သားများ မှဆင်းသက်လာသူတို့ကို မိမိ၏ချွေးတပ် အတွက်အသုံးပြုတော်မူ၏။ ထိုသူတို့အထဲ တွင်အာမောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထို သူတို့၏သားမြေးများသည်ယနေ့တိုင် အောင်ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
8 [cioè], de' figliuoli di coloro che erano rimasti dopo loro nel paese, i quali i figliuoli d'Israele non aveano distrutti; [e son] rimasti [tributari] infino a questo giorno.
၈
9 Ma d'infra i figliuoli d'Israele, i quali Salomone non fece servi, per lavorare a' suoi lavori (perciocchè essi [erano] uomini di guerra, e colonnelli de' suoi capitani, e capi de' suoi carri, e della sua cavalleria);
၉မင်းကြီးသည်အဘယ်ဣသရေလအမျိုးသား ကိုမျှချွေးတပ်တွင်အသုံးပြုတော်မမူ။ သူ တို့သည်စစ်သူရဲများ၊ တပ်မှူးများ၊ စစ်ရထား မှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့် အမှုထမ်းရကြလေသည်။-
10 costoro [furono] capi de' commissari del re Salomone, [cioè: ] dugencinquanta, i quali aveano il reggimento di quella gente.
၁၀ရှောလမုန်မင်း၏ဆောက်လုပ်ရေးစီမံကိန်းများ တွင်လုပ်ကိုင်လျက်ရှိသောချွေးတပ်များကို ကြီးကြပ်အုပ်ချုပ်သူနှစ်ရာ့ငါးဆယ်ရှိသတည်း။
11 Or Salomone fece salire la figliuola di Faraone dalla città di Davide, nella casa ch'egli le avea edificata; perciocchè disse: La mia moglie non abiterà nella casa di Davide, re d'Israele; perciocchè [i luoghi], ne' quali l'Arca del Signore è entrata, son santi.
၁၁ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။
12 Allora Salomone offerse olocausti al Signore, sopra l'Altar del Signore, il quale egli avea edificato davanti al portico.
၁၂ရှောလမုန်သည်ဗိမာန်တော်ရှေ့တွင် မိမိတည် ဆောက်ထားသည့်ယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်တော်မူ၏။-
13 Egli [offeriva] eziandio di giorno in giorno ciò che si conveniva offerire secondo il comandamento di Mosè, nei sabati, e nelle calendi, e nelle feste solenni, tre volte l'anno; nella festa degli azzimi, e nella festa delle settimane, e nella festa de' tabernacoli.
၁၃သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
14 E costituì, secondo l'ordine di Davide, suo padre, i sacerdoti nel lor ministerio, secondo i loro spartimenti; ed i Leviti ne' loro uffici, per lodare [il Signore], e per ministrar davanti a' sacerdoti, secondo che si conveniva [fare] per ciascun giorno; e i portinai, secondo i loro spartimenti per ciascuna porta; perciocchè tale [era stato] il comandamento di Davide, uomo di Dio.
၁၄ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
15 Ei non si deviò punto dal comandamento del re, intorno a' sacerdoti, ed a' Leviti, nè intorno ad alcun'[altra] cosa, nè intorno a' tesori.
၁၅ပစ္စည်းသိုလှောင်ရုံများ၊ အခြားအမှုကိစ္စ များနှင့်ပတ်သက်၍ဒါဝိဒ်ပေးခဲ့သည့်ညွှန် ကြားချက်များကိုလည်းအသေးစိတ် လိုက်နာဆောင်ရွက်တော်မူ၏။
16 Ora l'apparecchio di tutta l'opera di Salomone era già fatto, dal giorno che la Casa del Signore fu fondata, finchè fu compiuta. [E quando] la Casa del Signore fu finita,
၁၆ယခုအခါ၌ရှောလမုန်၏စီမံကိန်းရှိသမျှ ကိုလက်စသတ်လိုက်လေပြီ။ ထာဝရဘုရား၏ ဗိမာန်တော်ကိုအုတ်မြစ်ချချိန်မှတည်ဆောက် မှုလက်စသတ်ချိန်အထိ ဆောင်ရွက်စရာရှိ သမျှသောအလုပ်တို့သည်အောင်မြင်စွာ ပြီးစီးသွားလေပြီ။
17 allora Salomone andò in Esion-gheber, ed in Elot, in sul lito del mare, nel paese di Edom.
၁၇ထိုနောက်ရှောလမုန်သည်ဧဒုံပြည်၊ အာကွဗာ ပင်လယ်ကွေ့ပေါ်ရှိသင်္ဘောဆိပ်မြို့များဖြစ် သောဧဇယုန်ဂါဗာမြို့နှင့်ဧလုတ်မြို့သို့ကြွ တော်မူ၏။-
18 E Huram gli mandò, per i suoi servitori, [materie da far] navi, e marinari intendenti; i quali andarono, co' servitori di Salomone, in Ofir, e tolsero di là trecencinquanta talenti d'oro, e li condussero al re Salomone.
၁၈သူ၏ထံသို့ဟိရံမင်းသည်မိမိ၏ပင်လယ် သွားကျွမ်းကျင်သူများနှင့်အလုပ်ရည်ဝ သူသင်္ဘောသားများလိုက်ပါသည့်သင်္ဘော များကိုစေလွှတ်တော်မူ၏။ ထိုသူတို့သည် ရှောလမုန်၏ပင်လယ်သွားကျွမ်းကျင်သူ များနှင့်အတူသြဖိရမြို့သို့သင်္ဘောလွှင့် ကြပြီးလျှင်ရွှေတစ်ဆယ့်ခြောက်တန်နီး ပါးကိုရှောလမုန်ထံသို့ယူဆောင်ခဲ့ကြ ၏။