< 1 Re 16 >
1 Allora la parola del Signore fu [indirizzata] a Iehu, figliuolo di Hanani, contro a Baasa, dicendo:
၁ဟာနန်၏သားပရောဖက်ယေဟုထံသို့၊ ဗာရှာ အားဆင့်ဆိုရန်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ရောက်ရှိလာ၏။ ``သင်သည်မရေ ရာသူဖြစ်ခဲ့သော်လည်း ငါသည်သင့်အားငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ ၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူခဲ့၏။ သို့ရာတွင်သင်သည်ယေရောဗောင်ကဲ့သို့ပင် အပြစ်ကူးပြီးလျှင် ငါ၏လူမျိုးတော်အား လည်းအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြခဲ့ လေပြီ။ သူတို့၏အပြစ်များသည်ငါ၏ အမျက်တော်ကိုလှုံ့ဆော်ပေးသည်ဖြစ်၍၊-
2 Perciocchè avendoti io innalzato dalla polvere, ed avendoti posto per conduttore sopra il mio popolo Israele, pur sei camminato nella via di Geroboamo, e hai fatto peccare il mio popolo Israele, per dispettarmi co' lor peccati;
၂
3 ecco io sarò dietro a Baasa, e dietro alla sua casa, per torla via; e farò che la tua casa sarà come la casa di Geroboamo, figliuolo di Nebat.
၃ငါသည်ယေရောဗောင်အားပြုသကဲ့သို့ သင် နှင့်သင့်အိမ်ထောင်စုသားများအားသုတ် သင်ပယ်ရှင်းပစ်မည်။-
4 Colui che sarà morto a Baasa nella città, i cani [lo] mangeranno; e colui che gli sarà morto per i campi, gli uccelli del cielo [lo] mangeranno.
၄မြို့တွင်သေသူသင်၏အိမ်ထောင်စုသားတို့ သည်ခွေးစာ၊ မြို့ပြင်တွင်သေသူသည်လင်း တစာဖြစ်ကြလိမ့်မည်။''
5 Ora, quant'è al rimanente de' fatti di Baasa, e ciò ch'egli fece, e le sue prodezze; queste cose non [son] esse scritte nel Libro delle Croniche dei re d'Israele?
၅ဗာရှာဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ များရှိသမျှနှင့် သူ၏စွန့်စားခန်းများကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
6 E Baasa giacque co' suoi padri, e fu seppellito in Tirsa; ed Ela, suo figliuolo, regnò in luogo suo.
၆ဗာရှာကွယ်လွန်သောအခါသူ့ကိုတိရဇ မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ဧလာသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
7 Ora il Signore avea parlato per lo profeta Iehu, figliuolo di Hanani, contro a Baasa, e contro alla sua casa, così per cagione di tutto il male ch'egli avea commesso davanti al Signore, dispettandolo con le opere delle sue mani; [dinunziandogli] ch'ella sarebbe come la casa di Geroboamo; come anche perciocchè egli l'avea percossa.
၇ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။
8 L'ANNO ventesimosesto d'Asa, re di Giuda, Ela, figliuolo di Baasa, cominciò a regnare sopra Israele, [e regnò] in Tirsa due anni.
၈ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခြောက်နှစ် မြောက်၌ ဗာရှာ၏သားတော်ဧလာသည်ဣသ ရေလပြည်တွင်နန်းတက်ပြီးလျှင် တိရဇမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
9 E Zimri, suo servitore, capitano della metà de' [suoi] carri, congiurò contro a lui. Or egli [era] in Tirsa, bevendo, ed ebbro, in casa di Arsa, [suo] mastro di casa in Tirsa.
၉ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊-
10 E Zimri venne, e lo percosse, e l'uccise l'anno ventesimosettimo d'Asa, re di Giuda, e regnò in luogo suo.
၁၀ဇိမရိသည်ထိုအိမ်သို့ဝင်၍ဧလာအားလုပ် ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍မင်း ပြု၏။ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့် ခုနစ်နှစ်မြောက်၌ဧလာသည်လုပ်ကြံခြင်း ကိုခံရသတည်း။
11 E quando egli fu re, come prima fu assiso sopra il trono di Ela, egli percosse tutta la casa di Baasa; egli non gli lasciò in vita pur un bambino, nè parenti, nè amici.
၁၁ဇိမရိသည်ဘုရင်ဖြစ်လျှင်ဖြစ်ချင်း ဗာရှာ ၏အိမ်ထောင်စုသားအပေါင်းကိုသတ်ပြီး နောက် ဗာရှာ၏ဆွေမျိုးမိတ်သင်္ဂဟများ အနက်ယောကျာ်းမှန်သမျှကိုလည်းသတ် လေသည်။-
12 Così Zimri distrusse tutta la casa di Baasa, secondo la parola del Signore, ch'egli avea pronunziata contro a Baasa, per Iehu profeta;
၁၂သို့ဖြစ်၍ပရောဖက်ယေဟုအားဖြင့်ဗာရှာ အား ထာဝရဘုရားမိန့်တော်မူခဲ့သည့်စကား နှင့်အညီ ဇိမရိသည်ဗာရှာနှင့်အိမ်ထောင် စုသားအပေါင်းကိုသတ်လေသတည်း။-
13 per tutti i peccati di Baasa, e di Ela, suo figliuolo, i quali aveano commessi, ed aveano fatti commettere ad Israele, dispettando il Signore Iddio d'Israele con gl'idoli loro.
၁၃ဗာရှာနှင့်သားတော်ဧလာသည်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်လည်း ကောင်း၊ ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် လည်းကောင်း ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၏အမျက် တော်ကိုလှုံ့ဆော်ပေးကြ၏။-
14 Or, quant'è al rimanente de' fatti d'Ela, e tutto ciò ch'egli fece; queste cose non [son] esse scritte nel Libro delle Croniche dei re d'Israele?
၁၄ဧလာဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များကိုဣသရေလရာဇဝင်တွင်ရေးထား သတည်း။
15 L'anno ventesimosettimo d'Asa, re di Giuda, Zimri cominciò a regnare, [e regnò] sette giorni in Tirsa. Or il popolo era a campo contro a Ghibbeton de' Filistei.
၁၅ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခုနစ် နှစ်မြောက်၌ ဇိမရိသည်ဣသရေလဘုရင် အဖြစ်ဖြင့်တိရဇမြို့တွင်ခုနစ်ရက်မျှ နန်းစံရ၏။ ထိုအခါ၌ဣသရေလစစ် သည်တော်တို့သည် ဖိလိတ္တိပြည်ဂိဗေသုန် မြို့ကိုဝိုင်းရံထားကြ၏။-
16 Ed avendo udito che Zimri avea fatta una congiura, e che avea eziandio percosso il re, tutti gl'Israeliti, quel giorno istesso, costituirono re sopra Israele Omri, capo dell'esercito, nel campo.
၁၆သူတို့သည်မင်းကြီးအားဇိမရိလျှို့ဝှက် လုပ်ကြံသည့်သတင်းကိုကြားသောအခါ ချက်ချင်းထိုအရပ်၌ပင်မိမိတို့၏ဗိုလ်ချုပ် သြမရိကိုဣသရေလဘုရင်အဖြစ်မင်း မြှောက်ကြ၏။-
17 Ed Omri salì, insieme con tutto Israele, da Ghibbeton, ed assediarono Tirsa.
၁၇သြမရိနှင့်သူ၏စစ်သူရဲတို့သည်ဂိဗေသုန် မြို့မှထွက်ခွာ၍ တိရဇမြို့သို့သွားရောက်ဝိုင်း ရံထားကြ၏။-
18 E come Zimri vide che la città era presa, entrò nel palazzo della casa reale, ed arse col fuoco la casa reale sopra sè, e così morì;
၁၈မြို့တော်ကျဆုံးတော့မည်ဖြစ်ကြောင်းသိရှိရ သောအခါ ဇိမရိသည်နန်းအတွင်းရဲတိုက်ခန်း သို့ဝင်၍နန်းတော်ကိုမီးရှို့ကာမီးတောက်မီး လျှံထဲ၌သေဆုံးသွားလေသည်။-
19 per i suoi peccati ch'egli avea commessi, facendo ciò che dispiace al Signore, camminando nella via di Geroboamo, e nel peccato di esso, il quale egli avea commesso, facendo peccare Israele.
၁၉ဤသို့ဖြစ်ရခြင်းမှာ ထာဝရဘုရားအားသူ ပြစ်မှားသည့်အပြစ်များကြောင့်ဖြစ်၏။ သူသည် ဘုရင်ယေရောဗောင်ကဲ့သို့ကိုယ်တိုင်အပြစ်ကူး ၍ ဣသရေလပြည်သူတို့အားအပြစ်ကူးရန်ရှေ့ ဆောင်လမ်းပြခြင်းအားဖြင့် ထာဝရဘုရား မနှစ်သက်သောအမှုကိုပြုလေသည်။-
20 Ora, quant'è al rimanente de' fatti di Zimri, e la congiura ch'egli fece; queste cose non [son] esse scritte nel Libro delle Croniche dei re d'Israele?
၂၀လျှို့ဝှက်လုပ်ကြံမှုအပါအဝင်ဇိမရိဆောင် ရွက်ခဲ့သည့် အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။
21 Allora il popolo d'Israele fu diviso in due [parti]; l'una seguitava Tibni, figliuolo di Ghinat, per farlo re; e l'altra seguitava Omri.
၂၁ဣသရေလပြည်သူတို့သည် စိတ်ဝမ်းကွဲ ပြားလျက်နေကြ၏။ အချို့တို့သည်ဂိနက် ၏သားတိဗနိကိုမင်းမြှောက်လိုကြ၏။ အချို့ကမူသြမရိကိုလိုလားကြ၏။-
22 Ma il popolo, che seguitava Omri, fu più forte che quello che seguitava Tibni, figliuolo di Ghinat; e Tibni morì, ed Omri regnò.
၂၂နောက်ဆုံး၌သြမရိကိုလိုလားသူတို့ ကအနိုင်ရလေသည်။ တိဗနိသေ၍ သြမရိသည်ဘုရင်ဖြစ်လာလေသည်။-
23 L'anno trentuno d'Asa, re di Giuda, Omri cominciò a regnare sopra Israele, [e regnò] dodici anni; in Tirsa regnò sei anni.
၂၃သို့ဖြစ်၍သူသည်ယုဒဘုရင်အာသနန်း စံသုံးဆယ့်တစ်နှစ်မြောက်၌ ဣသရေလပြည် တွင်နန်းတက်၍တစ်ဆယ့်နှစ်နှစ်နန်းစံရလေ သည်။ သူသည်တိရဇမြို့တွင်ပထမခြောက် နှစ်နန်းစံပြီးလျှင်၊-
24 E comperò il monte di Samaria da Semer, per due talenti di argento, ed edificò [una città in] quel monte; e chiamò quella città, ch'egli edificò: Samaria, del nome di Semer, [ch'era stato] signore di quel monte.
၂၄ရှမာရိတောင်ကိုရှမေရဆိုသူထံမှငွေ သားခြောက်ထောင်နှင့်ဝယ်ယူတော်မူ၏။ သြမရိ သည်ထိုတောင်ကိုတံတိုင်းကာရံကာမြို့တည် ပြီးမှ တောင်ပိုင်ရှင်ဟောင်းရှမေရ၏နာမည် ကိုအစွဲပြု၍ရှမာရိမြို့ဟုသမုတ်တော် မူ၏။
25 Ed Omri fece ciò che dispiace al Signore, e fece peggio che tutti quelli ch'[erano stati] davanti a lui;
၂၅သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
26 e camminò in tutte le vie di Geroboamo, figliuolo di Nebat, e nel peccato di esso, col quale egli avea fatto peccare Israele, dispettando il Signore Iddio d'Israele co' loro idoli.
၂၆သူသည်မိမိ၏နောင်တော်ဘုရင်ယေရောဗောင် ကဲ့သို့ မိမိ၏အပြစ်များအားဖြင့်လည်းကောင်း၊ ပြည်သူတို့အားအပြစ်ကူးရန်နှင့်ရုပ်တု များကိုဝတ်ပြုကိုးကွယ်ကြရန်ရှေ့ဆောင်လမ်း ပြပေးခြင်းအားဖြင့်လည်းကောင်း ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး၏။-
27 Ora, quant'è al rimanente de' fatti d'Omri, e le prodezze ch'egli fece; queste cose non [sono] esse scritte nel Libro delle Croniche dei re d'Israele?
၂၇သြမရိဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှနှင့် သူ၏စွန့်စားခန်းများ ကိုဣသရေလရာဇဝင်တွင်ရေးသားထား သတည်း။-
28 Ed Omri giacque co' suoi padri, e fu seppellito in Samaria; ed Achab, suo figliuolo, regnò in luogo suo.
၂၈သြမရိကွယ်လွန်သောအခါရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်အာဟပ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
29 ED Achab, figliuolo d'Omri, cominciò a regnare sopra Israele l'anno trentesimottavo d'Asa, re di Giuda; e regnò in Samaria sopra Israele ventidue anni.
၂၉ယုဒဘုရင်အာသနန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ သြမရိ၏သားတော်အာဟပ်သည် ဣသရေလဘုရင်ဖြစ်လာပြီးလျှင် ရှမာရိ မြို့တွင်နှစ်ဆယ့်နှစ်နှစ်နန်းစံလေသည်။-
30 Ed Achab, figliuolo d'Omri, fece ciò che dispiace al Signore, più che tutti quelli ch'[erano stati] davanti a lui.
၃၀သူသည်မိမိ၏နောင်တော့်နောင်တော်ဘုရင် အပေါင်းတို့ထက် ပိုမိုဆိုးရွားစွာထာဝရ ဘုရားအားပြစ်မှားလေသည်။-
31 Ed avvenne che, come se fosse stata leggier cosa di camminare ne' peccati di Geroboamo, figliuolo di Nebat, egli prese per moglie Izebel, figliuola d'Et-baal, re de' Sidonii; e andò, e servì a Baal, e l'adorò;
၃၁သူသည်ယေရောဗောင်ကဲ့သို့အပြစ်ကူးရရုံ ဖြင့်မကျေနပ်ဘဲ ထိုထက်တစ်ဆင့်တက်ပြီး လျှင်ဇိဒုန်မင်းဧသဗာလ၏သမီးတော် ယေဇဗေလကိုမိဖုရားမြှောက်၍ဗာလ ဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။-
32 e rizzò un altare a Baal, nella casa di Baal, la quale egli avea edificata in Samaria.
၃၂သူသည်ရှမာရိမြို့တွင်ဗာလဘုရားအတွက် ဗိမာန်တော်ကိုတည်ဆောက်ကာထိုဗိမာန်တွင် ယဇ်ပလ္လင်ကိုတည်၏။-
33 Achab fece ancora un bosco. Ed Achab fece vie peggio che tutti i re d'Israele, ch'erano stati davanti a lui, per dispettare il Signore Iddio d'Israele.
၃၃အာရှရဘုရားမကိုဝတ်ပြုကိုးကွယ်ရန် အတွက် တံခွန်တိုင်ကိုလည်းစိုက်ထူလေသည်။ သူသည်မိမိ၏နောင်တော့်နောင်တော်ဣသရေ လဘုရင်အပေါင်းတို့ထက်ပင် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၏အမျက်တော်ကိုပို၍လှုံ့ဆော် ပေး၏။-
34 Nel suo tempo, Hiel, da Betel, riedificò Gerico, e la fondò sopra Abiram, suo primogenito; e posò le porte di essa sopra Segub, suo figliuol minore; secondo la parola del Signore, la quale egli avea pronunziata per Giosuè, figliuolo di Nun.
၃၄သူနန်းစံနေစဉ်အတွင်းဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကိုပြန်လည်တည် ထောင်လေသည်။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကားနှင့် အညီ ဟိဧလသည်ယေရိခေါမြို့ကိုအုတ် မြစ်ချချိန်၌မိမိ၏သားဦးအဘိရံကို လည်းကောင်း၊ မြို့တံခါးများတည်ဆောက် ချိန်၌သားထွေးစေဂုပ်ကိုလည်းကောင်း ဆုံးရှုံးရလေသည်။