< Proverbi 20 >
1 Il vino è rissoso, il liquore è tumultuoso; chiunque se ne inebria non è saggio.
၁စပျစ်ရည် သည် လှည့်စား တတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ် ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့ သောအားဖြင့် မှားယွင်း သောသူသည် ပညာ မ ရှိ။
2 La collera del re è simile al ruggito del leone; chiunque lo eccita rischia la vita.
၂ရှင်ဘုရင် ကြောက် စေသော အမှုအရာသည် ခြင်္သေ့ ဟောက် ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိ အသက် ကို ပြစ်မှား ၏။
3 E' una gloria per l'uomo astenersi dalle contese, attaccar briga è proprio degli stolti.
၃ရန်တွေ့ ခြင်းကို ငြိမ်းစေ သောသူ သည် ဂုဏ် အသရေရှိ၏။ မိုက် သောသူမူကား ၊ အမှု နှင့်ရောနှောတတ်၏။
4 Il pigro non ara d'autunno, e alla mietitura cerca, ma non trova nulla.
၄ချမ်း သောကြောင့် ပျင်းရိ သောသူသည် လယ် မ လုပ်လို။ ထိုကြောင့် စပါး ရိတ်သောကာလ ၌သူတပါးကို တောင်း သော်လည်း မ ရရာ။
5 Come acque profonde sono i consigli nel cuore umano, l'uomo accorto le sa attingere.
၅လူ စိတ် နှလုံး၌ ပညာအကြံ သည် နက် သော ရေ နှင့်တူသော်လည်း ၊ ဉာဏ် ကောင်းသောသူသည် ခပ်ယူ လိမ့်မည်။
6 Molti si proclamano gente per bene, ma una persona fidata chi la trova?
၆လူ များ တို့သည် မိမိ တို့ပြုသောကျေးဇူး ကို ကြား ပြောတတ်၏။ သစ္စာ ရှိ သောသူ ကိုကား ၊ အဘယ် သူရှာ၍ တွေ့ နိုင်သနည်း။
7 Il giusto si regola secondo la sua integrità; beati i figli che lascia dietro di sé!
၇ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ၍၊ သူ ၏သား စဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
8 Il re che siede in tribunale dissipa ogni male con il suo sguardo.
၈တရား ပလ္လင်ပေါ် မှာထိုင် သော ရှင် ဘုရင်သည် မ ကောင်းသော အမှုအရာရှိသမျှ တို့ကို မျက်စိ တော်နှင့် ပယ်ရှင်း တတ်၏။
9 Chi può dire: «Ho purificato il cuore, sono mondo dal mio peccato?».
၉ငါသည် ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီ။ အပြစ် နှင့် ကင်းလွတ် ၏ဟု အဘယ် သူဆို နိုင်သနည်း။
10 Doppio peso e doppia misura sono due cose in abominio al Signore.
၁၀အလေး ချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
11 Gia con i suoi giochi il fanciullo dimostra se le sue azioni saranno pure e rette.
၁၁သူငယ် သော်လည်း ၊ မိမိ ပြုသောအမှု သည် စင် သည်မစင်သည်၊ မှန် သည်မမှန်သည်ကို မိမိ အခြင်း အရာအားဖြင့် ပြ ၍ ၊ မိမိသဘောကို ထင်ရှားစေ၏။
12 L'orecchio che ascolta e l'occhio che vede: l'uno e l'altro ha fatto il Signore.
၁၂ကြား တတ်သော နား ကို၎င်း၊ မြင် တတ်သော မျက်စိ ကို၎င်း ၊ ထာဝရဘုရား ဖန်ဆင်း တော်မူပြီ။
13 Non amare il sonno per non diventare povero, tieni gli occhi aperti e avrai pane a sazietà.
၁၃ဆင်းရဲ မည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍ ၊ အိပ် ခြင်းကိုမ တပ်မက် နှင့်။ နိုး တတ်လျှင် ဝ စွာစား ရ၏။
14 «Robaccia, robaccia» dice chi compra: ma mentre se ne va, allora se ne vanta.
၁၄ဝယ် သောသူက၊ မ ကောင်းဘူး၊ မ ကောင်းဘူးဟု ဆို တတ်၏။ ဝယ်၍သွား ပြီး မှ ဝါကြွား တတ်၏။
15 C'è oro e ci sono molte perle, ma la cosa più preziosa sono le labbra istruite.
၁၅ရွှေ ရှိ ၏။ ပတ္တမြား လည်း ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသော နှုတ် မူကား ၊ အလွန် အဘိုး ထိုက်သော ရတနာ ဖြစ်၏။
16 Prendigli il vestito perché si è fatto garante per un altro e tienilo in pegno per gli estranei.
၁၆မ ကျွမ်းသောသူအတွက်၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူ သည် အဝတ် အစ ရှိသောဥစ္စာ တစုံတခုကို ပေါင် ထားစေ။
17 E' piacevole all'uomo il pane procurato con frode, ma poi la sua bocca sarà piena di granelli di sabbia.
၁၇လှည့်စား ၍ ရသောအစာ သည် ချိုမြိန် သော်လည်း ၊ စားသောသူ ၏နှုတ် သည် ကျောက်စရစ် နှင့် ပြည့် လိမ့်မည်။
18 Pondera bene i tuoi disegni, consigliandoti, e fà la guerra con molta riflessione.
၁၈အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင် လျှင်၊ အကြံ ထမြောက် တတ်၏။ ကောင်း သော တိုင်ပင်ခြင်း ရှိမှ သာ စစ်မှု ကို ပြု ရမည်။
19 Chi va in giro sparlando rivela un segreto, non associarti a chi ha sempre aperte le labbra.
၁၉လည် ၍စကားများသောသူသည် လျှို့ဝှက် အပ် သောအရာကို ဘော်ပြ တတ်၏။ သို့ဖြစ်၍ ချော့မော့ တတ် သောသူနှင့် မ ပေါင်းဘော် နှင့်။
20 Chi maledice il padre e la madre vedrà spegnersi la sua lucerna nel cuore delle tenebre.
၂၀အကြင်သူသည် မိဘ ကို ကျိန်ဆဲ ၏။ ထိုသူ ၏ မီးခွက် သည် ထူထပ် သော မှောင်မိုက် ၌ သေ လိမ့်မည်။
21 I guadagni accumulati in fretta da principio non saranno benedetti alla fine.
၂၁အမွေ ဥစ္စာကို အစအဦး ၌ အလျင် ရနိုင်သော်လည်း ၊ အဆုံး ၌ အမင်္ဂလာ ဖြစ်လိမ့်မည်။
22 Non dire: «Voglio ricambiare il male», confida nel Signore ed egli ti libererà.
၂၂ငါသည်ရန်တုံ့ ပြုမည်ဟု မ ဆို နှင့်၊ ထာဝရဘုရား ကို ငံ့လင့် လော့။ သို့ပြုလျှင် ကယ်တင် တော်မူလိမ့်မည်။
23 Il doppio peso è in abominio al Signore e le bilance false non sono un bene.
၂၃အလေး ချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စဉ်းလဲ သောချိန်ခွင် လည်း အပြစ် ရှိ၏။
24 Dal Signore sono diretti i passi dell'uomo e come può l'uomo comprender la propria via?
၂၄လူ သွား ရာလမ်းတို့ကို ထာဝရဘုရား စီရင်တော်မူ ၏။ သို့ဖြစ်၍ ၊ သူ သည် မိမိ သွားရာလမ်း တို့ကို အဘယ် သို့ နားလည် နိုင်သနည်း။
25 E' un laccio per l'uomo esclamare subito: «Sacro!» e riflettere solo dopo aver fatto il voto.
၂၅ဘုရား အမှု၌စကားလွန်မိ သောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်း သောသူ သည် ကျော့ကွင်း နှင့် တွေ့မိပြီ။
26 Un re saggio passa al vaglio i malvagi e ritorna su di loro con la ruota.
၂၆ပညာ ရှိသော ရှင် ဘုရင်သည် လူဆိုး တို့ကို ကွဲပြား စေ၍ ၊ ဘီး နှင့် ဖိ တတ်၏။
27 Lo spirito dell'uomo è una fiaccola del Signore che scruta tutti i segreti recessi del cuore.
၂၇လူ ၏စိတ် ဝိညာဉ်သည် ကိုယ် အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေး သော ထာဝရဘုရား ၏ မီးခွက် ဖြစ်၏။
28 Bontà e fedeltà vegliano sul re, sulla bontà è basato il suo trono.
၂၈ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။
29 Vanto dei giovani è la loro forza, ornamento dei vecchi è la canizie.
၂၉လူပျို ၏ဘုန်း ကား အစွမ်း သတ္တိ၊ လူအို ၏ ဂုဏ်အသရေ ကား ဖြူ သော ဆံပင်ဖြစ်၏။
30 Le ferite sanguinanti spurgano il male, le percosse purificano i recessi del cuore.
၃၀အနာ ကိုမွှေနှောက် ခြင်းအားဖြင့်အဆိုး အညစ် နှင့် ကင်းစင် တတ်၏။ ဒဏ်ချက် ရာတို့သည်လည်း ၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။