< Giudici 10 >
1 Dopo Abimèlech, sorse a salvare Israele Tola, figlio di Pua, figlio di Dodo, uomo di Issacar. Dimorava a Samir sulle montagne di Efraim;
၁အဘိမလက်လက်ထက် နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသား ဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။
2 fu giudice d'Israele per ventitrè anni, poi morì e fu sepolto a Samir.
၂ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။
3 Dopo di lui sorse Iair, il Galaadita, che fu giudice d'Israele per ventidue anni;
၃ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။
4 ebbe trenta figli che cavalcavano trenta asinelli e avevano trenta città, che si chiamano anche oggi i Villaggi di Iair e sono nel paese di Gàlaad.
၄ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
5 Poi Iair morì e fu sepolto a Kamon.
၅ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။
6 Gli Israeliti continuarono a fare ciò che è male agli occhi del Signore e servirono i Baal, le Astarti, gli dei di Aram, gli dei di Sidòne, gli dei di Moab, gli dei degli Ammoniti e gli dei dei Filistei; abbandonarono il Signore e non lo servirono più.
၆တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြုစွန့်ထားကြ၏။
7 L'ira del Signore si accese contro Israele e li mise nelle mani dei Filistei e nelle mani degli Ammoniti.
၇ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌၎င်း၊ အမ္မုန်အမျိုးသားတို့၌ ၎င်း၊ ရောင်းတော်မူသဖြင့်၊
8 Questi afflissero e oppressero per diciotto anni gli Israeliti, tutti i figli d'Israele che erano oltre il Giordano, nel paese degli Amorrei in Gàlaad.
၈ယော်ဒန်မြစ်တဘက် အာမောရိလူနေရာဂိလဒ်ပြည်၌နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။
9 Poi gli Ammoniti passarono il Giordano per combattere anche contro Giuda, contro Beniamino e contro la casa d'Efraim e Israele fu in grande angoscia.
၉အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကို ကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသား တို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။
10 Allora gli Israeliti gridarono al Signore: «Abbiamo peccato contro di te, perché abbiamo abbandonato il nostro Dio e abbiamo servito i Baal».
၁၀ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။
11 Il Signore disse agli Israeliti: «Non vi ho io liberati dagli Egiziani, dagli Amorrei, dagli Ammoniti e dai Filistei?
၁၁ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်သည် မဟုတ်လော။
12 Quando quelli di Sidòne, gli Amaleciti e i Madianiti vi opprimevano e voi gridavate a me, non vi ho forse liberati dalle loro mani?
၁၂ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကို ဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နှုတ်၏။
13 Eppure, mi avete abbandonato e avete servito altri dei; perciò io non vi salverò più.
၁၃သို့သော်လည်း သင်တို့သည် ငါ့ကို စွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တဖန် ငါမကယ်နှုတ်။
14 Andate a gridare agli dei che avete scelto; vi salvino essi nel tempo della vostra angoscia!».
၁၄သင်တို့ ရွေးယူသော ဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခု ကာလ၌ သူတို့သည် ကယ်နှုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။
15 Gli Israeliti dissero al Signore: «Abbiamo peccato; fà di noi ciò che ti piace; soltanto, liberaci in questo giorno».
၁၅ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြုတော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရားအား တောင်းလျှောက်လျက်၊
16 Eliminarono gli dei stranieri e servirono il Signore, il quale non tollerò più a lungo la tribolazione di Israele.
၁၆တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ၏။
17 Gli Ammoniti si radunarono e si accamparono in Gàlaad e anche gli Israeliti si adunarono e si accamparono a Mizpa.
၁၇အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလအမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။
18 Il popolo, i principi di Gàlaad, si dissero l'un l'altro: «Chi sarà l'uomo che comincerà a combattere contro gli Ammoniti? Egli sarà il capo di tutti gli abitanti di Gàlaad».
၁၈ဂိလဒ်ပြည်သားမင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။