< Giobbe 9 >
1 Giobbe rispose dicendo:
၁ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 In verità io so che è così: e come può un uomo aver ragione innanzi a Dio?
၂မှန် ပါ၏။ ထို စကားမှန် ကြောင်းကိုငါသိ ၏။ သို့သော်လည်း ၊ လူ သည် ဘုရား သခင့်ရှေ့ တော်၌ အဘယ် သို့ ဖြောင့်မတ် ရာသို့ ရောက်နိုင်သနည်း။
3 Se uno volesse disputare con lui, non gli risponderebbe una volta su mille.
၃ဘုရားသခင် သည် အပြစ် တင်ခြင်းငှါ အလို တော်ရှိလျှင် ၊ လူ သည် အပြစ်တထောင် တွင် တခု မျှ မ ဖြေ နိုင်။
4 Saggio di mente, potente per la forza, chi s'è opposto a lui ed è rimasto salvo?
၄ဘုရားသခင် သည် ထူးဆန်း သော ဉာဏ် ၊ ကြီးစွာ သော တန်ခိုး နှင့် ပြည့်စုံ တော်မူသည် ဖြစ်၍၊ အဘယ် သူသည် အာဏာ တော်ကို ဆန် ၍အောင် နိုင်သနည်း။
5 Sposta le montagne e non lo sanno, egli nella sua ira le sconvolge.
၅ဘုရားသခင် သည် တောင် တို့ကို အမှတ် တမဲ့ရွှေ့ တော်မူ၏။ အမျက် ထွက်၍ မှောက်လှန် တော်မူ၏။
6 Scuote la terra dal suo posto e le sue colonne tremano.
၆မြေကြီး ကိုရွေ့ စေခြင်းငှါ တွန်းတော်မူ၍၊ မြေ တိုင် တို့သည် တုန်လှုပ် ကြ၏။
7 Comanda al sole ed esso non sorge e alle stelle pone il suo sigillo.
၇နေ ကို မှာ ထားတော်မူ၍ သူသည်မ ထွက် ရ။ ကြယ် တို့ကိုလည်း ကွယ် ထားတော်မူ၏။
8 Egli da solo stende i cieli e cammina sulle onde del mare.
၈မိုဃ်း ကောင်းကင် ကို ကိုယ်တော်တပါး တည်း ဖြန့် မိုးတော်မူ၏။ သမုဒ္ဒရာ လှိုင်း တံပိုးကို နင်း တော်မူ၏။
9 Crea l'Orsa e l'Orione, le Pleiadi e i penetrali del cielo australe.
၉အာရှ ကြယ်၊ ခသိလ ကြယ်၊ ခိမ ကြယ်စုမှစ၍တောင် မျက်နှာကြယ်တိုက် တို့ကို ဖန်ဆင်း တော်မူ၏။
10 Fa cose tanto grandi da non potersi indagare, meraviglie da non potersi contare.
၁၀စစ် ၍မ သိနိုင်အောင် အလွန်ကြီး သောအမှု၊ မ ရေတွက် နိုင်အောင်များ၍ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူ၏။
11 Ecco, mi passa vicino e non lo vedo, se ne va e di lui non m'accorgo.
၁၁ငါ့ ရှေ့ မှာကြွ တော်မူ၍ ကိုယ်တော်ကိုငါမ မြင် ရ။ ရှောက် သွားတော်မူ၍ ကိုယ်တော် ကို ငါမ ရိပ်မိ ရ။
12 Se rapisce qualcosa, chi lo può impedire? Chi gli può dire: «Che fai?».
၁၂သိမ်းယူ တော်မူသောအခါ အဘယ် သူသည် ဆီးတား နိုင်သနည်း။ ကိုယ်တော် သည်အဘယ် သို့ပြု သနည်းဟု အဘယ် သူဆို ဝံ့သနည်း။
13 Dio non ritira la sua collera: sotto di lui sono fiaccati i sostenitori di Raab.
၁၃ဘုရား သခင်သည် အမျက် ပြေ တော်မ မူလျှင်၊ မာန ကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်း ကိုခံရကြ၏။
14 Tanto meno io potrei rispondergli, trovare parole da dirgli!
၁၄ထိုမျှမကငါ သည်အဘယ် သို့ပြန် လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကား ကို ရွေး ၍ လျှောက်ရအံ့နည်း။
15 Se avessi anche ragione, non risponderei, al mio giudice dovrei domandare pietà.
၁၅ငါသည် ဖြောင့်မတ် သော်လည်း ပြန် ၍ မ လျှောက်ဝံ့ဘဲ၊ တရား မှုကို ဆုံးဖြတ် တော်မူ သော အရှင်ကို တောင်းပန် ရုံမျှသာပြုရ၏။
16 Se io lo invocassi e mi rispondesse, non crederei che voglia ascoltare la mia voce.
၁၆ငါခေါ် ၍ အရှင်သည်ထူး တော်မူသော်လည်း ၊ ငါ့ စကား ကို နားထောင် တော်မူမည်ဟု ငါမ ယုံ နိုင်။
17 Egli con una tempesta mi schiaccia, moltiplica le mie piaghe senza ragione,
၁၇အကြောင်းမူကား၊ မိုဃ်းသက် မုန်တိုင်းဖြင့် ငါ့ ကို ညှဉ်းဆဲ ၍၊ အကြောင်း မရှိဘဲငါ ၌ အနာ တို့ကို များပြား စေတော်မူ၏။
18 non mi lascia riprendere il fiato, anzi mi sazia di amarezze.
၁၈ငါ့ ကို အသက် ရှူရသောအခွင့်မ ပေး။ ခါး စွာသော ဝေဒနာနှင့် ပြည့်စုံ စေတော်မူ၏။
19 Se si tratta di forza, è lui che dà il vigore; se di giustizia, chi potrà citarlo?
၁၉တန်ခိုး ကိုအမှီပြုမည်ဆိုသော် ၊ ဘုရားသခင် သည် တန်ခိုးကြီး တော်မူ၏။ တရား ကိုအမှီပြုမည်ဆို ပြန်သော်၊ အဘယ် သူသည် ငါ့ ဘက်၌ သက်သေခံမည်နည်း။
20 Se avessi ragione, il mio parlare mi condannerebbe; se fossi innocente, egli proverebbe che io sono reo.
၂၀ကိုယ်အပြစ် ကို ပြေစေခြင်းငှါပြုလျှင် ၊ ကိုယ် စကား အားဖြင့်တရား ရှုံးလိမ့်မည်။ ငါ သည် စုံလင် ပြီဟု ဆိုပြန်လျှင် ၊ ငါ့ သဘောကောက်ကြောင်း ထင်ရှား လိမ့်မည်။
21 Sono innocente? Non lo so neppure io, detesto la mia vita!
၂၁တဖန်စုံလင် သော်လည်း၊ ကိုယ် စိတ် သဘောကို ကိုယ် မ သိ ရ။ ကိုယ် အသက် ကို ပမာဏ မပြုရ။
22 Per questo io dico: «E' la stessa cosa»: egli fa perire l'innocente e il reo!
၂၂ငါပြော အံ့သောစကားတချက် ဟူမူကား၊ ဘုရား သခင်သည် စုံလင် သောသူတို့ကို၎င်း ၊ ဆိုးညစ် သောသူတို့ ကို၎င်းဖျက်ဆီး တော်မူတတ်၏။
23 Se un flagello uccide all'improvviso, della sciagura degli innocenti egli ride.
၂၃ချက်ခြင်း ဘေး တစုံတခုရောက်သောအခါ ၊ အပြစ် မရှိ သော သူ ခံရသည် အကြောင်းကို ရယ် တော်မူ၏။
24 La terra è lasciata in balìa del malfattore: egli vela il volto dei suoi giudici; se non lui, chi dunque sarà?
၂၄မြေကြီး ကိုလူဆိုး တို့ လက် ၌ အပ် ၍၊ တရား သူကြီးတို့၏ မျက်နှာ ကို ဖျက် တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ် သူနည်း။
25 I miei giorni passano più veloci d'un corriere, fuggono senza godere alcun bene,
၂၅တမြို့မှတမြို့သို့ စာပို့ သောလုလင်ထက် ၊ ငါ့ နေ့ ရက် တို့သည် လျင်မြန် ၍၊ ကောင်ကျိုး ကိုမ ခံရ ဘဲ ပြေး တတ် ကြ၏။
26 volano come barche di giunchi, come aquila che piomba sulla preda.
၂၆လျင်မြန် သော သင်္ဘော ကဲ့သို့ ၎င်း၊ အကောင် ကို သုတ်လာ သောရွှေလင်းတ ကဲ့သို့ ၎င်း၊ လွန် သွားတတ်ကြ ၏။
27 Se dico: «Voglio dimenticare il mio gemito, cambiare il mio volto ed essere lieto»,
၂၇ငါသည်မြည်တမ်း သော စကားကိုဖြတ် ၍၊ ရွှင်လန်း သောမျက်နှာကိုဆောင်လျက်၊ ရဲရင့် ခြင်းသို့ ရောက်မည်ဟု ငါ ဆို သော်လည်း၊
28 mi spavento per tutti i miei dolori; so bene che non mi dichiarerai innocente.
၂၈ငါ ခံရသောဒုက္ခ ဝေဒနာများ သောကြောင့်၊ ကြောက် သောသဘောရှိ၏။ အပြစ် လွှတ်စေဟု ငါ ၌စီရင်တော် မ မူကြောင်း ကို ငါသိ ၏။
29 Se sono colpevole, perché affaticarmi invano?
၂၉ငါ သည် အပြစ် သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစား ရမည်နည်း။
30 Anche se mi lavassi con la neve e pulissi con la soda le mie mani,
၃၀ငါ့ကိုယ်ကို မိုဃ်းပွင့် ရေ နှင့် ဆေး ၍၊ ငါ့ လက် ကို ရှင်းရှင်းစင်ကြယ် စေသော်လည်း၊
31 allora tu mi tufferesti in un pantano e in orrore mi avrebbero le mie vesti.
၃၁ရွှံ့ ထဲ သို့ တွန်းချ တော်မူ၍၊ ငါ့ အဝတ် ပင် ငါ့ ကိုယ် ကိုရွံ လိမ့်မည်။
32 Poiché non è uomo come me, che io possa rispondergli: «Presentiamoci alla pari in giudizio».
၃၂ငါသည် ဘုရားသခင် ၏ စကားကို တ ဦး နှင့် တဦး တရား တွေ့နိုင် မည် အကြောင်း၊ ဘုရား သခင်သည် ငါ ကဲ့သို့ လူ ဖြစ်တော်မူသည်မ ဟုတ်။
33 Non c'è fra noi due un arbitro che ponga la mano su noi due.
၃၃ငါ တို့နှစ် ဦးကို ဆီးတား ပိုင်သော စပ်ကြား နေ အမှုစောင့် မ ရှိ။
34 Allontani da me la sua verga sì che non mi spaventi il suo terrore:
၃၄ငါ့ ကို ဒဏ်ခတ် တော်မမူပါစေနှင့်။ ပြု တော်မူ သောဘေး ကြောင့် ငါ မ ကြောက် ပါစေနှင့်။
35 allora io potrò parlare senza temerlo, perché così non sono in me stesso.
၃၅သို့ဖြစ်လျှင် ၊ ငါသည်မ ကြောက် ဘဲပြော ရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား ၊ ပြောရသောအခွင့်ကိုမ ရ။