< Geremia 49 >
1 Sugli Ammoniti. Dice il Signore: «Israele non ha forse figli, non ha egli alcun erede? Perché Milcom ha ereditato la terra di Gad e il suo popolo ne ha occupate le città?
၁အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။
2 Perciò ecco, verranno giorni - dice il Signore - nei quali io farò udire a Rabbà degli Ammoniti fragore di guerra; essa diventerà un cumulo di rovine, le sue borgate saranno consumate dal fuoco, Israele spoglierà i suoi spogliatori, dice il Signore.
၂ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
3 Urla, Chesbòn, arriva il devastatore; gridate, borgate di Rabbà, cingetevi di sacco, innalzate lamenti e andate raminghe con tagli sulla pelle, perché Milcom andrà in esilio, insieme con i suoi sacerdoti e i suoi capi.
၃အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။
4 Perché ti vanti delle tue valli, figlia ribelle? Confidi nelle tue scorte ed esclami: Chi verrà contro di me?
၄ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိမိစည်းစိမ်၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး၊ သင်သည် ချိုင့်တို့၌ အဘယ်ကြောင့် ဝါကြွားသနည်း။ သင်၏ချိုင့်သည် အသွေးစီးရာ ဖြစ်လိမ့် မည်။
5 Ecco io manderò su di te il terrore - parola del Signore Dio degli eserciti - da tutti i dintorni. Voi sarete scacciati, ognuno per la sua via, e non vi sarà nessuno che raduni i fuggiaschi.
၅ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။
6 Ma dopo cambierò la sorte degli Ammoniti». Parola del Signore.
၆သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
7 Su Edom. Così dice il Signore degli eserciti: «Non c'è più sapienza in Teman? E' scomparso il consiglio dei saggi? E' svanita la loro sapienza?
၇ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန် ပြည်၌ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဥာဏ်သည် ဆုံးသလော။
8 Fuggite, partite, nascondetevi in un luogo segreto, abitanti di Dedan, poiché io mando su Esaù la sua rovina, il tempo del suo castigo.
၈အိုဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြ လော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရ သောဘေး၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည်။
9 Se vendemmiatori verranno da te, non lasceranno nulla da racimolare. Se ladri notturni verranno da te, saccheggeranno quanto loro piace.
၉စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော။
10 Poiché io intendo spogliare Esaù, rivelo i suoi nascondigli ed egli non ha dove nascondersi. La sua stirpe, i suoi fratelli, i suoi vicini sono distrutti ed egli non è più.
၁၀ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည်။
11 Lascia i tuoi orfani, io li farò vivere, le tue vedove confidino in me!
၁၁သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။
12 Poiché così dice il Signore: Ecco, coloro che non erano obbligati a bere il calice lo devono bere e tu pretendi di rimanere impunito? Non resterai impunito, ma dovrai berlo
၁၂ထာဝရဘုရားမိန့်တော်မူသည်ကား၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ်၍ သောက် ကြသည် မှန်လျှင်၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော။ မလွတ်ဘဲမနေရ။ စင်စစ်သောက် ရမည်။
13 poiché io ho giurato per me stesso - dice il Signore - che Bozra diventerà un orrore, un obbrobrio, un deserto, una maledizione e tutte le sue città saranno ridotte a rovine perenni.
၁၃ဗောဇရပြည်သည်အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူစိတ် ညံရာ၊ ကျိန်ဆဲရာဖြစ်လိမ့်မည်။ သူတို့၏ မြို့အလုံးစုံ သည်လည်း၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့် မည်ဟု၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
14 Ho udito un messaggio da parte del Signore, un messaggero è stato inviato fra le nazioni: Adunatevi e marciate contro di lui! Alzatevi per la battaglia.
၁၄ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ၍လာကြလော့ဟု တပါးအမျိုး သားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ။
15 Poiché ecco, ti renderò piccolo fra i popoli e disprezzato fra gli uomini.
၁၅တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
16 La tua arroganza ti ha indotto in errore, la superbia del tuo cuore; tu che abiti nelle caverne delle rocce, che ti aggrappi alle cime dei colli, anche se ponessi, come l'aquila, in alto il tuo nido, di lassù ti farò precipitare. Oracolo del Signore.
၁၆ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ၏။
17 Edom sarà oggetto di orrore; chiunque passerà lì vicino ne resterà attonito e fischierà davanti a tutte le sue piaghe.
၁၇ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွား သော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
18 Come nello sconvolgimento di Sòdoma e Gomorra e delle città vicine - dice il Signore - non vi abiterà più uomo né vi fisserà la propria dimora un figlio d'uomo.
၁၈သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့ တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။
19 Ecco, come un leone sale dalla boscaglia del Giordano verso i prati sempre verdi, così in un baleno io lo scaccerò di là e il mio eletto porrò su di esso; poiché chi è come me? Chi può citarmi in giudizio? Chi è dunque il pastore che può resistere davanti a me?
၁၉ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
20 Certo, trascineranno via anche i più piccoli del gregge, e per loro sarà desolato il loro prato. Per questo ascoltate il progetto che il Signore ha fatto contro Edom e le decisioni che egli ha prese contro gli abitanti di Teman.
၂၀သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
21 Al fragore della loro caduta tremerà la terra. Un grido! Fino al Mare Rosso se ne ode l'eco.
၂၁သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ၏။
22 Ecco, come l'aquila, egli sale e si libra, espande le ali su Bozra. In quel giorno il cuore dei prodi di Edom sarà come il cuore di una donna nei dolori del parto».
၂၂ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။
23 «Amat e Arpad sono piene di confusione, perché hanno sentito una cattiva notizia; esse sono agitate come il mare, sono in angoscia, non possono calmarsi. Su Damasco.
၂၃ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူ ကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကြောင့်၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။
24 Spossata è Damasco, si volge per fuggire; un tremito l'ha colta, angoscia e dolori l'assalgono come una partoriente.
၂၄ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲ ကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
25 Come fu abbandonata la città gloriosa, la città del tripudio?
၂၅အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။
26 Cadranno i suoi giovani nelle sue piazze e tutti i suoi guerrieri periranno in quel giorno. Oracolo del Signore degli eserciti.
၂၆သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌ လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်။
27 Appiccherò il fuoco alle mura di Damasco e divorerà i palazzi di Ben-Hadàd».
၂၇ငါသည်လည်း၊ ဒမာသက်မြို့ရိုးကို မီးရှို့၍၊ ဗင်္ဟာဒဒ်၏ နန်းတော်တို့ကို လောင်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
28 Così dice il Signore: «Su, marciate contro Kedàr, saccheggiate i figli dell'oriente. Su Kedàr e sui regni di Cazòr, che Nabucodònosor re di Babilonia sconfisse.
၂၈ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့ သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။
29 Prendete le loro tende e le loro pecore, i loro teli da tenda, tutti i loro attrezzi; portate via i loro cammelli; un grido si leverà su di loro: Terrore all'intorno!
၂၉သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည်။
30 Fuggite, andate lontano, nascondetevi in luoghi segreti o abitanti di Cazòr - dice il Signore - perché ha ideato un disegno contro di voi. Nabucodònosor re di Babilonia ha preparato un piano contro di voi.
၃၀ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော် ပြည်သားတို့၊ ဝေးစွာ ပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့ တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။
31 Su, marciate contro la nazione tranquilla, che vive in sicurezza. Oracolo del Signore. Essa non ha né porte né sbarre e vive isolata.
၃၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြ လော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။
32 I suoi cammelli saranno portati via come preda e la massa dei suoi greggi come bottino. Disperderò a tutti i venti coloro che si tagliano i capelli alle tempie, da ogni parte farò venire la loro rovina. Parola del Signore.
၃၂သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ် သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ် တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
33 Cazòr diventerà rifugio di sciacalli, una desolazione per sempre; nessuno vi dimorerà più, non vi abiterà più un figlio d'uomo».
၃၃ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံ တယောက်မျှမနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။
34 Parola che il Signore rivolse al profeta Geremia riguardo all'Elam all'inizio del regno di Sedecìa re di Giuda.
၃၄ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက၊ ဧလံပြည် ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊
35 «Dice il Signore degli eserciti: Ecco io spezzerò l'arco dell'Elam, il nerbo della sua potenza.
၃၅ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည်။
36 Manderò contro l'Elam i quattro venti dalle quattro estremità del cielo e li sparpaglierò davanti a questi venti; non ci sarà nazione in cui non giungeranno i profughi dell'Elam.
၃၆အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သား များကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သား မရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ။
37 Incuterò terrore negli Elamiti davanti ai loro nemici e davanti a coloro che vogliono la loro vita; manderò su di essi la sventura, la mia ira ardente. Parola del Signore. Manderò la spada a inseguirli finché non li avrò sterminati.
၃၇ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
38 Porrò il mio trono sull'Elam e farò morire il re e i capi. Oracolo del Signore.
၃၈ဧလံပြည်၌ ငါ၏ပလ္လင်ကို တည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
39 Ma negli ultimi giorni cambierò la sorte dell'Elam». Parola del Signore.
၃၉သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။