< Isaia 28 >
1 Guai alla corona superba degli ubriachi di Efraim, al fiore caduco, suo splendido ornamento, che domina la fertile valle, o storditi dal vino!
၁စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။
2 Ecco, inviato dal Signore, un uomo potente e forte, come nembo di grandine, come turbine rovinoso, come nembo di acque torrenziali e impetuose, getta tutto a terra con violenza.
၂ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူ သည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။
3 Dai piedi verrà calpestata la corona degli ubriachi di Efraim.
၃ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။
4 E avverrà al fiore caduco del suo splendido ornamento, che domina la valle fertile, come a un fico primaticcio prima dell'estate: uno lo vede, lo coglie e lo mangia appena lo ha in mano.
၄ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ် သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျင် သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင်စား တတ်၏။
5 In quel giorno sarà il Signore degli eserciti una corona di gloria, uno splendido diadema per il resto del suo popolo,
၅ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိ သောသရဖူ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူ လိမ့်မည်။
6 ispiratore di giustizia per chi siede in tribunale, forza per chi respinge l'assalto alla porta.
၆တရားမှုကို စီရင်သောသူတို့အား တရားစီရင် သော ဥာဏ်ကို၎င်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှု ကို လှန်သောသူတို့အား၊ ခွန်အားဗလကို၎င်း ပေးတော်မူ လိမ့်မည်။
7 Anche costoro barcollano per il vino, vanno fuori strada per le bevande inebrianti. Sacerdoti e profeti barcollano per la bevanda inebriante, affogano nel vino; vanno fuori strada per le bevande inebrianti, s'ingannano mentre hanno visioni, dondolano quando fanno da giudici.
၇သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည် ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက် ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည် သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည် အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။
8 Tutte le tavole sono piene di fetido vomito; non c'è un posto pulito.
၈သူတို့စားပွဲရှိသမျှတို့သည်၊ လွတ်လပ်ရာမရှိ သည်တိုင်အောင်၊ အန်ဖတ်နှင့်၎င်း၊ အညစ်အကြေးနှင့်၎င်း ပြည့်လျက်ရှိကြ၏။
9 «A chi vuole insegnare la scienza? A chi vuole spiegare il discorso? Ai bambini divezzati, appena staccati dal seno?
၉သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သ နည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါ တို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင် ကွာရသောသူဖြစ်ကြသလော။
10 Sì: precetto su precetto, precetto su precetto, norma su norma, norma su norma, un pò qui, un pò là».
၁၀ပညတ်တခုပေါ်မှာ တခု၊ တခုပေါ်မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ်၊ဟိုဘက်မှာ အနည်းငယ်ရှိပါသည် တကားဟု ဆိုကြ၏။
11 Con labbra balbettanti e in lingua straniera parlerà a questo popolo
၁၁အကယ်စင်စစ်၊ စကားမပြီသော နှုတ်၊ ရိုင်း သောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။
12 colui che aveva detto loro: «Ecco il riposo! Fate riposare lo stanco. Ecco il sollievo!». Ma non vollero udire.
၁၂ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူ တို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည် ဟု မိန့်တော်မူသော်လည်း၊ သူတို့သည်နားမထောင်ကြ။
13 E sarà per loro la parola del Signore: «precetto su precetto, precetto su precetto, norma su norma, norma su norma, un pò qui, un pò là», perché camminando cadano all'indietro, si producano fratture, siano presi e fatti prigionieri.
၁၃ထို့ကြောင့်၊သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ် တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည်ဘက်မှာ အနည်း ငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
14 Perciò ascoltate la parola del Signore, uomini arroganti, signori di questo popolo che sta in Gerusalemme:
၁၄သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့ သားအကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကို နားထောင်ကြလော့။
15 «Voi dite: Abbiamo concluso un'alleanza con la morte, e con gli inferi abbiamo fatto lega; il flagello del distruttore, quando passerà, non ci raggiungerà; perché ci siamo fatti della menzogna un rifugio e nella falsità ci siamo nascosti». (Sheol )
၁၅သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယ ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊ (Sheol )
16 Dice il Signore Dio: «Ecco io pongo una pietra in Sion, una pietra scelta, angolare, preziosa, saldamente fondata: chi crede non vacillerà.
၁၆အရှင်ထာဝရဘုရားက၊ စုံစမ်းသော အမြစ် ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရ သောအကြောင်းမရှိ။
17 Io porrò il diritto come misura e la giustizia come una livella. La grandine spazzerà via il vostro rifugio fallace, le acque travolgeranno il vostro riparo.
၁၇တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင် ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုဃ်း သီးရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ် ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။
18 Sarà cancellata la vostra alleanza con la morte; la vostra lega con gli inferi non reggerà. Quando passerà il flagello del distruttore, voi sarete la massa da lui calpestata. (Sheol )
၁၈သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ (Sheol )
19 Ogni volta che passerà, vi prenderà, poiché passerà ogni mattino, giorno e notte. E solo il terrore farà capire il discorso».
၁၉ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညဉ့်မပြတ် ချင်းနင်းသည် ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအ ကြောင်းရှိလိမ့်မည်။
20 Troppo corto sarà il letto per distendervisi, troppo stretta la coperta per avvolgervisi.
၂၀ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း ခြုံလောက်အောင်ငယ်၏။
21 Poiché come sul monte Perasìm si leverà il Signore; come nella valle di Gàbaon si adirerà per compiere l'opera, la sua opera singolare, e per eseguire il lavoro, il suo lavoro inconsueto.
၂၁ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ၎င်း၊ အလုပ်တော် တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက် စသတ်ခြင်းငှါ၎င်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက် တော်မူမည်။
22 Ora cessate di agire con arroganza perché non si stringano di più le vostre catene, perché un decreto di rovina io ho udito, da parte del Signore, Dio degli eserciti, riguardo a tutta la terra.
၂၂ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေးခြင်း ကို မပြုကြနှင့်။ ပြည်တပြည်လုံး၌ အနှံ့အပြားစီရင်ဆုံး ဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါ ကြားရပြီ။
23 Porgete l'orecchio e ascoltate la mia voce, fate attenzione e sentite le mie parole.
၂၃ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့နားထောင်နာယူကြလော့။
24 Ara forse tutti i giorni l'aratore, rompe e sarchia la terra?
၂၄လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကို ချေလျက်အစဉ် လယ်ထွန် တတ်သလော။
25 Forse non ne spiana la superficie, non vi semina l'anèto e non vi sparge il cumino? E non vi pone grano e orzo e spelta lungo i confini?
၂၅လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ဇီယာ မျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အ တန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။
26 E la sua perizia rispetto alla regola gliela insegna il suo Dio.
၂၆အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီ ရင်တတ်သော ဥာဏ်ကို ပေးတော်မူ၏။ သူ့ကိုလည်း သွန် သင်တော်မူ၏။
27 Certo, l'anèto non si batte con il tribbio, né si fa girare sul cumino il rullo, ma con una bacchetta si batte l'anèto e con la verga il cumino.
၂၇စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ် တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်၎င်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့် ၎င်း ရိုက်တတ်၏။
28 Il frumento vien forse schiacciato? Certo, non lo si pesta senza fine, ma vi si spinge sopra il rullo e gli zoccoli delle bestie senza schiacciarlo.
၂၈ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အ စဉ်နယ်တတ်သည်မဟုတ်။ လှည်းဘီးနှင့် မြင်းတို့ကို နှင် သော်လည်း၊ စပါးကို ညက်စေတတ်သည်မဟုတ်။
29 Anche questo proviene dal Signore degli eserciti: egli si mostra mirabile nel consiglio, grande nella sapienza.
၂၉ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩဘွယ်ဖြစ်၏။ ဥာဏ်တော် သည်လည်း ထူးဆန်းပေ၏။