< Genesi 16 >

1 Sarai, moglie di Abram, non gli aveva dato figli. Avendo però una schiava egiziana chiamata Agar,
အာဗြံ ၏ မယား စာရဲ ၌ သားဘွား ခြင်းမ ရှိသဖြင့် ၊ အဲဂုတ္တု ပြည်သူဟာဂရ အမည် ရှိသောကျွန် မတယောက် ရှိသည်ဖြစ်၍၊
2 Sarai disse ad Abram: «Ecco, il Signore mi ha impedito di aver prole; unisciti alla mia schiava: forse da lei potrò avere figli». Abram ascoltò la voce di Sarai.
စာရဲ က၊ အကျွန်ုပ် အား သားဘွား ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မမူ။ အကျွန်ုပ် ၏ ကျွန် မထံသို့ ဝင် ပါလော့။ သူ့ အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံ အား ပြောဆို ၍ ၊ အာဗြံ သည် စာရဲ ၏စကား ကို နားထောင် လေ၏။
3 Così, al termine di dieci anni da quando Abram abitava nel paese di Canaan, Sarai, moglie di Abram, prese Agar l'egiziana, sua schiava e la diede in moglie ad Abram, suo marito.
ထိုသို့ အာဗြံ သည် ခါနာန် ပြည် ၌ ဆယ် နှစ် နေ ပြီးမှ၊ အာဗြံ ၏မယား စာရဲ သည် မိမိ ကျွန် မအဲဂုတ္တ ပြည်သူဟာဂရ ကိုယူ ၍၊ မိမိ ခင်ပွန်း အာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်း လေ၏။
4 Egli si unì ad Agar, che restò incinta. Ma, quando essa si accorse di essere incinta, la sua padrona non contò più nulla per lei.
အာဗြံသည်လည်း ဟာဂရ ထံသို့ ဝင် ၍ ၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ မိမိ သခင် မကို မထီမဲ့မြင် ပြုလေ၏။
5 Allora Sarai disse ad Abram: «L'offesa a me fatta ricada su di te! Io ti ho dato in braccio la mia schiava, ma da quando si è accorta d'essere incinta, io non conto più niente per lei. Il Signore sia giudice tra me e te!».
စာရဲ ကလည်း အကျွန်ုပ် ခံရ သောအပြစ်သည် ကိုယ်တော် ခေါင်းပေါ် ၌ တည်ရှိပါစေ။ အကျွန်ုပ် ၏ ကျွန် မကို ကိုယ်တော် ရင်ခွင် ၌ အကျွန်ုပ် အပ်နှင်း ပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား။ ထာဝရဘုရား သည် အကျွန်ုပ် နှင့် ကိုယ်တော် အမှု ကို စီရင် တော်မူပါစေ သောဟု၊ အာဗြံ အား ဆို လေ၏။
6 Abram disse a Sarai: «Ecco, la tua schiava è in tuo potere: falle ciò che ti pare». Sarai allora la maltrattò tanto che quella si allontanò.
အာဗြံ ကလည်း ၊ သင် ၏ ကျွန် မသည် သင် ၏လက် ၌ ရှိ၏။ သူ ၌ ပြု ချင်သမျှပြု ပါလော့ဟု စာရဲ အား ပြန်ပြော လျှင်၊ စာရဲ သည် ကျွန် မကို ညှဉ်းဆဲ သဖြင့် ၊ ကျွန်မသည် သခင် မထံမှ ထွက် ပြေးလေ၏။
7 La trovò l'angelo del Signore presso una sorgente d'acqua nel deserto, la sorgente sulla strada di Sur,
ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ရှုရ မြို့သို့သွားရာတော လမ်း ၌ရှိသောစမ်း ရေ တွင်း နား မှာ ဟာဂရ ကိုတွေ့ လျှင်၊
8 e le disse: «Agar, schiava di Sarai, da dove vieni e dove vai?». Rispose: «Vado lontano dalla mia padrona Sarai».
စာရဲ ကျွန် မဟာဂရ ၊ အဘယ် က လာ သနည်း။ အဘယ် အရပ်သို့ သွား မည်နည်းဟုမေးသော်၊ ကျွန်မ သည် သခင် မစာရဲ ထံမှ ပြေး လာပါသည်ဟု ဆို လေ၏။
9 Le disse l'angelo del Signore: «Ritorna dalla tua padrona e restale sottomessa».
ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သင် ၏ သခင် မထံသို့ ပြန် ၍ ၊ သူ ၏အုပ်စိုး ခြင်းကိုခံ လော့ဟု အမိန့် ရှိ၏။
10 Le disse ancora l'angelo del Signore: «Moltiplicherò la tua discendenza e non si potrà contarla per la sua moltitudine».
၁၀တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ သင် ၏ အမျိုးအနွယ် ကို မ ရေတွက် နိုင်အောင်၊ ငါအလွန် များပြား စေမည်ဟူ၍၎င်း၊
11 «Ecco, sei incinta: partorirai un figlio e lo chiamarai Ismaele, perché il Signore ha ascoltato la tua afflizione. Soggiunse poi l'angelo del Signore:
၁၁သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။
12 Egli sarà come un ònagro; la sua mano sarà contro tutti e la mano di tutti contro di lui e abiterà di fronte a tutti i suoi fratelli».
၁၂သူ သည်လူ ရိုင်း ဖြစ် လိမ့်မည်။ လူ အပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ ကိုလည်း လူအပေါင်း တို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိ ညီအစ်ကို အပေါင်း တို့၏ အပါး ၌ နေ ရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
13 Agar chiamò il Signore, che le aveva parlato: «Tu sei il Dio della visione», perché diceva: «Qui dunque sono riuscita ancora a vedere, dopo la mia visione?».
၁၃ထိုသို့ မိန့် မြွက်တော်မူသောထာဝရဘုရား ကို၊ အာတောဧလရော ဟူသောအမည် ဖြင့် ခေါ်ဝေါ် ၍၊ ငါ့ ကိုမြင် တော်မူသောသူကို ဤ အရပ်၌ပင် ငါဖူး မြင်ရသည်တကားဟု ဟာဂရဆို လေ၏။
14 Per questo il pozzo si chiamò Pozzo di Lacai-Roi; è appunto quello che si trova tra Kades e Bered.
၁၄ထို အကြောင်းကိုအစွဲပြု၍၊ ထို ရေတွင်းကို ဗေရလဟဲရော ဟု သမုတ် ကြ၏။ ကာဒေရှ မြို့နှင့် ဗေရက် မြို့၏စပ်ကြား မှာ ရှိသတည်း။
15 Agar partorì ad Abram un figlio e Abram chiamò Ismaele il figlio che Agar gli aveva partorito.
၁၅ထိုနောက် ဟာဂရ သည် အာဗြံ အား သား ကို ဘွားမြင် ၏။ အာဗြံ လည်း ဟာဂရ တွင် မြင် သော သား ကို ဣရှမေလ အမည် ဖြင့် မှည့် လေ၏။
16 Abram aveva ottantasei anni quando Agar gli partorì Ismaele.
၁၆အာဗြံ သည် သား ဣရှမေလ ကို ဟာဂရ ဘွားမြင် သောအခါ ၊ အသက် ရှစ် ဆယ်ခြောက် နှစ် ရှိသတည်း။

< Genesi 16 >