< 2 Re 13 >
1 Nell'anno ventitrè di Ioas figlio di Acazia, re di Giuda, su Israele in Samaria divenne re Ioacaz figlio di Ieu, che regnò diciassette anni.
၁ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
2 Fece ciò che è male agli occhi del Signore; imitò il peccato con cui Geroboamo figlio di Nebàt aveva fatto peccare Israele, né mai se ne allontanò.
၂ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။
3 L'ira del Signore divampò contro Israele e li mise nelle mani di Cazaèl re di Aram e di Ben-Hadàd figlio di Cazaèl, per tutto quel tempo.
၃ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။
4 Ma Ioacaz placò il volto del Signore. Il Signore lo ascoltò, perché aveva visto come il re di Aram opprimeva gli Israeliti.
၄တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
5 Il Signore concesse un liberatore a Israele. Essi sfuggirono al potere di Aram; gli Israeliti poterono abitare nelle loro tende come prima.
၅ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။
6 Ma essi non si allontanarono dal peccato che la casa di Geroboamo aveva fatto commettere a Israele; anzi lo ripeterono. Perfino il palo sacro rimase in piedi in Samaria.
၆ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
7 Pertanto, di tutte le truppe di Ioacaz il Signore lasciò soltanto cinquanta cavalli, dieci carri e diecimila fanti, perché li aveva distrutti il re di Aram, riducendoli come la polvere che si calpesta.
၇သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။
8 Le altre gesta di Ioacaz, tutte le sue azioni e prodezze, sono descritte nel libro delle Cronache dei re di Israele.
၈ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
9 Ioacaz si addormentò con i suoi padri e fu sepolto in Samaria. Al suo posto divenne re suo figlio Ioas.
၉ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
10 Nell'anno trentasette di Ioas re di Giuda, su Israele in Samaria divenne re Ioas, figlio di Ioacaz, che regnò sedici anni.
၁၀ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
11 Fece ciò che è male agli occhi del Signore; non si allontanò da tutti i peccati che Geroboamo figlio di Nebàt aveva fatto commettere a Israele, ma li ripetè.
၁၁ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။
12 Le altre gesta di Ioas, tutte le sue azioni e prodezze, le guerre combattute con Amazia re di Giuda, sono descritte nel libro delle Cronache dei re di Israele.
၁၂ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
13 Ioas si addormentò con i suoi padri e sul suo trono salì Geroboamo. Ioas fu sepolto in Samaria insieme con i re di Israele.
၁၃ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။
14 Quando Eliseo si ammalò della malattia di cui morì, Ioas re di Israele, sceso a visitarlo, scoppiò in pianto davanti a lui, dicendo: «Padre mio, padre mio, carro di Israele e sua cavalleria».
၁၄ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ် တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။
15 Eliseo gli disse: «Prendi arco e frecce». Egli prese arco e frecce.
၁၅ဧလိရှဲကလည်း၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။
16 Aggiunse al re di Israele: «Impugna l'arco». Quando il re l'ebbe impugnato, Eliseo mise la mano sulla mano del re,
၁၆လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက်၊
17 quindi disse: «Apri la finestra verso oriente». Aperta che fu la finestra, Eliseo disse: «Tira!». Ioas tirò. Eliseo disse: «Freccia vittoriosa per il Signore, freccia vittoriosa su Aram. Tu sconfiggerai, fino allo sterminio, gli Aramei in Afek».
၁၇အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့် လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို၏။
18 Eliseo disse: «Prendi le frecce». E quando quegli le ebbe prese, disse al re di Israele: «Percuoti con le tue frecce la terra» ed egli la percosse tre volte, poi si fermò.
၁၈မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။
19 L'uomo di Dio s'indignò contro di lui e disse: «Avresti dovuto colpire cinque o sei volte; allora avresti sconfitto l'Aram fino allo sterminio; ora, invece, sconfiggerai l'Aram solo tre volte».
၁၉ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။
20 Eliseo morì; lo seppellirono. All'inizio dell'anno nuovo irruppero nel paese alcune bande di Moab.
၂၀ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။
21 Mentre seppellivano un uomo, alcuni, visto un gruppo di razziatori, gettarono il cadavere sul sepolcro di Eliseo e se ne andarono. L'uomo, venuto a contatto con le ossa di Eliseo, risuscitò e si alzò in piedi.
၂၁ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။
22 Cazaèl re di Aram oppresse gli Israeliti finché visse Ioacaz.
၂၂ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏။
23 Alla fine il Signore si mostrò benevolo, ne ebbe compassione e tornò a favorirli a causa della sua alleanza con Abramo, Isacco e Giacobbe; per questo non volle distruggerli né scacciarli davanti a sé, fino ad oggi.
၂၃ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။
24 Cazaèl re di Aram morì. Al suo posto divenne re suo figlio Ben-Hadàd.
၂၄ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25 Allora Ioas figlio di Ioacaz riprese a Ben-Hadàd, figlio di Cazaèl le città che Cazaèl aveva tolte con le armi a suo padre Ioacaz. Ioas lo sconfisse tre volte; così riconquistò le città di Israele.
၂၅ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ၏။