< 1 Samuele 1 >
1 C'era un uomo di Ramatàim, uno Zufita delle montagne di Efraim, chiamato Elkana, figlio di Ierocàm, figlio di Eliàu, figlio di Tòcu, figlio di Zuf, l'Efraimita.
၁ဧဖရတ် မြို့သားဇုဖ ၊ တောဟူ ၊ ဧလိဟူ ၊ ယေရောဟံ မှ ဆင်းသက်၍ ဧဖရိမ် တောင် ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသောဧလကာန အမည် ရှိသောသူတယောက် ရှိ ၏။
2 Aveva due mogli, l'una chiamata Anna, l'altra Peninna. Peninna aveva figli mentre Anna non ne aveva.
၂ထိုသူ သည် မယား နှစ် ယောက်ရှိ၏။ တယောက် ကား၊ ဟန္န ၊ တယောက်ကား ပေနိန္န အမည် ရှိ၏။ ပေနိန္န ၌ သားသမီး ရှိ ၏။ ဟန္န ၌ မ ရှိ။
3 Quest'uomo andava ogni anno dalla sua città per prostrarsi e sacrificare al Signore degli eserciti in Silo, dove stavano i due figli di Eli Cofni e Pìncas, sacerdoti del Signore.
၃ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ကိုးကွယ် ၍ ယဇ် ပူဇော်ခြင်းငှါ ၊ မိမိ နေရာ မြို့ မှ ရှိလော မြို့သို့ နှစ် တိုင်းသွား မြဲရှိ၏။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် သည် ရှိလောမြို့၌ နေသတည်း။
4 Un giorno Elkana offrì il sacrificio. Ora egli aveva l'abitudine di dare alla moglie Peninna e a tutti i figli e le figlie di lei le loro parti.
၄ဧလကာန သည် ယဇ် ပူဇော်အချိန် ရောက် သောအခါ ၊ မယား ပေနိန္န နှင့် သူ ၏ သား သမီး အပေါင်း တို့အား ဝေမျှ ၏။
5 Ad Anna invece dava una parte sola; ma egli amava Anna, sebbene il Signore ne avesse reso sterile il grembo.
၅ဟန္န ကိုချစ် သောကြောင့် နှစ်ဆသောအဘို့ ကိုပေး ၏။ သို့ရာတွင် ထာဝရဘုရား သည် ဟန္န အား သား ဘွားသောအခွင့်ကိုပေးတော်မမူ။
6 La sua rivale per giunta l'affliggeva con durezza a causa della sua umiliazione, perché il Signore aveva reso sterile il suo grembo.
၆ထိုသို့ ထာဝရဘုရား သည် အခွင့်ကိုပေးတော်မမူသောကြောင့် ၊ ဟန္န စိတ် ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက် တတ်၏။
7 Così succedeva ogni anno: tutte le volte che salivano alla casa del Signore, quella la mortificava. Anna dunque si mise a piangere e non voleva prendere cibo.
၇နှစ်စဉ် မပြတ်ထာဝရဘုရား ၏ အိမ် တော်သို့ သွား သောအခါ ၊ ရန်သူနှောင့်ရှက် သဖြင့် ဟန္နသည် အစာမ စား နိုင်၊ ငို လျက် နေတတ်၏။
8 Elkana suo marito le disse: «Anna, perché piangi? Perché non mangi? Perché è triste il tuo cuore? Non sono forse io per te meglio di dieci figli?».
၈သူ ၏ ခင်ပွန်း ဧလကာန က၊ ဟန္န အဘယ်ကြောင့် ငို သနည်း။ အဘယ်ကြောင့် မ စား ဘဲနေသနည်း။ အဘယ်ကြောင့် စိတ် ညှိုးငယ် သနည်း။ သား တကျိပ် ထက် သင် ၌ ငါ သာ၍ ကောင်းသည် မ ဟုတ် လော ဟုဆို ၏။
9 Anna, dopo aver mangiato in Silo e bevuto, si alzò e andò a presentarsi al Signore. In quel momento il sacerdote Eli stava sul sedile davanti a uno stipite del tempio del Signore.
၉ရှိလော မြို့၌ စား သောက် ကြသောနောက် ၊ ယဇ်ပုရောဟိတ် ဧလိ သည် ထာဝရဘုရား ၏ အိမ် တော် တိုင် နား မှာ ထိုင် စဉ်၊
10 Essa era afflitta e innalzò la preghiera al Signore, piangendo amaramente.
၁၀ဟန္နသည် ညှိုးငယ် သောစိတ် နှင့် ထ၍၊ မျက်ရည် များစွာကျလျက် ထာဝရဘုရား ကို ဆုတောင်း သည် ကား၊
11 Poi fece questo voto: «Signore degli eserciti, se vorrai considerare la miseria della tua schiava e ricordarti di me, se non dimenticherai la tua schiava e darai alla tua schiava un figlio maschio, io lo offrirò al Signore per tutti i giorni della sua vita e il rasoio non passerà sul suo capo».
၁၁အိုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန် မကို မေ့လျော့ တော်မ မူဘဲ၊ ကိုယ်တော် ကျွန် မ၏ ဆင်းရဲ ခြင်းကို ကြည့်ရှု အောက်မေ့ သဖြင့် ၊ သား ယောက်ျား ကိုပေး သနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား ၏ ကျွန်ဖြစ်စေခြင်းငှါကျွန်မအပ် ပါမည် ဟု သစ္စာ ဂတိပြုလေ၏။
12 Mentre essa prolungava la preghiera davanti al Signore, Eli stava osservando la sua bocca.
၁၂ဟန္နသည် ထာဝရဘုရား ရှေ့ တော်၌ ကြာမြင့် စွာ ဆုတောင်း စဉ်၊ ဧလိ သည် သူ ၏ နှုတ် ကို ကြည့် မှတ် လေ၏။
13 Anna pregava in cuor suo e si muovevano soltanto le labbra, ma la voce non si udiva; perciò Eli la ritenne ubriaca.
၁၃စိတ် နှလုံးနှင့် ဆုတောင်း ၍ နှုတ်ခမ်း လှုပ် သော်လည်း၊ စကား သံမ ထွက်သောကြောင့်၊ ယစ်မူး သည်ဟု ဧလိ ထင် လျက်၊
14 Le disse Eli: «Fino a quando rimarrai ubriaca? Lìberati dal vino che hai bevuto!».
၁၄သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူး လိမ့်မည်နည်း။ သင် ၏ စပျစ်ရည် ကို ပယ် ရှောင်လော့ ဟု ဆို ၏။
15 Anna rispose: «No, mio signore, io sono una donna affranta e non ho bevuto né vino né altra bevanda inebriante, ma sto solo sfogandomi davanti al Signore.
၁၅ဟန္န ကလည်း၊ မ ဟုတ်ပါအရှင်။ ကျွန်မ သည် စိတ်ညှိုးငယ် သော မိန်းမ ဖြစ်ပါ၏။ စပျစ်ရည် ကို မသောက် ပါ၊ သေရည် သေရက်ကို မ သောက် ပါ၊ ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးကို သွန်းလောင်း လျက် နေပါ၏။
16 Non considerare la tua serva una donna iniqua, poiché finora mi ha fatto parlare l'eccesso del mio dolore e della mia amarezza».
၁၆ကိုယ်တော် ၏ ကျွန် မကို အဓမ္မ မိန်းမ ဟူ၍ မ မှတ် ပါနှင့်။ မြည်တမ်း စရာ အကြောင်း၊ ဝမ်းနည်း စရာ အကြောင်းများ သည်ဖြစ်၍၊ ယခု တိုင်အောင် လျှောက် နေပါသည်ဟု ပြန် ပြောသော်၊ ဧလိ က၊ ငြိမ်ဝပ် စွာသွား လော့။
17 Allora Eli le rispose: «Và in pace e il Dio d'Israele ascolti la domanda che gli hai fatto».
၁၇ယခု ဆုတောင်း သည်အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရား သခင်ပေး သနားတော်မူပါစေသောဟု မြွက်ဆို ၏။
18 Essa replicò: «Possa la tua serva trovare grazia ai tuoi occhi». Poi la donna se ne andò per la sua via e il suo volto non fu più come prima.
၁၈ဟန္နကလည်း၊ ကိုယ်တော် ၏ ကျွန် မသည် ရှေ့ တော်၌ မျက်နှာ ရပါစေသောဟု လျှောက် ပြီးမှ ၊ ခြားနားသော မျက်နှာ နှင့် သွား ၍ အစာစား လေ၏။
19 Il mattino dopo si alzarono e dopo essersi prostrati davanti al Signore tornarono a casa in Rama. Elkana si unì a sua moglie e il Signore si ricordò di lei.
၁၉ထိုသူတို့သည် နံနက် စောစောထ ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုးကွယ် ပြီးလျှင် ၊ ရာမ မြို့မှာရှိသော မိမိ တို့အိမ် သို့ ပြန် သွားကြ၏။ ထိုအခါ ဧလကာန သည် မယား ဟန္န နှင့် ဆက်ဆံ ၍ ထာဝရဘုရား အောက်မေ့ တော်မူသဖြင့်၊
20 Così al finir dell'anno Anna concepì e partorì un figlio e lo chiamò Samuele. «Perché - diceva - dal Signore l'ho impetrato».
၂၀ဟန္န သည် ပဋိသန္ဓေ ယူ၍ ကာလ အချိန်စေ့ သောအခါ ၊ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ၊ ထိုသားကို ထာဝရဘုရား ထံ၌ဆုတောင်း သောကြောင့် ၊ ရှမွေလ အမည် ဖြင့် မှည့် လေ၏။
21 Quando poi Elkana andò con tutta la famiglia a offrire il sacrificio di ogni anno al Signore e a soddisfare il voto,
၂၁ဧလကာန သည် အိမ်သူ အိမ်သားအပေါင်း တို့နှင့်အတူနှစ်စဉ် ပြုရသော ယဇ် ကို၎င်း၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ခြင်းငှါ တက် သွားသောအခါ -၊
22 Anna non andò, perché diceva al marito: «Non verrò, finché il bambino non sia divezzato e io possa condurlo a vedere il volto del Signore; poi resterà là per sempre».
၂၂ဟန္န က၊ နို့ နှင့်ကွာပြီးမှ သူငယ် ကို ဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့ တော်သို့ ရောက် ၍ အမြဲ နေ ရလိမ့်မည်ဟုဆို လျှင်၊
23 Le rispose Elkana suo marito: «Fà pure quanto ti sembra meglio; rimani finché tu l'abbia divezzato; soltanto adempia il Signore la tua parola». La donna rimase e allattò il figlio, finché l'ebbe divezzato.
၂၃ခင်ပွန်း ဧလကာန က၊ စိတ် ရှိသည် အတိုင်းပြု လော့။ နို့ နှင့်မကွာမှီတိုင်အောင် နေ လော့။ ထာဝရဘုရား ၏ ဂတိ တော်သာ တည် ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ် ကို နို့ တိုက်လျက် နို့ မကွာမှီတိုင်အောင် မသွားဘဲနေ ၏။
24 Dopo averlo divezzato, andò con lui, portando un giovenco di tre anni, un' efa di farina e un otre di vino e venne alla casa del Signore a Silo e il fanciullo era con loro.
၂၄နို့ ကွာပြီးမှ၊ အသက်သုံး နှစ်ရှိသောနွားတကောင်၊ မုန့်ညက် တ ဧဖာ ၊ စပျစ်ရည် တဘူးနှင့်တကွသူငယ်ကို ဆောင် သွား၍၊ ရှိလော မြို့၌ ထာဝရဘုရား ၏ အိမ် တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ် သည် အသက် နုသေး၏။
25 Immolato il giovenco, presentarono il fanciullo a Eli
၂၅နွား ကိုသတ် ၍ သူငယ် ကို ဧလိ ထံသို့ သွင်း လျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊
26 e Anna disse: «Ti prego, mio signore. Per la tua vita, signor mio, io sono quella donna che era stata qui presso di te a pregare il Signore.
၂၆ကိုယ်တော် အသက် ရှင်သည်အတိုင်း၊ ကျွန်မ သည် ယမန်တခါ ဤ အရပ်၌ ကိုယ်တော် အနား မှာ ရပ် လျက် ဆုတောင်း သော မိန်းမ ဖြစ်ပါ၏။
27 Per questo fanciullo ho pregato e il Signore mi ha concesso la grazia che gli ho chiesto.
၂၇ထိုအခါ ဤ သူငယ် ကို ရမည်အကြောင်းဆုတောင်း ပါ၏။ တောင်း သည်အတိုင်း ထာဝရဘုရား သည် ပေး သနားတော်မူပြီ။
28 Perciò anch'io lo dò in cambio al Signore: per tutti i giorni della sua vita egli è ceduto al Signore». E si prostrarono là davanti al Signore.
၂၈ထိုကြောင့် ကျွန်မ သည် သူ့ ကို ထာဝရဘုရား အား ငှါး ပါပြီ။ သူ သည် တသက်လုံး ထာဝရဘုရား ထံ တော်၌ အငှါး ခံ၍ နေ ရပါမည်သခင်ဟု လျှောက်ပြီးမှ ၊ ထို အရပ်၌ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။