< Mazmur 2 >

1 Mengapa rusuh bangsa-bangsa, mengapa suku-suku bangsa mereka-reka perkara yang sia-sia?
လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။
2 Raja-raja dunia bersiap-siap dan para pembesar bermufakat bersama-sama melawan TUHAN dan yang diurapi-Nya:
လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊
3 "Marilah kita memutuskan belenggu-belenggu mereka dan membuang tali-tali mereka dari pada kita!"
သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ၏။
4 Dia, yang bersemayam di sorga, tertawa; Tuhan mengolok-olok mereka.
ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏။
5 Maka berkatalah Ia kepada mereka dalam murka-Nya dan mengejutkan mereka dalam kehangatan amarah-Nya:
ထိုအခါအမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော် မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည်။
6 "Akulah yang telah melantik raja-Ku di Sion, gunung-Ku yang kudus!"
ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည်။
7 Aku mau menceritakan tentang ketetapan TUHAN; Ia berkata kepadaku: "Anak-Ku engkau! Engkau telah Kuperanakkan pada hari ini.
ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။
8 Mintalah kepada-Ku, maka bangsa-bangsa akan Kuberikan kepadamu menjadi milik pusakamu, dan ujung bumi menjadi kepunyaanmu.
ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
9 Engkau akan meremukkan mereka dengan gada besi, memecahkan mereka seperti tembikar tukang periuk."
သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
10 Oleh sebab itu, hai raja-raja, bertindaklah bijaksana, terimalah pengajaran, hai para hakim dunia!
၁၀သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။
11 Beribadahlah kepada TUHAN dengan takut dan ciumlah kaki-Nya dengan gemetar,
၁၁ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှု တော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့။
12 supaya Ia jangan murka dan kamu binasa di jalan, sebab mudah sekali murka-Nya menyala. Berbahagialah semua orang yang berlindung pada-Nya!
၁၂သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည်လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ၏။

< Mazmur 2 >