< 2 Tesalonika 2 >
1 Tentang kedatangan Tuhan kita Yesus Kristus dan terhimpunnya kita dengan Dia kami minta kepadamu, saudara-saudara,
၁ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်တစ် ဖန်ကြွလာတော်မူခြင်းအကြောင်း၊ ကိုယ်တော် နှင့်အတူရှိရန်ငါတို့စုရုံးရကြခြင်း အကြောင်းတို့နှင့်ပတ်သက်၍သင်တို့အား ငါပြောလို၏။-
2 supaya kamu jangan lekas bingung dan gelisah, baik oleh ilham roh, maupun oleh pemberitaan atau surat yang dikatakan dari kami, seolah-olah hari Tuhan telah tiba.
၂သခင်ဘုရားကြွလာတော်မူရာနေ့ကျ ရောက်ပြီဖြစ်ကြောင်းလူတို့ပြောဆိုသည် ကိုကြားရသောအခါ သင်တို့သည်ရုတ်တရက် စိတ်ရှုပ်ထွေးကာမတည်မငြိမ်မဖြစ်ကြနှင့်။ ဤသို့ပြောဆိုခြင်းသည်ငါတို့ပရောဖက် ပြုခြင်းအားဖြင့်ပြောသောစကားဟူ၍ ဖြစ်စေ၊ ငါတို့တရားဟောရာတွင်ပြောသော စကားဟူ၍ဖြစ်စေ၊ ငါတို့စာတွင်ပါရှိ သည့်စကားဟူ၍ဖြစ်စေလူတို့ထင် ကောင်းထင်ကြပေလိမ့်မည်။-
3 Janganlah kamu memberi dirimu disesatkan orang dengan cara yang bagaimanapun juga! Sebab sebelum Hari itu haruslah datang dahulu murtad dan haruslah dinyatakan dahulu manusia durhaka, yang harus binasa,
၃ဤအကြောင်းနှင့်ပတ်သက်၍လူတို့မှားယွင်း စွာပြောဆိုနေသည်ကိုလုံးဝမယုံကြနှင့်။ နောက်ဆုံးပုန်ကန်မှုကြီးမဖြစ်ပေါ်မီနှင့် ငရဲသို့လားရမည်ဖြစ်သောသူယုတ်မာ ကြီးမပေါ်ထွန်းမီထိုနေ့ရက်သည်ကျ ရောက်လိမ့်မည်မဟုတ်။-
4 yaitu lawan yang meninggikan diri di atas segala yang disebut atau yang disembah sebagai Allah. Bahkan ia duduk di Bait Allah dan mau menyatakan diri sebagai Allah.
၄သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။
5 Tidakkah kamu ingat, bahwa hal itu telah kerapkali kukatakan kepadamu, ketika aku masih bersama-sama dengan kamu?
၅ငါသည်သင်တို့နှင့်အတူရှိခဲ့စဉ်အခါက ဤအကြောင်းအရာများကိုသင်တို့အား ပြောပြခဲ့၏။ သင်တို့မမှတ်မိကြသလော။-
6 Dan sekarang kamu tahu apa yang menahan dia, sehingga ia baru akan menyatakan diri pada waktu yang telah ditentukan baginya.
၆ယခုအခါထိုအကြောင်းအရာများမဖြစ် ပျက်သေးသည်မှာဟန့်တားသည့်အရာရှိ သောကြောင့်ဖြစ်ပေသည်။ ထိုအရာသည် အဘယ်အရာဖြစ်ကြောင်းကိုသင်တို့သိ ကြ၏။ သို့ဖြစ်၍သူယုတ်မာကြီးသည် အချိန်ကျသောအခါပေါ်ထွန်းလာလိမ့် မည်။-
7 Karena secara rahasia kedurhakaan telah mulai bekerja, tetapi sekarang masih ada yang menahan. Kalau yang menahannya itu telah disingkirkan,
၇လျှို့ဝှက်လျက်ရှိသည့်ယုတ်မာမှုကြီးသည် ယခုအခါ၌ပင်လျှင်လှုပ်ရှားလျက်ရှိပေပြီ။ သို့ရာတွင်ဟန့်တားသူကိုဖယ်ရှားလိုက်သော အခါဖြစ်ပျက်မည့်အကြောင်းအရာတို့သည် ဖြစ်ပျက်လာလိမ့်မည်။-
8 pada waktu itulah si pendurhaka baru akan menyatakan dirinya, tetapi Tuhan Yesus akan membunuhnya dengan nafas mulut-Nya dan akan memusnahkannya, kalau Ia datang kembali.
၈ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
9 Kedatangan si pendurhaka itu adalah pekerjaan Iblis, dan akan disertai rupa-rupa perbuatan ajaib, tanda-tanda dan mujizat-mujizat palsu,
၉သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။-
10 dengan rupa-rupa tipu daya jahat terhadap orang-orang yang harus binasa karena mereka tidak menerima dan mengasihi kebenaran yang dapat menyelamatkan mereka.
၁၀ထိုနောက်မုချသေကြေပျက်စီးကြမည့်သူတို့ အားယုတ်မာသည့်နည်းအမျိုးမျိုးဖြင့်လှည့်စား လိမ့်မည်။ ထိုသူတို့သည်ကယ်တင်ခြင်းရနိုင်ရန် သမ္မာတရားတော်ကိုနှစ်သက်လက်ခံမှုမရှိ ကြသောကြောင့်ယင်းသို့သေကြေပျက်စီးရ ပေတော့အံ့။-
11 Dan itulah sebabnya Allah mendatangkan kesesatan atas mereka, yang menyebabkan mereka percaya akan dusta,
၁၁ဤအကြောင်းကြောင့်ဘုရားသခင်သည်သူတို့ အားအလှည့်စားခံစေလျက်အမှားကိုအမှန် ဟုယုံစေတော်မူ၏။-
12 supaya dihukum semua orang yang tidak percaya akan kebenaran dan yang suka kejahatan.
၁၂သို့ဖြစ်၍သမ္မာတရားကိုမယုံကြည်ဘဲ အပြစ်ပြုရန်နှစ်သက်ကြသူတို့သည်အပြစ် ဒဏ်စီရင်တော်မူခြင်းကိုခံရကြလတ္တံ့။
13 Akan tetapi kami harus selalu mengucap syukur kepada Allah karena kamu, saudara-saudara, yang dikasihi Tuhan, sebab Allah dari mulanya telah memilih kamu untuk diselamatkan dalam Roh yang menguduskan kamu dan dalam kebenaran yang kamu percayai.
၁၃ညီအစ်ကိုတို့၊ သခင်ဘုရားချစ်တော်မူသော သင်တို့ကိုအကြောင်းပြု၍ ငါတို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်အမြဲချီး မွမ်းရကြမည်။ သင်တို့သည်သမ္မာတရားတော် ကိုယုံကြည်ကြသည့်အတွက်ကြောင့်လည်း ကောင်း၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်ကိုယ်တော် ၏သန့်ရှင်းမြင့်မြတ်သောလူစုတော်ဝင်များ ဖြစ်လာသည့်အတွက်ကြောင့်လည်းကောင်း ဘုရားသခင်ဦးစွာပထမရွေးကောက် ကယ်တင်တော်မူသောလူစုတွင်သင်တို့ ပါဝင်ကြသည်ဖြစ်ရာကျေးဇူးတော်ကို ချီးမွမ်းရပေသည်။-
14 Untuk itulah Ia telah memanggil kamu oleh Injil yang kami beritakan, sehingga kamu boleh memperoleh kemuliaan Yesus Kristus, Tuhan kita.
၁၄သင်တို့သည်ယင်းသို့ကယ်တင်ခြင်းကိုခံရ၍ ငါတို့အရှင်သခင်ယေရှုခရစ်နှင့်အတူ ဘုန်းအသရေတော်ကိုခံယူနိုင်ကြစေရန် ဘုရားသခင်သည်ငါတို့ဟောပြောကြေညာ သည့်သတင်းကောင်းအားဖြင့် သင်တို့ကိုရွေး ချယ်တော်မူသတည်း။-
15 Sebab itu, berdirilah teguh dan berpeganglah pada ajaran-ajaran yang kamu terima dari ajaran-ajaran yang kamu terima dari kami, baik secara lisan, maupun secara tertulis.
၁၅သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ကြံ့ကြံ့ ခိုင်ခိုင်ရပ်တည်နေကြလော့။ ဟောပြောခြင်း အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း သင်တို့အားငါတို့သွန်သင်ခဲ့သည့်သစ္စာ တရားများကိုလက်မလွတ်စေကြနှင့်။
16 Dan Ia, Tuhan kita Yesus Kristus, dan Allah, Bapa kita, yang dalam kasih karunia-Nya telah mengasihi kita dan yang telah menganugerahkan penghiburan abadi dan pengharapan baik kepada kita, (aiōnios )
၁၆ငါတို့အရှင်သခင်ယေရှုခရစ်ကိုယ်တော်တိုင် သည်လည်းကောင်း၊ ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့်ခိုင်မြဲသည့်မျှော်လင့် ခြင်းနှင့်မြဲမြံသောရဲရင့်ခြင်းကိုပေးသနား တော်မူသောငါတို့အဖဘုရားသခင်သည် လည်းကောင်း၊- (aiōnios )
17 kiranya menghibur dan menguatkan hatimu dalam pekerjaan dan perkataan yang baik.
၁၇သင်တို့အားကောင်းမြတ်သည့်စကားနှင့်ကောင်း မြတ်သည့်အမှုအမျိုးမျိုးကိုအစဉ်အမြဲ ပြောဆိုပြုမူနိုင်စေရန် အားပေး၍စွမ်းရည် သတ္တိကိုပေးတော်မူပါစေသော။