< 1 Korintus 7 >
1 Dan sekarang tentang hal-hal yang kamu tuliskan kepadaku. Adalah baik bagi laki-laki, kalau ia tidak kawin,
၁သင်တို့ရေးသားပေးပို့လိုက်သောစာတွင် ပါ ရှိသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဖြေကြားအံ့။ အမျိုးသားသည်အိမ်ထောင် မပြုဘဲနေနိုင်လျှင်ကောင်း၏။-
2 tetapi mengingat bahaya percabulan, baiklah setiap laki-laki mempunyai isterinya sendiri dan setiap perempuan mempunyai suaminya sendiri.
၂သို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။-
3 Hendaklah suami memenuhi kewajibannya terhadap isterinya, demikian pula isteri terhadap suaminya.
၃လင်သည်မယားအားပြုသင့်သည့်ဝတ်ကိုလည်း ကောင်း၊ မယားသည်လင်အားပြုသင့်သည့်ဝတ်ကို လည်းကောင်းပြုလျက် တစ်ဦး၏အလိုကိုတစ်ဦး ကဖြည့်တင်းပေးရာ၏။-
4 Isteri tidak berkuasa atas tubuhnya sendiri, tetapi suaminya, demikian pula suami tidak berkuasa atas tubuhnya sendiri, tetapi isterinya.
၄မယားသည်မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်သာ လျှင်ပိုင်၏။ ထိုနည်းတူလင်သည်မိမိကိုယ်ခန္ဓာ ကိုမပိုင်။ မယားသာလျှင်ပိုင်၏။-
5 Janganlah kamu saling menjauhi, kecuali dengan persetujuan bersama untuk sementara waktu, supaya kamu mendapat kesempatan untuk berdoa. Sesudah itu hendaklah kamu kembali hidup bersama-sama, supaya Iblis jangan menggodai kamu, karena kamu tidak tahan bertarak.
၅သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။
6 Hal ini kukatakan kepadamu sebagai kelonggaran, bukan sebagai perintah.
၆ဤသို့ဆိုရာ၌ငါသည်သင်တို့အားအမိန့်ပေး ခြင်းမဟုတ်။ ခွင့်ပြုခြင်းသာဖြစ်၏။-
7 Namun demikian alangkah baiknya, kalau semua orang seperti aku; tetapi setiap orang menerima dari Allah karunianya yang khas, yang seorang karunia ini, yang lain karunia itu.
၇အကယ်စင်စစ်ငါသည်လူတိုင်းကိုငါကဲ့သို့ပင် ဖြစ်စေလို၏။ သို့ရာတွင်ဘုရားသခင်သည်လူ တစ်ဦးစီအားထူးခြားသည့်ဆုကျေးဇူးကို ပေးတော်မူ၏။
8 Tetapi kepada orang-orang yang tidak kawin dan kepada janda-janda aku anjurkan, supaya baiklah mereka tinggal dalam keadaan seperti aku.
၈သို့ဖြစ်၍အိမ်ထောင်မရှိသူများနှင့်မုဆိုးမ များအား ငါကဲ့သို့တစ်ကိုယ်တည်းဆက်လက်နေ ထိုင်နိုင်လျှင်ပို၍ကောင်းလိမ့်မည်။-
9 Tetapi kalau mereka tidak dapat menguasai diri, baiklah mereka kawin. Sebab lebih baik kawin dari pada hangus karena hawa nafsu.
၉သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။
10 Kepada orang-orang yang telah kawin aku--tidak, bukan aku, tetapi Tuhan--perintahkan, supaya seorang isteri tidak boleh menceraikan suaminya.
၁၀အိမ်ထောင်သည်များအားငါပညတ်လို၏။ ယင်း ပညတ်မှာငါ၏ပညတ်မဟုတ်။ သခင်ဘုရား ၏ပညတ်ဖြစ်၏။ မယားသည်မိမိ၏လင်နှင့် ခွဲခွာ၍မနေရ။-
11 Dan jikalau ia bercerai, ia harus tetap hidup tanpa suami atau berdamai dengan suaminya. Dan seorang suami tidak boleh menceraikan isterinya.
၁၁ခွဲခွာ၍နေလျှင်လည်းနောက်ထပ်အိမ်ထောင် မပြုဘဲနေရမည်။ သို့မဟုတ်မိမိလင်နှင့် ပြန်လည်၍ပေါင်းသင်းရမည်။ လင်သည်လည်း မိမိမယားကိုမကွာမရှင်းရ။-
12 Kepada orang-orang lain aku, bukan Tuhan, katakan: kalau ada seorang saudara beristerikan seorang yang tidak beriman dan perempuan itu mau hidup bersama-sama dengan dia, janganlah saudara itu menceraikan dia.
၁၂(သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။-
13 Dan kalau ada seorang isteri bersuamikan seorang yang tidak beriman dan laki-laki itu mau hidup bersama-sama dengan dia, janganlah ia menceraikan laki-laki itu.
၁၃ထိုနည်းတူယုံကြည်သူအမျိုးသမီးတစ်ယောက် သည် မယုံကြည်သူလင်ရှိ၍ ထိုအမျိုးသားက ဆက်လက်ပေါင်းသင်းနေလိုပါလျှင်သူ့အား မကွာမရှင်းရ။-
14 Karena suami yang tidak beriman itu dikuduskan oleh isterinya dan isteri yang tidak beriman itu dikuduskan oleh suaminya. Andaikata tidak demikian, niscaya anak-anakmu adalah anak cemar, tetapi sekarang mereka adalah anak-anak kudus.
၁၄ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-
15 Tetapi kalau orang yang tidak beriman itu mau bercerai, biarlah ia bercerai; dalam hal yang demikian saudara atau saudari tidak terikat. Tetapi Allah memanggil kamu untuk hidup dalam damai sejahtera.
၁၅သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။-
16 Sebab bagaimanakah engkau mengetahui, hai isteri, apakah engkau tidak akan menyelamatkan suamimu? Atau bagaimanakah engkau mengetahui, hai suami, apakah engkau tidak akan menyelamatkan isterimu?
၁၆အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။
17 Selanjutnya hendaklah tiap-tiap orang tetap hidup seperti yang telah ditentukan Tuhan baginya dan dalam keadaan seperti waktu ia dipanggil Allah. Inilah ketetapan yang kuberikan kepada semua jemaat.
၁၇မည်သို့ပင်ဆိုစေ၊ လူအသီးသီးတို့သည်သခင် ဘုရားပေးတော်မူသည့်ဆုကျေးဇူးများနှင့် အညီ ဘုရားသခင်ရွေးကောက်တော်မူစဉ် အခါကရှိခဲ့သည့်အခြေအနေအတိုင်း ဆက်လက်၍အသက်ရှင်ရာ၏။ ဤနည်းအတိုင်း အသင်းတော်အားလုံးအားငါဟောပြောသွန် သင်၏။-
18 Kalau seorang dipanggil dalam keadaan bersunat, janganlah ia berusaha meniadakan tanda-tanda sunat itu. Dan kalau seorang dipanggil dalam keadaan tidak bersunat, janganlah ia mau bersunat.
၁၈အရေဖျားလှီးမင်္ဂလာကိုခံယူပြီးသူသည် ရွေးကောက်တော်မူခြင်းခံရလျှင် အရေဖျားလှီး မင်္ဂလာဆိုင်ရာအမှတ်အသားများကိုစွန့်ပယ် ရန်မလို။ အရေဖျားလှီးမင်္ဂလာမခံယူခဲ့သူ သည်ရွေးကောက်တော်မူခြင်းခံရလျှင်အရေ ဖျားလှီးမင်္ဂလာခံယူရန်မလို။-
19 Sebab bersunat atau tidak bersunat tidak penting. Yang penting ialah mentaati hukum-hukum Allah.
၁၉အရေဖျားလှီးခံသည်မခံသည်မှာပဋ္ဌာန မဟုတ်။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းသာလျှင်ပဋ္ဌာနဖြစ်၏။-
20 Baiklah tiap-tiap orang tinggal dalam keadaan, seperti waktu ia dipanggil Allah.
၂၀လူတိုင်းပင်ဘုရားသခင်ရွေးကောက်တော်မူ ခြင်းခံရစဉ်အချိန်ကမိမိလုပ်ကိုင်နေသည့် အလုပ်ကိုဆက်လက်လုပ်ကိုင်ရာ၏။-
21 Adakah engkau hamba waktu engkau dipanggil? Itu tidak apa-apa! Tetapi jikalau engkau mendapat kesempatan untuk dibebaskan, pergunakanlah kesempatan itu.
၂၁ရွေးကောက်တော်မူခြင်းခံရချိန်တွင်သင်သည် ကျွန်ဖြစ်ပါလျှင်ကိစ္စမရှိ။ သို့သော်ကျွန်အဖြစ် မှလွတ်မြောက်ခွင့်ရမည်ဆိုပါကထိုအခွင့် ကိုယူလော့။-
22 Sebab seorang hamba yang dipanggil oleh Tuhan dalam pelayanan-Nya, adalah orang bebas, milik Tuhan. Demikian pula orang bebas yang dipanggil Kristus, adalah hamba-Nya.
၂၂ကျွန်ဖြစ်စဉ်သခင်ဘုရားရွေးကောက်တော်မူ ခြင်းခံရသူသည်သခင်ဘုရား၏လွတ်မြောက် သူဖြစ်၏။ ထိုနည်းတူစွာလွတ်မြောက်သူသည် ခရစ်တော်၏ရွေးကောက်တော်မူခြင်းခံရ သောအခါခရစ်တော်၏ကျွန်ဖြစ်လာ၏။-
23 Kamu telah dibeli dan harganya telah lunas dibayar. Karena itu janganlah kamu menjadi hamba manusia.
၂၃သင်တို့ကိုဘုရားသခင်သည်အဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့်လူတို့ထံတွင် ကျွန်မခံကြနှင့်။-
24 Saudara-saudara, hendaklah tiap-tiap orang tinggal di hadapan Allah dalam keadaan seperti pada waktu ia dipanggil.
၂၄ညီအစ်ကိုတို့၊ သင်တို့သည်ရွေးကောက်တော်မူ ခြင်းခံရစဉ်အခါကရှိခဲ့သည့်အခြေအနေ ၌ပင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျက် ဆက်လက်နေထိုင်ရကြ၏။
25 Sekarang tentang para gadis. Untuk mereka aku tidak mendapat perintah dari Tuhan. Tetapi aku memberikan pendapatku sebagai seorang yang dapat dipercayai karena rahmat yang diterimanya dari Allah.
၂၅သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။
26 Aku berpendapat, bahwa, mengingat waktu darurat sekarang, adalah baik bagi manusia untuk tetap dalam keadaannya.
၂၆ယခုကြုံတွေ့နေရသည့်ခေတ်ဆိုးကြောင့်အမျိုး သားတစ်ယောက်သည် ရှိမြဲအခြေအနေအတိုင်း ဆက်လက်နေထိုင်လျှင်ကောင်းပေမည်။-
27 Adakah engkau terikat pada seorang perempuan? Janganlah engkau mengusahakan perceraian! Adakah engkau tidak terikat pada seorang perempuan? Janganlah engkau mencari seorang!
၂၇သင်သည်အိမ်ထောင်သည်ဖြစ်လျှင် မိမိ၏ဇနီး ကိုစွန့်ပယ်ရန်မကြံစည်နှင့်။ အိမ်ထောင်သည်မဟုတ် ပါကအိမ်ထောင်ပြုရန်မကြံစည်နှင့်။-
28 Tetapi, kalau engkau kawin, engkau tidak berdosa. Dan kalau seorang gadis kawin, ia tidak berbuat dosa. Tetapi orang-orang yang demikian akan ditimpa kesusahan badani dan aku mau menghindarkan kamu dari kesusahan itu.
၂၈သို့သော်အိမ်ထောင်ပြုလျှင်လည်းအပြစ်တစ်စုံ တစ်ရာကူးလွန်ခြင်းမဟုတ်။ အိမ်ထောင်မရှိ သည့်အမျိုးသမီးသည်အိမ်ထောင်ပြုခဲ့သော် မည်သည့်အပြစ်ကိုမျှမကူးလွန်။ သို့ရာတွင် အိမ်ထောင်သည်တို့နေ့စဉ်တွေ့ကြုံကြရမည့် ဆင်းရဲဒုက္ခများနှင့် သင်တို့အားကင်းဝေးစေ လို၍ဤသို့ငါပြောရခြင်းဖြစ်၏။
29 Saudara-saudara, inilah yang kumaksudkan, yaitu: waktu telah singkat! Karena itu dalam waktu yang masih sisa ini orang-orang yang beristeri harus berlaku seolah-olah mereka tidak beristeri;
၂၉ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။-
30 dan orang-orang yang menangis seolah-olah tidak menangis; dan orang-orang yang bergembira seolah-olah tidak bergembira; dan orang-orang yang membeli seolah-olah tidak memiliki apa yang mereka beli;
၃၀ငိုကြွေးသူများသည်ဝမ်းမနည်းသကဲ့သို့ လည်းကောင်း၊ ရယ်မောသူများသည်ဝမ်းမမြောက် သကဲ့သို့လည်းကောင်းနေအပ်၏။ ဥစ္စာပစ္စည်း ဝယ်ယူသူများသည်ထိုဥစ္စာပစ္စည်းကိုမပိုင် သကဲ့သို့နေအပ်၏။-
31 pendeknya orang-orang yang mempergunakan barang-barang duniawi seolah-olah sama sekali tidak mempergunakannya. Sebab dunia seperti yang kita kenal sekarang akan berlalu.
၃၁လောကဥစ္စာဘဏ္ဍာကိုသုံးသောသူတို့သည် မသုံးသကဲ့သို့နေအပ်၏။ အဘယ်ကြောင့်ဆို သော်ယခုလက်ရှိကမ္ဘာလောကကြီးသည် ကာလကြာမြင့်စွာတည်ရှိနေတော့မည် မဟုတ်သောကြောင့်တည်း။
32 Aku ingin, supaya kamu hidup tanpa kekuatiran. Orang yang tidak beristeri memusatkan perhatiannya pada perkara Tuhan, bagaimana Tuhan berkenan kepadanya.
၃၂ငါသည်သင်တို့အားပူပန်သောကနှင့်ကင်းဝေး စေလို၏။ အိမ်ထောင်မဲ့အမျိုးသားသည်သခင် ဘုရားနှစ်သက်တော်မူသောအမှုကိုပြုလုပ် လိုသောကြောင့် သခင်ဘုရား၏အမှုတော် ကိုအလေးအနက်ထားတတ်၏။-
33 Orang yang beristeri memusatkan perhatiannya pada perkara duniawi, bagaimana ia dapat menyenangkan isterinya,
၃၃သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသားမူကား မိမိ၏ဇနီးနှစ်သက်စေရန်စိတ်ဆန္ဒရှိသဖြင့် လောကီမှုရေးကိုအလေးအနက်ထားတတ်၏။-
34 dan dengan demikian perhatiannya terbagi-bagi. Perempuan yang tidak bersuami dan anak-anak gadis memusatkan perhatian mereka pada perkara Tuhan, supaya tubuh dan jiwa mereka kudus. Tetapi perempuan yang bersuami memusatkan perhatiannya pada perkara duniawi, bagaimana ia dapat menyenangkan suaminya.
၃၄ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။
35 Semuanya ini kukatakan untuk kepentingan kamu sendiri, bukan untuk menghalang-halangi kamu dalam kebebasan kamu, tetapi sebaliknya supaya kamu melakukan apa yang benar dan baik, dan melayani Tuhan tanpa gangguan.
၃၅ဤသို့ငါပြောရခြင်းမှာသင်တို့၏အကျိုးကို လိုလား၍ပြောခြင်းဖြစ်၏။ သင်တို့အားချုပ် ချယ်လိုသောကြောင့်မဟုတ်။ သင်တို့အားမှန် ကန်လျောက်ပတ်စွာပြုကျင့်ကြစေရန်နှင့် သခင်ဘုရား၏အမှုတော်ကိုဦးလည်မသုန် အကြွင်းမဲ့ဆက်ကပ်လျက်ထမ်းဆောင်ကြ စေရန်လိုလားသောကြောင့်ဖြစ်၏။
36 Tetapi jikalau seorang menyangka, bahwa ia tidak berlaku wajar terhadap gadisnya, jika gadisnya itu telah bertambah tua dan ia benar-benar merasa, bahwa mereka harus kawin, baiklah mereka kawin, kalau ia menghendakinya. Hal itu bukan dosa.
၃၆စေ့စပ်ကြောင်းလမ်းပြီးနောက်ထိမ်းမြားမင်္ဂလာ မပြုရန် သဘောတူစိတ်ပိုင်းဖြတ်ထားသူနှစ်ဦး နှင့်ပတ်သက်၍ပြောရသော် အမျိုးသားသည် အမျိုးသမီးအပေါ်တွင် မိမိပြုမူပုံမလျောက် ပတ်သည်ကိုသိသောအခါ၌သော်လည်းကောင်း၊ မိမိစိတ်ကိုမထိန်းချုပ်နိုင်သောအခါ၌သော် လည်းကောင်းထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌အဘယ်အပြစ်မျှမရှိ။-
37 Tetapi kalau ada seorang, yang tidak dipaksa untuk berbuat demikian, benar-benar yakin dalam hatinya dan benar-benar menguasai kemauannya, telah mengambil keputusan untuk tidak kawin dengan gadisnya, ia berbuat baik.
၃၇သို့ရာတွင်အမျိုးသားသည်မိမိအလိုအလျောက် အိမ်ထောင်မပြုဘဲနေရန်စိတ်ပိုင်းဖြတ်၍ မိမိ၏ စိတ်ကိုလည်းလုံးဝချုပ်ထိန်းနိုင်သဖြင့်ထိမ်း မြားမင်္ဂလာမပြုဘဲနေပါလျှင်ကောင်းလေစွ။-
38 Jadi orang yang kawin dengan gadisnya berbuat baik, dan orang yang tidak kawin dengan gadisnya berbuat lebih baik.
၃၈ထိုကြောင့်မိမိနှင့်စေ့စပ်ကြောင်းလမ်းထားသူ အမျိုးသမီးပျိုနှင့် ထိမ်းမြားမင်္ဂလာပြုသူ၏ အပြုအမူသည်လျောက်ပတ်ပေ၏။ သို့ရာတွင် ထိမ်းမြားမင်္ဂလာမပြုသူ၏အပြုအမူသည် ကားသာ၍ပင်လျောက်ပတ်၏။
39 Isteri terikat selama suaminya hidup. Kalau suaminya telah meninggal, ia bebas untuk kawin dengan siapa saja yang dikehendakinya, asal orang itu adalah seorang yang percaya.
၃၉ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-
40 Tetapi menurut pendapatku, ia lebih berbahagia, kalau ia tetap tinggal dalam keadaannya. Dan aku berpendapat, bahwa aku juga mempunyai Roh Allah.
၄၀အကယ်၍ထိုအမျိုးသမီးသည်အိမ်ထောင်မပြု ဘဲနေပါက သာ၍မင်္ဂလာရှိ၏။ ဤကားငါ၏ ထင်မြင်ယူဆချက်ဖြစ်၏။ ငါသည်လည်းဘုရား သခင်၏ဝိညာဉ်တော်ကိုခံယူရရှိသူဖြစ် သည်ဟုယုံကြည်၏။