< Exodo 10 >
1 Kinuna ni Yahweh kenni Moises, “Mapanka kenni Faraon, gapu ta pinatangkenko ti pusona ken dagiti puso dagiti adipenna. Inaramidko daytoy tapno ipakitak dagitoy a pagilasinan ti pannakabalinko kadakuada.
၁တဖန် ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ ပြခြင်းငှာ၎င်း၊
2 Inaramidko pay daytoy tapno maibagam kadagiti annak ken appokom dagiti banbanag nga inaramidko, no kasano kagubsang ti panangtratok iti Egipto, ken no kasano ti panangitedko kadagiti nadumaduma a pagilasinan ti pannakabalinko kadakuada. Iti daytoy a wagas, maammoanyonto a Siak ni Yahweh.”
၂အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အား ကြားပြောသဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၎င်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံး ကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။
3 Isu a napan da Moises ken Aaron kenni Faraon ket kinunada kenkuana, “Ni Yahweh, ti Dios dagiti Hebreo, imbagana daytoy: 'Kasano pay kabayag iti panagkedkedmo nga agpakumbaba iti sangoanak? Palubosam a mapan dagiti tattaok tapno makapagdayawda kaniak.
၃မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရ ဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်း။ ငါ၏လူတို့ သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကို ပေးလော့။
4 Ngem no agkedkedka a mangpalubos kadagiti tattaok, dumngegka, inton bigat, mangiyegakto kadagiti dudon iti dagam.
၄သို့မဟုတ် ငါ၏လူတို့ကို မလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန် ငါဆောင်ခဲ့မည်။
5 Abbongandanto ti rabaw ti daga tapno awanto ti siasinoman a makakita iti daga. Kanendanto dagiti aniaman a nabati a nakalasat manipud ti uraro. Kanendanto pay iti tunggal kayo a dimmakkel para kadakayo kadagiti talon.
၅မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည်။ မိုဃ်းသီးမဖျက်၊ သင်တို့၌ ကျန်ကြွင်းသေးသမျှကို၎င်း၊ သင်တို့အဘို့ မြေ၌ ပေါက်သမျှသော အပင်တို့ကို၎င်း စားကြလိမ့်မည်။
6 Punoendanto dagiti balayyo, dagiti balay dagiti amin nga adipenyo, ken dagiti amin nga Egipcio—maysa a banag a saan pay a pulos a nakita ti amayo wenno apongyo, nga awan pay a pulos ti nakakita sipud pay ti aldaw nga addada iti rabaw ti daga agingga iti agdama nga aldaw.” Ket pinanawan ni Moises ni Faraon.
၆သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည် ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။
7 Kinuna ti adipen ni Faraon kenkuana, “Kasano pay kabayag nga agbalin a peggad daytoy a tao kadatayo? Palubosam dagiti Israelita a mapan tapno makapagdayawda kenni Yahweh a Diosda. Saanmo pay kadi a maamiris a nadadaelen ti Egipto?”
၇ဖာရောဘုရင်၏ ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊
8 Naayaban manen da Moises ken Aaron kenni Faraon, a nagkuna kadakuada,” Inkayo dayawen ni Yahweh a Diosyo. Ngem siasinonto dagiti tattao a mapan?”
၈မောရှေနှင့် အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟု မေးလျှင်၊
9 Kinuna ni Moises, “Mapankaminto a kaduami dagiti ubbingmi ken agraman dagiti nataenganmi, dagiti annakmi a lallaki ken babbai. Mapankaminto agraman dagiti arbanmi, ken dagiti tarakenmi ta masapul a mangaramidkami iti fiesta para kenni Yahweh.”
၉မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊
10 Kinuna ni Faraon kadakuada, “Pudno koma nga adda ni Yahweh kadakayo, no palubosankayo ken dagiti annakyo. Kitaenyo, adda sumagmamano a kinadakes iti panunotyo.
၁၀ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။
11 Saan! Dakayo laeng a lallaki ti mapan, ken agdayaw kenni Yahweh, ta dayta ti kayatyo.” Ket napapanaw da Moises ken Aaron iti imatang ni Faraon.
၁၁ထိုသို့ မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။
12 Kalpasanna, kinuna ni Yahweh kenni Moises, “Iyunnatmo ta imam nga agturong ti daga iti Egipto kadagiti dudon, tapno mapanda iti daga ti Egipto ket kanenda ti tunggal mula iti daytoy, amin a banag nga imbati ti uraro.”
၁၂ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုဃ်းသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
13 Inyunnat ni Moises ti sarukodna nga agturong iti daga ti Egipto, ket nangiyeg ni Yahweh iti angin ti daya nga agturong iti entero a daga iti agmalem ken agpatnag. Kabigatanna, inyeg ti angin ti daya dagiti dudon.
၁၃မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ၏။
14 Napan dagiti dudon iti entero a daga ti Egipto ket dinadaelda amin a paset daytoy. Adu unay a dudon a saan pay a pulos a dimteng iti daga ken saanton a pulos a makita manen.
၁၄ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကို လွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်း မဖြစ်ရလတံ့။
15 Inabbonganda ti rabaw iti entero a daga isu a simmipnget. Kinnanda ti tunggal mula iti daga ken amin a bunga dagiti kayo nga imbati ti uraro. Iti entero a daga iti Egipto, awan ti nabati a nalangto a mula, wenno aniaman a kayo wenno mula kadagiti talon.
၁၅မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကို ဖုံးအုပ်၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီး ရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာ တစုံတခုမျှ မကျန်ရစ်။
16 Kalpasanna, dagus a pinaayaban ni Faraon da Moises ken ni Aaron ket kinunana, “Nagbasolak kenni Yahweh a Diosyo ken kadakayo.
၁၆ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင်တို့ကို၎င်း ငါပြစ်မှားပါပြီ။
17 Ita ngarud, pakawanenyo ti basolko iti daytoy a tiempo, ken agkararagkayo kenni Yahweh a Diosyo tapno iyadayona daytoy nga ipapatay kaniak.”
၁၇သို့ဖြစ်၍ သည်တခါ ငါ့အပြစ်ကို သည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟု ဆိုသည်ရှိသော်၊
18 Pinanawan ngarud ni Moises ni Faraon ken nagkararag kenni Yahweh.
၁၈မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကို တောင်းပန်လေ၏။
19 Nangiyeg ni Yahweh ti nakapigpigsa nga angin ti laud a nangikkat kadagiti dudon ken inturongna ida iti Baybay dagiti Runo; awan ti uray maysa a dudon ti nabati iti amin a masakupan iti Egipto.
၁၉ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား၍ ဧဒုံပင်လယ်၌ ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှ မကျန်ရစ်။
20 Ngem pinatangken ni Yahweh ti puso ni Faraon, ket saan a pinalubosan ni Faraon a mapan dagiti Israelita.
၂၀သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။
21 Kalpasanna, kinuna ni Yahweh kenni Moises, “Iyunnatmo ta imam nga agturong iti tangatang, tapno maaddaan iti kinasipnget ti entero a daga iti Egipto, kinasipnget a mariknada.”
၂၁တဖန် ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌ မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
22 Inyunnat ni Moises ti imana nga agturong iti tangatang, ket nagsipnget ti entero a daga ti Egipto iti tallo nga aldaw.
၂၂မောရှေသည် မိမိလက်ကို မိုဃ်းကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။
23 Saanda a makapagkikinnita; awan ti pimmanaw iti balayna iti tallo nga aldaw. Nu pay kasta, adda lawag iti lugar a pagnanaedan dagiti Israelita.
၂၃ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကို ရကြ၏။
24 Pinaayaban ni Faraon ni Moises ket kinunana, “Inkayo dayawen ni Yahweh. Mabalin a kumuyog kadakayo a mapan uray dagiti pamiliayo, ngem masapul a mabati dagiti arban ken tarakenyo.”
၂၄ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။
25 Ngem kinuna ni Moises, “Masapul nga ikkanakami met kadagiti ayup para kadagiti daton ken daton a mapuoran tapno makaidatonkami kenni Yahweh a Diosmi.
၂၅မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။
26 Masapul nga ikuyogmi met dagiti tarakenmi nga ay-ayup; awan ti uray maysa a mabati kadakuada, ta masapul nga alaenmi dagitoy nga agdayaw kenni Yahweh a Diosmi. Ta saanmi pay nga ammo ti masapul a pangdayawmi kenni Yahweh agingga a makasangpetkami sadiay.”
၂၆ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည်။ တကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟု ဆိုလေသော်၊
27 Ngem pinatangken ni Yahweh ti puso ni Faraon, ken saanna ida a palubosan a mapan.
၂၇ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို မလွှတ်။
28 Kinuna ni Faraon kenni Moises, “Adaywannak! Agannadka maipanggep iti maysa a banag, a saanka nga agpakita manen kaniak, ta ti aldaw a makitam ti rupak, mataykanto.”
၂၈မောရှေကိုလည်း၊ ငါ့ထံမှ ထွက်သွားလော့။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကို မြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။
29 Kinuna ni Moises, “Sika a mismo ti nagsao. Saankonto a makita manen ti rupam.”
၂၉မောရှေကလည်း၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တဖန်မမြင်ပါဟု လျှောက်ဆို၏။