< Deuteronomio 6 >
1 Ita, dagitoy dagiti bilin, alagaden, ken pangngeddeng nga imbilin ni Yahweh a Diosyo kaniak nga isurok kadakayo, tapno masalimetmetanyo dagitoy iti daga a ballasiwenyo ti Jordan tapno tagikuaenyo;
၁သင် တို့နှင့် သား မြေး တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊
2 tapno maidayawyo ni Yahweh a Diosyo, tapno masalimetmetanyo dagiti amin nga alagaden ken bilinna nga ibilbilinko kadakayo—dakayo, dagiti annakyo, ken dagiti annak dagiti annakyo, iti amin nga aldaw ti panagbiagyo, tapno mapaatiddug dagiti al-aldawyo.
၂ငါ ပေး ထားသော ပညတ် တရား တော်ရှိသမျှ တို့ ကို တသက်လုံး စောင့်ရှောက် မည်အကြောင်း နှင့် သင် တို့၏ အသက်တာ ရှည် စေမည်အကြောင်း ၊ သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် ၌ ကျင့် ဘို့ရာ သင် တို့အား ငါသွန်သင် စိမ့်သောငှာ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
3 Denggenyo ngarud dagitoy, Israel, ken salimetmetanyo dagitoy, tapno sumayaatkayo, tapno umadukayo unay, iti daga nga agay-ayus ti gatas ken diro, kas iti inkari ni Yahweh a Dios dagiti ammayo nga aramidenna.
၃အိုဣသရေလ အမျိုး၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ သင် သည် နို့ နှင့် ပျားရည် စီး သောပြည် ၌ ချမ်းသာ ရ၍ အလွန် ပွား များမည် အကြောင်း နားထောင် လော့။ သတိ နှင့် ကျင့် စောင့်လော့။
4 Denggenyo, Israel: Maymaysa ni Yahweh a Diostayo.
၄အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် တဆူ တည်းသော ထာဝရ ဘုရား ဖြစ်တော်မူ၏။
5 Ayatenyo ni Yahweh a Diosyo iti amin a pusoyo, iti amin a kararuayo, ken iti amin a pigsayo.
၅သင် ၏ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။
6 Addanto iti pusoyo dagiti sasao nga ibilbilinko kadakayo ita nga aldaw;
၆ယနေ့ ငါ မှာ ထားသော စကား ကို နှလုံး သွင်း ရမည်။
7 ket siaagawa nga isuroyonto dagitoy kadagiti annakyo; saritaenyo ti maipanggep kadagitoy inton agtugawkayo iti uneg ti balayyo, inton magnakayo iti dalan, inton agiddakayo, ken inton bumangonkayo.
၇ထို စကားကို သင် ၏သားသမီး တို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး ၌ သွား သည်ဖြစ်စေ ၊ အိပ် လျက် ၊ ထ လျက်ရှိသည် ဖြစ်စေ ၊ ထို စကားကို ပြော ရမည်။
8 Igalutyonto dagitoy a kas pagilasinan iti imayo, ken agserbidanto a kas pannakabedbed iti nagbaetan dagiti matayo.
၈ထိုစကားကိုလည်း သင် ၏ လက် ၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင် ၏ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရမည်။
9 Isuratyonto dagitoy kadagiti poste ti ridaw ti balayyo ken kadagiti ruanganyo.
၉အိမ် တံခါး ၊ မြို့တံခါး တို့၌ လည်း ရေးထား ရမည်။
10 Inton ipannakayo ni Yahweh a Diosyo iti daga nga insapatana kadagiti ammayo, kada Abraham, Isaac, ken ni Jacob, nga itedna kadakayo, nga addaan kadagiti dadakkel ken nasayaat unay a siudad a saanyo nga impatakder,
၁၀သင်မ တည် သော မြို့ ကြီး မြို့မြတ် တို့ကို၎င်း ၊ သင်မ ဖြည့် ဘဲကောင်း သောအရာနှင့်ပြည့် သောအိမ် တို့ကို၎င်း၊ သင်မ တူး သော ရေတွင်း တို့ကို၎င်း ၊ သင်မ စိုက်ပျိုး သော စပျစ်ဥယျာဉ် နှင့် သံလွင်ပင် တို့ကို၎င်း၊ သင့် အား ပေး ခြင်းငှာ၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုဆောင်သွင်း တော်မူ၍၊ သင်သည်ဝစွာ စား လျက်နေရသောအခါ၊
11 ken balbalay a napno kadagiti amin a kita dagiti nasayaat a banbanag a saanyo nga inaramid, kadagiti bubon a saanyo a kinali, ken kadagiti kaubasan ken olibo a kaykayo a saanyo nga inmula, mangankayonto ket mapnekkayo—
၁၁
12 agannadkayo ngarud tapno saanyo a malipatan ni Yahweh, a nangiruar kadakayo iti daga ti Egipto, iti balay ti pannakaadipen.
၁၂ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင့် ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရား ကို မ မေ့လျော့ မည် အကြောင်း၊ ကိုယ် ကို ကိုယ်သတိ ပြုလော့။
13 Dayawenyo ni Yahweh a Diosyo; isuna ti pagrukbabanyo, ken agsapatakayo babaen iti naganna.
၁၃သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ရမည်။ ထို ဘုရားသခင်ကိုသာ ဝတ်ပြု ရမည်။ နာမ တော် အားဖြင့် လည်း ကျိန်ဆို ခြင်းကိုပြုရမည်။
14 Dikay sumurot kadagiti sabali a dios, dagiti dios dagiti tattao nga adda iti aglawlawyo—
၁၄အခြား တပါးသောဘုရား ၊ သင့် ပတ်လည် ၌ နေသော လူမျိုး တို့၏ ဘုရား ကို မ ဆည်း မကပ်ရ။
15 ta ni Yahweh a Diosyo nga adda iti tengngayo ket managimon a Dios—amangan no sumged ti pungtot ni Yahweh a Diosyo a maibusor kadakayo ket dadaelennakayo iti rabaw ti daga.
၁၅သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့၌ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို အမျက် ထွက် ၍ မြေကြီး ပြင် မှာ သုတ်သင် ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။
16 Diyo suboken ni Yahweh a Diosyo a kas iti panangsubokyo kenkuana idiay Massa.
၁၆သင်သည် မဿာ အရပ်၌ ပြု သကဲ့သို့ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို အစုံအစမ်း မ ပြုရ။
17 Siaagawa a salimetmetanyonto dagiti bilin ni Yahweh a Diosyo, dagiti pammaneknekna, ken dagiti alagadenna, nga imbilinna kadakayo.
၁၇သင် ၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော သက်သေခံ ချက်၊ စီရင် ချက်၊ ပညတ် တရားတို့ကို ကြိုးစား၍ စောင့်ရှောက် ရမည်။
18 Aramidenyo ti nalinteg ken nasayaat iti imatang ni Yahweh, tapno sumayaatkayo, ken tapno maserrek ken matagikuayo ti nadam-eg a daga nga inkari ni Yahweh kadagiti ammayo,
၁၈သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
19 a pagtalawenna dagiti amin a kabusoryo iti sangoananyo, a kas iti imbaga ni Yahweh.
၁၉ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ နှင်ထုတ် သဖြင့် ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် မြတ် ကို ဝင်စား ၍ နေ ခြင်းငှာ၎င်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် လျောက်ပတ် သောအမှုတို့ကို ပြု ရမည်။
20 Inton saludsoden kadakayo ti anakyo iti tiempo nga umay, a kunana, 'Ania ti kayat a sawen dagitoy a banbanag—dagiti pammaneknek, dagiti alagaden, ken dagiti dadduma a pangngeddeng nga imbilin ni Yahweh a Diostayo kadakayo?'
၂၀နောင် ကာလ၌ သင် ၏သား က၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ထား တော်မူသော ဤသက်သေခံ ချက်၊ စီရင် ထုံးဖွဲ့ ချက်တို့သည် အဘယ်သို့ ဆိုလို သနည်းဟု မေးမြန်း လျှင်၊
21 ket kunayonto iti anakyo, 'Tagabunakami idi ni Faraon idiay Egipto; inruarnakami ni Yahweh idiay Egipto babaen iti nabileg nga imana,
၂၁သင်က၊ ငါတို့သည် အဲဂုတ္တု ပြည်၌ ဖါရော ဘုရင် ၏ ကျွန် ဖြစ် ၍နေစဉ်အခါ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်နှင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူ၏။
22 ken nangipakita isuna kadagiti pagilasinan ken nakaskasdaaw, dakkel ken makadidigra, iti Egipto, kenni Faraon, ken iti amin a balayna, iti sangoanan dagiti matatayo;
၂၂ထာဝရဘုရား သည်လည်း ၊ ကြီးမား ခက်ထန် သော နိမိတ် လက္ခဏာ အံ့ဘွယ် သရဲတို့ကို အဲဂုတ္တု ပြည် အပေါ် မှာ၎င်း၊ ဖာရော ဘုရင်နှင့် နန်းတော် သားတို့အပေါ် မှာ၎င်း၊ ငါ တို့မျက်မှောက် ၌ ပြတော်မူပြီးလျှင်၊
23 ken inruarnatayo sadiay, tapno maipannatayo, tapno itedna kadatayo ti daga nga inkarina kadagiti ammatayo.
၂၃ငါ တို့ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သွင်း ၍ နေရာချ ခြင်းအလို့ငှာ ၊ ထို ပြည်မှ နှုတ်ဆောင် တော်မူ၏။
24 Imbilin ni Yahweh kadatayo a kanayontayo a salimetmetan amin dagitoy nga alagaden, tapno agbutengtayo kenkuana a Diostayo para iti pagsayaatantayo, tapno taginayonennatayo a biagen, a kas kadatayo iti daytoy nga aldaw.
၂၄ထာဝရဘုရား သည် ယနေ့ တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့ ၊ ငါ တို့အသက် ကို စောင့်တော်မူမည် အကြောင်း ၊ ငါတို့သည် ကိုယ်အကျိုးကိုထောက် ၍၊ ငါ တို့ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ လျက် ၊ ဤ ပညတ် အလုံးစုံ တို့ကို ကျင့် စေခြင်းငှာ မှာ ထားတော်မူ၏။
25 No salimetmetantayo amin dagitoy a bilin iti sangoanan ni Yahweh a Diostayo, kas iti imbilinna kadatayo, daytoyto ti kinalintegtayo.
၂၅သို့ဖြစ်၍ ငါ တို့ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဤ ပညတ် အလုံးစုံ တို့ကို ရှေ့ တော်၌ ကျင့် စောင့်ခြင်းငှာ သတိပြု လျှင် ၊ ဖြောင့်မတ် ရာသို့ ရောက် ရကြလိမ့်မည်ဟု ပြန်ပြောရမည်။