< 2 Timoteo 1 >
1 Ni Pablo, nga apostol ni Cristo Jesus babaen iti pagayatan ti Dios, segun iti naikari a biag nga adda kenni Cristo Jesus,
၁ယေရှုခရစ်၌တည်သော အသက်ကိုပေးမည်ဟုဂတိတော်နှင့်အညီ၊ ဘုရားသခင်၏ အလိုတော် အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကို ကြားလိုက်ပါ၏။
2 kenni Timoteo a patpagek nga anak: Parabur, asi, ken kapia a nagtaud iti Dios Ama kenni Cristo Jesus nga Apotayo.
၂ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိ ပါစေသော။
3 Agyamanak iti Dios, nga isu a pagserserbiak manipud pay kadagiti kapuonak, addaanak iti nadalus a konsensia iti kankanayonko a pananglaglagip kenka kadagiti karkararagko. Rabii ken aldaw.
၃သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှါ အလွန်လွမ်းသောစိတ်ရှိသဖြင့်၎င်း၊
4 a kalikagumak a makitaka, tapno mapnoak iti rag-o. Malaglagipko dagiti luluam.
၄သင်၏အဘွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်၎င်း၊
5 Naipalagip met kaniak met iti napudno a pammatim; nga immun-una nga adda ken ni apongmo a Loida, ken ni inangmo nga Eunice. Ket naallukoyak nga adda met kenka daytoy.
၅နေ့ညဉ့်မပြတ်ဆုတောင်း ပဌနာပြုသည်တွင်၊ သင့်ကိုမခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။
6 Daytoy ti makagapu nga ipalagipko kenka a parangrangem manen ti sagut ti Dios kenka babaen iti panangiparabawko kadagiti imak.
၆ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည် အကြောင်း၊ ငါသည်သင့်ကို သတိပေး၏။
7 Ta saannatayo nga inikkan ti Dios iti espiritu ti buteng, no di ket pannakabalin ken ayat ken disiplina.
၇အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။
8 Isu a saanmo nga ibain ti pammaneknek maipanggep iti Apotayo, wenno siak, ni Pablo, a baludna. Ngem ketdi, makibingayka iti panagsagaba para iti ebanghelio babaen iti pannakabalin ti Dios.
၈ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို ၎င်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။
9 Ta ti Dios iti nangisalakan kadatayo ken nangayab kadatayo babaen iti nasantoan a pannakaayab. Inaramidna daytoy, saan a segun kadagiti aramidtayo, ngem segun iti bukodna a panggep ken parabur. Intedna kadatayo dagitoy a banbanag babaen kenni Cristo Jesus sakbay a nangrugi ti tiempo. (aiōnios )
၉ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။ (aiōnios )
10 Ngem ita, ti panangisalakan ti Dios ket naipakaammo babaen ti panagparang ti Mangisalakantayo a ni Cristo Jesus. Ni Cristo ti nangpatingga iti patay, ken nangiyeg iti biag a saan pulos nga agpatingga nga aglawag babaen iti ebanghelio.
၁၀ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှား လျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို ဧဝံရေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
11 Gapu iti daytoy, nadutokanak a mangaskasaba, apostol, ken manursuro.
၁၁ထိုတရားကို ဟောပြောသောသူအရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ တပါးအမျိုးသားတို့၏ ဆရာ အရာ၌၎င်း ငါ့ကိုခန့်ထားတော်မူပြီ၊
12 Maigapu iti daytoy a sagsagabaek met dagitoy a banbanag. Ngem saanak a mabain, ta am-ammok isuna a pinatik. Naallukoyak a kabaelanna a salakniban ti intalekko kenkuana inggana iti dayta nga aldaw.
၁၂ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။
13 Salimetmetam ti paguadan dagiti napudno a mensahe a nangngegam kaniak, nga addaan ti pammati ken ayat nga adda kenni Cristo Jesus.
၁၃ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။
14 Ti nasayaat a banag nga intalek ti Dios kenka, salaknibam babaen iti Espiritu Santo, nga agnanaed kadatayo.
၁၄သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်အား ဖြင့် စောင့်ရှောက်လော့။
15 Ammom daytoy, nga amin nga agnanaed idiay Asia ket timmalikod kaniak. Iti daytoy a bunggoy ket da Figelo ken Hermogenes.
၁၅အာရှိပြည်၌နေသော သူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု၊ သင်သည် ကြားသိ၏။ ထိုသူတို့တွင် ဖုဂေလုနှင့် ဟေရမောဂင်ပါသတည်း။
16 Sapay koma ta kaasian ti Apo ti pamilia ni Onesiforo, ta masansan nga papigsaennak ken saanna nga imbain ti pannakaikawarko.
၁၆ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊
17 Ngem ketdi, idi adda isuna idiay Roma, biniruknak a sireregta, ket nasarakannak.
၁၇ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက်ငါ့ကိုရှာ၍တွေ့၏။
18 Sapay koma ta ipalubos ti Apo kenkuana a masarakanna ti asi manipud kenkuana iti dayta nga aldaw. Ket ammom la unay amin a wagas a panangtulongna kaniak idiay Efeso.
၁၈သူသည်ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည်ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။