< 2 Corinto 8 >
1 Kayatmi a maamoanyo, kakabsat, ti maipapan iti parabur ti Dios a naited kadagiti iglesia iti Macedonia.
၁ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အားပြုတော်မူသော ကျေးဇူတော်အကြောင်းကို ငါတို့သည်သင်တို့အား ကြားပြောကြ၏။
2 Kabayatan ti nakaro a pannakapadas iti panagrigat, ti aglaplapusanan a rag-o ken ti napalalo a kinakuraypayda ket nangipaay ti dakkel a kinabaknang iti naparabur a panangited
၂ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီး သော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏။
3 Ta paneknekak a nangitedda iti adu kas kabaelanda, ken nalablabes pay ngem iti kabaelanda. Ken iti bukodda a pagayatan
၃အကြောင်းမူကား၊ သူတို့သည်တတ်နိုင်သမျှ ထက်မက၊ အလိုအလျှောက်စွန့်ကြဲချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။
4 nga addaan iti nakaro a panagpakpakaasi ket kiniddawda kadakami ti gundaway a makibingay iti daytoy a ministerio kadagiti namati. Saan a napasamak daytoy a kas ninamnamami.
၄သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှငိးသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန် ကြ၏။
5 Ngem ketdi, intedda nga immuna dagiti bagbagida iti Apo. Kalpasanna, intedda dagiti bagbagida kadakami babaen iti pagayatan ti Dios.
၅ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ရှေးဦးစွာသခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကိုမိမိတို့ လှူကြ၏။
6 Isu a ginuyugoymi ni Tito, a nangirugin iti daytoy nga aramid, a lippasenna daytoy nga aramid iti naparabur a panagited iti pasetyo.
၆ထိုကြောင့် တိတုသည်သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည်သူ့ကိုတောင်းပန်ကြ၏။
7 Ngem nabaknangkayo iti amin a banbanag - iti pammati, iti panagsao, iti pannakaamo, iti amin a kinapasnek, ken iti panagayatyo kadakami. Kasta met a siguraduenyo a nabungakayo iti daytoy a naparabur nga aramid.
၇ထိုသို့နှင့်အညီသင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဥာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း။
8 Ibagak daytoy saan a kas maysa a bilin. Ngem ketdi, ibagak daytoy tapno padasek ti kinapudno ti ayatyo babaen iti panangidilig iti gagar dagiti dadduma a tattao.
၈ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့်ဆိုသတည်း။
9 Gapu ta ammoyo ti parabur ni Apotayo a Jesu-Cristo. Numan pay nabaknang isuna, para iti pagimbaganyo ket nagbalin isuna a napanglaw, tapno babaen iti kinakurapayna ket agbalinkayo koma a nabaknang.
၉အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။
10 Balakadankayo maipapan iti daytoy a banag tapno matulongannakayo. Iti napalabas a tawen, saanyo laeng a rinugian nga aramiden ti maysa a banag, ngem tinarigagayanyo nga aramiden daytoy.
၁၀ဤအမှု၌ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင်အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။
11 Ita, leppasenyo daytoy. Kas iti kaadda iti gagar ken tarigagay a mangaramid iti daytoy idi, lippasenyo met koma ngarud daytoy, iti amin a kabaelanyo.
၁၁သို့ဖြစ်၍၊ အထက်ကစေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။
12 Ta no magagarankayo a mangaramid iti daytoy a banag, nasayaat ken nakaay-ayo daytoy a banag. Masapul a maibasar daytoy no ania ti adda iti maysa a tao, saan a no ania iti awan kenkuana.
၁၂အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ်ဖြစ်၏။
13 Ta daytoy nga aramid ket saan a tapno mapaglag-anan dagiti dadduma ken dakayo ket mapadagsenan. Ngem ketdi, adda koma iti panagpapada.
၁၃ဤအမူရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည်ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည် မဟုတ်။
14 Ti kinawadwadyo ita a tiempo ti mangipaay iti kasapulanda. Daytoy ket, tapno ti kinawadwadda met ti mangipaay iti kasapulanyo, tapno adda iti panagpapada.
၁၄များများရသောသူမပို။ နည်းနည်းရသော သူမလိုဟူသောကျမ်း စကားနှင့်အညီ၊
15 Daytoy ket kas iti naisurat: “Ti addaan ti ad-adu ket awan ti aniaman a nateddana, ken ti addaan iti bassit ket awan ti aniaman a nagkuranganna.”
၁၅မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်၎င်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့် ၎င်း၊ အညီအမျှဖြစ်စေခြင်းငှါ ငါအကြံရှိ၏။
16 Ngem agyamanak iti Dios, ti nangikabil iti puso ni Tito iti isu met laeng a napasnek a panangipateg nga adda kaniak para kadakayo.
၁၆ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော်ကြီးလှပေ၏။
17 Ta saanna laeng nga inawat ti kiddawmi, ngem kasta pay unay ti kinapasnekna maipapan iti daytoy. Immay isuna kadakayo iti bukodna a pagayatan.
၁၇ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး ၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။
18 Imbaonmi a kaduana ti kabsat a lalaki a madaydayaw kadagiti amin nga iglesia gapu iti trabahona iti panangiwarwaragawag iti ebanghelio.
၁၈ဧဝံဂေလိတရားကိုဟောပြော၍ အသင်းတော်အပေါင်းတို့၌ ချီးမွမ်းခြင်းကိုခံရသောညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ၏။
19 Saan laeng a daytoy, ngem napili pay isuna dagiti iglesia a makipagdaliasat kadakami iti panangipatungpal iti daytoy nga aramid iti kinaparabur. Daytoy ket para iti pakaitan-okan ti Apo ken ti kinagagarmi a tumulong.
၁၉ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကို၎င်း၊ ကိုယ်စေတနာစိတ်ကို၎င်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏အလှူကျေးဇူးကို ပြုစုသည့်အမှုမှာ ငါတို့နှင့်အတူသွားစေခြင်းငှါ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။
20 Likliklikanmi nga adda ti siasinoman nga agreklamo maipapan kadakami maipanggep iti daytoy a naparabur a panangited nga ar-aramidenmi.
၂၀ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှါ သတိပြုကြ၏။
21 Naannadkami a mangaramid iti nadayaw, saan laeng nga iti sangoanan ti Apo, ngem uray iti sangoanan dagiti tattao.
၂၁သခင်ရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကိုကြံစည်ကြ၏။
22 Mangibaon kami pay iti sabali a kabsat a lalaki a kadakuada. Masansan ti panangpadasmi kenkuana, ket naammoanmi ti kinaregtana para kadagiti adu nga ar-aramid. Ad-adda pay a napaspasnek isuna ita gapu iti dakkel a kinatalgedna kadakayo.
၂၂ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည်အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကိုအလွန်ယုံသောကြောင့် သာ၍ လုံ့လပြု၏။
23 No maipanggep kenni Tito, katakunaynay ken padak a trabahador isuna maipaay kadakayo. No maipapan met kadagiti kakabkabsattayo a lallaki, imbaon ida dagiti iglesia. Pakaitan-okan ida ni Cristo.
၂၃တိတုသည်အဘယ်သို့သောသူနည်းဟု တစုံတယောက်မေးလျှင်ငါ၏အပေါင်းအဘော်ဖြစ်၏။ သင်တို့ အမှုကိုငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ဘုန်းအသရေလည်း ဖြစ်ကြ၏။
24 Isu nga ipakitayo kadakuada ti ayatyo, ken ipakitayo kadagiti iglesia ti makagapu iti panagpaspasindayawmi maipapan kadakayo.
၂၄ထိုကြောင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာကို၎င်း၊ ငါတို့သည်သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကို၎င်း၊ အသင်းတော်များမျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။