< I Samuel 2 >

1 Nagkararag ni Ana a kunana, “Agragragsak ti pusok gapu kenni Yahweh. Napabilegak gapu kenni Yahweh. Agpasindayag ti ngiwatko kadagiti kabusorko, gapu ta agrag-oak iti panangisalakanmo.
ဟန္န​သည်​ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်​မ​အား​စိတ်​ရွှင်​လန်း စေ​တော်​မူ​ပြီ။ ကျွန်​မ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို​ထောက်​၍​ဝမ်း​မြောက်​ပါ​၏။ ကျွန်​မ​သည်​ရန်​သူ​တို့​အား​ပြက်​ရယ်​ပြု​ခွင့် ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ကျွန်​မ​ကို​ကူ​မ​တော်​မူ​ပြီ ဖြစ်​၍ ကျွန်​မ​သည်​စိတ်​ရွှင်​လန်း​ပါ​၏။
2 Awan ti uray maysa a nasantoan a kas kenni Yahweh, ta awan iti sabali pay malaksid kenka; awan dakkel a bato a kas iti Diostayo.
ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ​မ​သန့်​ရှင်း​မ​မြင့်​မြတ်​ပါ။ ကိုယ်​တော်​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကျွန်​မ​တို့​ကိုး​ကွယ်​သော​ဘု​ရား​ကဲ့​သို့ ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သူ​မ​ရှိ။
3 Saankayon nga agpasindayag unay; awan koman ti kinapalangguad a rumuar iti ngiwatyo. Ta ni Yahweh ket Dios ti pannakaammo; babaen kenkuana matimbang dagiti tignay.
ထာ​ဝ​ရ​ဘု​ရား​သည်​သဗ္ဗ​ညု​တ​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​၍၊ လူ​တို့​ပြု​သော​အ​မှု​ရှိ​သ​မျှ​ကို​စစ်​ဆေး စီ​ရင်​တော်​မူ​သည်​ဖြစ်​ရာ၊ သင်​တို့​သည်​ကျယ်​လောင်​စွာ​ကြွား​ဝါ​မှု​ကို မ​ပြု​ကြ​နှင့်။ မောက်​မာ​သော​စ​ကား​ကို​နှုတ်​မှ​မ​ထွက်​စေ​နှင့်။
4 Matukkol dagiti bai dagiti nabileg a lallaki, ngem dagiti maitibkul, pumigsada a kasla barikes.
ခွန်​အား​ကြီး​သော​စစ်​သူ​ရဲ​များ​၏​လေး​တို့​သည် ကျိုး​ပဲ့​ကုန်​လျက်၊အား​အင်​ချည့်​နဲ့​သူ​တို့​သည် ခွန်​အား​ကြီး​မား​လာ​ကြ​၏။
5 Dagiti aglaplapusanan idi iti taraon, manggeddan tapno adda kanenda; saanen a mabisinan dagiti mabisbisinan. Uray ti maysa a lupes ket aganak iti pito, ngem ti babai nga addaan iti adu nga annak ket agkapsut.
အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။ သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။ မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍ သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။
6 Mangpapatay ni Yahweh ken mangmangted iti biag. Isuna ti mangipababa idiay sheol ken isuna ti mangpagpagungar. (Sheol h7585)
ထာ​ဝ​ရ​ဘု​ရား​သည်​သေ​စေ​ခြင်း၊ရှင်​စေ​ခြင်း ကို​လည်း​ကောင်း၊ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​ခြင်း၊ပြန်​လည် ခေါ်​ဆောင်​ခြင်း​ကို​လည်း​ကောင်း​ပြု​တော်​မူ​၏။ (Sheol h7585)
7 Ni Yahweh ti mangpapapanglaw ken mangpabaknang. Mangipababa isuna, ngem mangitan-ok met isuna.
ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​ဆင်း​ရဲ​စေ​၍ အ​ချို့​တို့​ကို​ချမ်း​သာ​စေ​တော်​မူ​၏။ အ​ချို့​တို့​ကို​နှိမ့်​ချ​၍​အ​ချို့​တို့​ကို​ချီး မြှင့်​တော်​မူ​၏။
8 Bangbangonenna dagiti napanglaw manipud iti tapok. A-aonenna dagiti agkasapulan manipud iti gabsuon ti dapo tapno makipagtugawda kadagiti prinsipe ken tawidenda ti tugaw ti kinatan-ok. Ta dagiti adigi ti daga ket ni Yahweh ti nangisaad ket insaadna ti lubong kadagitoy.
ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။
9 Bantayannanto dagiti saka dagiti napudno a tattaona, ngem mapaulimekto iti kasipngetan dagiti nadangkes, ta awanto ti agballigi babaen iti bukodna a pigsa.
``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။
10 Dagiti mangsupsuppiat kenni Yahweh ket marumekto; gurruodannanto ida manipud langit. Ukomento ni Yahweh dagiti pagpatinggaan ti daga, ikkannanto iti pigsa ti arina ken itag-aynanto ti tangguyob ti pinulotanna.”
၁၀ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ​များ​သည်​ချေ​မှုန်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​အ​ပေါ်​ကောင်း​ကင်​မှ​မိုး​ချုန်း စေ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​တစ်​ခု​လုံး​ကို တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​ရွေး​ချယ်​ခန့်​ထား​တော် မူ​သော ဘု​ရင်​အား၊တန်​ခိုး​နှင့်​ပြည့်​စုံ​စေ​၍ မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​သူ​အား အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။''
11 Kalpasanna, nagawid ni Elkana iti balayna idiay Rama. Nagserbi ti ubing kenni Yahweh iti imatang ni Eli a padi.
၁၁ထို​နောက်​ဧ​လ​ကာ​န​သည် ရာ​မ​မြို့​ရှိ​မိ​မိ​၏​နေ အိမ်​သို့​ပြန်​လေ​၏။ သို့​ရာ​တွင်​သူ​ငယ်​ရှ​မွေ​လ မူ​ကား​ရှိ​လော​မြို့​တွင်​နေ​ရစ်​၍ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​၏​လက်​အောက်​၌​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လေ​၏။
12 Ita, dagiti putot ni Eli ket awan serserbida a lallaki. Saanda nga am-ammo ni Yahweh.
၁၂ဧ​လိ​၏​သား​တို့​သည်​သူ​ယုတ်​မာ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း ကောင်း၊-
13 Ti kaugalian dagiti papadi kadagiti tattao no kasta nga agidatag iti daton ti siasinoman a tao, umay ti adipen ti padi a siiiggem iti tallo ti pangtudokna a tinidor, bayat a mailamlambong ti karne.
၁၃လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊-
14 Itudokna daytoy kadagiti linaon ti silyasi, wenno dakkel a kaldero, wenno banga. Amin a matudok ti tinidor ket alaen ti padi para iti bagbagina. Inaramidda daytoy iti Silo, kadagiti amin nga Israelita nga umay sadiay.
၁၄ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-
15 Ngem ketdi, sakbay a puoranda dagiti taba, umay ti adipen ti padi, ket ibagana iti tao nga agidatdaton, “Mangtedka iti maituno a karne para iti padi; ta saan isuna nga umawat iti nalambong a karne manipud kenka, no di laeng dagiti saan a naluto a karne.”
၁၅ထို့​အ​ပြင်​ဆီ​ဥ​ကို​မီး​မ​ရှို့​ရ​မီ​ယဇ်​ပု​ရော ဟိတ်​၏​အ​စေ​ခံ​သည် လာ​၍​ယဇ်​ပူ​ဇော်​နေ​သူ အား``ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ကင်​ပေး​နိုင်​ရန် အ​သား​အ​နည်း​ငယ်​ကို​ပေး​ပါ​လော့။ ယဇ် ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး​အ​သား​ကို​အ​လို မ​ရှိ။ အ​သား​စိမ်း​ကို​သာ​အ​လို​ရှိ​၏'' ဟု ပြော​ဆို​တောင်း​ခံ​တတ်​လေ​သည်။
16 No kunaen ti lalaki kenkuana, “Masapul a puoranda nga umuna ti taba, ket kalpasanna alaenyo ti kayatyo nga alaen.” Ibaga ngarud ti adipen ti padi, “Saan, itedmo kaniak itan; ta no saan, pilitek nga alaen.”
၁၆အ​ကယ်​၍​ယဇ်​ပူ​ဇော်​နေ​သူ​က``ငါ​တို့​သည် ထုံး​စံ​ရှိ​သည်​အ​တိုင်း​ဆီ​ဥ​ကို​ဦး​စွာ​မီး​ရှို့ ပူ​ဇော်​ပြီး​မှ သင်​နှစ်​သက်​ရာ​အ​သား​ကို​ယူ ပါ​လေ'' ဟု​ဆို​ခဲ့​သော်​ယဇ်​ပု​ရော​ဟိတ်​အ​စေ​ခံ သည်``အ​သား​ကို​ယ​ခု​ငါ့​အား​ပေး​လော့။ မ​ပေး လျှင်​အ​တင်း​အ​ဋ္ဌမ္မ​ယူ​ရ​လိမ့်​မည်'' ဟု​ဆို တတ်​၏။
17 Nadagsen unay ti basol dagitoy nga agtutubo iti sangoanan ni Yahweh, ta saanda a rinaem ti daton para kenni Yahweh.
၁၇ဧ​လိ​၏​သား​တို့​ဤ​သို့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​လွန်​စွာ​အ​ပြစ် ကြီး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​သော​ပူ​ဇော် သ​ကာ​များ​ကို​မ​ခန့်​မ​ညား​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။
18 Ngem nagserbi ni Samuel kenni Yahweh kas maysa nga ubing a nakawesan iti lino nga efod.
၁၈ဤ​အ​တော​အ​တွင်း​၌​သူ​ငယ်​ရှ​မွေ​လ​သည် ပိတ်​ချော​သင်​တိုင်း​ကို​ဝတ်​၍​ထာ​ဝ​ရ​ဘု​ရား ၏​အ​မှု​တော်​ကို​ဆောင်​လျက်​နေ​၏။-
19 Iyar-aramidan isuna ti inana iti bassit a kagay ket tinawen nga ip-ipanna daytoy kenkuana, no sumang-at isuna a kaduana ti asawana a mangisagot iti tinawen a daton.
၁၉သူ​၏​အ​မိ​သည်​နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို တင်​လှူ​ရန် ခင်​ပွန်း​သည်​နှင့်​အ​တူ​လိုက်​ပါ လာ​သော​အ​ခါ ဝတ်​လုံ​ငယ်​တစ်​ခု​ကို​ချုပ်​၍ ယူ​ဆောင်​လာ​တတ်​၏။-
20 Benbendisionan ni Eli da Elkana ken ti asawana a kunana, “Ikkannaka koma ni Yahweh iti ad-adu pay nga annak babaen iti daytoy a babai gapu iti kiniddawna kenni Yahweh.” Kalpasanna, agsublida iti bukodda a pagtaengan.
၂၀ထို​အ​ခါ​ဧ​လိ​သည်​ဧ​လ​ကာ​န​နှင့်​ဇ​နီး အား ကောင်း​ချီး​ပေး​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား အား​သင်​ဆက်​ကပ်​သည့်​သား​အ​စား ကိုယ်​တော် သည်​သင့်​အား​ဤ​အ​မျိုး​သ​မီး​အား​ဖြင့် အ​ခြား​သား​သ​မီး​များ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော'' ဟု​ဧ​လ​ကာ​န​အား ပြော​လေ့​ရှိ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​သို့​ပြန် သွား​ကြ​၏။
21 Tinulongan manen ni Yahweh ni Ana, ket nagsikog manen isuna. Naganak pay isuna iti tallo a lallaki ken dua a babbai. Kabayatanna, dimmakkel ti ubing a ni Samuel iti sangoanan ni Yahweh.
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။
22 Ita, lakay unayen ni Eli; nangngegna amin nga ar-aramiden dagiti annakna a lallaki iti entero nga Israel, ken ti panakikakaiddada kadagiti babbai nga agserserbi iti pagserkan ti tabernakulo.
၂၂ယ​ခု​အ​ခါ​၌​ဧ​လိ​သည်​လွန်​စွာ​အို​မင်း​လျက် ရှိ​၏။ မိ​မိ​၏​သား​များ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြု​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​ဝင်​ဝ​၌ အ​လုပ်​တာ​ဝန်​ကျ​သူ​အ​မျိုး​သ​မီး များ​နှင့်​ပင်​မှား​ယွင်း​ကြ​ကြောင်း​ကို​လည်း ကောင်း​ဧ​လိ​ကြား​သိ​ရ​သည်။-
23 Kinunana kadakuada, “Apay nga ar-aramidenyo dagiti kakasta a banbanag? Ta nangngegko manipud kadagitoy a tattao dagiti dakes nga aramidyo.”
၂၃ထို့​ကြောင့်​ဧ​လိ​က``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​တို့​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု သည့်​ဒု​စ​ရိုက်​ကို​လူ​တိုင်း​ပင်​ပြော​ကြား လျက်​ရှိ​၏။-
24 Saan, annakko; ta daytoy ket saan a nasayaat a damag a mangngegko. Pinagsukiryo dagiti tattao ni Yahweh.
၂၄ငါ့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော် တို့​ပြော​ဆို​နေ​ကြ​သော​အ​ကြောင်း​မှာ ဆိုး ရွား​လှ​ပါ​သည်​တ​ကား။-
25 “No makabasol iti sabali ti maysa a tao, ukomento isuna ti Dios; ngem no makabasol ti tao kenni Yahweh, siasino ti agsao para kenkuana?” Ngem saanda a dimngeg iti timek ti amada, gapu ta inkeddengen ni Yahweh a papatayen ida.
၂၅လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။
26 Dimmakkel ti ubing a ni Samuel, ken ad-adda a makaay-ayo kenni Yahweh ken kasta met kadagiti tattao.
၂၆သူ​ငယ်​ရှ​မွေ​လ​သည်​ဆက်​လက်​ကြီး​ပြင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​လူ​တို့​ရှေ့​၌​မျက်​နှာ ရ​လေ​၏။
27 Ita, immay kenni Eli ti maysa a tao ti Dios ket kinunana kenkuana, “Kuna ni Yahweh, 'Saan kadi nga imparangko ti bagik iti balay ti kapuonam, idi addada iti Egipto a maad-adipen iti balay ni Faraon?
၂၇ပ​ရော​ဖက်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ မှ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ရန် ဧ​လိ​ထံ​သို့ ရောက်​ရှိ​လာ​၏။ ထို​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ ``သင်​၏​ဘိုး​ဘေး​အာ​ရုန်​နှင့်​အိမ်​ထောင် စု​သား​တို့​သည် အီ​ဂျစ်​ဘု​ရင်​ထံ​တွင်​ကျွန်​ခံ နေ​ရ​စဉ်​အ​ခါ​က​ငါ​သည်​အာ​ရုန်​အား ထင်​ရှား​ခဲ့​၏။-
28 Pinilik isuna manipud kadagiti amin a tribu ti Israel nga agbalin a padik, a sumang-at iti altarko, ken mangpuor iti insenso, a mangikawes iti efod iti sangoanak. Intedko iti balay ti kapuonam dagiti amin a maipuor a sagsagut dagiti tattao ti Israel.
၂၈ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ရှိ​သ​မျှ တို့​အ​နက် သူ​၏​အိမ်​ထောင်​စု​ကို​ငါ​၏​ယဇ် ပလ္လင်​ပေါ်​မှာ​ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ​၏​အ​လို​တော်​ကို​သိ​ရှိ​ရန် သင်​တိုင်း​ကို​ဝတ်​ဆင်​ခြင်း​အ​မှု​တို့​ကို​ဆောင် ရွက်​ရန်​အ​တွက် ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ခန့်​ထား​ခဲ့​၏။ ထို့​ပြင် ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ် ကောင်​များ​မှ​ဝေ​စု​ကို​ရ​ယူ​နိုင်​ခွင့်​ကို လည်း သူ​တို့​အား​ငါ​ပေး​ထား​၏။-
29 Apay ngarud a saanyo a rinaem dagiti daton ken sagsagut nga imbilinko a kasapulan iti lugar a pagnanaedak? Apay nga ad-adda a raraemem dagiti annakmo ngem siak, babaen iti panagpalukmegyo iti bagbagiyo babaen kadagiti kasasayaatan iti tunggal daton dagiti tattaok nga Israel?'
၂၉သို့​ဖြစ်​၍​သင်​သည်​ငါ​၏​အ​မိန့်​အ​ရ​ဆက်​သ သည့်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​ဘယ် ကြောင့်​လော​ဘ​စိတ်​နှင့်​ကြည့်​ဘိ​သ​နည်း။ ဧ​လိ၊ သင်​သည်​ငါ​၏​လူ​မျိုး​တော်​တင်​လှူ​သည့်​ယဇ် ကောင်​ရှိ​သ​မျှ​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့ ကို အ​ဘယ်​ကြောင့်​သင်​၏​သား​တို့​အား​ဝ​စွာ စား​ခွင့်​ပြု​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ တို့​အား​ငါ့​ထက်​ပင်​ပို​၍​ဂုဏ်​ပြု​ချီး​မြှင့် ပါ​သ​နည်း။-
30 Ta kuna ni Yahweh a Dios ti Israel, 'Inkarik a ti balaymo, ken ti balay ti kapuonam, nasken nga agserbida kaniak iti agnanayon.' Ngem ita, kuna ni Yahweh, ‘Saankon nga aramiden daytoy, ta raemek dagiti agraem kaniak, ngem dagiti saan a mangraem kaniak ket mabainanto.
၃၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-
31 Dumngegka, umayen dagiti aldaw a pukawek ti pigsam ken ti pigsa ti balay ni amam, tapno awanton ti lakay iti balaymo.
၃၁နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။-
32 Makitamto ti pannakariribuk iti lugar a pagnanaedak. Uray maitedto ti kinaimbag iti Israel, awanton a pulos ti siasinoman a lakay iti balaymo.
၃၂သင်​သည်​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ ကို​မြင်​၍ စိတ်​ပျက်​လျက်​မ​နာ​လို​စိတ်​ဖြစ် လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​အိမ်​ထောင်​စု​မှ အ​ဘယ်​သူ​မျှ အို​မင်း​သည်​တိုင်​အောင်​နေ​ရ တော့​မည်​မ​ဟုတ်။-
33 Siasinoman kadakayo a saanko a papanawen iti altarko, pagbulsekekto dagiti matayo, ken paladingitekto ti biagmo. Amin dagiti lallaki a maiyanak iti pamiliam ket matayto.
၃၃သို့​သော်​ငါ​သည်​သင်​၏​အိမ်​ထောင်​စု​သား တစ်​ဦး​ကို​မူ​အ​သက်​ရှင်​စေ​မည်။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ရ​မည်​ဖြစ်​သော်​လည်း မျက် စိ​ကွယ်​ပြီး​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက်​နေ​လိမ့် မည်။ သင်​၏​အ​ခြား​သား​မြေး​မှန်​သ​မျှ​တို့ သည်​သေ​ခြင်း​ဆိုး​နှင့်​သေ​ရ​ကြ​လိမ့်​မည်။-
34 Daytoyto ti pagilasinam nga umayto kadagiti dua a putotmo, ni Ofni ken ni Finees: Mataydanto a dua iti maymaysa nga aldaw.
၃၄သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-
35 Mangisaadakto iti napudno a padi para kaniak, a mangaramidto no ania ti adda iti pusok ken kararuak. Mangipasdekakto iti natalged a balay para kenkuana; ket agnanayon nga agserbinto isuna iti pinilik nga ari.
၃၅ငါ့​အား​သစ္စာ​စောင့်​၍​ငါ​ပြု​စေ​လို​သည့်​အ​တိုင်း ပြု​မည့်​ယဇ်​ပု​ရော​ဟိတ်​တစ်​ဦး​ကို​ငါ​ရွေး​ချယ် မည်။ သူ့​အား​သား​မြေး​များ​ထွန်း​ကား​စေ​မည်။ ထို​သူ​တို့​သည်​ငါ​ဘိ​သိက်​ပေး​သည့်​ဘု​ရင် ရှေ့​မှောက်​တွင်​အ​စဉ်​အ​မြဲ​အ​မှု​ထမ်း​ရ​ကြ လိမ့်​မည်။-
36 Tunggal maysa a mabati iti balaymo ket mapanto agruknoy iti dayta a tao, a dumawat iti pidaso ti pirak ken tinapay, ket kunananto, “Pangngaasim ta isaadnak iti maysa kadagiti saad ti padi tapno makapanganak iti maysa a pidaso a tinapay."”'
၃၆အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သည့်​သင်​၏​သား​မြေး မှန်​သ​မျှ​သည် ထို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရောက်​၍ ကြေး​ငွေ​နှင့်​အ​စား​အ​စာ​တို့​ကို​အ​သ နား​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​စား​အ​စာ ရ​ရှိ​ရေး​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​အ​မှု ဆောင်​ရာ​၌​ပါ​ဝင်​ကူ​ညီ​ခွင့်​ရ​ရှိ​ရန်​တောင်း ပန်​အ​သ​နား​ခံ​ရ​ကြ​လိမ့်​မည်။

< I Samuel 2 >